
ခင်ပွန်းကြီး (၁၀) ပါး
ခင်ပွန်းကြီး (၁၀) ပါး
















crd:……

Unicode

ခင်ပွန်းကြီး (၁၀) ပါး ကန်တော့နည်း

ဘုရားတပည့်တော်သည် သံသရာအစမှစ၍ ယနေ့တိုင်အောင်……

(၁) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့အပေါ်၌လည်းကောင်း

(၂) ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓါ အရှင်ကိုယ်တော်မြတ်ကြီးတို့ အပေါ်၌ လည်းကောင်း

(၃) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော အဂ္ဂသာဝက၊ မဟာသာဝက ရဟန္တာအရှင်မြတ်ကြီးတို့ အပေါ်၌ လည်းကောင်း

(၄) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ရဟန္တာအရှင်မြတ်ကြီးတို့ အပေါ်၌ လည်းကောင်း

(၅) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မိခင်တို့အပေါ်၌ လည်းကောင်း

(၆) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ဖခင် တို့အပေါ်၌ လည်းကောင်း

(၇) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော လိမ္မာစေရန် ကျိုးကြောင်းပြ၍ ဆုံးမတတ်သော ဆရာသမားတို့၏ အပေါ်၌ လည်းကောင်း

(၈) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို ဆည်းပူးဖြည့်ကျင့်လျက် ရှိကြကုန်သော လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်၊ အရိယာပုဂ္ဂိုလ် မိမိထက် သိက္ခာအရွယ်ကြီးမားသူတို့၏ အပေါ်၌ လည်းကောင်း

(၉) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော တရားဓမ ္မတို့ကို ဟောပြောပြသ ဆုံးမတတ်သော ဆရာသမားတို့ အပေါ်၌ လည်းကောင်း

(၁၀) ထမင်း တစ်လုပ်၊ ရေ တစ်မှုတ် စသည်ဖြင့် ပေးကမ်း ချီးမြှင့် ထောက်ပံ့ဖူးသော ကျေးဇူးရှင်ပုဂ္ဂိုလ်တို့၏ အပေါ်၌ လည်းကောင်း

ကာယကံ၊ ဝစီကံ၊ မနောကံ သုံးပါးသော ကံတို့ဖြင့် ပြစ်မှားမိခဲ့သည် ရှိခဲ့ ပါသော် ထိုအပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုး ကန်တော့ ပါ၏ ဘုရား။

ဤသို့ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ရသော ကောင်းမှုကံ စေတနာတို့ကြောင့် အလုံးစုံသော ဘေးရောဂါ အန္တရာယ် အပေါင်းတို့မှ ကင်းဝေးပြီးလျှင် မြတ်စွာဘုရားရှင် ဟောကြားတော်မူသော သစ္စာလေးပါး မြတ်တရားကို ကောင်းစွာ သိမြင်၍ နိဗ္ဗာန်သို့ ဝင်နိုင်သော ကိုယ် ဖြစ်ရပါစေသား အရှင်ဘုရား။

အလုံးစုံသော လောကီမင်္ဂလာ အဖြာဖြာတို့သည်လည်း စိတ်ကြံတိုင်း တောင့်တတိုင်း လွယ်ကူ လျင်မြန်စွာ ပြည့်စုံ၍၊ နှလုံးစိတ်ဝမ်းအေးချမ်းရပါစေသား အရှင်ဘုရား ။

crd:……

Be the first to comment

Leave a Reply

Your email address will not be published.


*