ႏွစ္ေပါင္း(40) ၾကာခဲ့ေသာစစ္ပြဲကို ဘုရင္မတပါး၏ အလွ‌ေၾကာင့္ အဆုံးသတ္ေစခဲ့တယ္ဆိုတာသင္သိပါသလား……

ႏွစ္ေပါင္း(40) ၾကာခဲ့ေသာစစ္ပြဲကို ဘုရင္မတပါး၏ အလွ‌ေၾကာင့္ အဆုံးသတ္ေစခဲ့တယ္ဆိုတာသင္သိပါသလား……
ႏွစ္ေပါင္း(40) ၾကာခဲ့ေသာစစ္ပြဲကို ဘုရင္မတပါး၏ အလွ‌ေၾကာင့္ အဆုံးသတ္ေစခဲ့တယ္ဆိုတာသင္သိပါသလား……

ႏွစ္ေပါင္း(40) ၾကာခဲ့ေသာစစ္ပြဲကို ဘုရင္မတပါး၏ အလွ‌ေၾကာင့္ အဆုံးသတ္ေစခဲ့တယ္ဆိုတာသင္သိပါသလား……

၎တို႔ထဲတြင္ ကမာၻအၾကာဆုံးစစ္ပြဲႀကီးမွာ ခရစ္ႏွစ္ ၇၁၁ ခုႏွစ္မွ ခရစ္ႏွစ္ ၁၄၉၂ ခုႏွစ္အထိ ႏွစ္ေပါင္း ၇၈၁ ႏွစ္တိတိ ၾကာျမင့္ခဲ့ၿပီး

ခရစ္ယာန္ဘာသာဝင္မ်ားႏွင့္ အစၥလာမ္ဘာသာဝင္မ်ား အၾကား ျဖစ္ပြားခဲ့သည့္ ဘာသာေရးစစ္ပြဲႀကီး Iberian Religious Wars ျဖစ္ပါသည္။

ျမန္မာ့သမိုင္းတစ္ေလွ်ာက္ ထိုမွ်ကာလရွည္လ်ားလွေသာ စစ္ပြဲႀကီးမရွိခဲ့ေသာ္လည္း ျမန္မာ့သမိုင္းတြင္ အရွည္ဆုံး စစ္ပြဲတစ္ပြဲအျဖစ္ အင္းဝ-ဟံသာဝတီစစ္ပြဲသည္ နာမည္ေက်ာ္ၾကားလွပါသည္။

အင္းဝ-ဟံသာဝတီစစ္ပြဲႀကီးသည္ အင္းဝဘုရင္မင္းႀကီးစြာေစာ္ကဲႏွင့္ ျမန္မာ့သမိုင္းတြင္နာမည္ႀကီးပုဂၢိဳလ္ ရာဇဓိရာဇ္(ဗညားႏြဲ႕)တို႔ လက္ထက္ ၁၄ ရာစုႏွစ္ေႏွာင္းပိုင္း ခရစ္ႏွစ္ ၁၃၈၄ ခုႏွစ္မွစတင္၍

၁၅ ရာစုႏွစ္ဦးပိုင္း အထိ ႏွစ္ေပါင္း(၄၀)ၾကာျမင့္ခဲ့သည့္ စစ္ပြဲႀကီး ျဖစ္ပါသည္။ အႏွစ္ (၄၀) စစ္ပြဲႀကီးဟု ရာဇဝင္ဆရာတို႔ ေရးထိုးခဲ့ၾကေသာ္လည္း တစ္ဆက္တည္း စစ္ျဖစ္ေနျခင္းမဟုတ္ပဲ စစ္ကိုရပ္နားလိုက္ ျပန္ျဖစ္လိုက္ႏွင့္ ႏွစ္ေပါင္း (၄၀) ၾကာျမင့္ခဲ့ျခင္း ျဖစ္ပါသည္။

