ေမြးဖြားခ်ိန္ကိုလိုက္ၿပီး ျဖစ္ေပၚလာတဲ့ ကံၾကမၼာအေျပာင္းအလဲ

ေမြးဖြားခ်ိန္ကိုလိုက္ၿပီး ျဖစ္ေပၚလာတဲ့ ကံၾကမၼာအေျပာင္းအလဲ

ေမြးဖြားခ်ိန္ကိုလိုက္ၿပီး ျဖစ္ေပၚလာတဲ့ ကံၾကမၼာအေျပာင္းအလဲ

အမိဝမ္းမွ ကြၽတ္ကာ လူျဖစ္လာၾကသူတိုင္း “လူလူခ်င္း အတူတူပါပဲ” ဟု ေျပာဆိုမရေပ။ အေၾကာင္းမွာ လူတိုင္း၌ သူ႔ကံၾကမၼာႏွင့္သူက ကမၸည္းထိုးၿပီးသားျဖစ္ေနေသာေၾကာင့္ပါေပ။ သည္ေတာ့ တတ္သိနားလည္ၾကကုန္ေသာ ေဗဒင္ပညာရွင္ႀကီးမ်ား၏ ေဟာကိန္းမ်ားမွာ လြန္စြာမွ အံ့ဩဖြယ္ေကာင္းသည္ႏွင့္အမွ် ေလ့လာမွတ္သားထားစရာေတြခ်ည္းပဲျဖစ္သည္။

(၁) နံနက္ေနထြက္ခ်ိန္၌ ေမြးဖြားသူမ်ားဆိုပါလွ်င္

ကုသိုလ္ကံေကာင္းၾကသူေတြခ်ည္းဟု ဆိုရေပမည္။ ၎တို႔သည္ မိမိကိုယ္မိမိ ယုံၾကည္စိတ္ခ်သူမ်ား ျဖစ္ၾက၏။ ကိုယ္ပိုင္စီးပြားေရး လုပ္ငန္းမ်ားကို ငယ္စဥ္ကတည္းက ထူေထာင္ေဆာင္႐ြက္ႏိုင္သူမ်ားျဖစ္ၾကၿပီး ႀကီးပြားခ်မ္းသာမႈကို အျပည့္အဝ ခံစားၾကရသူမ်ားလည္း ျဖစ္၏။ လခစား ဝန္ထမ္းလုပ္ကိုင္ပါက ရာထူးေကာင္းကို ရႏိုင္၏။ အမ်ားအေပၚ၌ ဦးေဆာင္ဦး႐ြက္ျပဳၿပီး ရဲဝံ့စြာ ေဆာင္႐ြက္တတ္ေသာ စံျပပုဂၢိဳလ္ေကာင္းျဖစ္တတ္၏။

(၂) ေနထြက္ခ်ိန္ႏွင့္ မြန္းတည့္အခ်ိန္အၾကား ေမြးဖြားလာသူမ်ားဆိုပါလွ်င္

အေပါင္းအသင္း၊ အေႁခြအရံတို႔ မ်ားတတ္ပါသည္။ အဆိုပါ အေပါင္းအသင္းေကာင္းမ်ားေၾကာင့္ အက်ိဳးစီးပြားျဖစ္ထြန္းမည္။ ငယ္စဥ္ကေလးဘဝကတည္းက မိတ္ေဆြသူငယ္ခ်င္း၊ အေပါင္းအသင္းမ်ားအေပၚ အလြန္အမင္းတြယ္တာတတ္၏။ ၎တို႔ အနီးအနားမွာမရွိလွ်င္ မေနတတ္၊ မထိုင္တတ္ျဖစ္ေနတတ္သည္။ အသက္အ႐ြယ္ႀကီးရင့္လာသည့္အခါ အသင္းအဖြဲ႕မ်ား၌ ဦးေဆာင္သူျဖစ္တတ္သည္။

