ေရွးေခတ္က အဌာရသ (၁၈)ရပ္္ ဆိုတာ ဘာေတြလဲ (မသိေသးသူမ်ားအတြက္…)

အဌာရသ (၁၈)ရပ္္
အဌာရသ (၁၈)ရပ္္

ေရွးေခတ္က အဌာရသ (၁၈)ရပ္္ ဆိုတာ ဘာေတြလဲ (မသိေသးသူမ်ားအတြက္…)

အဌာရသ (၁၈) ရပ္္ ဆိုသည္မွာ ေရွးသမိိုင္း ၊ ပုံျပင္ ၊ ဒ႑ာရီမ်ားကိို ဖတ္မိလွ်င္ ဘုရင္မ်ိဳးႏြြယ္ ၊ မင္းညီမင္းသားမ်ားသည္္ အ႐ြယ္ေရာက္ပါက တကၠသိုလ္ျပည္ သို႔သြားကာ ဒီသာပါေမာကၡဆရာႀကီးထံတြင္ အဌာရသ ပညာရပ္မ်ားကို သင္ၾကားတဲ့ အေၾကာင္း မၾကာခဏေတြ႕ဖူးပါလိိမ့္မယ္။ မသင္မျဖစ္သင္ရတဲ့ ပညာေတြလို႔ ဆိုပါတယ္။

ထိို ေယာက္်ားတိို ႔တတ္အပ္ေသာ အဌာရသ (၁၈) ရပ္ တိို႔မွာ အမ်ိဳးအစားစုံလင္လွသည္။ ထိုအထဲမွ တစ္မ်ိဳးေလာက္သာ ထူးခြၽန္လွ်င္ ဆရာတစ္ဆူ လုပ္လို႔ရသည္။ (၁၈) မ်ိဳးစလုံး တတ္လွ်င္ကား ဆိုဖြယ္ရာ မရွိေတာ့။

စာေတြထဲမွာေတာ့ ဒီပညာ (၁၈) ရပ္ အတြက္ သင္ၾကားခ်ိိန္ က ၃ႏွစ္ လို႔ၾကားဖူးပါတယ္။ ၃ႏွစ္တည္းနဲ႔ ဒီီေလာက္စုံလင္တဲ့ လက္႐ုံးရည္္ ႏွလုံးရည္ ပညာေတြကို ဘယ္လိုသင္သလဲ ဆိုတာကေတာ့ စဥ္းစားစရာပင္။

ဒါမွမဟုတ္ ယခုေခတ္ ႏွစ္သက္ရာေမဂ်ာယူသလို သူတို႔္လည္း တစ္မ်ိဳးစီ အထူးျပဳယူေလသလား မေျပာတတ္ပါ။ ထိိုအဌာရသ ပညာရပ္ ၁၈ ရပ္က ဘာေတြလဲ။ မသိေသးသူမ်ားအတြက္ ဗဟုသုတအျဖစ္ ေဖာ္ျပေပးလိုက္ပါတယ္။ အဌာရသ ၁၈ ရပ္မွာကား ေအာက္ပါအတိုင္း ျဖစ္ပါတယ္။

အဌာရသ ၁၈ ရပ္

၁။ အၾကားအျမင္အတတ္္ (သုတိိ)

၂။ ဓမၼသတ္တတ္ကြၽမ္းမႈအတတ္ (သမၼဳတိ)

၃။ အေရအတြက္္ ဂဏန္းသခ်ၤာ အတတ္(သခ်ၤာ)

၄။ တံံစည္း ၊ စူး၊ ေဆာက္ အစရွိေသာ ဗိသုကာ အတတ္(ေယာဂါ)

၅။ အက်င့္ဆို္င္ရာ ဆုံးမမႈ အတတ္ (နိတိ)

၆။ ယာယီ ၊ ယၾတာ စေသာဗ်ာက႐ို္ဏ္အတတ္ (ဝိေသသကာ)

၇။ သီဆို္ကခုန္မႈ ကဗ်ာ၊ ဂီတ၊ လကၤာ အတတ္ (ဂႏၶဗၺာ)

၈။ လက္ဆစ္ခ်ိဳး၍ ေရတြက္ေဟာေျပာေသာ အတတ္္ (ဂဏိကာ)

၉။ ေလးျမႇား အတတ္ (ဝႏုေဗဒါ)

၁၀။ ေရွးေဟာင္းစကား ၊ က်မ္းဂန္္ အတတ္(ပုရာဏ)

၁၁။ ေဆးပညာ အတတ္(တိကစၦက)

၁၂။ ရယ္႐ႊင္ဖြယ္္ အတတ္ (ဣတိဟာသ)

၁၃။ ေဗဒင္ အတတ္ (ေဇာတိ)

၁၄။ ဖုံးကြြယ္လွည့္ပတ္မႈ အတတ္(မာယာ)