၎ႏွစ္ (၄၀) စစ္ပြဲႀကီးသည္ ဟံသာဝတီတြင္ ဗညားႏြဲ႕မွ ရာဇဓိရာဇ္ဘြဲ႕ခံကာ နန္းတက္ခဲ့သျဖင့္ ၎၏ဦးရီးေတာ္ ေျမာင္းျမစားေလာက္ဖ်ားမွ မေက်နပ္ျခင္းေၾကာင့္ မင္းႀကီးစြာေစာ္ကဲဆီစစ္ကူေတာင္းကာ စတင္တိုက္ခိုက္ခဲ့ျခင္း ျဖစ္ပါသည္။

မင္းႀကီးစြာေစာ္ကဲကြယ္လြန္ၿပီးေနာက္ သားေတာ္ ဘုရင္မင္းေခါင္မွ နန္းတက္လာခဲ့ပါသည္။ ဘုရင္မင္းေခါင္ႏွင့္ ရာဇဓိရာဇ္တို႔သည္ အႏွစ္(၄၀)စစ္တြင္ အဓိကတိုက္ခိုက္ခဲ့ၾကေသာ စစ္ဘုရင္ႏွစ္ပါးလည္း ျဖစ္ပါသည္။

၎ဘုရင္ႏွစ္ပါးလက္ထက္တြင္ ျမန္မာ့ရာဇဝင္တြင္ နာမည္ေက်ာ္ သူရဲ ေကာင္းမ်ားျဖစ္သည့္ မင္းရဲေက်ာ္စြာ၊ ဖိုးရာဇာ၊ မိုးညႇင္းသတိုး စသည့္ သူရဲေကာင္းမ်ား ေပၚထြက္လာသကဲ့သို႔ မြန္ရာဇဝင္တြင္လည္း နာမည္ေက်ာ္သူရဲေကာင္းမ်ားျဖစ္သည့္ ဗိုလ္မင္းျဗတ္ဇ၊ အမတ္ဒိန္၊ လဂြန္းအိမ္၊ သမိန္ဗရမ္းစေသာ သူရဲေကာင္းမ်ား ေပၚထြက္လာခဲ့ပါသည္။

ဘုရင္မင္းေခါင္ႏွင့္ ရာဇဓိရာဇ္တို႔ႏွစ္ဦးကြယ္လြန္ၿပီးေနာက္ ဆင္ျဖဴရွင္သီဟသူသည္ ဟံသာဝတီသို႔တိုက္ခိုက္ရန္ ထပ္မံ၍ ခ်ီတက္လာ ခဲ့ပါသည္။

၎အခ်ိန္တြင္ ဟံသာဝတီေနျပည္ေတာ္တြင္ ႏိုင္ငံအတြင္းၿမိဳ႕စားမ်ားအသီးသီး မညီမၫြတ္ျဖစ္ ေနေသာေၾကာင့္ အင္းဝတပ္မ်ားအား ခုခံႏိုင္ျခင္း မရွိသျဖင့္ ဟံသာဝတီမင္းဗညားရမ္းမွ ျပႆာဒ္ႀကီး(၃)ေဆာင္ေဆာက္လုပ္၍

ျပႆာဒ္ထဲတြင္ ၎၏ႏွမေတာ္ျဖစ္သည့္ ရွင္ေစာပု (ေနာင္တြင္ဟံသာဝတီဘုရင္မႀကီးရွင္ေစာပု) အားေနေစလွ်က္ ႀတိဘုဝနာဒိတ်ျပဝရအတုလအဂၢမဟာဓမၼရာဇာဓိရာဇမဟာေဒဝီ ဟူေသာဘြဲ႕အမည္ကို ခံယူေစၿပီးလွ်င္

မိဖုရားႀကီးတို႔၏အေဆာင္အေယာင္မ်ားကို ဆင္ျမန္းေစ၍ မြန္အမတ္တို႔ဝန္းရံၿပီး အင္းဝမင္းထံ ဆက္သလိုက္ရေလသည္။