(၃) မြန္းတည့္ခ်ိန္ႏွင့္ မြန္းလြဲ ၂ နာရီအၾကား ေမြးဖြားသူျဖစ္လွ်င္

မိမိရပ္႐ြာမွသည္ အျခားေသာ အရပ္တစ္ပါးသို႔ ေျပာင္းေ႐ႊ႕ေနထိုင္ရတတ္သည္။ ပင္လယ္ေရ ေၾကာင္းခရီး၌ သြားလာ၊ စီးပြားရွာသူ ျဖစ္လိမ့္မည္။ ထိုသူတို႔သည္ အရပ္တစ္ပါး၌ စီးပြားေရးကို ပိုမိုထြန္းကားေအာင္ ေဆာင္႐ြက္ႏိုင္ၾကသည္။ သို႔ရာတြင္ အိမ္ေထာင္ဖက္ေဆြမ်ိဳးသားခ်င္းမ်ား၏ ဆိုးက်ိဳး ေပးျခင္းကို ခံရတတ္သည္။ အဆိုပါကာလ၌ ေမြးဖြားလာၾကကုန္ေသာ ဇာတာရွင္တို႔သည္ ေရွ႕ေနမ်ား တရားသူႀကီးမ်ား ျဖစ္လာပါက ဥပေဒပညာရပ္၌ သူမတူေအာင္တတ္ကြၽမ္းသည့္ ပုဂၢိဳလ္ေက်ာ္ႀကီးမ်ား ျဖစ္လာတတ္သည္။

(၄) မြန္းလြဲ ၂ နာရီႏွင့္ ၄ နာရီအၾကား ေမြးဖြားသူျဖစ္လွ်င္

ဖက္စပ္စီးပြားေရး လုပ္ငန္းမ်ား၌ အက်ိဳးေပး လိမ့္မည္။ ေလာင္းကစားဖက္၌ ဝါသနာထုံသူ ျဖစ္ တတ္သည္။ အင္ႏွင့္အားႏွင့္ ရွာေဖြ၍ ရေသာ ဝင္ေငြ ထက္ အေၾကာင္းအားေလ်ာ္စြာ ကံေကာင္းေထာက္မၿပီး ေငြေၾကးဥစၥာရရွိျခင္းမ်ား ႀကဳံရတတ္သည္။ သို႔မဟုတ္ အေမြဥစၥာပစၥည္းမ်ား ရရွိတတ္သည္။

(၅) ေနဝင္ခါနီး ေမြးဖြားသူျဖစ္လွ်င္

ကိုယ္ပိုင္လုပ္ငန္းလုပ္ပါက ေအာင္ျမင္သင့္သေလာက္ ေအာင္ျမင္မႈ မရႏိုင္ေပ။ သူတစ္ပါးထံ၌ အခေၾကးေငြရယူၿပီး လုပ္ေဆာင္ရေသာ လခစား ဝန္ထမ္းျဖစ္တတ္သည္။ အိမ္ေထာင္ဖက္ သို႔မဟုတ္ သူတစ္ပါးႏွင့္ စပ္တူစီးပြားေရးလုပ္ငန္း ေဆာင္႐ြက္ မွ ေအာင္ျမင္ႏိုင္မည္။ ေနဝင္ခါနီး ဖြားျမင္သူတို႔သည္ အိမ္ေထာင္ဖက္ သို႔တည္းမဟုတ္ စီးပြားၿပိဳင္ဖက္တို႔၏ ျခယ္လွယ္စိုးမိုးျခင္းကို ခံရတတ္သည္။ အိမ္ေထာင္ျပဳပါက အိမ္ေထာင္ေရးသုခကို တစ္သက္တာလုံး မရရွိႏိုင္ေပ။

(၆) သန္းေခါင္ေက်ာ္၌ ေမြးဖြားသူမ်ား

အဆိုပါ ဇာတာရွင္သည္ ခရီးတို႔ကို မေနမနား သြားေနရတတ္သည္။ မိမိ၏ အခ်စ္ေရး အိမ္ ေထာင္ေရးမ်ား၌ မိဘ၊ ညီအစ္ကို၊ ေမာင္ႏွမ၊ ေဆြမ်ိဳးသားခ်င္းတို႔ ေႏွာင့္ယွက္၍ အဟန႔္အတား ျဖစ္တတ္သည္။ ထိုသူမ်ားသည္ မိဘေၾကာင့္ အိမ္ေထာင္ မျပဳျဖစ္ၾကသူမ်ား ျဖစ္ၾကသည္။ ကိုယ္စိတ္ ႏွစ္ပါးကို နားမေနတတ္တဲ့ သူေတြလို႔ဆိုလွ်င္ မမွားႏိုင္ပါဘူး။ စာေရးဆရာမ်ား၊ သိပၸံပညာရွင္မ်ားသည္ သန္းေခါင္ေက်ာ္တြင္ ေမြးဖြားၾကပါသတဲ့။

