ကလေးနဲ့ဖုန်း ကိစ္စ ဘယ်လိုဖြေရှင်းရမလဲ ဆိုတဲ့ မိဘများအတွက်

ကလေးနဲ့ဖုန်း
ကလေးနဲ့ဖုန်း

ကလေးနဲ့ဖုန်း ကိစ္စ ဘယ်လိုဖြေရှင်းရမလဲ ဆိုတဲ့ မိဘများအတွက်

ရှုပ်ထွေးများပြားလှတဲ့မိဘတွေရဲ့ တာဝန်ဝတ္တရားတွေကြားမှာ အခုခေတ်အသစ်တိုးလာတဲ့ ပြဿနာတစ်ခုကတော့ ကလေးနဲ့ဖုန်း ကိစ္စပါဘဲဒီကိစ္စကိုင်တွယ်ရတာလည်း အလွန်ခက်ပါတယ်။

ခေတ်ကလည်း တကယ့်နည်းပညာခေတ်ကြီးဆိုတော့ ကလေးတွေကို စမတ်ဖုန်းနဲ့ထိတွေ့ခွင့်ပေးသင့်တယ်ဆိုတာသိတယ်👶ဒါပေမယ့် ဒီဖုန်းကြောင့် စိတ်ပိုင်းရုပ်ပိုင်း ကျန်းမာရေးဆိုင်ရာတွေထိခိုက်မှာလဲစိုးရတော့ မေမေ ဖေဖေတို့အနေနဲ့ အတော်လေးကို အခက်တွေ့မှာပေါ့။

ဒါကြောင့်မို့ ဘေဘီစတားက ခုတစ်ခေါက် မေမေတို့သိချင်နေတဲ့ ကလေး နဲ့ ဖုန်းပြဿနာလေးတွေကိုသေချာချရေးပြီးတော့ ဖြေသွားပေးပါမယ်🥰ကလေးတွေကိုဘယ်အရွယ်မှာဘယ်လောက်အချိန်ပေးပြီး ဖုန်းကြည့်ခွင့်ပေးရမလဲ ?

ဒါလေးက ပထမဆုံးသိသင့်တဲ့အချက်ပါ

အရေးလည်းကြီးတာမို့ စိတ်ချရအောင် ပညာရှင်တွေရဲ့စကားကိုဘဲ ကိုးကားပါရစေ။အမေရိကန်နိုင်ငံ ကလေးအထူးကုဆရာဝန်များအသင်းကြီး (AAP) ရဲ့ အဆိုအရ ဘယ်လို 18 လအသက်အရွယ်အောက် ကလေးငယ်ကိုမဆို ဖုန်း/ကွန်ပြူတာ/တီဗီစခရင်များနှင့်ထိတွေ့ခွင့်မပြုသင့်ပါဘူးတဲ့။ အဲ့အသက်အရွယ်ကျော်ရင်တော့ တစ်နေ့ကို အများဆုံးတစ်နာရီအထိ screentime ပေးလို့ရတယ်လို့ဆိုပါတယ်။

ချွင်းချက်အနေနဲ့ သတိပေးထားတာကတော့ အဲ့လိုတစ်နေ့တစ်နာရီဘဲ အချိန်ပေးတယ်ဆိုတိုင်း မိဘက ပစ်မထားရပါဘူးတဲ့နော်။ မိဘကိုယ်တိုင် ကလေးနဲ့အတူတူကြည့်ပေးရမယ်၊ ကလေးတွေအတွက် သင့်တော်တဲ့ ဂိမ်းမျိုးကိုသာရွေးပေးရမယ်။

ကာတွန်း သို့မဟုတ် တီဗီရှိုးတွေဆိုရင်လည်းကလေးတွေအတွက်အမှန်တကယ် အထောက်အကူဖြစ်စေမယ့် channel တွေကိုဘဲပြပေးရပါမယ်တဲ့နော်။

အဲ့လို ဖုန်းကြည့်ခွင့်ပေးတာ ကလေးအတွက်တကယ်အကျိုးရှိရဲ့လား

ဒါကတော့ ကိုယ်ရွေးချယ်တဲ့ ကာတွန်း/ဂိမ်းနဲ့ တီဗီရှိုးတွေအပေါ် မူတည်ပါတယ် ကလေးအသက်အရွယ်နဲ့ ကိုက်ညီတဲ့ Content တွေကိုရှာပေးရမယ်။ထုံးစံအတိုင်း မေမေနဲ့ကလေး အတူတူကြည့်ပေးရမယ်။

