၀င္ေငြရဲ႕တစ္ဝက္ကိုပဲအသုံးျပဳၿပီး သင့္ရဲ႕တစ္လတာကိုျဖတ္ေက်ာ္ႏိုင္ဖို႔နည္းလမ္း (၃)သြယ္

၀င္ေငြရဲ႕တစ္ဝက္ကိုပဲအသုံးျပဳၿပီး သင့္ရဲ႕တစ္လတာကိုျဖတ္ေက်ာ္ႏိုင္ဖို႔နည္းလမ္း (၃)သြယ္
၀င္ေငြရဲ႕တစ္ဝက္ကိုပဲအသုံးျပဳၿပီး သင့္ရဲ႕တစ္လတာကိုျဖတ္ေက်ာ္ႏိုင္ဖို႔နည္းလမ္း (၃)သြယ္

၀င္ေငြရဲ႕တစ္ဝက္ကိုပဲအသုံးျပဳၿပီး သင့္ရဲ႕တစ္လတာကိုျဖတ္ေက်ာ္ႏိုင္ဖို႔နည္းလမ္း (၃)သြယ္

သင္ရရွိေနတဲ့ လစာေငြ ရဲ႕တစ္ဝက္နဲ႔ပဲ တစ္လတာဆိုတဲ့အခ်ိန္ကိုေက်ာ္ျဖတ္ဖို႔ျဖစ္ႏိုင္ပါ့မလား။ ကိုယ္ ဝယ္ေနက် ပစၥည္းတစ္ခ်ိဳ႕ကိုမဝယ္ပဲခ်ိဳးၿခံေခြၽတာႏိုင္ တဲ့ စိတ္အင္အားရွိမယ္ (သို႔မဟုတ္) အဲဒီလိုစိတ္ဓါတ္မ်ိဳးရွိလာဖို႔ေလ့က်င့္ႏိုင္မယ္ဆိုရင္ဒါဟာျဖစ္ ႏိုင္ပါတယ္။

ကိုယ့္ကိုယ္ကိုေတာ့႐ိုးသားဖို႔လိုပါလိမ့္မယ္။ ပထမဆုံးအဆင့္ အေနနဲ႔ သင့္ရဲ႕သုံးေနက် အသုံးစရိတ္ ကိုအရင္ေလွ်ာ့ခ်ရပါလိမ့္မယ္။

ဘာလို႔ကိုယ့္ အသုံးစရိတ္ ကိုေလွ်ာ့ခ်သင့္တာလဲ။လက္ရွိကမာၻ႔စီးပြားေရးအေျခေနအရ ကိုယ့္အသုံးစရိတ္ကိုေလွ်ာ့ခ်သုံးစြဲတာဟာပါးနပ္လိမၼာရာေရာက္ပါတယ္။တကယ္လို႔ကိုယ့္အသုံစရိတ္ရဲ႕တစ္ဝက္အထိမေလွ်ာ့ခ်ႏိုင္ဘူးဆိုရင္ေတာင္ အနီးစပ္ဆုံးေလွ်ာ့ခ်ႏိုင္ဖို႔ႀကိဳးစားရပါမယ္။

ကြၽန္ေတာ္ တို႔ဆီမွာ မခန႔္မွန္းႏိုင္တဲ့အေျခအေနေတြကိုလည္း ႀကဳံေတြ႕ ရႏိုင္ပါတယ္ ဥပမာအေနနဲ႔ဖ်ားနာတာ၊ကိုယ္မျဖစ္မေနသုံးရမယ့္ အသုံးအေဆာင္ပစၥည္း ေတြပ်က္စီးသြားတာအျပင္တျခားကိစၥအေျမာက္အျမားကိုေတြ႕ႀကဳံရႏိုင္ပါတယ္။ ဒီလိုျပသနာေတြကိုႀကဳံ ေတြ႕လာရၿပီဆိုရင္ ကိုယ္ မသုံးပဲစုထားခဲ့တဲ့ ေငြေတြက ျပန္ၿပီးအသုံးဝင္လာႏိုင္ပါတယ္။

ဒီလိုစုေဆာင္းတာကို အိမ္ေထာင္ရွိတဲ့လူေတြေရာ မရွိတဲ့လူေတြပါလိုက္နာက်င့္သုံးႏိုင္ပါတယ္။တကယ္လို႔ သင္ကအိမ္ေထာင္ရွိတယ္ဆိုရင္ သင္တို႔ႏွစ္ေယာက္ထဲကတစ္ေယာက္ရဲ႕ဝင္ေငြ ကိုအိမ္ အသုံးစရိတ္အေနနဲ႔သုံးစြဲၿပီးေနာက္တစ္ေယာက္ ရဲ႕ဝင္ေငြကိုစုေဆာင္းထားႏိုင္ပါတယ္။

