သားဦး သားေႏွာင္း မယူေကာင္း ယူေကာင္း…

သားဦး သားေႏွာင္း မယူေကာင္း ယူေကာင္း…

သားဦး သားေႏွာင္း မယူေကာင္း ယူေကာင္း…

သားဦး သားေႏွာင္း မယူေကာင္း ယူေကာင္း (လက္ထပ္မဂၤလာျပဳမယ့္ ျမန္မာ အမ်ိဳးေကာင္း သားသမီးမ်ားအတြက္ အရမ္းေကာင္းတဲ့ ေဆာင္းပါးေလးပါ)

”ဦးေဇာ္ရွိသလားဗ်ဳိ႕” ေအာ္ဟစ္ အသံေပး၍ ဝင္ေရာက္လာသူမွာ ေမာင္သန္႔ဇင္ထြန္းျဖစ္သည္။ ”ေၾသာ္… ေမာင္သန္႔ ဇင္ထြန္း ပါလား။

အိမ္ကို အလည္မလာတာေတာင္ အေတာ္ၾကာသြားၿပီေနာ္။ ဒါနဲ႔စီးပြားေရး လုပ္ငန္းေရာ အဆင္ေျပ ရဲ႕လား။ ”ဟုတ္ကဲ့။ စီးပြားေရးလုပ္ငန္းကေတာ့ အဆင္ ေျပပါတယ္။ ဒါေပမဲ့ အဆင္မေျပတာ ေလးတစ္ခု ရွိေနလုိ႔။” ေမာင္သန္႔ဇင္ထြန္းက ရယ္၍ေျပာသည္။

”မင္း ဒါေပမဲ့က ဘာလဲဟ၊ ေျပာျပစမ္းပါအံုး။ ”ဒီလိုဦးေဇာ္ေရ၊ ကြၽန္ေတာ္နဲ႔ မိန္းကေလးတစ္ေယာက္ လူငယ္ေတြသဘာဝ ေမတၱာမွ်ေနတယ္။ အဲဒါဒုကၡ အႀကီးအက်ယ္ေတြ႕ေနတယ္ ဆိုပါေတာ့ဗ်ာ။

”ဘယ္လိုဒုကၡမ်ဳိးေရာက္ေနတာလဲကြ။ ”ကြၽန္ေတာ့္ မိသားစုထဲမွာ ကြၽန္ေတာ္ကအငယ္ ဆံုးမ ဟုတ္လား။ အဲ..ကြၽန္ေတာ့္ခ်စ္သူ ကေတာ့ သူတို႔မိသားစုထဲမွာ အႀကီးဆံုးေလ။ အဲဒီေတာ့ သားဦးနဲ႔ သားေႏွာင္းျဖစ္ မေနဘူးလား။”အင္း…လုပ္စမ္းပါအံုး။

အဲဒါနဲ႔ဘာဆိုင္လို႔ လဲ။ ”ဆိုင္တာေပါ့ဗ်ာ။ ကြၽန္ေတာ့္မိတ္ေဆြတစ္ ေယာက္ကေျပာတယ္။ သားဦး သားေႏွာင္းမယူ ေကာင္းဘူးတဲ့။ ယူရင္ဇနီးေမာင္ႏွံ ကြဲတတ္တယ္တဲ့။ မကြဲဘူးဆိုရင္လဲ စီးပြားေရး မျဖစ္ထြန္းဘူးတဲ့။

အဲဒါေၾကာင့္ ကြၽန္ေတာ့္ အေနနဲ႔ လက္ထပ္ဖို႔ခက္ေနတယ္။ ဒုကၡ အႀကီးအက်ယ္ ေတြ႕ေနတယ္ ဆိုပါေတာ့ ဗ်ာ။”အယူသီးတာေတြ ႀကဳံ႕ေနရတဲ့ ဒုကၡမ််ိဳးေတြေပါ့…. ဘုရားေဟာက်မ္းဂန္ေတြထဲမွာ သားဦး သားေႏွာင္း မယူေကာင္းလို႔ မပါပါဘူး။