ရွင္ေစာပုသည္ အလြန္ႏူးညံသိမ္ေမြ႕ေသာအမ်ိဳးသမီးတစ္ဦးျဖစ္ၿပီး ႐ုပ္အဆင္းအလြန္လွပေသာအမ်ိဳးသမီးျဖစ္ေသာေၾကာင့္ ဆင္ျဖဴရွင္သီဟသူမင္းမွ အလြန္ခ်စ္ျမတ္ႏိုး၍ ၎၏ေဖာင္ေတာ္မွ လက္ကမ္းႀကိဳကာ အင္းဝသို႔ေခၚေဆာင္သြားၿပီး မိဖုရားႀကီးအျဖစ္ ထားရွိလိုက္ပါေတာ့သည္။

ဤသို႔ျဖင့္ ဘုရင္မႀကီးရွင္ေစာပုျဖစ္လာမည့္ အမ်ိဳးသမီးေလးရွင္ေစာပုကို ခ်စ္ျမတ္ႏိုးသျဖင့္ အင္းဝမွဟံသာဝတီသို႔ ေနာက္ထပ္တစ္ႀကိမ္စစ္ျပဳျခင္း မျပဳေတာ့ပဲ ႏွစ္ေပါင္း(၄၀)ၾကာျဖစ္ပြားေနေသာစစ္ပြဲႀကီးကို အဆုံးသတ္ခဲ့ၾကပါသည္။

မိဖုရားႀကီးရွင္ေစာပုသည္ ဆင္ျဖဴရွင္သီဟသူမင္းကြယ္လြန္ၿပီးေနာက္ မင္းလွငယ္မင္း၊ ေတာင္ညိဳမင္း၊ မိုးညႇင္းမင္းတရားတို႔လက္ထက္တြင္လည္း မိဖုရားႀကီးအျဖစ္ အဆက္ဆက္ခ်ီးေျမႇာက္ျခင္းခံခဲ့ရၿပီး မိဖုရားႀကီးအျဖစ္ ခ်ီးေျမႇာက္ျခင္းခံခဲ့ရသည့္ (၇)ႏွစ္တာကာလအတြင္းအင္းဝတြင္မေပ်ာ္ပဲဒဂုံဆံေတာ္ရွင္ေစတီသို႔ အၿမဲတစ္ေစသြားေရာက္၍ ဥဳပုသ္ေစာင့္တည္၍သာေနတတ္ပါသည္။

မိုးညႇင္းမင္းတရားလက္ထက္တြင္ဟံသာဝတီမွႂကြေရာက္လာသည့္မြန္ရဟန္းႏွစ္ပါးႏွင့္တိုင္ပင္ကာျမန္မာသကၠရာဇ္၇၉၁ခုႏွစ္တြင္ဟံသာဝတီသို႔ထြက္ေျပးလြတ္ေျမာက္သြားပါသည္။
ထိုအခ်ိန္တြင္ဟံသာဝတီတြင္၎၏အကိုဗညားရန္းနန္းတက္ဆဲကာလျဖစ္ၿပီးမြန္ဘုရင္မွ နန္းေတာ္ထဲတြင္နန္းေဆာင္တစ္ေဆာင္ေဆာက္လုပ္၍ေနထိုင္ေစပါသည္။

ဗညားရမ္းကြယ္လြန္ၿပီးေနာက္ရွင္ေစာပု၏သားေတာ္နန္းတက္လာၿပီး(ပထမဆုံးအိမ္ေထာင္ျဖစ္သည့္သမိန္စည္သူႏွင့္ရေသာသားျဖစ္သည္အင္းဝသားမဟုတ္ပါ)၊ေမာင္ေတာ္ႏွင့္တူေတာ္တို႔တစ္ဦးကိုတစ္ဦးလုပ္ႀကံၾကကာအဆင့္ဆင့္နန္းတက္ၾကၿပီး

