ခြၽတ္ေဆးေတြ မသုံးပဲ သဘာဝအတိုင္း အဝတ္အထည္ေတြကို ျဖဴေဖြးေနေစမည့္ နည္းလမ္းေလးမ်ား

အဝတ္အထည္ေတြကို ျဖဴေဖြးေနေစမည့္ နည္းလမ္းေလးမ်ား
အဝတ္အထည္ေတြကို ျဖဴေဖြးေနေစမည့္ နည္းလမ္းေလးမ်ား

ခြၽတ္ေဆးေတြ မသုံးပဲ သဘာဝအတိုင္း အဝတ္အထည္ေတြကို ျဖဴေဖြးေနေစမည့္ နည္းလမ္းေလးမ်ား

အျဖဴေရာင္ အဝတ္အထည္ေတြကို အစြန္းခြၽတ္ေဆး မသုံးဘဲ သဘာဝအတိုင္း ျဖဴစင္ေအာင္ ေလွ်ာ္ဖြပ္ႏိုင္တဲ့ နည္းလမ္းေလးေတြ ရွိပါတယ္။

အျဖဴေရာင္ အဝတ္အစားေတြဟာ အခ်ိန္ ၾကာလာတာနဲ႔ အမွ် ဝါညစ္ညစ္ အေရာင္မ်ိဳး ျဖစ္လာတတ္ၿပီး အသစ္ အတိုင္း ျဖဴစင္လာဖို႔ ခဲယဥ္းတတ္ပါတယ္။

အစြန္းခြၽတ္ေဆးေတြဟာ အဝတ္ ေတြကို ေဆြးေျမ့လာေစၿပီး

အေရျပားကိုလည္း ထိခိုက္ ေစႏိုင္တာေၾကာင့္ အခုေဖာ္ျပမယ့္ သဘာဝနည္းလမ္းေတြနဲ႔ ျပဳလုပ္ၾကည့္ဖို႔ ကိုေဖာ္ျပ ေပးခ်င္ပါတယ္။

(၁) ရွာလကာရည္ဝါညစ္ညစ္ျဖစ္ေနတဲ့ အျဖဴေရာင္အဝတ္အစားေတြကို ျဖဴစင္ေအာင္ ျပဳလုပ္ဖို႔ ရွာလကာရည္ကို

ရွာလကာရည္ ဘူးအဖုံးခြက္ ၁ ခြက္ (သို႔မဟုတ္) ၂ ခြက္နဲ႔ ေရအနည္းငယ္ တို႔ကို ေရာစပ္ကာ ၁၅ မိနစ္ခန႔္ စိမ္ၿပီး အဝတ္ေလွ်ာ္ဆပ္ျပာနဲ႔ ေလွ်ာ္ေပးရမွာ ျဖစ္ပါတယ္။

ရွာလကာရည္ကို အသုံးျပဳၿပီး အဝတ္ေလွ်ာ္ျခင္းဟာ အျဖဴေရာင္ အဝတ္အထည္ ေတြကို ပိုမို ျဖဴစင္ေစတဲ့အျပင္ အနံ႔ဆိုးေတြ ကိုပါ ဖယ္ရွားေပးႏိုင္ပါတယ္။

(၂) မုန႔္ဖုတ္ဆိုဒါ ဟာ အဝတ္အထည္ ေတြကို ျဖဴစင္ေစတဲ့ ဓာတု အစြန္းခြၽတ္ေဆးေတြလို မ်ိဳး ပဲ သက္ေရာက္မႈ ရွိပါတယ္။

အဝတ္ေလွ်ာ္တဲ့အခါ အဝတ္ေလွ်ာ္ ဆပ္ျပာနဲ႔ အတူ မုန႔္ဖုတ္ဆိုဒါ လက္ဖက္ရည္ဇြန္း ၁ ဇြန္းကေန ၂ ဇြန္းအထိ ထည့္ၿပီးမွ ေလွ်ာ္ဖြပ္ျခင္းက အဝတ္အထည္ ေတြကို ဘက္တီးရီးယား ကင္းစင္ေစႏိုင္သလို ပိုမို ျဖဴစင္ေတာက္ပ ေစပါတယ္။

(၃) သံပရာသီးသံပရာသီးဟာ အဝတ္အထည္ေတြကို အစြန္းခြၽတ္ရာမွာ ေရွးယခင္တည္းက အသုံးျပဳခဲ့ၾကတဲ့ နည္းလမ္းတခုပဲ ျဖစ္ပါတယ္။

ေရ ခပ္ေႏြးေႏြးထဲကို သံပရာရည္ ထည့္ၿပီး အဝတ္အထည္ ေတြကို နာရီဝက္ခန႔္ စိမ္ထား ေပးလိုက္ပါ။