လႀူကီးခ်င္းေရာ အဆင္ေျပရဲ႕လား။ ”လူႀကီးခ်င္းကေတာ့ အဆင္ေျပ ပါတယ္။ ”လူငယ္ခ်င္းလဲ ဲေမတာၱမွ်၊ လႀူကးီခ်ငး္လဲ အဆင္ ေျပပါလ်က္န႔ဲ သားဦးသားေႏွာင္း ျဖစ္လို႔ မယူ လိုက္ဘးူ ဆိုရင္ မိုက္မဲရာက်တာ ေပါ့ကြာ။

ေသေသခ်ာခ်ာ စဥ္းစားပါအံုး။ တို႔ရြာက ဦးျမင့္ေမာင္ကို မင္းသိတယ္မဟုတ္လား။ အဲဒီဦးျမင့္ေမာင္က ဘုန္းႀကီးလူထြက္ကြ။ စာခ်တန္း(ဓမၼာစရိယ)ေရာက္တဲ့အထိ စာေတြသင္ခဲ့ဖူး တယ။္ ရဟ]န္းေဘာင္မွာ ၿငီးေငြ႕လို လူထြက္လိုက္တာေလေလ။

လူထြက္ၿပီးတဲ့ေနာက္ သံုးႏွစ္ေလာက္ၾကာတဲ့ အခါမွာ တို႔ရြာ အေနာက္ပိုင္းက အမ်ဳိးသမီးတစ္ေယာက္နဲ႔ ေမတၱာမွ်ၾကတယ္။ ”ဦးျမင့္ေမာင္က အႀကီးဆံုးသား။ ဦးျမင့္ေမာင္ နဲ႔ႀကိဳက္တဲ့ အမ်ဳိးသမီးက အငယ္ဆံုး သမီး။

အဲ…သားဦးသားေႏွာင္း ျဖစ္ေနေပမယ့္ ဦးျမင့္ေမာင္က ဘုန္းႀကီးလူထြက္ဆိုေတာ့ အယူသီးတာေတြ လက္မခံဘူး။ ေနာက္ဆုံးမွာ သူတို႔ႏွစ္ေယာက္ လက္ထပ္လိုက္ၾကတယ္။။”အခုဆိုရင္ သူတို႔သားေလးေတာင္ ေတာ္ေတာ္ အရြယ္ေရာက္ေနၿပီ။

စီးပြားေရးလဲ အရင္ကထက္ ပိုၿပီး ျဖစ္ထြန္းလာတယ။္ ဒါေၾကာင့္ မင္းလဲ အယူမသီးေစခ်င္ဘူး။ ေသေသခ်ာခ်ာ စဥ္းစားေပါ့ကြာ။” စာေရးသူ အေနျဖင့္ ေမာင္သန္႔ဇင္ထြန္းကို အယူမသီးရန္ အက်ဳိးအေၾကာင္းေျပာျပ နားခ်ခဲ့ရသည္။

”ေမာင္သန္႔ဇင္ထြန္းေရ .. သားဦးသားေႏွာင္း ဆိုတဲ့ သေဘာက ဒီလိုကြဲ႕။ မိသားစုတိုင္းမွာ သားဦး၊ သမီးဦးေမြးလာရင္ ခ်စ္တဲ့ စိတ္နဲ႔ အလိုလိုက္၊ လိုအပ္တာ ျဖည့္ဆည္း ေပးၾကတယ္ မဟုတ္လား။ သားေႏွာင္းလို႔ ေခၚတဲ့ အငယ္ဆံုး သားသမီးကိုလဲ ဒီလိုပဲကြဲ႕။

