ေငြမကုန္ လူမပန္းတဲ့….လိပ္ေခါင္းေသြးက်တာ ကိုယ္ေတြ႕လက္ေတြ႕(၃)ရက္ေလာက္နဲ႔ ေပ်ာက္တဲ့ေဆး

လိပ္ေခါင္းေသြးက်တာ ကိုယ္ေတြ႕လက္ေတြ႕(၃)ရက္ေလာက္နဲ႔ ေပ်ာက္တဲ့ေဆး
လိပ္ေခါင္းေသြးက်တာ ကိုယ္ေတြ႕လက္ေတြ႕(၃)ရက္ေလာက္နဲ႔ ေပ်ာက္တဲ့ေဆး

ေငြမကုန္ လူမပန္းတဲ့….လိပ္ေခါင္းေသြးက်တာ ကိုယ္ေတြ႕လက္ေတြ႕(၃)ရက္ေလာက္နဲ႔ ေပ်ာက္တဲ့ေဆး

လြန္ခဲ့ေသာ ၁၀ ႏွစ္ေက်ာ္ အိမ္ေထာင္ငယ္ဘဝ ႐ုန္းကန္လႈပ္ရွား ေငြေၾကးကို က်စ္က်စ္ပါေအာင္ စုေနခ်ိန္ကေပါ့…ကြၽန္ေတာ့္ အမ်ိဳးသမီးမွာ ဒီေရာဂါ ျဖစ္ေတာ့ ေဝဒနာ ခံစားရတာက တစ္မ်ိဳး ဘယ္ကိုသြားၿပီး ကုရပါ့…ဘယ္သူ ကေတာ့ ဘယ္လို ေပ်ာက္သြားတယ္…. ဘယ္သူ ကေတာ့ ကုတာ ေငြက ဘယ္ေလာက္ ကုန္တယ္နဲ႔ စိုးရိမ္စိတ္ေတြနဲ႔ ေတြးပူခဲ့ၾကတယ္…။

ဒါနဲ႔ ေပ်ာက္လိုေပ်ာက္ျငား ငယ္ငယ္က ဝါသနာအေလ်ာက္ ဖတ္မွတ္ထား တဲ့ ေဆးၿမီးတို စာအုပ္ေလး လွန္ေလွာရွာၿပီး ေတြ႕တဲ့ ေဆးနည္းေလး ကို ေဖာ္စား ခဲ့ၾကတာေပါ့…

ေဆးက အဝင္လည္း မဆိုးသလို စားရတာလည္း မခက္…ေဆးေတြထဲ မွာေတာ့ ဒီေဆး အႀကိဳက္ဆုံးပါဘဲ။ စားၿပီးရင္း စားခ်င္…အရသာ အရမ္းရွိေနာ္။

တစ္ျခားေဆးေတြလို တစ္လ ႏွစ္လလည္း ေသာက္စရာမလို .. တစ္ပတ္လည္း ေသာက္စရာ မလို ။ ၃ ရက္ဆို ရွင္းရွင္းေပ်ာက္ၿပီ လို႔ေတာင္ ေျပာရ မလိုပါဘဲ။

ပထမ တစ္ရက္နဲ႔တင္ လိပ္ေခါင္း ေသြးက်ေနတာ ေလ်ာ့သြားတယ္။ ဒုတိယရက္မွာ သိသိသာသာႀကီး ကို မက်ေတာ့ေလာက္ေအာင္ ကိုဘဲ သိသာလာတယ္။ တတိယရက္မွာေတာ့ ေသြးက ျမင္ခ်င္ လို႔ကို ထပ္က် မလာေတာ့ပါ။ ယခုခ်ိန္ထိ ေပၚမလာေတာ့ပါ။

ေနာင္မ်ား စိတ္ထဲမလင္းတဲ့ အခါဘဲျဖစ္ျဖစ္…မတည့္တာ စားမိ…အပူအစပ္ အစားမ်ားတဲ့အခါဘဲ ျဖစ္ျဖစ္ ဒီေဆးေလး လက္မလြတ္တမ္း မိသားစုလိုက္ စားေနဆဲပါ…။ လက္ဆင့္ကမ္း မွ်ေဝလို႔ ေပ်ာက္သြား ၾကတဲ့ ေဝဒနာတူ ေတြလည္း အမ်ားပါဘဲ…။

ေဆးကေတာ့…”အစားလည္းေဆး…ေဆးလည္းအစာ” ဆိုသလို… ေခြး(ေဂြး)ေတာက္႐ြက္ၫြန႔္ လက္တစ္ဆုပ္နဲ႔ ဗမာၾကက္ဥ တစ္လုံးကို မနက္တစ္ခါ ညေနတစ္ခါ ပူပူေႏြးေႏြး ေၾကာ္စားျခင္းပါ….။ ပုံမွန္အားျဖင့္လည္း စားေနက်ျဖစ္တဲ့ အညာဟင္း တစ္ခြက္ျဖစ္ပါတယ္…။ (၃)ရက္ ညမနက္ ထမင္း (၆)နပ္ဆို ေပ်ာက္ပါၿပီ…။

