ခဏခဏ ေမ့တတ္လာတယ္ဆိုၿပီး စိတ္မေကာင္းမျဖစ္နဲ႔ ဒီနည္းေလးေတြလုပ္ၾကည့္ပါ…

ခဏခဏ ေမ့တတ္လာတယ္ဆိုၿပီး စိတ္မေကာင္းမျဖစ္နဲ႔ ဒီနည္းေလးေတြလုပ္ၾကည့္ပါ…
ခဏခဏ ေမ့တတ္လာတယ္ဆိုၿပီး စိတ္မေကာင္းမျဖစ္နဲ႔ ဒီနည္းေလးေတြလုပ္ၾကည့္ပါ…

ခဏခဏ ေမ့တတ္လာတယ္ဆိုၿပီး စိတ္မေကာင္းမျဖစ္နဲ႔ ဒီနည္းေလးေတြလုပ္ၾကည့္ပါ…

ခဏခဏ ေမ့တတ္လာတယ္ဆိုၿပီး စိတ္မေကာင္းမျဖစ္နဲ႔ ဒီနည္းေလးေတြလုပ္ၾကည့္ပါငယ္ငယ္ကေလာက္ ဉာဏ္မေကာင္းေတာ့ဘဲ ေမ့တတ္လာတယ္ဆိုၿပီး စိတ္မေကာင္းျဖစ္မေနပါနဲ႔။ ဦးေႏွာက္ကလည္း ဓားလိုပဲ ေသြးေလ ထြက္ေလဆိုတာကို အကုန္သိၿပီးၾကမွာပါ။

ဒီေတာ့ မွတ္ဉာဏ္ေတြ ေကာင္းဖို႔အတြက္ ဦးေႏွာက္အတြက္ ေလ့က်င့္ခန္းအခ်ိဳ႕ လုပ္ေပးရင္ အေကာင္းဆုံးပါပဲ။ ဒီနည္းလမ္းအခ်ိဳ႕ကေတာ့

(၁) တရားထိုင္ပါ

တရားထိုင္တာက စိတ္ကို တည္ၿငိမ္ေအာင္ ျပဳလုပ္ၿပီး အလုပ္လုပ္တဲ့အာ႐ုံေတြကို အနားေပးျခင္း တစ္မ်ိဳး ျဖစ္ပါတယ္။တရားထိုင္ျခင္းေၾကာင့္ စိတ္ကို ပိုတည္ၿငိမ္ေစၿပီး အာ႐ုံစူးစိုက္မႈအားေတြ ပိုေကာင္းလာေစပါတယ္။မွတ္ဉာဏ္စြမ္းရည္ကို ျမင့္ေစတာမို႔ ပုံမွန္ေလး ထိုင္ေပးႏိုင္ရင္ေတာ့ အေကာင္းဆုံးေပါ့ေနာ္။

(၂) စာအုပ္မွာ ေရးမွတ္ပါ

ႏွစ္ထပ္ရွိမွ မွတ္မိတယ္ဆိုတာ ေျပာေလ့ ရွိၾကတယ္မလား။အဲ့သည့္နည္းကလည္း တကယ္အသုံးဝင္တယ္ေနာ္။လြယ္လြယ္မွတ္လိုက္ ေမ့လိုက္ ျဖစ္ေနတာမ်ိဳးေတြကို ေလ်ာ့သြားေစခ်င္ရင္မွတ္ခ်င္တဲ့အရာေတြကို ေခါင္းထဲမွာ မွတ္သလိုမွတ္စုထဲမွာသာ ေရးမွတ္လိုက္ရင္ ျပန္စဥ္းစားတဲ့အခါ မွတ္စု လွန္စရာမလိုဘဲ မွတ္မိေနမွာပါေနာ္။ေမ့ေနရင္လည္း လွန္ၾကည့္လိုက္႐ုံပါပဲေနာ္။

