အိမ္ေထာင္တာဝန္ကို မွ်တစြာခြဲေဝယူေပးပါ

အိမ္ေထာင္တာဝန္ကို မွ်တစြာခြဲေဝယူေပးပါ
အိမ္ေထာင္တာဝန္ကို မွ်တစြာခြဲေဝယူေပးပါ

အိမ္ေထာင္တာဝန္ကို မွ်တစြာခြဲေဝယူေပးပါ

ခတ္မွီ တိုးတက္လာတာနဲ႔ အမွ် စာဝတ္ေနေရးအတြက္ အရင္လို အိမ္ေထာင္ဦးစီးတစ္ေယာက္တည္းကပဲ ဝင္ကိုရွာရတာမဟုတ္ပဲ မိခင္ေတြကလဲ ေမာင္တစ္ထမ္းမယ္တစ္႐ြက္ဆိုတဲ့ စကားနဲ႔အညီ မိခင္ေတြကိုယ္တိုင္လဲ အလုပ္ထြက္လုပ္ရတဲ့ အခါမွာေတာ့ သားသမီး ကို ဂ႐ုစိုက္ရမယ့္ အခ်ိန္ေတြေလွ်ာ့နည္းလာပါတယ္။

၁ ႏွစ္ကေန ၄ ႏွစ္ ၅ ႏွစ္အ႐ြယ္ ခေလးေတြဟာ မိခင္ကို အရမ္းကပ္က်ပါတယ္ အေမေတြအေနနဲ႔ကလဲ အလုပ္ကလဲတစ္ဖက္ အိမ္ေထာင္တာဝန္က တစ္ဖက္ ခေလးရဲ႕တာဝန္ကလဲ တစ္ဖက္ဆိုတဲ့အခါမွာ အဆင္မေျပမႈ အလိုမက်မႈေတြ ရွိလာပါတယ္……

ျပသာနာက အဲဒီကေနစတာပါ အလုပ္ကမၿပီး ခေလးက ဂ်ီက်တဲ့ အခါက်ရင္ စိတ္မရွည္တတ္ေတာ့ပါဘူး အဆင္မေျပလို႔ ထြက္ေနတဲ့ ေဒါသက ခေလးအေပၚ ပုံက်သြားတတ္ပါတယ္။ အဲဒါကို မိခင္ေတြအေနနဲ႔ သတိထားသင့္ပါတယ္ ၿပီးေတာ့ ခုခတ္ခေလးေတြဟာ ေတာ္ေတာ္မ်ားမ်ားကို နားလည္တဲ့ ပါရမွီပါလာတယ္ဆိုတာ သတိျပဳသင့္တယ္။

ကိုယ္ကမအားလို႔ အဆင္မေျပရင္ေတာင္ အတတ္ႏိုင္ဆုံးခေလးကို နားလည္ေအာင္ရွင္ျပပါ တကယ္က ခေလးေတြက မိခင္နဲ႔ အနီကပ္ေနခ်င္က်တာမို႔ ညဘက္ ကိုယ္အလုပ္မၿပီးေသးရင္ေတာင္ ခေလးကို ေဘးနားမွာ ကစားခိုင္း အိပ္ခိုင္းၿပီး အလုပ္လုပ္ပါ ဒါဆို ခေလးအေနနဲ႔ စိတ္ေက်နပ္မႈလဲရၿပီး မိခင္အေနနဲ႔လဲ အဆင္ေျပႏိုင္ပါတယ္။