၁၅။ ဆန္းက်မ္း အတတ္ (ဆႏၵတိ)

၁၆။ သံတမာန္ အတတ္ (ေကတု)

၁၇။ မႏၲန္္ အတတ္ (မႏၲာ)

၁၈။ သဒ္ဒါတတ်ၾကႇမ်းမႈ အတတ္ (သဒ္ဒါ)

Credit;

Unicode

ရှေးခေတ်က အဌာရသ (၁၈)ရပ် ဆိုတာ ဘာတွေလဲ (မသိသေးသူများအတွက်…)

အဌာရသ (၁၈) ရပ် ဆိုသည်မှာ ရှေးသမိုင်း ၊ ပုံပြင် ၊ ဒဏ္ဍာရီများကို ဖတ်မိလျှင် ဘုရင်မျိုးနွယ် ၊ မင်းညီမင်းသားများသည် အရွယ်ရောက်ပါက တက္ကသိုလ်ပြည် သို့သွားကာ ဒီသာပါမောက္ခဆရာကြီးထံတွင် အဌာရသ ပညာရပ်များကို သင်ကြားတဲ့ အကြောင်း မကြာခဏတွေ့ဖူးပါလိမ့်မယ်။ မသင်မဖြစ်သင်ရတဲ့ ပညာတွေလို့ ဆိုပါတယ်။

ထို ယောက်ျားတို့တတ်အပ်သော အဌာရသ (၁၈) ရပ် တို့မှာ အမျိုးအစားစုံလင်လှသည်။ ထိုအထဲမှ တစ်မျိုးလောက်သာ ထူးချွန်လျှင် ဆရာတစ်ဆူ လုပ်လို့ရသည်။ (၁၈) မျိုးစလုံး တတ်လျှင်ကား ဆိုဖွယ်ရာ မရှိတော့။

စာတွေထဲမှာတော့ ဒီပညာ (၁၈) ရပ် အတွက် သင်ကြားချိန် က ၃နှစ် လို့ကြားဖူးပါတယ်။ ၃နှစ်တည်းနဲ့ ဒီလောက်စုံလင်တဲ့ လက်ရုံးရည် နှလုံးရည် ပညာတွေကို ဘယ်လိုသင်သလဲ ဆိုတာကတော့ စဉ်းစားစရာပင်။

ဒါမှမဟုတ် ယခုခေတ် နှစ်သက်ရာမေဂျာယူသလို သူတို့်လည်း တစ်မျိုးစီ အထူးပြုယူလေသလား မပြောတတ်ပါ။ ထိုအဌာရသ ပညာရပ် ၁၈ ရပ်က ဘာတွေလဲ။ မသိသေးသူများအတွက် ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ပါတယ်။ အဌာရသ ၁၈ ရပ်မှာကား အောက်ပါအတိုင်း ဖြစ်ပါတယ်။

အဌာရသ ၁၈ ရပ်

၁။ အကြားအမြင်အတတ် (သုတိ)

၂။ ဓမ္မသတ်တတ်ကျွမ်းမှုအတတ် (သမ္မုတိ)

၃။ အရေအတွက် ဂဏန်းသင်္ချာ အတတ်(သင်္ချာ)

၄။ တံံစည်း ၊ စူး၊ ဆောက် အစရှိသော ဗိသုကာ အတတ်(ယောဂါ)

၅။ အကျင့်ဆိုင်ရာ ဆုံးမမှု အတတ် (နိတိ)

၆။ ယာယီ ၊ ယတြာ စသောဗျာကရိုဏ်အတတ် (ဝိသေသကာ)

၇။ သီဆိုကခုန်မှု ကဗျာ၊ ဂီတ၊ လင်္ကာ အတတ် (ဂန္ဓဗ္ဗာ)

၈။ လက်ဆစ်ချိုး၍ ရေတွက်ဟောပြောသော အတတ် (ဂဏိကာ)

၉။ လေးမြှား အတတ် (ဝနုဗေဒါ)

၁၀။ ရှေးဟောင်းစကား ၊ ကျမ်းဂန် အတတ်(ပုရာဏ)

၁၁။ ဆေးပညာ အတတ်(တိကစ္ဆက)

၁၂။ ရယ်ရွှင်ဖွယ် အတတ် (ဣတိဟာသ)

၁၃။ ဗေဒင် အတတ် (ဇောတိ)

၁၄။ ဖုံးကွယ်လှည့်ပတ်မှု အတတ်(မာယာ)

၁၅။ ဆန်းကျမ်း အတတ် (ဆန္ဒတိ)

၁၆။ သံတမာန် အတတ် (ကေတု)

၁၇။ မန္တန် အတတ် (မန္တာ)

၁၈။ သဒ်ဒါတတျကြှမျးမှု အတတ် (သဒ်ဒါ)

Credit;

Be the first to comment

Leave a Reply

Your email address will not be published.


*