ကဲ…ကိုယ့္အသုံစရိတ္ကိုရဲရဲႀကီးေလွ်ာ့ခ်ႏိုင္မယ့္လူဘယ္သူေတြရွိမလဲ။ အခ်က္ ၃ ခ်က္ကိုေျပာျပပါမယ္။

နံပါတ္( ၁) ပထမရက္ ၃၀ အတြင္းကိုယ့္ရဲ႕ေငြသုံးစြဲမႈကိုေလ့လာပါ

အသုံးစရိတ္ ေလွ်ာ့ခ်ဖို႔ အတြက္ပထမဆုံး ရက္ ၃၀ ကိုစာေမးပြဲကာလအေနနဲ႔သတ္မွတ္လိုက္ပါ။ အဲဒီရက္ ၃၀ အတြင္းမွာ သင့္ရဲ႕စားေသာက္မႈနဲ႔ ေနထိုင္မႈပုံစံေတြကိုေလ့လာဆန္းစစ္ပါ။ အဲဒီထဲကမွ သင့္ရဲ႕ဝင္ေငြတစ္ဝက္နဲ႔ေလာက္ေအာင္ေနထိုင္မယ့္ရည္ မွန္းခ်က္ကိုထိခိုက္ေစတဲ့ အမူအက်င့္ေတြကိုေျပာင္းလဲပစ္ရမွာျဖစ္ပါတယ္။

တစ္ပါတ္ၾကာတိုင္းသင့္ရဲ႕ ေငြသုံးစြဲမႈ ကိုအၿမဲေလ့လာဆန္းစစ္ရပါမယ္။ ကိုယ္ဝယ္လိုက္တဲ့ပစၥည္းေတြကိုလည္း အေရးႀကီးသည္ျဖစ္ေစ မႀကီးသည္ျဖစ္ေစ စာရင္းေသခ်ာျပဳစုထားရပါမယ္။

အဲဒီထဲစာရင္းထဲကမွ မလိုအပ္ဘူးလို႔သင္ထင္တဲ့အရာေတြအတြက္ေငြသုံးစြဲမႈကိုရပ္တန႔္လိုက္ရမွာျဖစ္ပါတယ္။ က်န္တဲ့အပါတ္ေတြမွာလည္း အဲဒီလိုအေရးမႀကီးတဲ့ ပစၥည္း ဝယ္ယူမႈကိုေလွ်ာ့ခ်သြားရမွာျဖစ္ပါတယ္။အဲဒီေနာက္မွာေတာ့စနစ္က်တဲ့ေငြသုံးစြဲမႈပုံစံတစ္ခုကိုသင္ရရွိမွာျဖစ္ပါတယ္။

နံပါတ္ (၂)ကိုယ့္ကိုယ္ကို ဆက္လက္ထိန္းခ်ဳပ္ပါ

ပထမဆုံးရက္ ၃၀ ၿပီးသြားရင္ေတာ့ လိုအပ္တဲ့အရာေတြကိုပဲဝယ္ဖို႔ ကိုယ့္ကိုယ္စိန္ေခၚပါ။ ဒီလိုနဲ႔ပဲ ကိုယ့္ရဲ႕စိတ္ဓါတ္ႀကံ့ခိုင္မႈကိုေလ့က်င့္ၿပီးသြားျဖစ္ပါလိမ့္မယ္။ သင့္အေနနဲ႔ လကုန္တိုင္း ေပ်ာ္ပြဲ႐ႊင္ပြဲေတြမွာပါဝင္တာ ဒါမွမဟုတ္ ေရွာ့ပင္းထြက္တတ္တဲ့အက်င့္ရွိပါသလား။

အဲဒီအမူအက်င့္ေတြကသင့္ကိုေကာင္းက်ိဳးေပးပါသလားေသခ်ာစဥ္းစားပါ။ သင္ေအာင္ျမင္ တဲ့တစ္ေန႔က်ရင္သင့္ရဲ႕ဘဏ္အေကာင့္မွာေငြေတြျပည့္ဝေနေစခ်င္တယ္ဆိုရင္ေပါ့။