အငယ္ဆံုးေလး၊ အေထြးဆံုးေလးနဲ႔ အလိုလိုက္ အခ်စ္ပိုၾကတာေပါ့ကြယ္။ အဲဒီလို အလုိလိုက္ခံရတဲ့ သားဦး၊ သားေႏွာင္းေပါင္းဖက္ရင္ မိဘေတြ အေပၚ ႏြဲ႕ဆိုး ဆိုးခ်င္တိုင္း ဆိုးသလိုျဖစ္ေနရင္ အိမ္ေထာင္ေရး မသာယာ တက်က္က်က္ရန္ျဖစ္ ေနမွာစိုးလို႔ပါ ကြယ္။”

စာေရးသူ ရွင္းျပသည္ကို ေမာင္သန္႔ဇင္ထြန္း နားလည္သေဘာေပါက္သြားပံုရသည္။ သူ႕အိမ္ ေထာင္ေရးအတြက္ လည္း ဆးုံမစကား ေျပာ မသိလုိ ျဖစ္သြားသည့္အတြက္ စာေရးသူသည္လည္း ေက်နပ္ ပီတိ ျဖစ္မိသည္။

စာေရးသူတို႔ ျမန္မာႏိုင္ငံ တြင္ လက္ထပ္မဂၤလာ ျပဳျခင္းႏွင့္ ပတ္သက္၍ အယူသီးမႈမ်ားစြာ ရွိသည္။ ဥပမာဆိုရေသာ္ ဦး-သာ၊ စိန္-ပန္း၊ ဒန္း-လွ၊ ကို-ရွာ ဟူေသာ စကားအရ တနဂၤေႏြႏွင့္ ေသာၾကာ၊ အဂါၤႏွင့္ ၾကာသပေတး၊ စေနႏွင့္ ဗုဒၶဟူး၊ တနလၤာႏွင့္ ဗုဒၶဟူး သားသမီးမ်ားသည္ အိမ္ေထာင္ဖက္အျဖစ္ ေရြးခ်ယ္ အခ်က္မ်ားကို မလိုက္နာၾကေတာ့ဘဲ အယူသီး မႈမ်ား ေနာက္သို႔သာ လိုက္ပါေနၾကေတာ့သည္။

ထို႔ေၾကာင့္ ဗုဒၶဘာသာဝင္မ်ား အေနျဖင့္ အယူမသီးၾကေစရန္ နမၼား ဆရာေတာ္ႀကီး၏”သစၥာသံုးခိုင္ နိဗၺာန္တိုင္” တရားေတာ္ကို အနည္းငယ္ထုတ္ႏုတ္တင္ ျပပါမည္။

”ရက္ရာဇာေန႔မွာ င႐ုတ္သီးစားရင္ မစပ္ဘူးလား။” စပ္ပါတယ္ဘုရား။” ရက္ရာဇာေန႔မွာ လုပ္ေသာ အကုသိုလ္သည္ မေကာင္းက်ဳိးကို မေပးဘဲ ေနပါ့မလား။

” မေနပါဘုရား။” ကံမေကာင္းေသာ သူသည္ ရက္ရာဇာေန႔မွာ အိမ္တိုင္ထူျခင္းေၾကာင့္ ခ်မ္းသာပါ့မလား။” ”မခ်မ္းသာပါ ဘုရား။

”ေမာင္စိန္တို႔ရြာ အိမ္ေျခဘယ္ေလာက္ရွိလဲ။” တစ္ရာရွိပါတယ္ဘုရား။” အဲဒီအိမ္ေျခ တစ္ရာမွာ ရက္မေရြးဘဲ ေဆာက္တဲ့ အိမ္ရွိပါရဲ႕လား။” မပါပါဘုရား။” ရက္ေရြးၿပီးေဆာက္တဲ့ အိမ္ေတြဟာ ခ်မ္းသာတဲ့ အိမ္ေတြခ်ည္း ပဲလား။