(၃) အိပ္ခ်ိန္ ထခ်ိန္ မွန္ပါေစ

အိပ္သင့္တဲ့အခ်ိန္မွာ အိပ္ျခင္းကလည္း ဦးေႏွာက္ရဲ႕ လုပ္ငန္းေဆာင္တာေတြကို ပိုေကာင္းမြန္ေစပါတယ္။ညဘက္ လူေတြ အိပ္ေမာက် အနားယူတဲ့အခ်ိန္မွာ ဦးေႏွာက္က လုပ္ငန္းေတြ အလုပ္လုပ္ၿပီး မွတ္ဉာဏ္ေတြကို မွတ္သင့္တာမွတ္ ဖ်က္သင့္တာ ဖ်က္ၿပီး ဦးေႏွာက္ စြမ္းေဆာင္ရည္ေကာင္းေအာင္ ျပဳလုပ္ေပးပါတယ္။ဒီေတာ့ ဦးေႏွာက္ရဲ႕ အလုပ္ေတြကို ညဘက္ေတြ မအိပ္ဘဲ သြားအေႏွာင့္အယွက္ေပးရင္ေတာ့ မွတ္ဉာဏ္ေကာင္းဖို႔ ေဝးသြားမွာပါေနာ္။

(၄) ေလ့လာမႈေတြ နားမထားပါနဲ႔

ပုံမွန္ေလး အလုပ္မလုပ္ျဖစ္တာနဲ႔ ပစၥည္းေတြ စြမ္းေဆာင္ရည္ေလ်ာ့သလို ဦးေႏွာက္လည္း ေလ်ာ့ပါတယ္။ဒါေၾကာင့္ ဦးေႏွာက္ မသုံးဘဲ နားနားေနေန ေနတာမ်ိဳးက အရမ္း အႏၲရာယ္မ်ားပါတယ္။အနည္းဆုံးေတာ့ စာအုပ္ေတြ ဖတ္ၿပီး အေၾကာင္းအရာေတြ ဖတ္တာကလည္း မွတ္ဉာဏ္အားနည္းတာအတြက္ အသုံးဝင္တဲ့ ေလ့က်င့္ခန္း တစ္ခုပါပဲ။

(၅) စိတ္ဖိစီးမႈေတြ ေလွ်ာ့ခ်ပါ

စိတ္ဖိစီးတဲ့အခါေတြမွာ ဦးေႏွာက္ေတြက ခံစားခ်က္ေတြနဲ႔ ေရာေထြးၿပီး ပုံမွန္ အလုပ္မလုပ္တတ္ပါဘူး။ဒါေၾကာင့္ စိတ္ဖိစီးမႈေတြ နည္းႏိုင္သမွ် ႏိုင္ေအာင္ လုပ္ၿပီး မွတ္ဉာဏ္စြမ္းရည္ေတြကိုမထိခိုက္ေအာင္ သတိထား ဆင္ျခင္တာက အေကာင္းဆုံး ျဖစ္ေနပါတယ္ေနာ္။

crd

Unicode

ခဏခဏ မေ့တတ်လာတယ်ဆိုပြီး စိတ်မကောင်းမဖြစ်နဲ့ ဒီနည်းလေးတွေလုပ်ကြည့်ပါ…

ခဏခဏ မေ့တတ်လာတယ်ဆိုပြီး စိတ်မကောင်းမဖြစ်နဲ့ ဒီနည်းလေးတွေလုပ်ကြည့်ပါငယ်ငယ်ကလောက် ဉာဏ်မကောင်းတော့ဘဲ မေ့တတ်လာတယ်ဆိုပြီး စိတ်မကောင်းဖြစ်မနေပါနဲ့။ ဦးနှောက်ကလည်း ဓားလိုပဲ သွေးလေ ထွက်လေဆိုတာကို အကုန်သိပြီးကြမှာပါ။

ဒီတော့ မှတ်ဉာဏ်တွေ ကောင်းဖို့အတွက် ဦးနှောက်အတွက် လေ့ကျင့်ခန်းအချို့ လုပ်ပေးရင် အကောင်းဆုံးပါပဲ။ ဒီနည်းလမ်းအချို့ကတော့

