Unicode
မိန်းကလေး တစ်ယောက် ရဲ့ (အိုး) တင် ၊ ရင် တွေကြည့်ပြီး အပျိုစစ် လား? မစစ်လား? ဝေဖန်နေကြတဲ့ တစ်ချို့ လူတွေ ဖတ်ဖို့
မိန်းကလေးတစ်ယောက် ရဲ့ တင် ရင် တွေကြည့်ပြီးအပျိုစစ်လား မစစ်လား ဝေဖန်နေတဲ့ တစ်ချို့ကောင်တွေ မင်းတို့ရော လူပျိုစစ်ရဲ့လား? ရမလား စမ်းတာ ယောက်ျား သဘာဝလို့ မပြောပါနဲ့။
အဲ့ဒီ စကားတစ်ခွန်းကြောင့် မိန်းကလေးပေါင်း များစွာရဲ့အရှက်သိက္ခာ နစ်နာမှုတွေ ဘယ်လောက်များပြီးလဲ ကိုယ်ချင်းစာမိရဲ့လား?
အိုင်တွေ့လို့ ခြေဆေးမယ် ဆိုကတည်းက ကိုယ်ခြေထောက်က နဂို ကတည်းက မသန့်လို့ပဲ ဆိုတာ သိထားပါ… ကိုယ်ကိုယ်တိုင် က နှမချင်းစာနာတတ် တဲ့ စိတ် မရှိရင် ခွေးထက် ယုတ်ညံသွားလိမ့်မယ်…
Tattoo ထိုးမှ ယောက်ျား ပီသတယ် ထင်နေလား ဆေးလိပ်/ အရက်သောက်မှ ယောက်ျားပီသတယ် ထင်နေလား..?
ဗလတောင့်မှ ယောက်ျားပီသတယ် ထင်နေလား ? နောက်ဆုံး စစ်တပ်ထဲဝင်မှ ယောက်ျားပီသတယ် ထင်နေလား?
တစ်ကယ် တမ်းတော့ ယောက်ျား ပီသဖို့ သူများသားသမီးကို မယုတ်မာဖို့ပဲ လိုတာပါ… မင်းသာ ယောက်ျားကောင်း တစ်ယောက် ဆိုရင် ကိုယ်ချစ်တဲ့ မိန်းကလေး တစ်ယောက် ကို ဘဝတစ်ခု တည်ဆောက်ဖို့ အတွက်
မင်းခေါ်သွားဖို့ ကြိုးစားနေတဲ့ တည်းခိုးခန်း အစား မင်္ဂလာခန်းမ ထဲ ပြောင်းခေါ်ခဲ့လိုက်ပါ…
မင်းသာ ယောက်ျားကောင်း ဆိုရင် အချစ် တစ်ခု ကို ဘန်းပြပြီး သူအဝတ်အစားတွေ ချွတ်နေတဲ့ မင်းလက်ကို ရပ်လိုက်ပါ.. မိန်းကလေးတစ်ယောက်ရဲ့ အချစ်နဲ့ ဘဝကို စော်ကားဖို့ ကြိုးစားတော့မည် ဆိုရင် အရင်ဆုံး
ကိုယ့် အမေ အစ်မ နှမ ကို ပြေး မြင်ကြည့်လိုက်ပါ… ယောက်ျားတစ်ယောက် ကြိုက်သလောက် မိုက် လို့ရပါ တယ် ဘယ်တော့မှ မယုတ် မာမိပါစေနဲ့….။ ။
#မူရင်းရေးသားသူအားလေးစားလျက်#Credit
Be the first to comment
Leave a Reply
Your email address will not be published.
*