ညဘက္အိပ္ေနတုန္း မၾကာခဏ ႏိုးေနတာဟာ မသိစိတ္မွာ ဒီလိုအခက္အခဲေတြ ျဖစ္ေနလို႔ပါ

ညဘက္အိပ္ေနတုန္း မၾကာခဏ ႏိုးေနတာဟာ
ညဘက္အိပ္ေနတုန္း မၾကာခဏ ႏိုးေနတာဟာ

ညဘက္အိပ္ေနတုန္း မၾကာခဏ ႏိုးေနတာဟာ မသိစိတ္မွာ ဒီလိုအခက္အခဲေတြ ျဖစ္ေနလို႔ပါ

ေယဘုယ်အားျဖင့္ ေန႔ခင္းအခ်ိန္မွာ အလုပ္လုပ္ၾကၿပီး ေနာက္တစ္ေန႔အတြက္ အားျပန္ေမြးတဲ့အေနနဲ႔ ညဘက္မွာ အနားယူ အိပ္စက္ၾကပါတယ္။ ဒါေပမယ့္ သင္ကေတာ့ ညဘက္ေတြမွာ လြယ္လြယ္နဲ႔ အိပ္မေပ်ာ္ဘူး။

အိပ္ေပ်ာ္သြားၿပီးရင္လည္း မၾကာခဏ ႏိုးလာတတ္တယ္ဆိုရင္ ဘယ္အခ်ိန္ေတြမွာ ႏိုးလာတာလဲဆိုတာကိုၾကည့္ၿပီး သင့္မွာျဖစ္ေနတဲ့ အခက္အခဲနဲ႔ ျပႆနာေတြကို ေဖာ္ထုတ္လို႔ရပါတယ္။ ဖတ္ၾကည့္ၿပီး အေျဖရွာလိုက္ ပါအုံးေနာ္

(၁) ည ၁၁ နာရီအထိ အိပ္မေပ်ာ္ဘူးဆိုရင္

ပုံမွန္အိပ္ခ်ိန္ရွိတဲ့သူတစ္ေယာက္က ၁၁ နာရီဆို အိပ္ပါၿပီ။ ဒီအခ်ိန္အထိ မအိပ္ေပ်ာ္ဘူးဆိုရင္ေတာ့ စိတ္ဖိစီးမႈနဲ႔ ေတြးပူစရာေလးေတြ အနည္းငယ္ရွိေနတာေၾကာင့္ျဖစ္ပါတယ္။ အသက္ရႉေလ့က်င့္ခန္းကို ၁၅ မိနစ္ေလာက္ လုပ္ေပးလိုက္ရင္ အိပ္ေပ်ာ္ႏိုင္ပါတယ္

(၂) ၁၁နာရီ ကေန ၁ နာရီၾကားမွာ ႏိုးေနရင္

ည ၁၁ နာရီ ကေန မနက္ ၁ နာရီ ၾကားအခ်ိန္ဟာ သည္းေျခအိတ္အတြက္ အနားယူရမယ့္အခ်ိန္ျဖစ္ပါတယ္။ ဒီအခ်ိန္မွာ မအိပ္ဘဲႏိုးေနတယ္ဆိုရင္ေတာ့ အေတြးေတြပ်ံ႕လြင့္ေနတာမ်ိဳး၊ တစ္စုံတစ္ေယာက္ကို ခြင့္မလႊတ္ႏိုင္ျဖစ္ေနတာမ်ိဳးေၾကာင့္ျဖစ္ႏိုင္ပါတယ္။

အေတြးေတြကိုစုစည္းႏိုင္ေအာင္၊ ခြင့္လႊတ္ႏိုင္ေအာင္ ႀကိဳးစားၾကည့္မယ္ဆိုရင္ ဒီအခ်ိန္ေတြမွာ ေကာင္းေကာင္း အိပ္ေပ်ာ္ႏိုင္ပါလိမ့္မယ္

(၃) ၁ နာရီ ကေန ၃ နာရီ ၾကားမွာ ႏိုးေနရင္

မနက္ ၁ နာရီ ကေန ၃ နာရီ ၾကားမွာ ႏိုးေနတတ္တယ္ဆိုရင္ေတာ့ သင့္အေနနဲ႔ မသိစိတ္ထဲမွာ ေဒါသစိတ္ေတြ ကိန္းေအာင္းေနတာေၾကာင့္ျဖစ္ႏိုင္ပါတယ္။ အဲ့ဒီေဒါသစိတ္ေတြဆိုတာ လတ္တေလာမွာျဖစ္ေနတဲ့ ခံစားခ်က္ေတြလည္းျဖစ္ႏိုင္သလို အႏွစ္ႏွစ္အလလက မေပါက္ကြဲရတဲ့ ခံစားခ်က္ေတြလည္းျဖစ္ႏိုင္ပါတယ္။