(၁) တရားထိုင်ပါ

တရားထိုင်တာက စိတ်ကို တည်ငြိမ်အောင် ပြုလုပ်ပြီး အလုပ်လုပ်တဲ့အာရုံတွေကို အနားပေးခြင်း တစ်မျိုး ဖြစ်ပါတယ်။တရားထိုင်ခြင်းကြောင့် စိတ်ကို ပိုတည်ငြိမ်စေပြီး အာရုံစူးစိုက်မှုအားတွေ ပိုကောင်းလာစေပါတယ်။မှတ်ဉာဏ်စွမ်းရည်ကို မြင့်စေတာမို့ ပုံမှန်လေး ထိုင်ပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့နော်။

(၂) စာအုပ်မှာ ရေးမှတ်ပါ

နှစ်ထပ်ရှိမှ မှတ်မိတယ်ဆိုတာ ပြောလေ့ ရှိကြတယ်မလား။အဲ့သည့်နည်းကလည်း တကယ်အသုံးဝင်တယ်နော်။လွယ်လွယ်မှတ်လိုက် မေ့လိုက် ဖြစ်နေတာမျိုးတွေကို လျော့သွားစေချင်ရင်မှတ်ချင်တဲ့အရာတွေကို ခေါင်းထဲမှာ မှတ်သလိုမှတ်စုထဲမှာသာ ရေးမှတ်လိုက်ရင် ပြန်စဉ်းစားတဲ့အခါ မှတ်စု လှန်စရာမလိုဘဲ မှတ်မိနေမှာပါနော်။မေ့နေရင်လည်း လှန်ကြည့်လိုက်ရုံပါပဲနော်။

(၃) အိပ်ချိန် ထချိန် မှန်ပါစေ

အိပ်သင့်တဲ့အချိန်မှာ အိပ်ခြင်းကလည်း ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို ပိုကောင်းမွန်စေပါတယ်။ညဘက် လူတွေ အိပ်မောကျ အနားယူတဲ့အချိန်မှာ ဦးနှောက်က လုပ်ငန်းတွေ အလုပ်လုပ်ပြီး မှတ်ဉာဏ်တွေကို မှတ်သင့်တာမှတ် ဖျက်သင့်တာ ဖျက်ပြီး ဦးနှောက် စွမ်းဆောင်ရည်ကောင်းအောင် ပြုလုပ်ပေးပါတယ်။ဒီတော့ ဦးနှောက်ရဲ့ အလုပ်တွေကို ညဘက်တွေ မအိပ်ဘဲ သွားအနှောင့်အယှက်ပေးရင်တော့ မှတ်ဉာဏ်ကောင်းဖို့ ဝေးသွားမှာပါနော်။

(၄) လေ့လာမှုတွေ နားမထားပါနဲ့

ပုံမှန်လေး အလုပ်မလုပ်ဖြစ်တာနဲ့ ပစ္စည်းတွေ စွမ်းဆောင်ရည်လျော့သလို ဦးနှောက်လည်း လျော့ပါတယ်။ဒါကြောင့် ဦးနှောက် မသုံးဘဲ နားနားနေနေ နေတာမျိုးက အရမ်း အန္တရာယ်များပါတယ်။အနည်းဆုံးတော့ စာအုပ်တွေ ဖတ်ပြီး အကြောင်းအရာတွေ ဖတ်တာကလည်း မှတ်ဉာဏ်အားနည်းတာအတွက် အသုံးဝင်တဲ့ လေ့ကျင့်ခန်း တစ်ခုပါပဲ။

(၅) စိတ်ဖိစီးမှုတွေ လျှော့ချပါ

စိတ်ဖိစီးတဲ့အခါတွေမှာ ဦးနှောက်တွေက ခံစားချက်တွေနဲ့ ရောထွေးပြီး ပုံမှန် အလုပ်မလုပ်တတ်ပါဘူး။ဒါကြောင့် စိတ်ဖိစီးမှုတွေ နည်းနိုင်သမျှ နိုင်အောင် လုပ်ပြီး မှတ်ဉာဏ်စွမ်းရည်တွေကိုမထိခိုက်အောင် သတိထား ဆင်ခြင်တာက အကောင်းဆုံး ဖြစ်နေပါတယ်နော်။

crd

Be the first to comment

Leave a Reply

Your email address will not be published.


*