ကိုယ့္သရဏဂုံ ကိုယ္တိုင္တင္ၿပီး ကိုယ္တိုင္တရားနာ အုတ္ဂူတည္ထားသူ ဦးေက်ာ္ဝင္းရဲ႕ အံ့ၾသဖြယ္ ရည္႐ြယ္ခ်က္

ကိုယ့္သရဏဂုံ ကိုယ္တိုင္တင္ၿပီး ကိုယ္တိုင္တရားနာ အုတ္ဂူတည္ထားသူ ဦးေက်ာ္ဝင္းရဲ႕ အံ့ၾသဖြယ္ ရည္႐ြယ္ခ်က္
ကိုယ့္သရဏဂုံ ကိုယ္တိုင္တင္ၿပီး ကိုယ္တိုင္တရားနာ အုတ္ဂူတည္ထားသူ ဦးေက်ာ္ဝင္းရဲ႕ အံ့ၾသဖြယ္ ရည္႐ြယ္ခ်က္

ကိုယ့္သရဏဂုံ ကိုယ္တိုင္တင္ၿပီး ကိုယ္တိုင္တရားနာ အုတ္ဂူတည္ထားသူ ဦးေက်ာ္ဝင္းရဲ႕ အံ့ၾသဖြယ္ ရည္႐ြယ္ခ်က္

ေသၿပီးမွသရဏဂုံ တင္လ်င္ သရဏဂုံ တည္-မတည္ မသိရသည္ကိုေတြး၍ သက္ရွိထင္ရွားရွိစဥ္ ကိုယ့္သရဏဂုံကိုယ္တိုင္တင္၍ ေသလ်င္သၿဂႋဳလ္ရန္ အုတ္ဂူတည္ထားၿပီးျဖစ္ေၾကာင္း မုံ႐ြာၿမိဳ႕နယ္ေအာင္သာေက်း႐ြာေနသက္ရွိထင္ရွား သရဏဂုံတင္သူ အဓိပတိဦးေက်ာ္ဝင္းက ေျပာသည္။

“က်ဳပ္အယူအဆေျပာရရင္ ေသသြားၾကတဲ့သူေတြကို က်န္ေနတဲ့မိသားစုက ေျမပုံရွိရာ သခ်ႋဳင္းသြားၿပီး ေသသူရဲ႕အက်ႌ ပုဆိုးထမိန္တဘက္စတာေတြနဲ႔သရဏ ဂုံတင္ဖို႔ တရားနာဖို႔ လိုက္ခဲ့ပါဆိုၿပီး ႐ိုးရာထုံးတမ္းစဥ္အရ လုပ္ေနၾကတာေတြေတြ႕ရတယ္။အဲဒီဝိဉာဥ္ကလိုက္လာလား။ မလိုက္လာလား ဆိုတာမသိရဘူး။

ေသၿပီးမွသရဏဂုံတင္တယ္ဆိုတာလည္း သရဏဂုံတည္ႏိုင္လား။ မတည္ႏိုင္ဘူးလားဆိုတာ မသိရပါဘူး။ အဲဒါေတြေတြးၿပီး ကိုယ့္ကိုကိုယ္သက္ရွိထင္ရွား ရွိကတည္းက ကိုယ့္သရဏဂုံ ကိုယ္တိုင္တင္ၿပီး ကိုယ္တိုင္တရားနာမယ္။သဟဒိကဒါနေျမာက္ေအာင္ကိုယ္တိုင္လႉဖြယ္ေတြလႉၿပီး

ေရစက္ခ်တယ္။ကိုယ့္ခႏၶာကိုယ့္အေလာင္းကိုယ္ တိုင္ရႈျမင္သြားတယ္။ စိတ္ၾကည္မႈရွိၿပီး မေသခင္ကစိတ္ခ်မ္းသာတယ္။ၿပီးမွေခြးလိုေသေသဝက္လိုေသေသ အေသ ေျဖာင့္တယ္” ဟု ဦးေက်ာ္ဝင္းကရွင္းျပသည္။

