
















Unicode

ရှူးရှဲငါးကြင်းငပိချက်နည်းလေးပါ

ရှူးရှဲငါးကြင်းငပိချက်နည်း

ငါးကြင်း ကို ရေ အနည်းငယ်ဖြင့် ပြုတ်၍ အရိုး နွှင် ထား ပါ။

ငပိရည် ကို ဆနွမ်း အနည်းငယ်ခက် ကျို ပီးအရိုးစစ် ထုတ် ၍ အရည် သာ ဖယ်ထားပါ ။

ကြက်သွန် ဖြူ များများ ကို မညတ်တညတ် ထောင်းပါ။ ကြက်သွန်နီ နည်းနည်းကို ပါးပါးလှီးပါ။

အိုးထဲ ဆီ အနည်း ငယ်မျှ သာ ထည့် ၍ ထောင်းထားသော ကြက်သွန်ဖြူ နှင့် ကြက်သွန်နီ ထည့်၍ ဆီသက်ပါ ။

ထို့နောက် အရိုးနွှင်ထားသော ငါး ကို ထည့်၍ ဆီသက်ပါ။

ငါးဆီသက် ပီးလျှင် အရိုးစစ်ထုတ်၍ ဖယ်ထားသော ငပိရည်ကျို ကို လောင်းထည့် ပါ။

အချိုမှုန့် အနည်းငယ် ထည့် ပီး လိုသလောက် အရည်အနေအထား ရသည်အထိ တည်ပါ။

ထို့ နောက် ငရုပ်သီးစိမ်း များများ ထောင်းပီး ထည့်၍ ခဏအပူပေးကာ အိုးချ ၍ သုံးဆောင် လို့ ရပါပီရှင့်။ ( ငရုပ်သီးစိမ်း စားလို့ ဗိုက်နာ တက်လျှင် ငရုပ်သီးစိမ်းများ ကို အရင် လှော်ပီးမှ ထောင်းထည့်ပါ)

ချဉ်ငံစပ် စားချင်လျှင် မန်ကျည်းရည် အနည်းငယ်ထည့်ပါ။

တခါ ချက်ဆို ပင်စိမ်း or နံနံပင်အုပ်၍ ချက်နိုင်ပါသည် ။

အရမ်းမွှေးပီး ထမင်းမြိန်မှာ ဧကန်ပါ။

ငါး နေရာတွင် ပုစွန် အစားထိုး၍လည်း ဤနည်းအတိုင်း ရှူးရှဲ ပုစွန်ငပိချက် ချက်နိုင်ပါသည် ။

Credit – စားကြမယ် ချက်ကြမယ်

Be the first to comment

Leave a Reply

Your email address will not be published.


*