” မြဲတဲ့အိမ္ေတြပဲ မ်ားပါတယ္ဘုရား။” ဒီလိုဆိုရင္ ရက္ေကာင္းေတြက ေကာငး္က်ဳးိေပး ႏိုင္ေသးရဲ႕လား။” မေပးႏိုင္ပါ ဘုရား။” ရက္မေရြးဘဲ မဂၤလာေဆာင္ တဲ့ ဇနီးေမာင္ႏွံရွိရဲ႕လား။” မရွိပါဘုရား။”

” ဇနီးေမာင္ႏွံတိုင္း မကြဲမကြာဘဲနဲ႕ ခ်မ္းသာတာခ်ည္း ပဲလား။” မဟုတ္ပါဘုရား။” ရက္ေကာင္းေတြကို အားကိုးရတာ အလကားေပါ့။” အလကားပါဘုရား။” ကုသိုလ္ကို အားကိုးမွ ဗုဒၶဘာသာကြဲ႕ ေမာင္စိန္ရဲ႕။” ”မွန္ပါဘုရား။

” နမၼား ဆရာေတာႀ္ကးီ၏ တရားေတာ္ကို ႏွလုံးမူၿပီး အရာရာတြင္ ဝိဘဇၨဥာဏ္ျဖင့္ ဆင္ျခင္ႏိုင္ၾကေစရန္ ရည္ရြယ္၍ တင္ျပလိုက္ ရပါသည္။

ရတနာပုံသတင္းစာမွ စာေရးဆရာ ေဇာ္ဦး(ျမန္မာစာ) ရဲ႕ ေဆာင္းပါးေလးကို ျပန္လည္တင္ဆက္ေပးလိုက္ပါတယ္ ခင္ဗ်ာ…ကၽြန္ေတာ္တို႔ ျမန္မာ လူမ်ိဳးမ်ားရဲ႕ အယူသီးမႈေတြကို တင္ဆက္ထားတဲ့ ေဆာင္းပါးေလးျဖစ္လို႔…ကၽြန္ေတာ္ Facebook မွာ တင္ဆက္ေပးထားျခင္းျဖစ္ပါတယ္။

အရမ္းေကာင္းတဲ့ ေဆာင္းပါးေလး…ျဖစ္လို႔ ျပန္လည္ တင္ဆက္လိုက္တာကို ခြင့္လႊတ္ပါခင္ဗ်ာ….(ဆရာေဆာင္းပါးေလးကို မဖတ္လိုက္ရတဲ့ လူေတြ…အယူသီးေနတဲ့လူေတြ ဖတ္ႏိုင္ေအာင္ တင္ဆက္ ေပးထားျခင္းျဖစ္ပါတယ္ခင္ဗ်ာ..)

Credit to ေဇာ္ဦး (ျမန္မာစာ)

Unicode

သားဦး သားနှောင်း မယူကောင်း ယူကောင်း…

သားဦး သားနှောင်း မယူကောင်း ယူကောင်း (လက်ထပ်မင်္ဂလာပြုမယ့် မြန်မာ အမျိုးကောင်း သားသမီးများအတွက် အရမ်းကောင်းတဲ့ ဆောင်းပါးလေးပါ)

”ဦးဇော်ရှိသလားဗျို့” အော်ဟစ် အသံပေး၍ ဝင်ရောက်လာသူမှာ မောင်သန့်ဇင်ထွန်းဖြစ်သည်။ ”သြော်… မောင်သန့် ဇင်ထွန်း ပါလား။

အိမ်ကို အလည်မလာတာတောင် အတော်ကြာသွားပြီနော်။ ဒါနဲ့စီးပွားရေး လုပ်ငန်းရော အဆင်ပြေ ရဲ့လား။ ”ဟုတ်ကဲ့။ စီးပွားရေးလုပ်ငန်းကတော့ အဆင် ပြေပါတယ်။ ဒါပေမဲ့ အဆင်မပြေတာ လေးတစ်ခု ရှိနေလို့။” မောင်သန့်ဇင်ထွန်းက ရယ်၍ပြောသည်။