 

လူတစ္ဦးတစ္ေယာက္အဖို႔ မည္သည့္ေနရာ မည္သည့္ေဒသ၊ မည္သည့္ အခ်ိန္ကာလတို႔၌ ဖြား ျမင္ပါေစ၊ ကိစၥမရွိ၊ ဖြားျမင္၍ လူလားေျမာက္သည့္အခါ လူေကာင္းသူေကာင္းျဖစ္ရန္ လူ႔ေလာကႀကီးကို ေကာင္းက်ိဳးျပဳရန္သာ အေရးႀကီးပါေၾကာင္း။

ဂမၻီရဆရာပြင့္

Unicode

မွေးဖွားချိန်ကိုလိုက်ပြီး ဖြစ်ပေါ်လာတဲ့ ကံကြမ္မာအပြောင်းအလဲ

အမိဝမ်းမှ ကျွတ်ကာ လူဖြစ်လာကြသူတိုင်း “လူလူချင်း အတူတူပါပဲ” ဟု ပြောဆိုမရပေ။ အကြောင်းမှာ လူတိုင်း၌ သူ့ကံကြမ္မာနှင့်သူက ကမ္ပည်းထိုးပြီးသားဖြစ်နေသောကြောင့်ပါပေ။ သည်တော့ တတ်သိနားလည်ကြကုန်သော ဗေဒင်ပညာရှင်ကြီးများ၏ ဟောကိန်းများမှာ လွန်စွာမှ အံ့ဩဖွယ်ကောင်းသည်နှင့်အမျှ လေ့လာမှတ်သားထားစရာတွေချည်းပဲဖြစ်သည်။

(၁) နံနက်နေထွက်ချိန်၌ မွေးဖွားသူများဆိုပါလျှင်

ကုသိုလ်ကံကောင်းကြသူတွေချည်းဟု ဆိုရပေမည်။ ၎င်းတို့သည် မိမိကိုယ်မိမိ ယုံကြည်စိတ်ချသူများ ဖြစ်ကြ၏။ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများကို ငယ်စဉ်ကတည်းက ထူထောင်ဆောင်ရွက်နိုင်သူများဖြစ်ကြပြီး ကြီးပွားချမ်းသာမှုကို အပြည့်အဝ ခံစားကြရသူများလည်း ဖြစ်၏။ လခစား ဝန်ထမ်းလုပ်ကိုင်ပါက ရာထူးကောင်းကို ရနိုင်၏။ အများအပေါ်၌ ဦးဆောင်ဦးရွက်ပြုပြီး ရဲဝံ့စွာ ဆောင်ရွက်တတ်သော စံပြပုဂ္ဂိုလ်ကောင်းဖြစ်တတ်၏။

(၂) နေထွက်ချိန်နှင့် မွန်းတည့်အချိန်အကြား မွေးဖွားလာသူများဆိုပါလျှင်

အပေါင်းအသင်း၊ အခြွေအရံတို့ များတတ်ပါသည်။ အဆိုပါ အပေါင်းအသင်းကောင်းများကြောင့် အကျိုးစီးပွားဖြစ်ထွန်းမည်။ ငယ်စဉ်ကလေးဘဝကတည်းက မိတ်ဆွေသူငယ်ချင်း၊ အပေါင်းအသင်းများအပေါ် အလွန်အမင်းတွယ်တာတတ်၏။ ၎င်းတို့ အနီးအနားမှာမရှိလျှင် မနေတတ်၊ မထိုင်တတ်ဖြစ်နေတတ်သည်။ အသက်အရွယ်ကြီးရင့်လာသည့်အခါ အသင်းအဖွဲ့များ၌ ဦးဆောင်သူဖြစ်တတ်သည်။