နံပါတ္ (၃ )ဘဏ္ မွာေငြပုံမွန္စုေဆာင္းသြားပါ

သင့္ရဲ႕ေငြသုံးစြဲမႈ အက်င့္ဆိုးေတြကိုထိန္းခ်ဳပ္ႏိုင္ၿပီဆိုရင္ ေနာက္ဆုံးလုပ္ေဆာင္ရမယ့္အရာတစ္ခုပဲက်န္ပါေတာ့တယ္။ ဘဏ္အေကာင့္ ဖြင့္ပါ။ အပတ္စဥ္ သို႔မဟုတ္ လစဥ္ေငြစုပါ။ အဲဒီလိုစုေဆာင္းတာဟာသင့္ရဲ႕တစ္လတာ အသုံးစရိတ္ အတြက္ အေႏွာင့္အယွက္ျဖစ္မွာမဟုတ္ပါဘူး။

ဘာျဖစ္လို႔လည္းဆိုေတာ့ သင့္မွာမလိုအပ္တာေတြကိုမဝယ္ဖို႔ အေလ့အက်င့္ရွိၿပီးျဖစ္တဲ့အတြက္ အဲဒီကထြက္လာတဲ့အပို ဝင္ေငြေတြဟာသင့္ဘဏ္စာရင္းထဲအလိုအေလွ်ာက္ ဝင္ေရာက္သြားေတာ့မွာပဲ ျဖစ္ပါတယ္။

ေနာက္ဆုံးအေနနဲ႔အႀကံျပဳခ်င္တာကေတာ့ ေငြအမ်ားႀကီး သုံးရမယ့္ကိစၥမ်ိဳးဆိုရင္ေသခ်ာစဥ္းစားသင့္ပါတယ္။ ဥပမာ အိမ္တြင္း အလွဆင္တာ၊ ကားအေကာင္းစားဝယ္ခ်င္တာ အစရွိတဲ့ကိစၥမ်ိဳးဆိုရင္ ေသခ်ာစဥ္းစားသင့္ပါတယ္။

အိမ္အလွဆင္မယ့္ကိစၥမ်ိဳးအတြက္ႀကီးမားတဲ့ေငြပမာဏကိုသင္တကယ္အကုန္အက်ခံႏိုင္လားဆိုတာကိုစဥ္းစားသင့္ပါတယ္။ ကား ဝယ္မယ္ဆိုရင္လည္း အဲဒီ ကား အတြက္ကုန္က်မယ့္ဆီစရိတ္၊ထိန္းသိမ္းခ၊အာမခံေၾကးအစရွိတာေတြကိုပါစဥ္းစားဖို႔လိုပါတယ္။

ကိုယ့္ရဲ႕မိသားစု ကိုလည္းမိမိရဲ႕ ဝင္ေငြ တစ္ဝက္ကိုသာသုံးစြဲၿပီး ေငြစုေဆာင္းမယ့္ အစီအစဥ္ ကိုေသခ်ာရွင္းျပဖို႔လည္းလိုအပ္ပါလိမ့္မယ္။

Credit

Unicode

၀င်ငွေရဲ့တစ်ဝက်ကိုပဲအသုံးပြုပြီး သင့်ရဲ့တစ်လတာကိုဖြတ်ကျော်နိုင်ဖို့နည်းလမ်း (၃)သွယ်

သင်ရရှိနေတဲ့ လစာငွေ ရဲ့တစ်ဝက်နဲ့ပဲ တစ်လတာဆိုတဲ့အချိန်ကိုကျော်ဖြတ်ဖို့ဖြစ်နိုင်ပါ့မလား။ ကိုယ် ဝယ်နေကျ ပစ္စည်းတစ်ချို့ကိုမဝယ်ပဲချိုးခြံချွေတာနိုင် တဲ့ စိတ်အင်အားရှိမယ် (သို့မဟုတ်) အဲဒီလိုစိတ်ဓါတ်မျိုးရှိလာဖို့လေ့ကျင့်နိုင်မယ်ဆိုရင်ဒါဟာဖြစ် နိုင်ပါတယ်။

ကိုယ့်ကိုယ်ကိုတော့ရိုးသားဖို့လိုပါလိမ့်မယ်။ ပထမဆုံးအဆင့် အနေနဲ့ သင့်ရဲ့သုံးနေကျ အသုံးစရိတ် ကိုအရင်လျှော့ချရပါလိမ့်မယ်။