ခေလးရဲ႕ တာဝန္ဟာ မိခင္တစ္ေယာက္တည္းမွာ ရွိတာ မဟုတ္ပါဘူး

တကယ္ကေတာ့ ခေလးရဲ႕ တာဝန္ဟာ မိခင္တစ္ေယာက္တည္းမွာ ရွိတာ မဟုတ္ပါဘူး။ ဖခင္မွာလဲ တာဝန္ရွိတယ္ဆိုတာ သိသင့္ပါတယ္။ ဘာလို႔ဆို အိမ္မွာေနရတဲ့ ခင္ပြန္းရွာေပးတဲ့ေငြနဲ႔ သုံးရတဲ့ မိခင္ေတြအတြက္ ျပသာနာမရွိေပးမယ့္ တစ္ဖက္တစ္လမ္းက ကူၿပီး ဝင္ေငြရွာေပးရတဲ့ မိခင္ေတြအတြက္ကေတာ့ နည္းနည္းေလ အခက္အခဲရွိပါတယ္။

ဖခင္ေတြအေနနဲ႔ ဒါငါ့တာဝန္မဟုတ္ဘူး ဒါေတြက မိန္းမလုပ္တဲ့ လူပဲ လုပ္ရမွာလို႔ မတြက္သင့္ပါဘူး။ သားသမီးဆိုတာ မိသားစုအတြက္ အိမ္ရဲ႕ ဆည္လည္လဲဟုတ္သလို ရတနာလဲ ဟုတ္ပါတယ္ ခေလးေတြဟာ မိခင္တစ္ေယာက္တည္းနဲ႔ ျဖစ္တည္လာတာမဟုတ္ပါဘူး။

ဖခင္ေတြနဲ႔ လဲ သက္ဆိုင္ပါတယ္ တတ္ႏိုင္သမွ် ဖခင္ေတြက တစ္ခ်ိဳ႕တာဝန္ေတြကို ခြဲေဝယူေပး အားတဲ့ အခ်ိန္ေတြကို အတတ္ႏိုင္ဆုံး မိသားစုအတြက္ အခ်ိန္ေပးမယ္ဆိုရင္ သားသမီးေတြဟာလဲ မိဘရဲ႕ ေအးျမတဲ့ အရိပ္နဲ႔ ေပ်ာ္႐ႊင္ေအးခ်မ္းစြာ ႀကီးျပင္လာမွာပါ။

တကယ္တမ္းက်ေတာ့ အိမ္ေထာင္ေတာ္ေတာ္မ်ားမ်ားမွာ အဲလို မရွိက်ပါဘူး တစ္ခ်ိဳ႕တစ္ခ်ိဳ႕ေသာ အမ်ိဳးသားေတြဟာ ဒါ ငါလုပ္စရာမလိုဘူး မိန္ခေလးအလုပ္ေတြ ငါတို႔နဲ႔မဆိုင္ဘူးဆိုၿပီး ေခါင္းေရွာင္တတ္က်ပါတယ္။

အဲဒီအခါမွာ မိခင္ေတြအေနနဲ႔ တာဝန္အားလုံးကို ေက်ပြန္စြာ လုပ္ႏိုင္ဖို႔အတြက္ ႀကိဳးစားရတဲ့အခါမွာ အားနည္းခ်က္ေတြရွိလာၿပီး အဆင္မေျပမႈေတြဟာ ခေလးဆီ စုၿပဳံက်သြားတတ္က်ပါတယ္။

အဲဒါကို ဖခင္ေတြအေနနဲ႔လဲ သတိထားျပဳသင့္ၿပီး ကိုယ့္ခေလးကို စိတ္ဒဏ္ရာကင္းကင္းနဲ႔ ႀကီးျပင္ေစခ်င္တယ္ဆိုရင္ ငါနဲ႔မဆိုင္ဘူးဆိုတဲ့ ငါလုပ္ရမွာမဟုတ္ဘူးဆိုတာထက္ ငါ့သားသမီအတြက္ပဲလို႔ ေတြးေပးေစခ်င္တာပါ။ ခေလးရဲ႕စိတ္ကို ခံစားနားလည္ႏိုင္ပါေစ။