ဒါေၾကာင့္ ညတိုင္းဒီအခ်ိန္မွာ ႏိုးေနတတ္တယ္ဆိုရင္ စိတ္ကို စုစည္းၿပီး အသက္ရႉေလ့က်င့္ခန္းေလး လုပ္ေပးလိုက္မယ္ဆိုရင္ ဒီအခ်ိန္မွာ ႏိုးေနတဲ့ ျပႆနာလည္း တျဖည္းျဖည္းေျပလည္လာႏိုင္ပါတယ္။ အၿမဲတမ္း ဒီအခ်ိန္မွာႏိုးေနရင္ေတာ့ သင့္အသည္း က်န္းမာေရးအတြက္ မေကာင္းပါဘူး

(၄) ၃ နာရီကေန ၅ နာရီၾကားမွာ ႏိုးရင္

မနက္ ၃ နာရီကေန ၅နာရီၾကားမွာ ႏိုးတတ္တယ္ဆိုရင္ေတာ့ ဝမ္းနည္းစရာခံစားခ်က္ေတြ မ်ားလြန္းေနတာေၾကာင့္ျဖစ္ပါတယ္။ ေနာက္တစ္ခုကေတာ့ မျမင္ရတဲ့ေလာကက တစ္စုံတစ္ေယာက္က ဆက္သြယ္ဖို႔ႀကိဳးစားေနတာေၾကာင့္လည္းျဖစ္ႏိုင္ပါတယ္။

ဒါေပမယ့္ ဒါကေကာင္းေသာ ဆက္သြယ္ျခင္းမ်ိဳးျဖစ္ပါတယ္။ သင့္ကို လမ္းမွန္ကိုျပခ်င္လို႔၊ လက္ရွိ သင္လုပ္ေနတဲ့အရာ၊ သင္ေတြးေနတဲ့ အေတြးေတြက လမ္းမွားဆီ ဦးတည္ေနတာေၾကာင့္ သတိေပးခ်င္လို႔ျဖစ္ႏိုင္ပါတယ္။ အဲ့ဒါေၾကာင့္ ညတိုင္းဒီအခ်ိန္မွာ ႏိုးေနရင္ စိတ္ကို မ်က္လုံးကိုမွိတ္ကာ စိတ္ကိုၿငိမ္ၿငိမ္ထားၿပီး ေမတၱာပို႔တာမ်ိဳး၊ ဘုရားစာ႐ြတ္တာမ်ိဳး လုပ္လိုက္ပါေနာ္

Credit– MAY THAZINHTOO

Unicode

ညဘက်အိပ်နေတုန်း မကြာခဏ နိုးနေတာဟာ မသိစိတ်မှာ ဒီလိုအခက်အခဲတွေ ဖြစ်နေလို့ပါ

ယေဘုယျအားဖြင့် နေ့ခင်းအချိန်မှာ အလုပ်လုပ်ကြပြီး နောက်တစ်နေ့အတွက် အားပြန်မွေးတဲ့အနေနဲ့ ညဘက်မှာ အနားယူ အိပ်စက်ကြပါတယ်။ ဒါပေမယ့် သင်ကတော့ ညဘက်တွေမှာ လွယ်လွယ်နဲ့ အိပ်မပျော်ဘူး။

အိပ်ပျော်သွားပြီးရင်လည်း မကြာခဏ နိုးလာတတ်တယ်ဆိုရင် ဘယ်အချိန်တွေမှာ နိုးလာတာလဲဆိုတာကိုကြည့်ပြီး သင့်မှာဖြစ်နေတဲ့ အခက်အခဲနဲ့ ပြဿနာတွေကို ဖော်ထုတ်လို့ရပါတယ်။ ဖတ်ကြည့်ပြီး အဖြေရှာလိုက် ပါအုံးနော်

