ကိုယ့္ခ်စ္သူကို သည္းေနေအာင္ မခ်စ္ျပသင့္တဲ့ အေၾကာင္းအရင္း (၅)ခ်က္….

ကိုယ့္ခ်စ္သူကို သည္းေနေအာင္ မခ်စ္ျပသင့္တဲ့ အေၾကာင္းအရင္း (၅)ခ်က္….
ကိုယ့္ခ်စ္သူကို သည္းေနေအာင္ မခ်စ္ျပသင့္တဲ့ အေၾကာင္းအရင္း (၅)ခ်က္….

ကိုယ့္ခ်စ္သူကို သည္းေနေအာင္ မခ်စ္ျပသင့္တဲ့ အေၾကာင္းအရင္း (၅)ခ်က္….

မိန္းကေလးတစ္ေယာက္အေနနဲ႔ သူတစ္ပါးကို မလိမ္ညာဘဲ တကယ္အခ်စ္စစ္နဲ႔ခ်စ္တာက အရမ္းေကာင္းပါတယ္။ ဒါေပမယ့္ လိုတာထက္ပိုၿပီး ကိုယ္ခ်စ္ေနတာကို သည္းသည္းလႈပ္မေဖာ္ျပသင့္ပါဘူး။ ဒီလိုမေဖာ္ျပသင့္ရတဲ့ အေၾကာင္းအရင္း (၅) ခ်က္ကေတာ့ ဒီလိုပါ။ လူတိုင္းဒီလိုျဖစ္မယ္ရယ္လို႔ေတာ့ မဟုတ္ေပမယ့္ ျဖစ္ႏိုင္ေျခအမ်ားဆုံး အရာေတြကို ေဖာ္ျပေပးထားတာပါေနာ္ …။

(၁) အႏိုင္ယူလာမယ္

ေယာက်္ားေတြဟာ ပင္ကိုဗီဇကိုက အႏိုင္ယူခ်င္စိတ္ရွိတဲ့သူေတြျဖစ္ပါတယ္။ တကယ္လို႔ သင္သာ သူ႔ကို သည္းသည္းလႈပ္ခ်စ္ျပလိုက္မယ္၊ ဒါမွမဟုတ္ သူ႔ကိုသင္ အရမ္းခ်စ္ေနတာကို သိသြားမယ္ဆိုရင္ေတာ့ သင့္ကို အႏိုင္ယူလာေတာ့မွာပါ။ ဒါေၾကာင့္မို႔လို႔ ေယာက်္ားတစ္ေယာက္ကို ဘယ္ေလာက္ပဲခ်စ္ခ်စ္ ထုတ္မျပတာ အေကာင္းဆုံးပါပဲ. …. ။

(၂) တန္ဖိုးမထားေတာ့ဘူး

သင့္ခ်စ္သူကို သူမရွိပဲမေနႏိုင္တဲ့ ပုံစံလုံးဝမလုပ္ျပပါနဲ႔။ ဒီပုံစံကိုျမင္သြားရင္ ဒါမွမဟုတ္ သင္ဒီလိုျဖစ္ေနတာကို သိသြားရင္ သင့္ကို အရင္လို တန္ဖိုးထားေတာ့မွာ မဟုတ္ပါဘူး။ ကိုယ့္ဘဝနဲ႔ကိုယ္ ေနႏိုင္တဲ့၊ ခ်စ္သူမရွိလည္း ကိယ့္ဘာသာကို ေကာင္းေကာင္းေနတတ္တဲ့ သူမ်ိဳးကိုမွ ေယာက်္ားေလးေတြက တန္ဖိုးထားတာပါ။ ဒါေၾကာင့္ သူူ႔ကို သည္းသည္းလႈပ္ခ်စ္မျပသင့္သလို သူ မရွိဘဲမေနႏိုင္တဲ့ပုံစံလည္း မျဖစ္ေစပါနဲ႔ ….. ။