ရွင္ေစာပု၏တူေတာ္လြတ္မြတ္ေထာ္မင္းသည္မင္းက်င့္တရားႏွင့္အညီမေနေသာေၾကာင့္ မႉးမတ္တို႔မွလုပ္ႀကံသျဖင့္ျမန္မာသကၠရာဇ္(၈၁၄)ခုႏွစ္တြင္ဘုရင္မႀကီးရွင္ေစာပုသည္ဟံသာဝတီတြင္နန္းတက္ခဲ့ကာျမန္မာ့သမိုင္းတြင္တစ္ဦးတည္းေသာဘုရင္မႀကီးျဖစ္လာခဲ့ပါသည္။

ဤသို႔ျဖင့္အင္းဝ-ဟံသာဝတီအႏွစ္ ၄၀စစ္ပြဲႀကီးသည္ဘုရင္မႀကီးရွင္ေစာပု၏အလွေၾကာင့္ အဆုံးသတ္ခဲ့ရပါသည္။

Crd

Unicode

နှစ်ပေါင်း(40) ကြာခဲ့သောစစ်ပွဲကို ဘုရင်မတပါး၏ အလှ‌ကြောင့် အဆုံးသတ်စေခဲ့တယ်ဆိုတာသင်သိပါသလား……

၎င်းတို့ထဲတွင် ကမ္ဘာအကြာဆုံးစစ်ပွဲကြီးမှာ ခရစ်နှစ် ၇၁၁ ခုနှစ်မှ ခရစ်နှစ် ၁၄၉၂ ခုနှစ်အထိ နှစ်ပေါင်း ၇၈၁ နှစ်တိတိ ကြာမြင့်ခဲ့ပြီး

ခရစ်ယာန်ဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များ အကြား ဖြစ်ပွားခဲ့သည့် ဘာသာရေးစစ်ပွဲကြီး Iberian Religious Wars ဖြစ်ပါသည်။

မြန်မာ့သမိုင်းတစ်လျှောက် ထိုမျှကာလရှည်လျားလှသော စစ်ပွဲကြီးမရှိခဲ့သော်လည်း မြန်မာ့သမိုင်းတွင် အရှည်ဆုံး စစ်ပွဲတစ်ပွဲအဖြစ် အင်းဝ-ဟံသာဝတီစစ်ပွဲသည် နာမည်ကျော်ကြားလှပါသည်။

အင်းဝ-ဟံသာဝတီစစ်ပွဲကြီးသည် အင်းဝဘုရင်မင်းကြီးစွာစော်ကဲနှင့် မြန်မာ့သမိုင်းတွင်နာမည်ကြီးပုဂ္ဂိုလ် ရာဇဓိရာဇ်(ဗညားနွဲ့)တို့ လက်ထက် ၁၄ ရာစုနှစ်နှောင်းပိုင်း ခရစ်နှစ် ၁၃၈၄ ခုနှစ်မှစတင်၍

၁၅ ရာစုနှစ်ဦးပိုင်း အထိ နှစ်ပေါင်း(၄၀)ကြာမြင့်ခဲ့သည့် စစ်ပွဲကြီး ဖြစ်ပါသည်။ အနှစ် (၄၀) စစ်ပွဲကြီးဟု ရာဇဝင်ဆရာတို့ ရေးထိုးခဲ့ကြသော်လည်း တစ်ဆက်တည်း စစ်ဖြစ်နေခြင်းမဟုတ်ပဲ စစ်ကိုရပ်နားလိုက် ပြန်ဖြစ်လိုက်နှင့် နှစ်ပေါင်း (၄၀) ကြာမြင့်ခဲ့ခြင်း ဖြစ်ပါသည်။

