Ensure ဖျော်နည်း
Ensure ဖျော်နည်း
Ensure ဖျော်နည်း
ခရစ်ဒစ်
Unicode
အင်ရှူဝါး ဖျော်တဲ့အခါ သတိထားရမည့် အချက်လေးများ
Ensure ဖျော်နည်း
EnSure..ဟာ..ဗူးအကြီး..အသေး..နဲ့သော်၎င်း..တခါသောက်ဗူးကလေးတွေနဲ့ သော်၎င်း ပုံစံအမျိုးမျိုး ထုတ်ထားခဲ့ကြတာမျိုးပါ။ အရေးအကြီးဆုံး တချက် ရှိပါတယ်။
လူတချို့လဲ သိကြမယ်လို့ထင်ပါတယ်။ (သိနေတဲ့သူတွေမဖတ်ပါနဲ့..ကျော်သွားပါ..) မသိသေးတဲ့လူတွေ အတွက်ပါ။
EnSureရဲ့..လျို့ဝှက်ချက်လို့ ပြောရမဲ့အရာ..သတိထားရမဲ့ အရာ တခုရှိနေခဲ့ပီးသားပါ။ EnSure..ဟာ အရသာမျိုးစုံ လာပါတယ်။
စတော်ဘယ်ရီအရသာ.. သခွားမွေးအရသာနဲ့ နို့အရသာအပြင် သဘာဝအရသာမျိုးလဲ လာပါတယ်။
En Sureဆိုတာကို သောက်တဲ့အခါ..အမှုန့်ကို ကိုယ်လိုသလောက် ကိုယ်သောက်မဲ့ ခွက်ထဲ ထည့်ပါ..
ပထမဦးဆုံး.. အဲ့အမှုန့်ကို ရေကြက်သီးနွေးလေး..(အနည်းငယ်သာ အပူဓါတ်ရှိတဲ့ ရေနဲ့ ဖျော်ရပါတယ် )
ပထမဦးဆုံး ရေနဲနဲမှ.. နဲနဲလေးပဲ ထည့်ဖျော်ရတာပါ။ အဲ့လို ဖျော်ပီးတဲ့အခါ ကျမှ.. လုံးဝမပူ..လုံးဝအအေးဓါတ် မရှိတဲ့ ရေနဲ့ ရောပီး..ဖျော်သောက်ရတာမျိုးပါ။
En Sure..ရဲ့ ဓါတ်သဘာဝဟာ.. ရေပူမပြောနဲ့ ..ရေခဲသေတ္တာထဲက ရေနဲ့လဲ ဖျော်လို့ လုံးဝမရပါ။ ဖျော်ပီးတဲ့အခါမှာ မပူ..မအေးတဲ့ သာမာန် အနေအထားပဲ ရှိနေရမှာပဲ ဖြစ်ပါတယ်။
En Sure..ကို အေးအောင် ဆိုပီး ရေခဲသေတ္တာထဲလဲ.. ထားလို့ မရပါဖူး။ ကော်ဖီဖျော်သောက်သလို ပူနေအောင်ပဲ ဖြစ်ဖြစ်.. နွေးနွေးလေး အနေအထားပဲ ဖြစ်ဖြစ်..အဲ့လိုလဲ သောက်လို့မရပါ။
သဘာဝအရသာကို မကြိုက်လို့ ဆိုပြီး ကျန်တဲ့ ဘယ်လိုအရာနဲ့မှ ရောဖျော်ပီး မသောက်ရပါ။ အချိုဓါတ် မရှိဖူး.. သိပ်မချိုလို့ ဆိုပီးတော့လဲ ဘာမှ ထပ်ရောလို့မရပါ။
EnSure..ဟာ.. အေးတာ.. နွေးတာ.. ပူတာ ဖြစ်ခဲ့ရင်ဖြင့် သူ့ရဲ့အားဖြည့်ပေးတဲ့ အာနိသင်ဟာအလိုအလျှောက် ပျက်ပျယ်သွားတတ်တာမျိုးပါ..
အဲ့လို ဖျော်တိုက်မိတဲ့အခါ အဆင်မသင့်ရင် ဝမ်းပျက် .. ဝမ်းလျှောတတ်တာအပြင်. .ဘာအာနိသင်မှ မရှိတော့ပါဘူး။
သူ့ကို သောက်တဲ့အခါမှာလဲ မနက်အိပ်ယာထ တကြိမ် ညအိပ်ယာဝင်ကာနီး တကြိမ်၊ နှစ်ကြိမ်တိုက်မှ အကျိုးရှိစေတတ်တာမျိုးပါ။
ဈေကြီးပေးဝယ်ပီး အလကား မဖြစ်ရအောင် ကိုယ့်လူမမာအတွက်လဲ အကျိုးရှိရှိ ဖျော်တတ်အောင် မေတ္တာရှေ့ထားပီး စေတနာစကားပါး လိုက်ပါတယ်နော်။
EnSure..ဟာ..လုံးဝလုံးဝ မပူရ။ နွေးနွေးလေးတောင် မသောက်ရပါ။ လုံးဝ..လုံးဝ..အေးမနေရပါ။အာနိသင် ပျက်သွားပီး ငွေကုန်သာဘဲ အဖတ်တင်မှာပါ.လို့..
ခရစ်ဒစ်
Be the first to comment
Leave a Reply
Your email address will not be published.
*