အဓိပတိဦးေက်ာ္ဝင္းသည္သူေသလ်င္ထည့္သြင္းသၿဂႋဳလ္ႏိုင္ရန္ အုတ္ဂူကိုေအာင္သာေက်း႐ြာဦးေက်ာ္ဝင္းေနအိမ္ႏွင့္မလွမ္ းမကမ္းသူ၏စိုက္ပ်ိဳးေရးၿခံဝင္းအတြင္းတည္ေဆာက္ထားျခင္းျဖစ္သည္။

“က်ဳပ္ရဲ႕သခ်ႋဳင္းဘယ္ရွိလို႔ ဘယ္လိုအေသမ်ိဳးနဲ႔ဘယ္ေနရာမွာေသရမယ္ဆိုတာ လုံးဝမသိပါဘူး။ ဒီမွာတင္ (ေအာင္သာေက်း႐ြာ)ေသသည္ျဖစ္ေစ အျခားအေလာင္းယူရတဲ့ေနရာေသသည္ျဖစ္ေစ ေသရင္ေတာ့ ဒီဂူထဲေရာက္မွာဘဲ။ အဲဒီလိုမဟုတ္ဘဲ ေလယ်ာဥ္ပ်က္က်ေသမယ္။ေရနစ္ေသမယ္။

ကုန္းလမ္းမွာလွ်ိဳေျမႇာင္ေခ်ာက္ထဲက်ေသ မယ္။ တျခားအေလာင္းရွာမရတဲ့ေနရာမ်ိဳးေသမယ္ဆိုရင္ေတာ့ ဒီဂူထဲ႐ုပ္ကလာဒ္မေျပာနဲ႔။ အ႐ိုးျပာေတာင္ထည့္ႏိုင္မွာမဟုတ္ပါဘူး။

ဒီဂူထဲမေရာက္လည္း က်ဳပ္တို႔ဗုဒၶဘာ သာမွာစကားရွိတယ္။ ဘုရားတစ္ဆူဂူတစ္လုံးဆိုတာပါ။ က်ဳပ္ဒီဂူထဲမေရာက္လည္းသား-သမီး-ေျမး-ျမစ္-တီ-တြတ္စတာေတြဦးခ်ကန္ေတာ့ႏိုင္တယ္။

သူတို႔ရဲ႕ကုသိုလ္မွတ္တိုင္တစ္ခုျဖစ္ရစ္တာေပါ့ဗ်ာ” ဟု ဦးေက်ာ္ဝင္းကရွင္းျပသည္။မေသခင္ကတည္းက တည္ေဆာက္ထားေသာအုတ္ဂူေခါင္းပိုင္းတြင္ဘုရား ရဟန္းေက်ာင္းဇရပ္ သာသနာ့ဒါယကာႀကီး အဓိပတိဦးေက်ာ္ဝင္း အသက္( ) ၁၃ ခု လ( )ရက္ေန႔ အနိစ္ ခ်ဳပ္ၿငိမ္းသည္ ဟု ေရးထိုးထားၿပီး ဂူ၏ေျမာက္ဖက္မ်က္ႏွာတြင္ အနိစၥ-ဒုကၡ-အနတၱ-သခၤါရ ကြၽႏုပ္ေနာက္ ဘာမွ်မပါ။

ကိုယ့္သမိုင္းကိုယ္ေရးၾကသည္။အပၸမာေဒန သမၼာေဒထ ဟုေရးထိုးထားသည္။ဂူ၏အေနာက္ဖက္မ်က္ႏွာတြင္ မ ေကာင္းမႈေရွာင္ေကာင္းမႈေဆာင္ ျဖဴေအာင္စိတ္ကိုထား။ ကိုယ့္ေနာက္ပါမည္က ဒါန သီလဘာဝနာ ဇနိတံ ပါကံ ဇေနတိ ဟု ေရးထိုးထားၿပီးဂူ၏ေတာင္ဖက္မ်က္ႏွာတြင္မွန္ကန္ေျဖာင့္မတ္၍ တာဝန္ေၾကၿပီးမိမိကိုယ္အျပစ္မရွိဟု