မွတ္ခ်က္ ။ ။ ဒီ post ေလးဟာ ဘယ္သူ႔ကိုမွ ထိခိုက္ေစခ်င္တဲ့ ရည္႐ြယ္ခ်က္မပါပါဘူး။ လိုအပ္ေနတာေလးရွိရင္ေတာ့ ျဖည့္ၿပီးဖတ္ေပးပါေနာ္ ခေလးေတြရဲ႕ ရင္ထဲက စိတ္ဒဏ္ရာကို ေလွ်ာ့နည္းေစခ်င္တဲ့ ရည္႐ြယ္ခ်က္နဲ႔ ေရးထားတာပါ …

Credit ; Rose White

Unicode

အိမ်ထောင်တာဝန်ကို မျှတစွာခွဲဝေယူပေးပါ

ခတ်မှီ တိုးတက်လာတာနဲ့ အမျှ စာဝတ်နေရေးအတွက် အရင်လို အိမ်ထောင်ဦးစီးတစ်ယောက်တည်းကပဲ ဝင်ကိုရှာရတာမဟုတ်ပဲ မိခင်တွေကလဲ မောင်တစ်ထမ်းမယ်တစ်ရွက်ဆိုတဲ့ စကားနဲ့အညီ မိခင်တွေကိုယ်တိုင်လဲ အလုပ်ထွက်လုပ်ရတဲ့ အခါမှာတော့ သားသမီး ကို ဂရုစိုက်ရမယ့် အချိန်တွေလျှော့နည်းလာပါတယ်။

၁ နှစ်ကနေ ၄ နှစ် ၅ နှစ်အရွယ် ခလေးတွေဟာ မိခင်ကို အရမ်းကပ်ကျပါတယ် အမေတွေအနေနဲ့ကလဲ အလုပ်ကလဲတစ်ဖက် အိမ်ထောင်တာဝန်က တစ်ဖက် ခလေးရဲ့တာဝန်ကလဲ တစ်ဖက်ဆိုတဲ့အခါမှာ အဆင်မပြေမှု အလိုမကျမှုတွေ ရှိလာပါတယ်……

ပြသာနာက အဲဒီကနေစတာပါ အလုပ်ကမပြီး ခလေးက ဂျီကျတဲ့ အခါကျရင် စိတ်မရှည်တတ်တော့ပါဘူး အဆင်မပြေလို့ ထွက်နေတဲ့ ဒေါသက ခလေးအပေါ် ပုံကျသွားတတ်ပါတယ်။ အဲဒါကို မိခင်တွေအနေနဲ့ သတိထားသင့်ပါတယ် ပြီးတော့ ခုခတ်ခလေးတွေဟာ တော်တော်များများကို နားလည်တဲ့ ပါရမှီပါလာတယ်ဆိုတာ သတိပြုသင့်တယ်။

ကိုယ်ကမအားလို့ အဆင်မပြေရင်တောင် အတတ်နိုင်ဆုံးခလေးကို နားလည်အောင်ရှင်ပြပါ တကယ်က ခလေးတွေက မိခင်နဲ့ အနီကပ်နေချင်ကျတာမို့ ညဘက် ကိုယ်အလုပ်မပြီးသေးရင်တောင် ခလေးကို ဘေးနားမှာ ကစားခိုင်း အိပ်ခိုင်းပြီး အလုပ်လုပ်ပါ ဒါဆို ခလေးအနေနဲ့ စိတ်ကျေနပ်မှုလဲရပြီး မိခင်အနေနဲ့လဲ အဆင်ပြေနိုင်ပါတယ်။

ခလေးရဲ့ တာဝန်ဟာ မိခင်တစ်ယောက်တည်းမှာ ရှိတာ မဟုတ်ပါဘူး

တကယ်ကတော့ ခလေးရဲ့ တာဝန်ဟာ မိခင်တစ်ယောက်တည်းမှာ ရှိတာ မဟုတ်ပါဘူး။ ဖခင်မှာလဲ တာဝန်ရှိတယ်ဆိုတာ သိသင့်ပါတယ်။ ဘာလို့ဆို အိမ်မှာနေရတဲ့ ခင်ပွန်းရှာပေးတဲ့ငွေနဲ့ သုံးရတဲ့ မိခင်တွေအတွက် ပြသာနာမရှိပေးမယ့် တစ်ဖက်တစ်လမ်းက ကူပြီး ဝင်ငွေရှာပေးရတဲ့ မိခင်တွေအတွက်ကတော့ နည်းနည်းလေ အခက်အခဲရှိပါတယ်။