ဥပမာ။ ။ ကာတွန်းဆိုရင် အခုခေတ်ဆို youtube ပေါ်မှာကလေးပုံပြင်လေးတွေကိုကာတွန်းနဲ့လုပ်ပေးထားတာတွေအရမ်းရှာရလွယ်တယ်။ တကယ်လည်း ကြည့်လို့ကောင်းတယ်။

အဲ့တာလေးတွေပြရင်း ပုံပြင်ထဲက ဇာတ်ကောင်နာမည်တွေ အကောင်ပလောင် နာမည်လေးတွေနဲ့ ဇာတ်လမ်းလေးအကြောင်းကို ဘေးကလိုက်သင်ပေး ပြောပြပေးမယ်ဆို ကလေးအတွက် တကယ်အကျိုးရှိစေမှာပါ။

ဖုန်းနဲ့ကလေးနဲ့ ပစ်ထားမယ်ဆိုရင်တော့ ဘာဘဲဖွင့်ထားထား သူတို့ learning လုပ်ဖို့ခက်ပါတယ်။ ( မှတ်ချက်။ ။ ကလေးအသက်အရွယ်မျိုးစုံအတွက် ကာတွန်း/ဇာတ်လမ်းများ နှင့် Rating များကို common sense media website တွင်ဝင်ရောက်လေ့လာပါ )

ကလေးနဲ့ Video Call ပြောလို့ရော ရလား

ကလေးနဲ့ဝေးနေတဲ့ မိဘတွေအတွက်တော့ ဒီနေရာမှာ 𝙉𝙊 လို့ပြောလိုက်ရင် အသည်းကွဲသွားကြမလားမသိဖူးမစိုးရိမ်ပါနဲ့နော်…ပြောလို့ရပါတယ်။ သတ်မှတ်ထားတဲ့ အသက်တစ်နှစ်ခွဲအရွယ်မပြည့်ခင်မှာကိုဘဲ နေ့စဉ်မိနစ်အနည်းငယ် ပြောနိုင်ပါတယ်

ဘာကြောင့် ဒီလိုအကြံပေးရလဲဆိုတော့ ဒီ video call တွေဟာ ပုံမှန်ကာတွန်းတွေလို passive ကြီးကြည့်နေရတာမဟုတ်ဘဲ အပြန်အလှန် တုန့်ပြန်ဆက်ဆံလို့ရလို့ပါ။ အဲ့လိုအပြန်အလှန်ဆက်ဆံပြောဆိုခြင်းဟာ ကလေးငယ်တွေအတွက် ခံစားချက်အသစ်တွေ/စိတ်လှုပ်ရှားမှုတွေနဲ့အတူ စကားလုံးအသစ်တွေကိုပါ သင်ယူဖို့လွယ်ကူစေတယ်။

မင်မင်တို့ တူမလေးဆို ခုအသက်နှစ်နှစ် နေ့တိုင်း video call ပြောတယ်သူ့ရဲ့ screentime က ကျွန်မနဲ့ပြောတဲ့အချိန်ဘဲခုဆို သူနဲ့ကိုယ်နဲ့ အပြန်အလှန်ပြောရင်း ‘ မင်္ဂလာပါ ‘ တို့ ‘ ဘိုင့်ဘိုင်’ တို့လို့ စကားတွေတတ်သွားပြီပြုံးပြဦး ရယ်ပြဦးဆို နားလည်ပြီ လုပ်ပြတတ်ပြီကိုယ့်ကိုလည်း သံယောဇဉ်တွယ်လာရှာတယ် ဆိုတော့ ဒါကျွန်မကိုယ်ပိုင် အတွေ့အကြုံအရလည်းအတော်လေးအလုပ်ဖြစ်ပါတယ်။

အဲ့တော့ ကလေးနဲ့ဝေးနေတဲ့ မိဘတို့ရေမစိုးရိမ်ပါနဲ့ကလေးလေးတွေနဲ့ vc ပြီးအမောဖြေကြပါနှစ်ဦးလုံးအတွက် ပျော်စရာကောင်းပါတယ်။ကလေးငြိမ်အောင် ဖုန်းပေးသုံးထားရင်ရော အိုကေလား