(၁) ည ၁၁ နာရီအထိ အိပ်မပျော်ဘူးဆိုရင်

ပုံမှန်အိပ်ချိန်ရှိတဲ့သူတစ်ယောက်က ၁၁ နာရီဆို အိပ်ပါပြီ။ ဒီအချိန်အထိ မအိပ်ပျော်ဘူးဆိုရင်တော့ စိတ်ဖိစီးမှုနဲ့ တွေးပူစရာလေးတွေ အနည်းငယ်ရှိနေတာကြောင့်ဖြစ်ပါတယ်။ အသက်ရှူလေ့ကျင့်ခန်းကို ၁၅ မိနစ်လောက် လုပ်ပေးလိုက်ရင် အိပ်ပျော်နိုင်ပါတယ်

(၂) ၁၁နာရီ ကနေ ၁ နာရီကြားမှာ နိုးနေရင်

ည ၁၁ နာရီ ကနေ မနက် ၁ နာရီ ကြားအချိန်ဟာ သည်းခြေအိတ်အတွက် အနားယူရမယ့်အချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာ မအိပ်ဘဲနိုးနေတယ်ဆိုရင်တော့ အတွေးတွေပျံ့လွင့်နေတာမျိုး၊ တစ်စုံတစ်ယောက်ကို ခွင့်မလွှတ်နိုင်ဖြစ်နေတာမျိုးကြောင့်ဖြစ်နိုင်ပါတယ်။

အတွေးတွေကိုစုစည်းနိုင်အောင်၊ ခွင့်လွှတ်နိုင်အောင် ကြိုးစားကြည့်မယ်ဆိုရင် ဒီအချိန်တွေမှာ ကောင်းကောင်း အိပ်ပျော်နိုင်ပါလိမ့်မယ်

(၃) ၁ နာရီ ကနေ ၃ နာရီ ကြားမှာ နိုးနေရင်

မနက် ၁ နာရီ ကနေ ၃ နာရီ ကြားမှာ နိုးနေတတ်တယ်ဆိုရင်တော့ သင့်အနေနဲ့ မသိစိတ်ထဲမှာ ဒေါသစိတ်တွေ ကိန်းအောင်းနေတာကြောင့်ဖြစ်နိုင်ပါတယ်။ အဲ့ဒီဒေါသစိတ်တွေဆိုတာ လတ်တလောမှာဖြစ်နေတဲ့ ခံစားချက်တွေလည်းဖြစ်နိုင်သလို အနှစ်နှစ်အလလက မပေါက်ကွဲရတဲ့ ခံစားချက်တွေလည်းဖြစ်နိုင်ပါတယ်။

ဒါကြောင့် ညတိုင်းဒီအချိန်မှာ နိုးနေတတ်တယ်ဆိုရင် စိတ်ကို စုစည်းပြီး အသက်ရှူလေ့ကျင့်ခန်းလေး လုပ်ပေးလိုက်မယ်ဆိုရင် ဒီအချိန်မှာ နိုးနေတဲ့ ပြဿနာလည်း တဖြည်းဖြည်းပြေလည်လာနိုင်ပါတယ်။ အမြဲတမ်း ဒီအချိန်မှာနိုးနေရင်တော့ သင့်အသည်း ကျန်းမာရေးအတွက် မကောင်းပါဘူး

(၄) ၃ နာရီကနေ ၅ နာရီကြားမှာ နိုးရင်

မနက် ၃ နာရီကနေ ၅နာရီကြားမှာ နိုးတတ်တယ်ဆိုရင်တော့ ဝမ်းနည်းစရာခံစားချက်တွေ များလွန်းနေတာကြောင့်ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ မမြင်ရတဲ့လောကက တစ်စုံတစ်ယောက်က ဆက်သွယ်ဖို့ကြိုးစားနေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။

ဒါပေမယ့် ဒါကကောင်းသော ဆက်သွယ်ခြင်းမျိုးဖြစ်ပါတယ်။ သင့်ကို လမ်းမှန်ကိုပြချင်လို့၊ လက်ရှိ သင်လုပ်နေတဲ့အရာ၊ သင်တွေးနေတဲ့ အတွေးတွေက လမ်းမှားဆီ ဦးတည်နေတာကြောင့် သတိပေးချင်လို့ဖြစ်နိုင်ပါတယ်။ အဲ့ဒါကြောင့် ညတိုင်းဒီအချိန်မှာ နိုးနေရင် စိတ်ကို မျက်လုံးကိုမှိတ်ကာ စိတ်ကိုငြိမ်ငြိမ်ထားပြီး မေတ္တာပို့တာမျိုး၊ ဘုရားစာရွတ်တာမျိုး လုပ်လိုက်ပါနော်

Credit– MAY THAZINHTOO

Be the first to comment

Leave a Reply

Your email address will not be published.


*