ဘာလို့ကိုယ့် အသုံးစရိတ် ကိုလျှော့ချသင့်တာလဲ။လက်ရှိကမ္ဘာ့စီးပွားရေးအခြေနေအရ ကိုယ့်အသုံးစရိတ်ကိုလျှော့ချသုံးစွဲတာဟာပါးနပ်လိမ္မာရာရောက်ပါတယ်။တကယ်လို့ကိုယ့်အသုံစရိတ်ရဲ့တစ်ဝက်အထိမလျှော့ချနိုင်ဘူးဆိုရင်တောင် အနီးစပ်ဆုံးလျှော့ချနိုင်ဖို့ကြိုးစားရပါမယ်။

ကျွန်တော် တို့ဆီမှာ မခန့်မှန်းနိုင်တဲ့အခြေအနေတွေကိုလည်း ကြုံတွေ့ ရနိုင်ပါတယ် ဥပမာအနေနဲ့ဖျားနာတာ၊ကိုယ်မဖြစ်မနေသုံးရမယ့် အသုံးအဆောင်ပစ္စည်း တွေပျက်စီးသွားတာအပြင်တခြားကိစ္စအမြောက်အမြားကိုတွေ့ကြုံရနိုင်ပါတယ်။ ဒီလိုပြသနာတွေကိုကြုံ တွေ့လာရပြီဆိုရင် ကိုယ် မသုံးပဲစုထားခဲ့တဲ့ ငွေတွေက ပြန်ပြီးအသုံးဝင်လာနိုင်ပါတယ်။

ဒီလိုစုဆောင်းတာကို အိမ်ထောင်ရှိတဲ့လူတွေရော မရှိတဲ့လူတွေပါလိုက်နာကျင့်သုံးနိုင်ပါတယ်။တကယ်လို့ သင်ကအိမ်ထောင်ရှိတယ်ဆိုရင် သင်တို့နှစ်ယောက်ထဲကတစ်ယောက်ရဲ့ဝင်ငွေ ကိုအိမ် အသုံးစရိတ်အနေနဲ့သုံးစွဲပြီးနောက်တစ်ယောက် ရဲ့ဝင်ငွေကိုစုဆောင်းထားနိုင်ပါတယ်။

ကဲ…ကိုယ့်အသုံစရိတ်ကိုရဲရဲကြီးလျှော့ချနိုင်မယ့်လူဘယ်သူတွေရှိမလဲ။ အချက် ၃ ချက်ကိုပြောပြပါမယ်။

နံပါတ်( ၁) ပထမရက် ၃၀ အတွင်းကိုယ့်ရဲ့ငွေသုံးစွဲမှုကိုလေ့လာပါ

အသုံးစရိတ် လျှော့ချဖို့ အတွက်ပထမဆုံး ရက် ၃၀ ကိုစာမေးပွဲကာလအနေနဲ့သတ်မှတ်လိုက်ပါ။ အဲဒီရက် ၃၀ အတွင်းမှာ သင့်ရဲ့စားသောက်မှုနဲ့ နေထိုင်မှုပုံစံတွေကိုလေ့လာဆန်းစစ်ပါ။ အဲဒီထဲကမှ သင့်ရဲ့ဝင်ငွေတစ်ဝက်နဲ့လောက်အောင်နေထိုင်မယ့်ရည် မှန်းချက်ကိုထိခိုက်စေတဲ့ အမူအကျင့်တွေကိုပြောင်းလဲပစ်ရမှာဖြစ်ပါတယ်။

တစ်ပါတ်ကြာတိုင်းသင့်ရဲ့ ငွေသုံးစွဲမှု ကိုအမြဲလေ့လာဆန်းစစ်ရပါမယ်။ ကိုယ်ဝယ်လိုက်တဲ့ပစ္စည်းတွေကိုလည်း အရေးကြီးသည်ဖြစ်စေ မကြီးသည်ဖြစ်စေ စာရင်းသေချာပြုစုထားရပါမယ်။

အဲဒီထဲစာရင်းထဲကမှ မလိုအပ်ဘူးလို့သင်ထင်တဲ့အရာတွေအတွက်ငွေသုံးစွဲမှုကိုရပ်တန့်လိုက်ရမှာဖြစ်ပါတယ်။ ကျန်တဲ့အပါတ်တွေမှာလည်း အဲဒီလိုအရေးမကြီးတဲ့ ပစ္စည်း ဝယ်ယူမှုကိုလျှော့ချသွားရမှာဖြစ်ပါတယ်။အဲဒီနောက်မှာတော့စနစ်ကျတဲ့ငွေသုံးစွဲမှုပုံစံတစ်ခုကိုသင်ရရှိမှာဖြစ်ပါတယ်။