”မင်း ဒါပေမဲ့က ဘာလဲဟ၊ ပြောပြစမ်းပါအုံး။ ”ဒီလိုဦးဇော်ရေ၊ ကျွန်တော်နဲ့ မိန်းကလေးတစ်ယောက် လူငယ်တွေသဘာဝ မေတ္တာမျှနေတယ်။ အဲဒါဒုက္ခ အကြီးအကျယ်တွေ့နေတယ် ဆိုပါတော့ဗျာ။

”ဘယ်လိုဒုက္ခမျိုးရောက်နေတာလဲကွ။ ”ကျွန်တော့် မိသားစုထဲမှာ ကျွန်တော်ကအငယ် ဆုံးမ ဟုတ်လား။ အဲ..ကျွန်တော့်ချစ်သူ ကတော့ သူတို့မိသားစုထဲမှာ အကြီးဆုံးလေ။ အဲဒီတော့ သားဦးနဲ့ သားနှောင်းဖြစ် မနေဘူးလား။”အင်း…လုပ်စမ်းပါအုံး။

အဲဒါနဲ့ဘာဆိုင်လို့ လဲ။ ”ဆိုင်တာပေါ့ဗျာ။ ကျွန်တော့်မိတ်ဆွေတစ် ယောက်ကပြောတယ်။ သားဦး သားနှောင်းမယူ ကောင်းဘူးတဲ့။ ယူရင်ဇနီးမောင်နှံ ကွဲတတ်တယ်တဲ့။ မကွဲဘူးဆိုရင်လဲ စီးပွားရေး မဖြစ်ထွန်းဘူးတဲ့။

အဲဒါကြောင့် ကျွန်တော့် အနေနဲ့ လက်ထပ်ဖို့ခက်နေတယ်။ ဒုက္ခ အကြီးအကျယ် တွေ့နေတယ် ဆိုပါတော့ ဗျာ။”အယူသီးတာတွေ ကြုံ့နေရတဲ့ ဒုက္ခမျျိုးတွေပေါ့…. ဘုရားဟောကျမ်းဂန်တွေထဲမှာ သားဦး သားနှောင်း မယူကောင်းလို့ မပါပါဘူး။

လြူကီးချင်းရော အဆင်ပြေရဲ့လား။ ”လူကြီးချင်းကတော့ အဆင်ပြေ ပါတယ်။ ”လူငယ်ချင်းလဲ ဲမေတ္တာမျှ၊ လြူကးီချင်းလဲ အဆင် ပြေပါလျက်နဲ့ သားဦးသားနှောင်း ဖြစ်လို့ မယူ လိုက်ဘးူ ဆိုရင် မိုက်မဲရာကျတာ ပေါ့ကွာ။

သေသေချာချာ စဉ်းစားပါအုံး။ တို့ရွာက ဦးမြင့်မောင်ကို မင်းသိတယ်မဟုတ်လား။ အဲဒီဦးမြင့်မောင်က ဘုန်းကြီးလူထွက်ကွ။ စာချတန်း(ဓမ္မာစရိယ)ရောက်တဲ့အထိ စာတွေသင်ခဲ့ဖူး တယ။် ရဟ]န်းဘောင်မှာ ငြီးငွေ့လို လူထွက်လိုက်တာလေလေ။

လူထွက်ပြီးတဲ့နောက် သုံးနှစ်လောက်ကြာတဲ့ အခါမှာ တို့ရွာ အနောက်ပိုင်းက အမျိုးသမီးတစ်ယောက်နဲ့ မေတ္တာမျှကြတယ်။ ”ဦးမြင့်မောင်က အကြီးဆုံးသား။ ဦးမြင့်မောင် နဲ့ကြိုက်တဲ့ အမျိုးသမီးက အငယ်ဆုံး သမီး။