ၿပီးရင္ေတာ့ အဝတ္ေလွ်ာ္ ဆပ္ျပာနဲ႔ ေလွ်ာ္ဖြပ္ေပးျခင္းက အဝတ္အထည္ေတြကို ပိုမိုျဖဴစင္လာေစႏိုင္သလို အစြန္းအထင္းေတြကိုလည္း ဖယ္ရွား ေပးႏိုင္ပါတယ္။

ခရစ္ဒစ္

Unicode

ချွတ်ဆေးတွေ မသုံးပဲ သဘာဝအတိုင်း အဝတ်အထည်တွေကို ဖြူဖွေးနေစေမည့် နည်းလမ်းလေးများ

အဖြူရောင် အဝတ်အထည်တွေကို အစွန်းချွတ်ဆေး မသုံးဘဲ သဘာဝအတိုင်း ဖြူစင်အောင် လျှော်ဖွပ်နိုင်တဲ့ နည်းလမ်းလေးတွေ ရှိပါတယ်။

အဖြူရောင် အဝတ်အစားတွေဟာ အချိန် ကြာလာတာနဲ့ အမျှ ဝါညစ်ညစ် အရောင်မျိုး ဖြစ်လာတတ်ပြီး အသစ် အတိုင်း ဖြူစင်လာဖို့ ခဲယဉ်းတတ်ပါတယ်။

အစွန်းချွတ်ဆေးတွေဟာ အဝတ် တွေကို ဆွေးမြေ့လာစေပြီး

အရေပြားကိုလည်း ထိခိုက် စေနိုင်တာကြောင့် အခုဖော်ပြမယ့် သဘာဝနည်းလမ်းတွေနဲ့ ပြုလုပ်ကြည့်ဖို့ ကိုဖော်ပြ ပေးချင်ပါတယ်။

(၁) ရှာလကာရည်ဝါညစ်ညစ်ဖြစ်နေတဲ့ အဖြူရောင်အဝတ်အစားတွေကို ဖြူစင်အောင် ပြုလုပ်ဖို့ ရှာလကာရည်ကို

ရှာလကာရည် ဘူးအဖုံးခွက် ၁ ခွက် (သို့မဟုတ်) ၂ ခွက်နဲ့ ရေအနည်းငယ် တို့ကို ရောစပ်ကာ ၁၅ မိနစ်ခန့် စိမ်ပြီး အဝတ်လျှော်ဆပ်ပြာနဲ့ လျှော်ပေးရမှာ ဖြစ်ပါတယ်။

ရှာလကာရည်ကို အသုံးပြုပြီး အဝတ်လျှော်ခြင်းဟာ အဖြူရောင် အဝတ်အထည် တွေကို ပိုမို ဖြူစင်စေတဲ့အပြင် အနံ့ဆိုးတွေ ကိုပါ ဖယ်ရှားပေးနိုင်ပါတယ်။

(၂) မုန့်ဖုတ်ဆိုဒါ ဟာ အဝတ်အထည် တွေကို ဖြူစင်စေတဲ့ ဓာတု အစွန်းချွတ်ဆေးတွေလို မျိုး ပဲ သက်ရောက်မှု ရှိပါတယ်။

အဝတ်လျှော်တဲ့အခါ အဝတ်လျှော် ဆပ်ပြာနဲ့ အတူ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်းကနေ ၂ ဇွန်းအထိ ထည့်ပြီးမှ လျှော်ဖွပ်ခြင်းက အဝတ်အထည် တွေကို ဘက်တီးရီးယား ကင်းစင်စေနိုင်သလို ပိုမို ဖြူစင်တောက်ပ စေပါတယ်။

(၃) သံပရာသီးသံပရာသီးဟာ အဝတ်အထည်တွေကို အစွန်းချွတ်ရာမှာ ရှေးယခင်တည်းက အသုံးပြုခဲ့ကြတဲ့ နည်းလမ်းတခုပဲ ဖြစ်ပါတယ်။

ရေ ခပ်နွေးနွေးထဲကို သံပရာရည် ထည့်ပြီး အဝတ်အထည် တွေကို နာရီဝက်ခန့် စိမ်ထား ပေးလိုက်ပါ။

ပြီးရင်တော့ အဝတ်လျှော် ဆပ်ပြာနဲ့ လျှော်ဖွပ်ပေးခြင်းက အဝတ်အထည်တွေကို ပိုမိုဖြူစင်လာစေနိုင်သလို အစွန်းအထင်းတွေကိုလည်း ဖယ်ရှား ပေးနိုင်ပါတယ်။

ခရစ်ဒစ်

Be the first to comment

Leave a Reply

Your email address will not be published.


*