၎င်းနှစ် (၄၀) စစ်ပွဲကြီးသည် ဟံသာဝတီတွင် ဗညားနွဲ့မှ ရာဇဓိရာဇ်ဘွဲ့ခံကာ နန်းတက်ခဲ့သဖြင့် ၎င်း၏ဦးရီးတော် မြောင်းမြစားလောက်ဖျားမှ မကျေနပ်ခြင်းကြောင့် မင်းကြီးစွာစော်ကဲဆီစစ်ကူတောင်းကာ စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါသည်။

မင်းကြီးစွာစော်ကဲကွယ်လွန်ပြီးနောက် သားတော် ဘုရင်မင်းခေါင်မှ နန်းတက်လာခဲ့ပါသည်။ ဘုရင်မင်းခေါင်နှင့် ရာဇဓိရာဇ်တို့သည် အနှစ်(၄၀)စစ်တွင် အဓိကတိုက်ခိုက်ခဲ့ကြသော စစ်ဘုရင်နှစ်ပါးလည်း ဖြစ်ပါသည်။

၎င်းဘုရင်နှစ်ပါးလက်ထက်တွင် မြန်မာ့ရာဇဝင်တွင် နာမည်ကျော် သူရဲ ကောင်းများဖြစ်သည့် မင်းရဲကျော်စွာ၊ ဖိုးရာဇာ၊ မိုးညှင်းသတိုး စသည့် သူရဲကောင်းများ ပေါ်ထွက်လာသကဲ့သို့ မွန်ရာဇဝင်တွင်လည်း နာမည်ကျော်သူရဲကောင်းများဖြစ်သည့် ဗိုလ်မင်းဗြတ်ဇ၊ အမတ်ဒိန်၊ လဂွန်းအိမ်၊ သမိန်ဗရမ်းစသော သူရဲကောင်းများ ပေါ်ထွက်လာခဲ့ပါသည်။

ဘုရင်မင်းခေါင်နှင့် ရာဇဓိရာဇ်တို့နှစ်ဦးကွယ်လွန်ပြီးနောက် ဆင်ဖြူရှင်သီဟသူသည် ဟံသာဝတီသို့တိုက်ခိုက်ရန် ထပ်မံ၍ ချီတက်လာ ခဲ့ပါသည်။

၎င်းအချိန်တွင် ဟံသာဝတီနေပြည်တော်တွင် နိုင်ငံအတွင်းမြို့စားများအသီးသီး မညီမညွတ်ဖြစ် နေသောကြောင့် အင်းဝတပ်များအား ခုခံနိုင်ခြင်း မရှိသဖြင့် ဟံသာဝတီမင်းဗညားရမ်းမှ ပြဿာဒ်ကြီး(၃)ဆောင်ဆောက်လုပ်၍

ပြဿာဒ်ထဲတွင် ၎င်း၏နှမတော်ဖြစ်သည့် ရှင်စောပု (နောင်တွင်ဟံသာဝတီဘုရင်မကြီးရှင်စောပု) အားနေစေလျှက် တြိဘုဝနာဒိတျပြဝရအတုလအဂ္ဂမဟာဓမ္မရာဇာဓိရာဇမဟာဒေဝီ ဟူသောဘွဲ့အမည်ကို ခံယူစေပြီးလျှင်

မိဖုရားကြီးတို့၏အဆောင်အယောင်များကို ဆင်မြန်းစေ၍ မွန်အမတ်တို့ဝန်းရံပြီး အင်းဝမင်းထံ ဆက်သလိုက်ရလေသည်။

ရှင်စောပုသည် အလွန်နူးညံသိမ်မွေ့သောအမျိုးသမီးတစ်ဦးဖြစ်ပြီး ရုပ်အဆင်းအလွန်လှပသောအမျိုးသမီးဖြစ်သောကြောင့် ဆင်ဖြူရှင်သီဟသူမင်းမှ အလွန်ချစ်မြတ်နိုး၍ ၎င်း၏ဖောင်တော်မှ လက်ကမ်းကြိုကာ အင်းဝသို့ခေါ်ဆောင်သွားပြီး မိဖုရားကြီးအဖြစ် ထားရှိလိုက်ပါတော့သည်။

