
တို႔ေဆးထက္ ပိုဆိုးတဲ့ ေနာက္တမ်ိဳး လာၿပီ
တို႔ေဆးနဲ႔ လူကို တို႔ၿပီး ေခၚသြားတာကို စာဖတ္သူတို႔ သိၿပီး ျဖစ္မွာပါ။ တို႔ၿပီး ပစၥည္းေတြ ခြၽတ္ယူၾကတယ္ဆိုတဲ့ အေၾကာင္းေပါ့။ အခုဟာက တို႔ေဆးထက္ ပိုထိေရာက္တဲ့ “ရႉေဆး” ပါတဲ့ ခင္ဗ်ာ။
ခံစားခဲ့ရတဲ့ သူကိုယ္တိုင္ ေျပာျပတဲ့ ကိုယ္ေတြ႕အေၾကာင္းကို ေဖာ္ျပလိုက္ပါတယ္
“ေမႀကီးေပ်ာက္ဆုံး ခဲ့စဥ္က ျဖစ္စဥ္ကို ရွင္းျပပါ့မယ္။ ေမႀကီးက ၂၀၁၉ခုႏွစ္ ၂လပိုင္း ၁၆ရက္ေန႔ညေနက သမိုင္းဘူတာေဈးမွေဈးဝယ္ၿပီး အိမ္သို႔အျပန္ နံပါတ္၁၅ ကားေပၚမတက္ခင္မွာ အမ်ိဳးသမီးတစ္ဦးက ဒူးနာေနလို႔ သူ႔ကိုကားေပၚတြဲတင္ေပးဖို႔ အကူအညီေတာင္းပါတယ္။
ကားေပၚမွာ ေဘးခ်င္းကပ္ေနရာရၿပီး သမိုင္းလမ္းဆုံနားေလာက္အေရာက္မွာ ေမႀကီးကို “အစ္မ ေခါင္းမူးေနလားဒီမွာရႉေဆး”ဆိုၿပီး ႏွာေခါင္းနားကို လက္ကလာၿပီးတို႔ပါတယ္။ ေမႀကီးက ခ်ိဳခ်ိဳအီအီအနံ႔ႀကီးရလို႔ ခ်က္ခ်င္းပုတ္ထုတ္လိုက္ပါတယ္။
ဒါေပမယ့္ အဲ့ဒီ့အခ်ိန္ေနာက္ပိုင္းကစၿပီး ဘာျဖစ္တယ္ဆိုတာကို မမွတ္မိပါဘူး။ ေနာက္ေန႔မနက္ေဝလီေဝလင္းေလာက္မွာ ပ်ဥ္းမနားဘူတာ႐ုံေရာက္ေနတယ္ဆိုၿပီး အနားကသူေတြလာႏႈိးမွ သတိဝင္လာပါတယ္။
ပ်ဥ္းမနားက ကန္ဦးမဟာစည္ဘုန္းႀကီးေက်ာင္းမွာ တည္းခိုၿပီး ၂၀၁၉ခုႏွစ္ ၂လပိုင္း ၂၂ ရက္ေန႔မွာ အိမ္နဲ႔ အဆက္အသြယ္ျပန္ရၿပီး ပ်ဥ္းမနားကေန ရန္ကုန္ေနအိမ္ကို ျပန္ေရာက္ေနပါၿပီ။
ဖုန္းနဲ႔ ပိုက္ဆံ ၁သိန္းခြဲနီးပါးပါသြားပါတယ္လူေတာ့ဘာထိခိုက္ဒဏ္ရာမွမရွိပါဘူးစိတ္ပူေပးၾကသူမ်ား၊ သတင္းေမးၾကသူမ်ားကိုလည္း ေက်းဇူးတင္ပါတယ္။”
ကဲ ျဖစ္စဥ္ကေတာ့ ဘယ္လိုမွ ထင္မွတ္မထားတဲ့ ပုံစံနဲ႔ ျဖစ္လာပါၿပီ။ တို႔႐ုံမဟုတ္ဘဲ လက္မွာေဆးသုတ္ၿပီး ႏွာေခါင္းနားလာေဝွ႔႐ုံနဲ႔ သတိလစ္သြားတယ္ဆိုေတာ့ တို႔ေဆးထက္ကို ပိုဆိုးတဲ့ သေဘာမွာ ရွိေနၾကပါၿပီ။ အားလုံး သတိထားၾကပါ။
သက္ဆိုင္ရာ တာဝန္ရွိသူေတြကလည္း စိစစ္ၾကပ္မတ္ေပးၾကပါ ခင္ဗ်ာ
Credit to Orginal Uploder
Unicode