တစ်ခါတစ်လေ ကလေးအရမ်းဆော့လို့ပြောမရတဲ့အခါတို့ထိန်းမရအောင် ဂျီကန်တဲ့အခါတို့ဆို မေမေတို့ အနေနဲ့ ခနငြိမ်ရင်ပြီးရောဆိုပြီး ဖုန်းပေးကြည့်တတ်ကြပါတယ်ဖြစ်နိုင်ရင်မလုပ်ကြပါနဲ့နော်ခနတာကောင်းခြင်းထက် ဆိုးခြင်းကသာပိုသွားပါလိမ့်မယ်

အဲ့လိုလုပ်ခြင်းအားခြင့် ကလေးကနောက်ထပ်ဖုန်းကြည့်ချင်တိုင်းမှာ ငိုမယ်/ဂျီတိုက်လာမယ် အဲ့အခါတွေမှာ အလုပ်များတဲ့မေမေကလည်း သူတို့ကို ဖုန်းပေးကြည့်မိဦးမယ် တဖြည်းဖြည်း အဲ့လိုပေးကြည့်ရင်းနဲ့ သာမန်ရှိသင့်တဲ့ screentime ထက်အများကြီးပိုသွားပြီအဲ့တော့ကလေးအတွက် ကျန်းမာရေးထိခိုက်လာပါပြီ။

အများအားဖြင့် screentime များတဲ့ကလေးတွေဟာအိပ်ချိန်နည်းလာမယ်ခန္ဓာကိုယ်အလေးချိန်တက်လာမယ်ပြင်ပထိတွေ့ဆက်ဆံမှုတွေမှာအားနည်းလာမယ် ဆိုတော့အပေါ်မှာပြောခဲ့သလိုဘဲ ကောင်းကျိုးထက်ဆိုးကျိုးတွေပိုဖြစ်နိုင်တာမို့သတိပြုသင့်ပါတယ်။

ဖုန်းလုံးဝပေးမသုံးရင်ရော

လုံးဝပြဿနာမရှိပါအသက်တစ်နှစ်ခွဲကျော်လို့ မဖြစ်မနေ ဖုန်းပေးကြည့်ရမယ်လို့လည်းသတ်မှတ်မထားပါဘူးရှင်ကလေးငယ်တွေရဲ့ ပင်ကိုယ်သဘာဝကိုကလည်း ဖုန်းစခရင်ကြည့်ရတာထက် သူတို့နဲ့အဖော်လုပ်ပေးမယ့်လူကြီးတွေနဲ့ပိုနေချင်တာကိုး။

အဲ့လိုနေရရင်သူတို့အတွက် ပိုပြီးပျော်စရာကောင်းတယ်။ပိုပြီးလည်း လေ့လာသင်ယူဖို့လွယ်တယ်။ချစ်ခြင်းမေတ္တာကိုလည် အပြည့်အဝ ခံစားနိုင်စေပါတယ်။

မေမေတို့ကလည် ကလေးကိုဖုန်းပေးမကြည့်မိရင် ခေတ်နောက်ကျကျန်ခဲ့မယ်လို့ မပူလိုက်နဲ့။ စိတ်သာချ ။ ABCD သင်တာကမှခက်ချင်ခက်ဦးမယ် အခုခေတ်မှာ စမတ်ဖုန်းသုံးတတ်ဖို့ ကွန်ပြူတာသုံးတတ်ဖို့ဆိုတာ သူတို့အတွက် လွယ်မှလွယ်ဆိုတော့ ချုံပြောရရင် ကလေးနဲ့ဖုန်းကိစ္စက မေမေဖေဖေတို့အပေါ်ဘဲအများကြီးမူတည်ပါတယ်။

အတူတူဂရုစိုက်ကြည့်ပေးနိုင်တယ် သင်ပေးနိုင်တယ်ဆို စနစ်တကျ ဖုန်းပေးကြည့်လို့ရတယ်။အဲ့လိုမလုပ်ပေးနိုင်ဘူးဆိုရင်တော့ လုံးဝပေးမသုံးလည်း အဆင်ပြေပါတယ်။တစ်နှစ် နှစ်နှစ် နောက်ကျမှဖုန်းကြည့်ရတာဟာ ကလေးအတွက် ဘာမှထိခိုက်စေမှာမဟုတ်ပါဘူး။

ကလေးငယ်တို့ရဲ့ မိဘတိုင်းအတွက် အသုံးဝင်မယ်လို့ ထင်ပါတယ်နော် …ဝင်ရောက်ဖတ်ရှူပေးတဲ့ ပရိတ်သတ်ကြီးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*