မိန္းမကလင္ေယာက်ာ္းရဲ႕ ညာဘက္မွာအိပ္ရင္ ေယာက်ာ္းက ဘုန္းကံနိမ့္ၿပီး အိမ္စီးပြားေရးလာဒ္ပိတ္ေစတယ္ဆိုတာ တကယ္လား…

မိန္းမကလင္ေယာက်ာ္းရဲ႕ ညာဘက္မွာအိပ္ရင္
မိန္းမကလင္ေယာက်ာ္းရဲ႕ ညာဘက္မွာအိပ္ရင္

မိန္းမကလင္ေယာက်ာ္းရဲ႕ ညာဘက္မွာအိပ္ရင္ ေယာက်ာ္းက ဘုန္းကံနိမ့္ၿပီး အိမ္စီးပြားေရးလာဒ္ပိတ္ေစတယ္ဆိုတာ တကယ္လား…

မိန္းမကလင္ေယာက်ာ္းရဲ႕ ညာဘက္မွာအိပ္ရင္ ေယာက်ာ္းက ဘုန္းကံနိမ့္ၿပီး အိမ္ေထာင္ေရးမွာစီးပြားေရးလာဒ္ပိတ္ေစတယ္ဆိုတာ တကယ္လား ။ လင္ရယ္မယားရယ္ ျဖစ္လာၿပီဆို တစ္အိပ္ယာတည္းအတူ အိပ္ၾကရပါတယ္။

မိန္းမသားေတြဟာ လင္ေယာက်ာ္းရဲ႕ဘယ္ဘက္အျခမ္းမွာသာ အိပ္ခြင့္ရွိပါတယ္။ ဒါေပမယ့္ ဘာျဖစ္လို႔ မိန္းမသားေတြဟာ လင္ေယာက်ာ္းရဲ႕ ဘယ္ဘက္အျခမ္းမွာပဲ အိပ္ခြင့္ရွိတာလဲ… ဘာေၾကာင့္လဲ …အမွန္ဆို အိပ္ခ်င္တဲ့ ဘက္အိပ္မွာေပါ့ေနာ္။

တခ်ိဳ႕ဆို အိပ္ယာေဘးဘက္ နံရံေထာင့္ဘက္အျခမ္းကို မိန္းမသားေတြ ပိုမိုႀကိဳက္ႏွစ္သက္ေလ့ရွိပါတယ္။ ေဘးမွာက နံရံအတားအဆီးတစ္ခုျဖစ္သလို ဒီဘက္ေဘးမွာၾက အားကိုးအားထားျပဳရတဲ့ လင္ေယာက်ာ္း… အဲေတာ့မွ သူတို႔ကမိမိကိုယ္ကို လုံၿခဳံမႈအျပည့္နဲ႔ စိတ္ခ်လက္ခ် အိပ္စက္ႏိုင္ၾကတာပါ။

မိန္းမကေယာက်ာ္းရဲ႕ညာဘက္မွာအိပ္လို႔ ေယာက်ာ္းတို႔ဘုန္း လက္႐ုံးဆိုၿပီး ဘုန္းကံနိမ့္တယ္ဆိုတာက စိတ္နဲ႔သာဆိုင္ပါတယ္။ ဘုန္းမနိမ့္ဘူး မဟုတ္ပါဘူး…ကိုယ္က ဘုန္းနိမ့္တယ္ထင္ရင္ နိမ့္ပါတယ္။ မနိမ့္ဘူးထင္ရင္မနိမ့္ပါဘူး။

နည္းနည္းမ်ား ရႈပ္သြားသလား မသိဘူး…ေတာ္ေတာ္လဲ ရႈပ္သြားမယ္ထင္ပါတယ္။ ဟုတ္ပါတယ္… အဲဒီထင္ဆိုတဲ့ ဥပါဒါန္ေၾကာင့္သာ နိမ့္တာပါ။ ဥပါဒါန္ေၾကာင့္ ေဘးဥပါဒ္ေရာက္တတ္ပါတယ္။

ကိုယ့္စိတ္က နိမ့္တယ္ထင္ရင္ အဲဒီစိတ္ကထင္လိုက္တာနဲ႔ အေကာင္းဘက္ကို အေတြးမရွိေတာ့ပါဘူး။ မဟုတ္တဲ့ခံစားခ်က္ေတြနဲ႔ စိတ္အလိုမက်ျဖစ္ေစၿပီး လူကိုထိခိုက္ေစတာပါ။ အဲ့ဒါဟာစိတ္ပိုင္းဆိုင္ရာအရည္အေသြး က်ဆင္းျခင္း စိတ္ပိုင္းဆိုင္ရာဘုန္းနိမ့္ျခင္းပါပဲ။ လူကို သတ္လို႔မေသေတာင္ စိတ္ကို သတ္လို႔ေသမွေတာ့ လူလဲမခံႏိုင္ပါဘူး။