(၃) မွန်းတည့်ချိန်နှင့် မွန်းလွဲ ၂ နာရီအကြား မွေးဖွားသူဖြစ်လျှင်

မိမိရပ်ရွာမှသည် အခြားသော အရပ်တစ်ပါးသို့ ပြောင်းရွှေ့နေထိုင်ရတတ်သည်။ ပင်လယ်ရေ ကြောင်းခရီး၌ သွားလာ၊ စီးပွားရှာသူ ဖြစ်လိမ့်မည်။ ထိုသူတို့သည် အရပ်တစ်ပါး၌ စီးပွားရေးကို ပိုမိုထွန်းကားအောင် ဆောင်ရွက်နိုင်ကြသည်။ သို့ရာတွင် အိမ်ထောင်ဖက်ဆွေမျိုးသားချင်းများ၏ ဆိုးကျိုး ပေးခြင်းကို ခံရတတ်သည်။ အဆိုပါကာလ၌ မွေးဖွားလာကြကုန်သော ဇာတာရှင်တို့သည် ရှေ့နေများ တရားသူကြီးများ ဖြစ်လာပါက ဥပဒေပညာရပ်၌ သူမတူအောင်တတ်ကျွမ်းသည့် ပုဂ္ဂိုလ်ကျော်ကြီးများ ဖြစ်လာတတ်သည်။

(၄) မွန်းလွဲ ၂ နာရီနှင့် ၄ နာရီအကြား မွေးဖွားသူဖြစ်လျှင်

ဖက်စပ်စီးပွားရေး လုပ်ငန်းများ၌ အကျိုးပေး လိမ့်မည်။ လောင်းကစားဖက်၌ ဝါသနာထုံသူ ဖြစ် တတ်သည်။ အင်နှင့်အားနှင့် ရှာဖွေ၍ ရသော ဝင်ငွေ ထက် အကြောင်းအားလျော်စွာ ကံကောင်းထောက်မပြီး ငွေကြေးဥစ္စာရရှိခြင်းများ ကြုံရတတ်သည်။ သို့မဟုတ် အမွေဥစ္စာပစ္စည်းများ ရရှိတတ်သည်။

(၅) နေဝင်ခါနီး မွေးဖွားသူဖြစ်လျှင်

ကိုယ်ပိုင်လုပ်ငန်းလုပ်ပါက အောင်မြင်သင့်သလောက် အောင်မြင်မှု မရနိုင်ပေ။ သူတစ်ပါးထံ၌ အခကြေးငွေရယူပြီး လုပ်ဆောင်ရသော လခစား ဝန်ထမ်းဖြစ်တတ်သည်။ အိမ်ထောင်ဖက် သို့မဟုတ် သူတစ်ပါးနှင့် စပ်တူစီးပွားရေးလုပ်ငန်း ဆောင်ရွက် မှ အောင်မြင်နိုင်မည်။ နေဝင်ခါနီး ဖွားမြင်သူတို့သည် အိမ်ထောင်ဖက် သို့တည်းမဟုတ် စီးပွားပြိုင်ဖက်တို့၏ ခြယ်လှယ်စိုးမိုးခြင်းကို ခံရတတ်သည်။ အိမ်ထောင်ပြုပါက အိမ်ထောင်ရေးသုခကို တစ်သက်တာလုံး မရရှိနိုင်ပေ။

(၆) သန်းခေါင်ကျော်၌ မွေးဖွားသူများ

အဆိုပါ ဇာတာရှင်သည် ခရီးတို့ကို မနေမနား သွားနေရတတ်သည်။ မိမိ၏ အချစ်ရေး အိမ် ထောင်ရေးများ၌ မိဘ၊ ညီအစ်ကို၊ မောင်နှမ၊ ဆွေမျိုးသားချင်းတို့ နှောင့်ယှက်၍ အဟန့်အတား ဖြစ်တတ်သည်။ ထိုသူများသည် မိဘကြောင့် အိမ်ထောင် မပြုဖြစ်ကြသူများ ဖြစ်ကြသည်။ ကိုယ်စိတ် နှစ်ပါးကို နားမနေတတ်တဲ့ သူတွေလို့ဆိုလျှင် မမှားနိုင်ပါဘူး။ စာရေးဆရာများ၊ သိပ္ပံပညာရှင်များသည် သန်းခေါင်ကျော်တွင် မွေးဖွားကြပါသတဲ့။

လူတစ်ဦးတစ်ယောက်အဖို့ မည်သည့်နေရာ မည်သည့်ဒေသ၊ မည်သည့် အချိန်ကာလတို့၌ ဖွား မြင်ပါစေ၊ ကိစ္စမရှိ၊ ဖွားမြင်၍ လူလားမြောက်သည့်အခါ လူကောင်းသူကောင်းဖြစ်ရန် လူ့လောကကြီးကို ကောင်းကျိုးပြုရန်သာ အရေးကြီးပါကြောင်း။

ဂမ္ဘီရဆရာပွင့်

Be the first to comment

Leave a Reply

Your email address will not be published.


*