ဤသို့ဖြင့် ဘုရင်မကြီးရှင်စောပုဖြစ်လာမည့် အမျိုးသမီးလေးရှင်စောပုကို ချစ်မြတ်နိုးသဖြင့် အင်းဝမှဟံသာဝတီသို့ နောက်ထပ်တစ်ကြိမ်စစ်ပြုခြင်း မပြုတော့ပဲ နှစ်ပေါင်း(၄၀)ကြာဖြစ်ပွားနေသောစစ်ပွဲကြီးကို အဆုံးသတ်ခဲ့ကြပါသည်။

မိဖုရားကြီးရှင်စောပုသည် ဆင်ဖြူရှင်သီဟသူမင်းကွယ်လွန်ပြီးနောက် မင်းလှငယ်မင်း၊ တောင်ညိုမင်း၊ မိုးညှင်းမင်းတရားတို့လက်ထက်တွင်လည်း မိဖုရားကြီးအဖြစ် အဆက်ဆက်ချီးမြှောက်ခြင်းခံခဲ့ရပြီး မိဖုရားကြီးအဖြစ် ချီးမြှောက်ခြင်းခံခဲ့ရသည့် (၇)နှစ်တာကာလအတွင်းအင်းဝတွင်မပျော်ပဲဒဂုံဆံတော်ရှင်စေတီသို့ အမြဲတစ်စေသွားရောက်၍ ဥုပုသ်စောင့်တည်၍သာနေတတ်ပါသည်။

မိုးညှင်းမင်းတရားလက်ထက်တွင်ဟံသာဝတီမှကြွရောက်လာသည့်မွန်ရဟန်းနှစ်ပါးနှင့်တိုင်ပင်ကာမြန်မာသက္ကရာဇ်၇၉၁ခုနှစ်တွင်ဟံသာဝတီသို့ထွက်ပြေးလွတ်မြောက်သွားပါသည်။
ထိုအချိန်တွင်ဟံသာဝတီတွင်၎င်း၏အကိုဗညားရန်းနန်းတက်ဆဲကာလဖြစ်ပြီးမွန်ဘုရင်မှ နန်းတော်ထဲတွင်နန်းဆောင်တစ်ဆောင်ဆောက်လုပ်၍နေထိုင်စေပါသည်။

ဗညားရမ်းကွယ်လွန်ပြီးနောက်ရှင်စောပု၏သားတော်နန်းတက်လာပြီး(ပထမဆုံးအိမ်ထောင်ဖြစ်သည့်သမိန်စည်သူနှင့်ရသောသားဖြစ်သည်အင်းဝသားမဟုတ်ပါ)၊မောင်တော်နှင့်တူတော်တို့တစ်ဦးကိုတစ်ဦးလုပ်ကြံကြကာအဆင့်ဆင့်နန်းတက်ကြပြီး

ရှင်စောပု၏တူတော်လွတ်မွတ်ထော်မင်းသည်မင်းကျင့်တရားနှင့်အညီမနေသောကြောင့် မှူးမတ်တို့မှလုပ်ကြံသဖြင့်မြန်မာသက္ကရာဇ်(၈၁၄)ခုနှစ်တွင်ဘုရင်မကြီးရှင်စောပုသည်ဟံသာဝတီတွင်နန်းတက်ခဲ့ကာမြန်မာ့သမိုင်းတွင်တစ်ဦးတည်းသောဘုရင်မကြီးဖြစ်လာခဲ့ပါသည်။

ဤသို့ဖြင့်အင်းဝ-ဟံသာဝတီအနှစ် ၄၀စစ်ပွဲကြီးသည်ဘုရင်မကြီးရှင်စောပု၏အလှကြောင့် အဆုံးသတ်ခဲ့ရပါသည်။

Crd

Be the first to comment

Leave a Reply

Your email address will not be published.


*