(၃) ဂ႐ုစိုက္တာေတြေလ်ာ့လာမယ္

သင့္ခ်စ္သူကို သင္သည္းသည္းလႈပ္ခ်စ္ျပၿပီး အၿမဲတမ္း သူ႔ကို တြယ္ကပ္ေနမယ္ဆိုရင္ေတာ့ သင့္ကို ဂ႐ုစိုက္ေတာ့မွာ မဟုတ္ပါဘူး။ သင္ဟာ သူ ဂ႐ုမစိုက္ရင္ေတာင္ သူ႔ကိုဂ႐ုစိုက္ေနမယ့္သူမ်ိဳးျဖစ္တယ္ဆိုတာ သူသိလိုက္တာနဲ႔ သင့္ကို အခ်ိန္ေတြေပး၊ စိတ္ရွည္ရွည္နဲ႔ ဂ႐ုစိုက္ေပးေတာ့မွာ မဟုတ္ပါဘူး။ ဒါေၾကာင့္မို႔လို႔ လိုတာထက္ပိုၿပီး အရမ္းဂ႐ုစိုက္မျပတာ အေကာင္းဆုံးပါပဲ …. ။

(၄) မေခ်ာ့ေတာ့ဘူး

သင့္ခ်စ္သူကို သည္းသည္းလႈပ္ခ်စ္ျပၿပီး စိတ္ေကာက္တဲ့ အခ်ိန္ေတြမွာလည္း ၾကာၾကာမေခ်ာ့လိုက္ရပဲ ခ်က္ခ်င္းစိတ္ျပန္ေျပတာမ်ိဳး မလုပ္ပါနဲ႔။ အေၾကာင္းကေတာ့ သင့္ခ်စ္သူက သင့္ကိုသူ မေခ်ာ့လည္း သင့္ဘာသာသင္စိတ္ေျပတယ္ ဆိုတာကို သိသြားရင္ သင့္ကို စိတ္ရွည္ရွည္နဲ႔ေခ်ာ့ေတာ့မွာ မဟုတ္သလို သင္ဘယ္ေလာက္ပဲ စိတ္တို၊ ေဒါသထြက္ထြက္ အေရးစိုက္ေတာ့မွာ မဟုတ္ပါဘူးေနာ္ …. ။

(၅) ပင္ပန္းမယ္

သင့္ခ်စ္သူကို သင္ သည္းသည္းလႈပ္ခ်စ္ျပလိုက္ရင္ သူ႔ရဲ႕ ေျပာင္းလဲလာတဲ့ အခ်ိဳးေတြေၾကာင့္ လူပင္ပန္းစိတ္ပင္ပန္းရမွာ သင္ပါပဲ။ သင္ခ်စ္သေလာက္ သူက ျပန္မခ်စ္တဲ့အခါ၊ သင္ခ်စ္ျပသလို သူက ခ်စ္မျပတဲ့အခါ သင့္ရဲ႕ မာနေတြကို ထိခိုက္႐ုံသာမက သင္ကိုယ္တိုင္လည္း အၿမဲတမ္း စိတ္တိုေဒါသထြက္ၿပီး အလိုမက်ျဖစ္ေနရမွာပါ။ ဒါေၾကာင့္ အစကတည္း သူ႔ကို အရမ္းခ်စ္မျပပဲ ခပ္တင္းတင္းေလးေနတာ အေကာင္းဆုံးပါပဲ ….. ။

Credit – Em Em(Auntymay)

Unicode

ကိုယ့်ချစ်သူကို သည်းနေအောင် မချစ်ပြသင့်တဲ့ အကြောင်းအရင်း (၅)ချက်….

မိန်းကလေးတစ်ယောက်အနေနဲ့ သူတစ်ပါးကို မလိမ်ညာဘဲ တကယ်အချစ်စစ်နဲ့ချစ်တာက အရမ်းကောင်းပါတယ်။ ဒါပေမယ့် လိုတာထက်ပိုပြီး ကိုယ်ချစ်နေတာကို သည်းသည်းလှုပ်မဖော်ပြသင့်ပါဘူး။ ဒီလိုမဖော်ပြသင့်ရတဲ့ အကြောင်းအရင်း (၅) ချက်ကတော့ ဒီလိုပါ။ လူတိုင်းဒီလိုဖြစ်မယ်ရယ်လို့တော့ မဟုတ်ပေမယ့် ဖြစ်နိုင်ခြေအများဆုံး အရာတွေကို ဖော်ပြပေးထားတာပါနော် …။

(၁) အနိုင်ယူလာမယ်

ယောကျ်ားတွေဟာ ပင်ကိုဗီဇကိုက အနိုင်ယူချင်စိတ်ရှိတဲ့သူတွေဖြစ်ပါတယ်။ တကယ်လို့ သင်သာ သူ့ကို သည်းသည်းလှုပ်ချစ်ပြလိုက်မယ်၊ ဒါမှမဟုတ် သူ့ကိုသင် အရမ်းချစ်နေတာကို သိသွားမယ်ဆိုရင်တော့ သင့်ကို အနိုင်ယူလာတော့မှာပါ။ ဒါကြောင့်မို့လို့ ယောကျ်ားတစ်ယောက်ကို ဘယ်လောက်ပဲချစ်ချစ် ထုတ်မပြတာ အကောင်းဆုံးပါပဲ. …. ။

