






Unicode

အမျိုးသမီးတွေကသာ အိမ်ထောင်ဦးစီးလုပ်အုပ်စိုးနေသဖြင့် လက်ထပ်မည့် ယောကျာ်းသားများမရှိတဲ့ရွာ

ဘရာဇီးလ်နိုင်ငံ Minas Geraisပြည်နယ်မှ Noiva do Cordeiro အမည်ရှိသော ရွာငယ်လေးသည် နေထိုင်သူအများစုမှာ အမျိုးသမီးများသာ ဖြစ်ပြီး စည်းကမ်း တင်းကျပ်လွန်းသည့် အတွက် လက်ထပ်မည့် အမျိုးသားများ မရှိပဲ တော်တော်များများက အပျိုကြီး ဖြစ်နေကြရသည်။

ထိုရွာလေးသည် အမျိုးသားများကို အုပ်ချုပ်ခွင့်မပေးပဲ အမျိုးသမီးဝါဒအစိုးရအဖြစ် ပြောင်းလဲထားကာ ရွာသားများမှာလည်း ထိုစည်းစနစ်အတိုင်း နေထိုင်ခဲ့ကြရသည်။

ထို့ကြောင့် ရွာလေးတွင် အမျိုးသားများမှာ နည်းသထက် နည်းပါးလာပြီး အမျိုးသမီးတွေကသာ ဦးဆောင်ကာ အလုပ်လုပ်သည့်အခါမှာလည်း စည်းလုံးညီညွတ်ကြပြီး ရုပ်ရည်ချောမောမှုကြောင့်လည်း နာမည်ကြီးလျက်ရှိသည်။

ထိုရွာ ရှိ အမျိုးသမီးများမှာ အိမ်ထောင်ပြုချင်ကြသော်လည်း လက်ထပ်မည့် ကောင်လေးများအနေနှင့် ထမင်းဟင်းချက် အဝတ်လျှော် ပန်းကန်ဆေး အိမ်သန့်ရှင်းရေး စသဖြင့် အိမ်မှုကိစ္စများကို နိုင်နင်းစွာ လုပ်ဆောင်ရမှာ ဖြစ်သည့် အတွက် မည်သူမျှ ထိုအချက်တွေနှင့် မကိုက်ညီခဲ့ကြပေ။

Be the first to comment

Leave a Reply

Your email address will not be published.


*