မိန္းမသားေတြဟာဘာျဖစ္လို႔ ဘယ္ဘက္မွာပဲ အိမ္ခြင့္ရလဲဆိုတာ အေျဖက အရမ္းကိုႏူးညံ့ၾကင္နာၾကည္ႏူးဖို႔ ေကာင္းပါတယ္။ မိန္းမသားေတြလဲ သိသြားၿပီး ေနာက္ဆို ကိုယ့္လင္ေယာက်ာ္းနဲ႔ အိပ္ရင္ ဘယ္ဘက္မွာသာ အိပ္ခ်င္ၾကပီး ရင္ခြင္ထဲတိုးခ်င္ေနၾကမွာပါ။

တကယ္ေတာ့ ဘယ္ဘက္မွာ အိပ္ရတယ္ဆိုတာ ခ်စ္ျခင္းတရားကို ကိုယ္စားျပဳပါတယ္။ ရင္ခုန္သံေတြ စတင္ျဖစ္တည္ရာ ႏွလုံးသားနဲ႔ အနီးကပ္ဆုံးေနရာမွာသာ မိမိခ်စ္ခင္စုံမက္ရတဲ့ မိန္းမသားကို ထားခ်င္တဲ့အတြက္ ဘယ္ဘက္မွာထား ရင္ခြင္ထဲထည့္အိပ္ေစျခင္း ျဖစ္ပါတယ္။

မိန္းမသားတို႔ အေနျဖင့္လည္း ကိုယ္ခ်စ္ရသူရဲ႕ ရင္ခုန္သံစည္းခ်က္ကေလးေတြကို နားဆင္ရင္း ေႏြးေထြးတဲ့ ရင္ခြင္ထဲမွာ အိပ္စက္ရတာဟာ ေလာကနိဗၺာန္ စည္းစိမ္ကို ခံစားေနရမွာ အမွန္ပဲျဖစ္ပါတယ္။ နတ္ျပည္နိဗၺာန္စည္းစိမ္ဆိုတာဟာလဲ လူ႔ဘဝမွာတင္ ရရွိႏိုင္ပါတယ္။

ကိုယ္က ယူတတ္ဖို႔ပဲ လိုတာပါ။ ယူတတ္ရင္ ရပါတယ္… ဘဝအေမာေတြေျဖေဖ်ာက္ တေမွးေလာက္ေတာ့ ကိုယ္ခ်စ္ရသူရဲ႕ အသည္းတစ္ျခမ္းကိုယ္စားျပဳ ရင္ခြင္ထဲအိပ္စက္နားခိုရင္း ေနာင္အနာဂတ္လမ္းခရီးအတြက္ အားေမြး ႏွစ္ဦးသားအိပ္ေရးဝလိုက္ၾကရေအာင္…။

Unicode

မိန်းမကလင်ယောကျာ်းရဲ့ ညာဘက်မှာအိပ်ရင် ယောကျာ်းက ဘုန်းကံနိမ့်ပြီး အိမ်စီးပွားရေးလာဒ်ပိတ်စေတယ်ဆိုတာ တကယ်လား…

မိန်းမကလင်ယောကျာ်းရဲ့ ညာဘက်မှာအိပ်ရင် ယောကျာ်းက ဘုန်းကံနိမ့်ပြီး အိမ်ထောင်ရေးမှာစီးပွားရေးလာဒ်ပိတ်စေတယ်ဆိုတာ တကယ်လား ။ လင်ရယ်မယားရယ် ဖြစ်လာပြီဆို တစ်အိပ်ယာတည်းအတူ အိပ်ကြရပါတယ်။

မိန်းမသားတွေဟာ လင်ယောကျာ်းရဲ့ဘယ်ဘက်အခြမ်းမှာသာ အိပ်ခွင့်ရှိပါတယ်။ ဒါပေမယ့် ဘာဖြစ်လို့ မိန်းမသားတွေဟာ လင်ယောကျာ်းရဲ့ ဘယ်ဘက်အခြမ်းမှာပဲ အိပ်ခွင့်ရှိတာလဲ… ဘာကြောင့်လဲ …အမှန်ဆို အိပ်ချင်တဲ့ ဘက်အိပ်မှာပေါ့နော်။

တချို့ဆို အိပ်ယာဘေးဘက် နံရံထောင့်ဘက်အခြမ်းကို မိန်းမသားတွေ ပိုမိုကြိုက်နှစ်သက်လေ့ရှိပါတယ်။ ဘေးမှာက နံရံအတားအဆီးတစ်ခုဖြစ်သလို ဒီဘက်ဘေးမှာကြ အားကိုးအားထားပြုရတဲ့ လင်ယောကျာ်း… အဲတော့မှ သူတို့ကမိမိကိုယ်ကို လုံခြုံမှုအပြည့်နဲ့ စိတ်ချလက်ချ အိပ်စက်နိုင်ကြတာပါ။