ယုံၾကည္ေသာသူသည္ေသမည္ကိုမေၾကာက္ပါ။ ေသသူကေသ၍ေသၿပီးပါၿပီ။ က်န္ရစ္သူမ်ားကပူေဆြးေသာကမျဖစ္ပါႏွင့္။ တစ္ေန႔မုခ်ေသၾကရမည္ ဟု ေရးထိုးထားသည္။ “အုတ္ဂူရဲ႕ေခါင္းပိုင္းဦးထိပ္မွာထားတဲ့ ပစ္တိုင္းေထာင္႐ုပ္ထားရတာက မိမိလိပ္ျပာသန႔္ရွင္းယုံၾကည္လို႔ ျဖစ္ပါတယ္။ ပစ္တိုင္းေထာင္ဆိုတာ ဘယ္ေနရာပစ္ခ် ပစ္ခ် အၿမဲတမ္းေထာင္လ်က္ပါ။

ေသတာေတာင္သမိုင္းေကာင္းနဲ႔ေထာင္လ်က္ေသသြားမယ္ဆိုတဲ့အဓိ ပၸာယ္ပါ။” ဟု ဦးေက်ာ္ဝင္းကရွင္းျပသည္။ အဓိပတိဦးေက်ာ္ဝင္းသည္ၿပီးခဲ့သည့္ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလအတြင္းက ေအာင္သာေက်း႐ြာ သူ၏အိမ္ေရွ႕တြင္ ေ႐ႊမ႑ပ္ႀကီးထိုးကာ မိမိကိုယ္တိုင္သံဃာေတာ္မ်ားပင့္၍

အလႉအတန္းျပဳကာ သရဏဂုံတင္ၿပီး ျမန္မာ့ဆိုင္းဝိုင္းႀကီးျဖင့္ ဧရင္က်ဴးကာ ညေနပိုင္းတြင္ႀကိဳတည္ထားေသာအုတ္ဂူသို႔ အသုဘခ်အခန္းအနားလုပ္ကာ ႀကိဳေသသည့္အခမ္းအနားကို ထူးထူးျခားျခားျပဳလုပ္ထားခဲ့သူျဖစ္သည္။ ထိုအခန္းအနားမလုပ္ခင္ ဦးေက်ာ္ဝင္းကသူႏွင့္ပါတ္သက္သူမည္သူမဆို အားလုံးအေပၚ ဘာသာေရး ႏိုင္ငံေရးလူမႈေရး စီးပြားေရးပုဂၢိဳလ္ေရးဆိုင္ရာတို႔ႏွင့္ပါတ္သက္၍

ျပႆနာသံသယရွိပါကလာေရာက္ေမးျမန္းေျဖရွင္းေဆာင္႐ြက္ရန္ဖိတ္ေခၚခဲ့ေသာ္လည္းတစ္ဦးတစ္ေယာက္မွ်လာေရာက္ေျဖရွင္းမႈမရွိသျဖင့္ ကိုယ့္လိပ္ျပာကိုယ္သန႔္ေၾကာင္း ဦးေက်ာ္ဝင္းကေျပာသည္။

မ်ိဳးဝင္းထြန္း-မုံ႐ြာ

Unicode

ကိုယ့်သရဏဂုံ ကိုယ်တိုင်တင်ပြီး ကိုယ်တိုင်တရားနာ အုတ်ဂူတည်ထားသူ ဦးကျော်ဝင်းရဲ့ အံ့သြဖွယ် ရည်ရွယ်ချက်

သေပြီးမှသရဏဂုံ တင်လျင် သရဏဂုံ တည်-မတည် မသိရသည်ကိုတွေး၍ သက်ရှိထင်ရှားရှိစဉ် ကိုယ့်သရဏဂုံကိုယ်တိုင်တင်၍ သေလျင်သင်္ဂြိုလ်ရန် အုတ်ဂူတည်ထားပြီးဖြစ်ကြောင်း မုံရွာမြို့နယ်အောင်သာကျေးရွာနေသက်ရှိထင်ရှား သရဏဂုံတင်သူ အဓိပတိဦးကျော်ဝင်းက ပြောသည်။