ေငြကုန္ေၾကးက် မ်ားမွ ေဆးစြမ္းတာ မဟုတ္ပါ။ မိမိတို႔ စားေနက် မီးဖိုေခ်ာင္ ဟင္းေတြ ကလည္း ေရာဂါေဝဒနာ ကို ေပ်ာက္ကင္း ေစပါတယ္…။ ဒါေၾကာင့္ လိပ္ေခါင္းေသြးက် ေဝဒနာ ခံစားေနရသူမ်ား ရွိရင္ စားၾကည့္ဖို႔ (ၾကက္-ေဂြး) ေလးကို မေမ့နဲ႔ေနာ္…။ ေဝဒနာကင္း ခ်မ္းသာျခင္းႏွင့္ ျပည္စုံႏိုင္ၾကပါေစ….။

Credit ကိုတင္ေအာင္ေ႒း
09791232362
Photo..Crdit

Unicode

ငွေမကုန် လူမပန်းတဲ့….လိပ်ခေါင်းသွေးကျတာ ကိုယ်တွေ့လက်တွေ့(၃)ရက်လောက်နဲ့ ပျောက်တဲ့ဆေး

လွန်ခဲ့သော ၁၀ နှစ်ကျော် အိမ်ထောင်ငယ်ဘဝ ရုန်းကန်လှုပ်ရှား ငွေကြေးကို ကျစ်ကျစ်ပါအောင် စုနေချိန်ကပေါ့…ကျွန်တော့် အမျိုးသမီးမှာ ဒီရောဂါ ဖြစ်တော့ ဝေဒနာ ခံစားရတာက တစ်မျိုး ဘယ်ကိုသွားပြီး ကုရပါ့…ဘယ်သူ ကတော့ ဘယ်လို ပျောက်သွားတယ်…. ဘယ်သူ ကတော့ ကုတာ ငွေက ဘယ်လောက် ကုန်တယ်နဲ့ စိုးရိမ်စိတ်တွေနဲ့ တွေးပူခဲ့ကြတယ်…။

ဒါနဲ့ ပျောက်လိုပျောက်ငြား ငယ်ငယ်က ဝါသနာအလျောက် ဖတ်မှတ်ထား တဲ့ ဆေးမြီးတို စာအုပ်လေး လှန်လှောရှာပြီး တွေ့တဲ့ ဆေးနည်းလေး ကို ဖော်စား ခဲ့ကြတာပေါ့…

ဆေးက အဝင်လည်း မဆိုးသလို စားရတာလည်း မခက်…ဆေးတွေထဲ မှာတော့ ဒီဆေး အကြိုက်ဆုံးပါဘဲ။ စားပြီးရင်း စားချင်…အရသာ အရမ်းရှိနော်။

တစ်ခြားဆေးတွေလို တစ်လ နှစ်လလည်း သောက်စရာမလို .. တစ်ပတ်လည်း သောက်စရာ မလို ။ ၃ ရက်ဆို ရှင်းရှင်းပျောက်ပြီ လို့တောင် ပြောရ မလိုပါဘဲ။

ပထမ တစ်ရက်နဲ့တင် လိပ်ခေါင်း သွေးကျနေတာ လျော့သွားတယ်။ ဒုတိယရက်မှာ သိသိသာသာကြီး ကို မကျတော့လောက်အောင် ကိုဘဲ သိသာလာတယ်။ တတိယရက်မှာတော့ သွေးက မြင်ချင် လို့ကို ထပ်ကျ မလာတော့ပါ။ ယခုချိန်ထိ ပေါ်မလာတော့ပါ။

နောင်များ စိတ်ထဲမလင်းတဲ့ အခါဘဲဖြစ်ဖြစ်…မတည့်တာ စားမိ…အပူအစပ် အစားများတဲ့အခါဘဲ ဖြစ်ဖြစ် ဒီဆေးလေး လက်မလွတ်တမ်း မိသားစုလိုက် စားနေဆဲပါ…။ လက်ဆင့်ကမ်း မျှဝေလို့ ပျောက်သွား ကြတဲ့ ဝေဒနာတူ တွေလည်း အများပါဘဲ…။

ဆေးကတော့…”အစားလည်းဆေး…ဆေးလည်းအစာ” ဆိုသလို… ခွေး(ဂွေး)တောက်ရွက်ညွန့် လက်တစ်ဆုပ်နဲ့ ဗမာကြက်ဥ တစ်လုံးကို မနက်တစ်ခါ ညနေတစ်ခါ ပူပူနွေးနွေး ကြော်စားခြင်းပါ….။ ပုံမှန်အားဖြင့်လည်း စားနေကျဖြစ်တဲ့ အညာဟင်း တစ်ခွက်ဖြစ်ပါတယ်…။ (၃)ရက် ညမနက် ထမင်း (၆)နပ်ဆို ပျောက်ပါပြီ…။

ငွေကုန်ကြေးကျ များမှ ဆေးစွမ်းတာ မဟုတ်ပါ။ မိမိတို့ စားနေကျ မီးဖိုချောင် ဟင်းတွေ ကလည်း ရောဂါဝေဒနာ ကို ပျောက်ကင်း စေပါတယ်…။ ဒါကြောင့် လိပ်ခေါင်းသွေးကျ ဝေဒနာ ခံစားနေရသူများ ရှိရင် စားကြည့်ဖို့ (ကြက်-ဂွေး) လေးကို မမေ့နဲ့နော်…။ ဝေဒနာကင်း ချမ်းသာခြင်းနှင့် ပြည်စုံနိုင်ကြပါစေ….။

Credit ကိုတင်အောင်ဋ္ဌေး
09791232362
Photo..Crd..

Be the first to comment

Leave a Reply

Your email address will not be published.


*