မိန်းမကယောကျာ်းရဲ့ညာဘက်မှာအိပ်လို့ ယောကျာ်းတို့ဘုန်း လက်ရုံးဆိုပြီး ဘုန်းကံနိမ့်တယ်ဆိုတာက စိတ်နဲ့သာဆိုင်ပါတယ်။ ဘုန်းမနိမ့်ဘူး မဟုတ်ပါဘူး…ကိုယ်က ဘုန်းနိမ့်တယ်ထင်ရင် နိမ့်ပါတယ်။ မနိမ့်ဘူးထင်ရင်မနိမ့်ပါဘူး။

နည်းနည်းများ ရှုပ်သွားသလား မသိဘူး…တော်တော်လဲ ရှုပ်သွားမယ်ထင်ပါတယ်။ ဟုတ်ပါတယ်… အဲဒီထင်ဆိုတဲ့ ဥပါဒါန်ကြောင့်သာ နိမ့်တာပါ။ ဥပါဒါန်ကြောင့် ဘေးဥပါဒ်ရောက်တတ်ပါတယ်။

ကိုယ့်စိတ်က နိမ့်တယ်ထင်ရင် အဲဒီစိတ်ကထင်လိုက်တာနဲ့ အကောင်းဘက်ကို အတွေးမရှိတော့ပါဘူး။ မဟုတ်တဲ့ခံစားချက်တွေနဲ့ စိတ်အလိုမကျဖြစ်စေပြီး လူကိုထိခိုက်စေတာပါ။ အဲ့ဒါဟာစိတ်ပိုင်းဆိုင်ရာအရည်အသွေး ကျဆင်းခြင်း စိတ်ပိုင်းဆိုင်ရာဘုန်းနိမ့်ခြင်းပါပဲ။ လူကို သတ်လို့မသေတောင် စိတ်ကို သတ်လို့သေမှတော့ လူလဲမခံနိုင်ပါဘူး။

မိန်းမသားတွေဟာဘာဖြစ်လို့ ဘယ်ဘက်မှာပဲ အိမ်ခွင့်ရလဲဆိုတာ အဖြေက အရမ်းကိုနူးညံ့ကြင်နာကြည်နူးဖို့ ကောင်းပါတယ်။ မိန်းမသားတွေလဲ သိသွားပြီး နောက်ဆို ကိုယ့်လင်ယောကျာ်းနဲ့ အိပ်ရင် ဘယ်ဘက်မှာသာ အိပ်ချင်ကြပီး ရင်ခွင်ထဲတိုးချင်နေကြမှာပါ။

တကယ်တော့ ဘယ်ဘက်မှာ အိပ်ရတယ်ဆိုတာ ချစ်ခြင်းတရားကို ကိုယ်စားပြုပါတယ်။ ရင်ခုန်သံတွေ စတင်ဖြစ်တည်ရာ နှလုံးသားနဲ့ အနီးကပ်ဆုံးနေရာမှာသာ မိမိချစ်ခင်စုံမက်ရတဲ့ မိန်းမသားကို ထားချင်တဲ့အတွက် ဘယ်ဘက်မှာထား ရင်ခွင်ထဲထည့်အိပ်စေခြင်း ဖြစ်ပါတယ်။

မိန်းမသားတို့ အနေဖြင့်လည်း ကိုယ်ချစ်ရသူရဲ့ ရင်ခုန်သံစည်းချက်ကလေးတွေကို နားဆင်ရင်း နွေးထွေးတဲ့ ရင်ခွင်ထဲမှာ အိပ်စက်ရတာဟာ လောကနိဗ္ဗာန် စည်းစိမ်ကို ခံစားနေရမှာ အမှန်ပဲဖြစ်ပါတယ်။ နတ်ပြည်နိဗ္ဗာန်စည်းစိမ်ဆိုတာဟာလဲ လူ့ဘဝမှာတင် ရရှိနိုင်ပါတယ်။

ကိုယ်က ယူတတ်ဖို့ပဲ လိုတာပါ။ ယူတတ်ရင် ရပါတယ်… ဘဝအမောတွေဖြေဖျောက် တမှေးလောက်တော့ ကိုယ်ချစ်ရသူရဲ့ အသည်းတစ်ခြမ်းကိုယ်စားပြု ရင်ခွင်ထဲအိပ်စက်နားခိုရင်း နောင်အနာဂတ်လမ်းခရီးအတွက် အားမွေး နှစ်ဦးသားအိပ်ရေးဝလိုက်ကြရအောင်…။

Be the first to comment

Leave a Reply

Your email address will not be published.


*