“ကျုပ်အယူအဆပြောရရင် သေသွားကြတဲ့သူတွေကို ကျန်နေတဲ့မိသားစုက မြေပုံရှိရာ သင်္ချိုင်းသွားပြီး သေသူရဲ့အင်္ကျီ ပုဆိုးထမိန်တဘက်စတာတွေနဲ့သရဏ ဂုံတင်ဖို့ တရားနာဖို့ လိုက်ခဲ့ပါဆိုပြီး ရိုးရာထုံးတမ်းစဉ်အရ လုပ်နေကြတာတွေတွေ့ရတယ်။အဲဒီဝိဉာဉ်ကလိုက်လာလား။ မလိုက်လာလား ဆိုတာမသိရဘူး။

သေပြီးမှသရဏဂုံတင်တယ်ဆိုတာလည်း သရဏဂုံတည်နိုင်လား။ မတည်နိုင်ဘူးလားဆိုတာ မသိရပါဘူး။ အဲဒါတွေတွေးပြီး ကိုယ့်ကိုကိုယ်သက်ရှိထင်ရှား ရှိကတည်းက ကိုယ့်သရဏဂုံ ကိုယ်တိုင်တင်ပြီး ကိုယ်တိုင်တရားနာမယ်။သဟဒိကဒါနမြောက်အောင်ကိုယ်တိုင်လှူဖွယ်တွေလှူပြီး

ရေစက်ချတယ်။ကိုယ့်ခန္ဓာကိုယ့်အလောင်းကိုယ် တိုင်ရှုမြင်သွားတယ်။ စိတ်ကြည်မှုရှိပြီး မသေခင်ကစိတ်ချမ်းသာတယ်။ပြီးမှခွေးလိုသေသေဝက်လိုသေသေ အသေ ဖြောင့်တယ်” ဟု ဦးကျော်ဝင်းကရှင်းပြသည်။

အဓိပတိဦးကျော်ဝင်းသည်သူသေလျင်ထည့်သွင်းသင်္ဂြိုလ်နိုင်ရန် အုတ်ဂူကိုအောင်သာကျေးရွာဦးကျော်ဝင်းနေအိမ်နှင့်မလှမ် းမကမ်းသူ၏စိုက်ပျိုးရေးခြံဝင်းအတွင်းတည်ဆောက်ထားခြင်းဖြစ်သည်။

“ကျုပ်ရဲ့သင်္ချိုင်းဘယ်ရှိလို့ ဘယ်လိုအသေမျိုးနဲ့ဘယ်နေရာမှာသေရမယ်ဆိုတာ လုံးဝမသိပါဘူး။ ဒီမှာတင် (အောင်သာကျေးရွာ)သေသည်ဖြစ်စေ အခြားအလောင်းယူရတဲ့နေရာသေသည်ဖြစ်စေ သေရင်တော့ ဒီဂူထဲရောက်မှာဘဲ။ အဲဒီလိုမဟုတ်ဘဲ လေယျာဉ်ပျက်ကျသေမယ်။ရေနစ်သေမယ်။

ကုန်းလမ်းမှာလျှိုမြှောင်ချောက်ထဲကျသေ မယ်။ တခြားအလောင်းရှာမရတဲ့နေရာမျိုးသေမယ်ဆိုရင်တော့ ဒီဂူထဲရုပ်ကလာဒ်မပြောနဲ့။ အရိုးပြာတောင်ထည့်နိုင်မှာမဟုတ်ပါဘူး။

ဒီဂူထဲမရောက်လည်း ကျုပ်တို့ဗုဒ္ဓဘာ သာမှာစကားရှိတယ်။ ဘုရားတစ်ဆူဂူတစ်လုံးဆိုတာပါ။ ကျုပ်ဒီဂူထဲမရောက်လည်းသား-သမီး-မြေး-မြစ်-တီ-တွတ်စတာတွေဦးချကန်တော့နိုင်တယ်။