အဲ…သားဦးသားနှောင်း ဖြစ်နေပေမယ့် ဦးမြင့်မောင်က ဘုန်းကြီးလူထွက်ဆိုတော့ အယူသီးတာတွေ လက်မခံဘူး။ နောက်ဆုံးမှာ သူတို့နှစ်ယောက် လက်ထပ်လိုက်ကြတယ်။။”အခုဆိုရင် သူတို့သားလေးတောင် တော်တော် အရွယ်ရောက်နေပြီ။

စီးပွားရေးလဲ အရင်ကထက် ပိုပြီး ဖြစ်ထွန်းလာတယ။် ဒါကြောင့် မင်းလဲ အယူမသီးစေချင်ဘူး။ သေသေချာချာ စဉ်းစားပေါ့ကွာ။” စာရေးသူ အနေဖြင့် မောင်သန့်ဇင်ထွန်းကို အယူမသီးရန် အကျိုးအကြောင်းပြောပြ နားချခဲ့ရသည်။

”မောင်သန့်ဇင်ထွန်းရေ .. သားဦးသားနှောင်း ဆိုတဲ့ သဘောက ဒီလိုကွဲ့။ မိသားစုတိုင်းမှာ သားဦး၊ သမီးဦးမွေးလာရင် ချစ်တဲ့ စိတ်နဲ့ အလိုလိုက်၊ လိုအပ်တာ ဖြည့်ဆည်း ပေးကြတယ် မဟုတ်လား။ သားနှောင်းလို့ ခေါ်တဲ့ အငယ်ဆုံး သားသမီးကိုလဲ ဒီလိုပဲကွဲ့။

အငယ်ဆုံးလေး၊ အထွေးဆုံးလေးနဲ့ အလိုလိုက် အချစ်ပိုကြတာပေါ့ကွယ်။ အဲဒီလို အလိုလိုက်ခံရတဲ့ သားဦး၊ သားနှောင်းပေါင်းဖက်ရင် မိဘတွေ အပေါ် နွဲ့ဆိုး ဆိုးချင်တိုင်း ဆိုးသလိုဖြစ်နေရင် အိမ်ထောင်ရေး မသာယာ တကျက်ကျက်ရန်ဖြစ် နေမှာစိုးလို့ပါ ကွယ်။”

စာရေးသူ ရှင်းပြသည်ကို မောင်သန့်ဇင်ထွန်း နားလည်သဘောပေါက်သွားပုံရသည်။ သူ့အိမ် ထောင်ရေးအတွက် လည်း ဆးုံမစကား ပြော မသိလို ဖြစ်သွားသည့်အတွက် စာရေးသူသည်လည်း ကျေနပ် ပီတိ ဖြစ်မိသည်။

စာရေးသူတို့ မြန်မာနိုင်ငံ တွင် လက်ထပ်မင်္ဂလာ ပြုခြင်းနှင့် ပတ်သက်၍ အယူသီးမှုများစွာ ရှိသည်။ ဥပမာဆိုရသော် ဦး-သာ၊ စိန်-ပန်း၊ ဒန်း-လှ၊ ကို-ရှာ ဟူသော စကားအရ တနင်္ဂနွေနှင့် သောကြာ၊ အဂါၤနှင့် ကြာသပတေး၊ စနေနှင့် ဗုဒ္ဓဟူး၊ တနင်္လာနှင့် ဗုဒ္ဓဟူး သားသမီးများသည် အိမ်ထောင်ဖက်အဖြစ် ရွေးချယ် အချက်များကို မလိုက်နာကြတော့ဘဲ အယူသီး မှုများ နောက်သို့သာ လိုက်ပါနေကြတော့သည်။

ထို့ကြောင့် ဗုဒ္ဓဘာသာဝင်များ အနေဖြင့် အယူမသီးကြစေရန် နမ္မား ဆရာတော်ကြီး၏”သစ္စာသုံးခိုင် နိဗ္ဗာန်တိုင်” တရားတော်ကို အနည်းငယ်ထုတ်နုတ်တင် ပြပါမည်။