(၂) တန်ဖိုးမထားတော့ဘူး

သင့်ချစ်သူကို သူမရှိပဲမနေနိုင်တဲ့ ပုံစံလုံးဝမလုပ်ပြပါနဲ့။ ဒီပုံစံကိုမြင်သွားရင် ဒါမှမဟုတ် သင်ဒီလိုဖြစ်နေတာကို သိသွားရင် သင့်ကို အရင်လို တန်ဖိုးထားတော့မှာ မဟုတ်ပါဘူး။ ကိုယ့်ဘဝနဲ့ကိုယ် နေနိုင်တဲ့၊ ချစ်သူမရှိလည်း ကိယ့်ဘာသာကို ကောင်းကောင်းနေတတ်တဲ့ သူမျိုးကိုမှ ယောကျ်ားလေးတွေက တန်ဖိုးထားတာပါ။ ဒါကြောင့် သူူ့ကို သည်းသည်းလှုပ်ချစ်မပြသင့်သလို သူ မရှိဘဲမနေနိုင်တဲ့ပုံစံလည်း မဖြစ်စေပါနဲ့ ….. ။

(၃) ဂရုစိုက်တာတွေလျော့လာမယ်

သင့်ချစ်သူကို သင်သည်းသည်းလှုပ်ချစ်ပြပြီး အမြဲတမ်း သူ့ကို တွယ်ကပ်နေမယ်ဆိုရင်တော့ သင့်ကို ဂရုစိုက်တော့မှာ မဟုတ်ပါဘူး။ သင်ဟာ သူ ဂရုမစိုက်ရင်တောင် သူ့ကိုဂရုစိုက်နေမယ့်သူမျိုးဖြစ်တယ်ဆိုတာ သူသိလိုက်တာနဲ့ သင့်ကို အချိန်တွေပေး၊ စိတ်ရှည်ရှည်နဲ့ ဂရုစိုက်ပေးတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ လိုတာထက်ပိုပြီး အရမ်းဂရုစိုက်မပြတာ အကောင်းဆုံးပါပဲ …. ။

(၄) မချော့တော့ဘူး

သင့်ချစ်သူကို သည်းသည်းလှုပ်ချစ်ပြပြီး စိတ်ကောက်တဲ့ အချိန်တွေမှာလည်း ကြာကြာမချော့လိုက်ရပဲ ချက်ချင်းစိတ်ပြန်ပြေတာမျိုး မလုပ်ပါနဲ့။ အကြောင်းကတော့ သင့်ချစ်သူက သင့်ကိုသူ မချော့လည်း သင့်ဘာသာသင်စိတ်ပြေတယ် ဆိုတာကို သိသွားရင် သင့်ကို စိတ်ရှည်ရှည်နဲ့ချော့တော့မှာ မဟုတ်သလို သင်ဘယ်လောက်ပဲ စိတ်တို၊ ဒေါသထွက်ထွက် အရေးစိုက်တော့မှာ မဟုတ်ပါဘူးနော် …. ။

(၅) ပင်ပန်းမယ်

သင့်ချစ်သူကို သင် သည်းသည်းလှုပ်ချစ်ပြလိုက်ရင် သူ့ရဲ့ ပြောင်းလဲလာတဲ့ အချိုးတွေကြောင့် လူပင်ပန်းစိတ်ပင်ပန်းရမှာ သင်ပါပဲ။ သင်ချစ်သလောက် သူက ပြန်မချစ်တဲ့အခါ၊ သင်ချစ်ပြသလို သူက ချစ်မပြတဲ့အခါ သင့်ရဲ့ မာနတွေကို ထိခိုက်ရုံသာမက သင်ကိုယ်တိုင်လည်း အမြဲတမ်း စိတ်တိုဒေါသထွက်ပြီး အလိုမကျဖြစ်နေရမှာပါ။ ဒါကြောင့် အစကတည်း သူ့ကို အရမ်းချစ်မပြပဲ ခပ်တင်းတင်းလေးနေတာ အကောင်းဆုံးပါပဲ ….. ။

Credit – Em Em(Auntymay)

Be the first to comment

Leave a Reply

Your email address will not be published.


*