သူတို့ရဲ့ကုသိုလ်မှတ်တိုင်တစ်ခုဖြစ်ရစ်တာပေါ့ဗျာ” ဟု ဦးကျော်ဝင်းကရှင်းပြသည်။မသေခင်ကတည်းက တည်ဆောက်ထားသောအုတ်ဂူခေါင်းပိုင်းတွင်ဘုရား ရဟန်းကျောင်းဇရပ် သာသနာ့ဒါယကာကြီး အဓိပတိဦးကျော်ဝင်း အသက်( ) ၁၃ ခု လ( )ရက်နေ့ အနိစ္ ချုပ်ငြိမ်းသည် ဟု ရေးထိုးထားပြီး ဂူ၏မြောက်ဖက်မျက်နှာတွင် အနိစ္စ-ဒုက္ခ-အနတ္တ-သင်္ခါရ ကျွနုပ်နောက် ဘာမျှမပါ။

ကိုယ့်သမိုင်းကိုယ်ရေးကြသည်။အပ္ပမာဒေန သမ္မာဒေထ ဟုရေးထိုးထားသည်။ဂူ၏အနောက်ဖက်မျက်နှာတွင် မ ကောင်းမှုရှောင်ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား။ ကိုယ့်နောက်ပါမည်က ဒါန သီလဘာဝနာ ဇနိတံ ပါကံ ဇနေတိ ဟု ရေးထိုးထားပြီးဂူ၏တောင်ဖက်မျက်နှာတွင်မှန်ကန်ဖြောင့်မတ်၍ တာဝန်ကြေပြီးမိမိကိုယ်အပြစ်မရှိဟု

ယုံကြည်သောသူသည်သေမည်ကိုမကြောက်ပါ။ သေသူကသေ၍သေပြီးပါပြီ။ ကျန်ရစ်သူများကပူဆွေးသောကမဖြစ်ပါနှင့်။ တစ်နေ့မုချသေကြရမည် ဟု ရေးထိုးထားသည်။ “အုတ်ဂူရဲ့ခေါင်းပိုင်းဦးထိပ်မှာထားတဲ့ ပစ်တိုင်းထောင်ရုပ်ထားရတာက မိမိလိပ်ပြာသန့်ရှင်းယုံကြည်လို့ ဖြစ်ပါတယ်။ ပစ်တိုင်းထောင်ဆိုတာ ဘယ်နေရာပစ်ချ ပစ်ချ အမြဲတမ်းထောင်လျက်ပါ။

သေတာတောင်သမိုင်းကောင်းနဲ့ထောင်လျက်သေသွားမယ်ဆိုတဲ့အဓိ ပ္ပာယ်ပါ။” ဟု ဦးကျော်ဝင်းကရှင်းပြသည်။ အဓိပတိဦးကျော်ဝင်းသည်ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်းက အောင်သာကျေးရွာ သူ၏အိမ်ရှေ့တွင် ရွှေမဏ္ဍပ်ကြီးထိုးကာ မိမိကိုယ်တိုင်သံဃာတော်များပင့်၍

အလှူအတန်းပြုကာ သရဏဂုံတင်ပြီး မြန်မာ့ဆိုင်းဝိုင်းကြီးဖြင့် ဧရင်ကျူးကာ ညနေပိုင်းတွင်ကြိုတည်ထားသောအုတ်ဂူသို့ အသုဘချအခန်းအနားလုပ်ကာ ကြိုသေသည့်အခမ်းအနားကို ထူးထူးခြားခြားပြုလုပ်ထားခဲ့သူဖြစ်သည်။ ထိုအခန်းအနားမလုပ်ခင် ဦးကျော်ဝင်းကသူနှင့်ပါတ်သက်သူမည်သူမဆို အားလုံးအပေါ် ဘာသာရေး နိုင်ငံရေးလူမှုရေး စီးပွားရေးပုဂ္ဂိုလ်ရေးဆိုင်ရာတို့နှင့်ပါတ်သက်၍

ပြဿနာသံသယရှိပါကလာရောက်မေးမြန်းဖြေရှင်းဆောင်ရွက်ရန်ဖိတ်ခေါ်ခဲ့သော်လည်းတစ်ဦးတစ်ယောက်မျှလာရောက်ဖြေရှင်းမှုမရှိသဖြင့် ကိုယ့်လိပ်ပြာကိုယ်သန့်ကြောင်း ဦးကျော်ဝင်းကပြောသည်။

မျိုးဝင်းထွန်း-မုံရွာ

Be the first to comment

Leave a Reply

Your email address will not be published.


*