နံပါတ် (၂)ကိုယ့်ကိုယ်ကို ဆက်လက်ထိန်းချုပ်ပါ

ပထမဆုံးရက် ၃၀ ပြီးသွားရင်တော့ လိုအပ်တဲ့အရာတွေကိုပဲဝယ်ဖို့ ကိုယ့်ကိုယ်စိန်ခေါ်ပါ။ ဒီလိုနဲ့ပဲ ကိုယ့်ရဲ့စိတ်ဓါတ်ကြံ့ခိုင်မှုကိုလေ့ကျင့်ပြီးသွားဖြစ်ပါလိမ့်မယ်။ သင့်အနေနဲ့ လကုန်တိုင်း ပျော်ပွဲရွှင်ပွဲတွေမှာပါဝင်တာ ဒါမှမဟုတ် ရှော့ပင်းထွက်တတ်တဲ့အကျင့်ရှိပါသလား။

အဲဒီအမူအကျင့်တွေကသင့်ကိုကောင်းကျိုးပေးပါသလားသေချာစဉ်းစားပါ။ သင်အောင်မြင် တဲ့တစ်နေ့ကျရင်သင့်ရဲ့ဘဏ်အကောင့်မှာငွေတွေပြည့်ဝနေစေချင်တယ်ဆိုရင်ပေါ့။

နံပါတ် (၃ )ဘဏ် မှာငွေပုံမှန်စုဆောင်းသွားပါ

သင့်ရဲ့ငွေသုံးစွဲမှု အကျင့်ဆိုးတွေကိုထိန်းချုပ်နိုင်ပြီဆိုရင် နောက်ဆုံးလုပ်ဆောင်ရမယ့်အရာတစ်ခုပဲကျန်ပါတော့တယ်။ ဘဏ်အကောင့် ဖွင့်ပါ။ အပတ်စဉ် သို့မဟုတ် လစဉ်ငွေစုပါ။ အဲဒီလိုစုဆောင်းတာဟာသင့်ရဲ့တစ်လတာ အသုံးစရိတ် အတွက် အနှောင့်အယှက်ဖြစ်မှာမဟုတ်ပါဘူး။

ဘာဖြစ်လို့လည်းဆိုတော့ သင့်မှာမလိုအပ်တာတွေကိုမဝယ်ဖို့ အလေ့အကျင့်ရှိပြီးဖြစ်တဲ့အတွက် အဲဒီကထွက်လာတဲ့အပို ဝင်ငွေတွေဟာသင့်ဘဏ်စာရင်းထဲအလိုအလျှောက် ဝင်ရောက်သွားတော့မှာပဲ ဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့အကြံပြုချင်တာကတော့ ငွေအများကြီး သုံးရမယ့်ကိစ္စမျိုးဆိုရင်သေချာစဉ်းစားသင့်ပါတယ်။ ဥပမာ အိမ်တွင်း အလှဆင်တာ၊ ကားအကောင်းစားဝယ်ချင်တာ အစရှိတဲ့ကိစ္စမျိုးဆိုရင် သေချာစဉ်းစားသင့်ပါတယ်။

အိမ်အလှဆင်မယ့်ကိစ္စမျိုးအတွက်ကြီးမားတဲ့ငွေပမာဏကိုသင်တကယ်အကုန်အကျခံနိုင်လားဆိုတာကိုစဉ်းစားသင့်ပါတယ်။ ကား ဝယ်မယ်ဆိုရင်လည်း အဲဒီ ကား အတွက်ကုန်ကျမယ့်ဆီစရိတ်၊ထိန်းသိမ်းခ၊အာမခံကြေးအစရှိတာတွေကိုပါစဉ်းစားဖို့လိုပါတယ်။

ကိုယ့်ရဲ့မိသားစု ကိုလည်းမိမိရဲ့ ဝင်ငွေ တစ်ဝက်ကိုသာသုံးစွဲပြီး ငွေစုဆောင်းမယ့် အစီအစဉ် ကိုသေချာရှင်းပြဖို့လည်းလိုအပ်ပါလိမ့်မယ်။

Credit

Be the first to comment

Leave a Reply

Your email address will not be published.


*