တို့ဆေးထက် ပိုဆိုးတဲ့ နောက်တမျိုး လာပြီ
တို့ဆေးနဲ့ လူကို တို့ပြီး ခေါ်သွားတာကို စာဖတ်သူတို့ သိပြီး ဖြစ်မှာပါ။ တို့ပြီး ပစ္စည်းတွေ ချွတ်ယူကြတယ်ဆိုတဲ့ အကြောင်းပေါ့။ အခုဟာက တို့ဆေးထက် ပိုထိရောက်တဲ့ “ရှူဆေး” ပါတဲ့ ခင်ဗျာ။
ခံစားခဲ့ရတဲ့ သူကိုယ်တိုင် ပြောပြတဲ့ ကိုယ်တွေ့အကြောင်းကို ဖော်ပြလိုက်ပါတယ်
“မေကြီးပျောက်ဆုံး ခဲ့စဉ်က ဖြစ်စဉ်ကို ရှင်းပြပါ့မယ်။ မေကြီးက ၂၀၁၉ခုနှစ် ၂လပိုင်း ၁၆ရက်နေ့ညနေက သမိုင်းဘူတာဈေးမှဈေးဝယ်ပြီး အိမ်သို့အပြန် နံပါတ်၁၅ ကားပေါ်မတက်ခင်မှာ အမျိုးသမီးတစ်ဦးက ဒူးနာနေလို့ သူ့ကိုကားပေါ်တွဲတင်ပေးဖို့ အကူအညီတောင်းပါတယ်။
ကားပေါ်မှာ ဘေးချင်းကပ်နေရာရပြီး သမိုင်းလမ်းဆုံနားလောက်အရောက်မှာ မေကြီးကို “အစ်မ ခေါင်းမူးနေလားဒီမှာရှူဆေး”ဆိုပြီး နှာခေါင်းနားကို လက်ကလာပြီးတို့ပါတယ်။ မေကြီးက ချိုချိုအီအီအနံ့ကြီးရလို့ ချက်ချင်းပုတ်ထုတ်လိုက်ပါတယ်။
ဒါပေမယ့် အဲ့ဒီ့အချိန်နောက်ပိုင်းကစပြီး ဘာဖြစ်တယ်ဆိုတာကို မမှတ်မိပါဘူး။ နောက်နေ့မနက်ဝေလီဝေလင်းလောက်မှာ ပျဉ်းမနားဘူတာရုံရောက်နေတယ်ဆိုပြီး အနားကသူတွေလာနှိုးမှ သတိဝင်လာပါတယ်။
ပျဉ်းမနားက ကန်ဦးမဟာစည်ဘုန်းကြီးကျောင်းမှာ တည်းခိုပြီး ၂၀၁၉ခုနှစ် ၂လပိုင်း ၂၂ ရက်နေ့မှာ အိမ်နဲ့ အဆက်အသွယ်ပြန်ရပြီး ပျဉ်းမနားကနေ ရန်ကုန်နေအိမ်ကို ပြန်ရောက်နေပါပြီ။
ဖုန်းနဲ့ ပိုက်ဆံ ၁သိန်းခွဲနီးပါးပါသွားပါတယ်လူတော့ဘာထိခိုက်ဒဏ်ရာမှမရှိပါဘူးစိတ်ပူပေးကြသူများ၊ သတင်းမေးကြသူများကိုလည်း ကျေးဇူးတင်ပါတယ်။”
ကဲ ဖြစ်စဉ်ကတော့ ဘယ်လိုမှ ထင်မှတ်မထားတဲ့ ပုံစံနဲ့ ဖြစ်လာပါပြီ။ တို့ရုံမဟုတ်ဘဲ လက်မှာဆေးသုတ်ပြီး နှာခေါင်းနားလာဝှေ့ရုံနဲ့ သတိလစ်သွားတယ်ဆိုတော့ တို့ဆေးထက်ကို ပိုဆိုးတဲ့ သဘောမှာ ရှိနေကြပါပြီ။ အားလုံး သတိထားကြပါ။
သက်ဆိုင်ရာ တာဝန်ရှိသူတွေကလည်း စိစစ်ကြပ်မတ်ပေးကြပါ ခင်ဗျာ
Credit to Orginal Uploder
Leave a Reply