”ရက်ရာဇာနေ့မှာ ငရုတ်သီးစားရင် မစပ်ဘူးလား။” စပ်ပါတယ်ဘုရား။” ရက်ရာဇာနေ့မှာ လုပ်သော အကုသိုလ်သည် မကောင်းကျိုးကို မပေးဘဲ နေပါ့မလား။

” မနေပါဘုရား။” ကံမကောင်းသော သူသည် ရက်ရာဇာနေ့မှာ အိမ်တိုင်ထူခြင်းကြောင့် ချမ်းသာပါ့မလား။” ”မချမ်းသာပါ ဘုရား။

”မောင်စိန်တို့ရွာ အိမ်ခြေဘယ်လောက်ရှိလဲ။” တစ်ရာရှိပါတယ်ဘုရား။” အဲဒီအိမ်ခြေ တစ်ရာမှာ ရက်မရွေးဘဲ ဆောက်တဲ့ အိမ်ရှိပါရဲ့လား။” မပါပါဘုရား။” ရက်ရွေးပြီးဆောက်တဲ့ အိမ်တွေဟာ ချမ်းသာတဲ့ အိမ်တွေချည်း ပဲလား။

” မွဲတဲ့အိမ်တွေပဲ များပါတယ်ဘုရား။” ဒီလိုဆိုရင် ရက်ကောင်းတွေက ကောင်းကျုးိပေး နိုင်သေးရဲ့လား။” မပေးနိုင်ပါ ဘုရား။” ရက်မရွေးဘဲ မင်္ဂလာဆောင် တဲ့ ဇနီးမောင်နှံရှိရဲ့လား။” မရှိပါဘုရား။”

” ဇနီးမောင်နှံတိုင်း မကွဲမကွာဘဲနဲ့ ချမ်းသာတာချည်း ပဲလား။” မဟုတ်ပါဘုရား။” ရက်ကောင်းတွေကို အားကိုးရတာ အလကားပေါ့။” အလကားပါဘုရား။” ကုသိုလ်ကို အားကိုးမှ ဗုဒ္ဓဘာသာကွဲ့ မောင်စိန်ရဲ့။” ”မှန်ပါဘုရား။

” နမ္မား ဆရာတောြ်ကးီ၏ တရားတော်ကို နှလုံးမူပြီး အရာရာတွင် ဝိဘဇ္ဇဉာဏ်ဖြင့် ဆင်ခြင်နိုင်ကြစေရန် ရည်ရွယ်၍ တင်ပြလိုက် ရပါသည်။

ရတနာပုံသတင်းစာမှ စာရေးဆရာ ဇော်ဦး(မြန်မာစာ) ရဲ့ ဆောင်းပါးလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ခင်ဗျာ…ကျွန်တော်တို့ မြန်မာ လူမျိုးများရဲ့ အယူသီးမှုတွေကို တင်ဆက်ထားတဲ့ ဆောင်းပါးလေးဖြစ်လို့…ကျွန်တော် Facebook မှာ တင်ဆက်ပေးထားခြင်းဖြစ်ပါတယ်။

အရမ်းကောင်းတဲ့ ဆောင်းပါးလေး…ဖြစ်လို့ ပြန်လည် တင်ဆက်လိုက်တာကို ခွင့်လွှတ်ပါခင်ဗျာ….(ဆရာဆောင်းပါးလေးကို မဖတ်လိုက်ရတဲ့ လူတွေ…အယူသီးနေတဲ့လူတွေ ဖတ်နိုင်အောင် တင်ဆက် ပေးထားခြင်းဖြစ်ပါတယ်ခင်ဗျာ..)

Credit to ဇော်ဦး (မြန်မာစာ)

Be the first to comment

Leave a Reply

Your email address will not be published.


*