ဖခင်တွေအနေနဲ့ ဒါငါ့တာဝန်မဟုတ်ဘူး ဒါတွေက မိန်းမလုပ်တဲ့ လူပဲ လုပ်ရမှာလို့ မတွက်သင့်ပါဘူး။ သားသမီးဆိုတာ မိသားစုအတွက် အိမ်ရဲ့ ဆည်လည်လဲဟုတ်သလို ရတနာလဲ ဟုတ်ပါတယ် ခလေးတွေဟာ မိခင်တစ်ယောက်တည်းနဲ့ ဖြစ်တည်လာတာမဟုတ်ပါဘူး။

ဖခင်တွေနဲ့ လဲ သက်ဆိုင်ပါတယ် တတ်နိုင်သမျှ ဖခင်တွေက တစ်ချို့တာဝန်တွေကို ခွဲဝေယူပေး အားတဲ့ အချိန်တွေကို အတတ်နိုင်ဆုံး မိသားစုအတွက် အချိန်ပေးမယ်ဆိုရင် သားသမီးတွေဟာလဲ မိဘရဲ့ အေးမြတဲ့ အရိပ်နဲ့ ပျော်ရွှင်အေးချမ်းစွာ ကြီးပြင်လာမှာပါ။

တကယ်တမ်းကျတော့ အိမ်ထောင်တော်တော်များများမှာ အဲလို မရှိကျပါဘူး တစ်ချို့တစ်ချို့သော အမျိုးသားတွေဟာ ဒါ ငါလုပ်စရာမလိုဘူး မိန်ခလေးအလုပ်တွေ ငါတို့နဲ့မဆိုင်ဘူးဆိုပြီး ခေါင်းရှောင်တတ်ကျပါတယ်။

အဲဒီအခါမှာ မိခင်တွေအနေနဲ့ တာဝန်အားလုံးကို ကျေပွန်စွာ လုပ်နိုင်ဖို့အတွက် ကြိုးစားရတဲ့အခါမှာ အားနည်းချက်တွေရှိလာပြီး အဆင်မပြေမှုတွေဟာ ခလေးဆီ စုပြုံကျသွားတတ်ကျပါတယ်။

အဲဒါကို ဖခင်တွေအနေနဲ့လဲ သတိထားပြုသင့်ပြီး ကိုယ့်ခလေးကို စိတ်ဒဏ်ရာကင်းကင်းနဲ့ ကြီးပြင်စေချင်တယ်ဆိုရင် ငါနဲ့မဆိုင်ဘူးဆိုတဲ့ ငါလုပ်ရမှာမဟုတ်ဘူးဆိုတာထက် ငါ့သားသမီအတွက်ပဲလို့ တွေးပေးစေချင်တာပါ။ ခလေးရဲ့စိတ်ကို ခံစားနားလည်နိုင်ပါစေ။

မှတ်ချက် ။ ။ ဒီ post လေးဟာ ဘယ်သူ့ကိုမှ ထိခိုက်စေချင်တဲ့ ရည်ရွယ်ချက်မပါပါဘူး။ လိုအပ်နေတာလေးရှိရင်တော့ ဖြည့်ပြီးဖတ်ပေးပါနော် ခလေးတွေရဲ့ ရင်ထဲက စိတ်ဒဏ်ရာကို လျှော့နည်းစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ရေးထားတာပါ …

Credit ; Rose White

Be the first to comment

Leave a Reply

Your email address will not be published.


*