ပုရိသေယာက်္ားတို႕ မျငင္းဆန္ ႏိုင္တဲ့ မိန္းမတို႕ရဲ႕ မာယာ(၁၂)ခု

မိန္းမတို႕ရဲ႕ မာယာ(၁၂)ခု
မိန္းမတို႕ရဲ႕ မာယာ(၁၂)ခု

ပုရိသေယာက်္ားတို႕ မျငင္းဆန္ ႏိုင္တဲ့ မိန္းမတို႕ရဲ႕ မာယာ(၁၂)ခု

မိန္းမျဖစ္ၿပီး မိန္းမမာယာကို မသိျဖစ္ေနပါသလား။ စိတ္မပူပါနဲ႔။ ေဟာဒီက မမ ရွင္းျပေပးမွာေပါ့။ အမွန္ကေလ မိန္းကေလးဆိုတာ ေမြးကတည္းက မာယာဆိုတာ ကပ္ပါၿပီးသား။ မသိေသးလို႔ မေဖာ္ထုတ္တတ္ေသးတာ။ မာယာဆိုတဲ့ အဓိပၸါယ္က ဆြဲေဆာင္ျခင္းေပါ့ကြယ္။

တကယ္က တမင္တကာႀကီး သိသိသာသာ ဆြဲေဆာင္တာမ်ိဳး မဟုတ္ပါဘူး။ မသိမသာေလးနဲ႔ ဆြဲေဆာင္လို႔ ဆြဲေဆာင္မွန္းမသိေအာင္ ျပဳမူေနထိုင္တာမ််ိဳးကို ေခၚတယ္။ ကဲ…ဘာေတြလည္းဆိုတာဖတ္ၾကည့္ပါဦး။

(၁)အမ်ိဳးသားေတြအတြက္ ဒိုင္လူႀကီးမလိုအပ္ပါဘူး။

ေျပာလိုက္တဲ့စကားတိုင္းကိုဆုံးျဖတ္ေပးတာကို မႀကိဳက္ပါဘူး။အမွန္ပါပဲ နားေထာင္ေကာင္းသူ တစ္ေယာက္ျဖစ္ေအာင္ပဲ ႀကိဳးစားေစခ်င္တယ္ ေယာင္းတို႔ေရ။ကိစၥတိုင္းက သူတို႔ဦးေဆာင္မွ ၿပီးမွပုံစံက အေကာင္းဆုံးပါပဲ။ စိတ္မဝင္စားဘဲ နဲ႔လည္း စိတ္ဝင္စားခ်င္ေယာင္ မေဆာင္သင့္ျပန္ပါဘူး။

(၂)အေသးအဖြဲ႕ေတြကို ဟန္မေဆာင္ပါႏွင့္။

႐ိုးသားပြင့္လင္းတဲ့ရယ္ေမာသံေတြဟာ အမ်ိဳးသားေတြအတြက္ဆြဲေဆာင္မႈတစ္ခုပါ။

(၃)ခ်စ္စရာအျငင္းပြားဟန္ျပဳပါ။

ေယာက်္ားအမ်ားစုဟာ အ႐ူံးမေပးတတ္တဲ့စိတ္ကိုသေဘာက်တတ္ပါတယ္။စကားႏိုင္လုတတ္တဲ့ မိန္းကေလးကို စိတ္ဝင္စားမႈပိုလို႔ရွိပါေသးတယ္။

(၄)ေပ်ာ္စရာမိန္းကေလးလို ျပဳမူေနထိုင္ပါ။

ေျပာင္တတ္စေနာက္တတ္ပါေစ။သူကခ်ည္း စေနရင္လည္း ပ်င္းစရာေကာင္းတာေပါ့ ေယာင္းတို႔ရာ။

(၅)လြယ္လြယ္အခြင့္အေရးမေပးရန္လိုအပ္ပါသည္။

ခ်က္ခ်င္းအေျဖမေပးနဲ႔။လြယ္လြယ္ရတဲ့ အရာကို ေယာက်္ားေလးမွ မဟုတ္ဘူး ဘယ္သူမွ တန္ဖိုးမထားခ်င္ပါဘူး။

(၆)ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈ ရွိရန္ အလွျပင္ပါ။

အေကာင္းဆုံးျပင္ဆင္ထားတဲ့ မိန္းမနဲ႔ တူတူထိုင္ရင္ ကိုယ့္ကိုယ္ကိုယ္ျပန္အထင္ႀကီးတတ္ၾကတာ ေယာက်္ားတို႔ သဘာဝပါ။

(၇)ေရေမႊးသုံးဖို႔လိုအပ္ပါတယ္။

မိန္းကေလးမွာ အနံ႔တစ္မ်ိဳးမ်ိဳးရွိတာကိုသေဘာက်တာလည္း သူတို႔ပါဘဲ။(သဲ ကိုယ္သင္းနံ႔ေလးက ေမႊးေနတာပဲ ဆိုတာေတာ့ သူေျပာဖူးလားေတာ့ မသိဘူး)။

(၈)ကိုယ္ဟာ ၾကင္နာသူတစ္ဦးျဖစ္ပါေစ။

အေအးေသာက္ေနတုန္းအလႉခံလာရင္ မျငင္းပါႏွင့္။မိန္းကေလးေပမဲ့ အရာရာကို မႏွေျမာတတ္ေၾကာင္း ျပတဲ့သေဘာပါပဲ။ အမ်ိဳးသားေတြဝမ္းနည္းစရာေျပာလာတဲ့အခါ အရမ္းသနားတတ္တဲ့ ပုံ ခံစားေပးပါ။ဒါလည္း မာယာတစ္ခုပါပဲ။

(၉)ပြင့္လင္းတက္ႂကြစြာ ေနပါ။

အမ်ိဳးသားမိတ္ေဆြနဲ႔ မိတ္ေဆြႏွင့္မိတ္ဆက္ေပးရင္ ရွက္႐ြံ႕မေနပါႏွင့္။လူေတာတိုးတယ္ ဆိုတဲ့ စကားၾကားဖူးတယ္မလား။ရွက္သင့္တဲ့ေနရာမွာပဲ ရွက္ပါေနာ္။

(၁၀)အၿပိဳင္အဆိုင္ေတြရွိတယ္ဆိုတာ နားလည္ပါေစ။

ၿပိဳင္ဆိုင္မႈနဲ႔ရတဲ့မိန္းကေလးကို ပိုၿပီးတန္ဖိုးထား တတ္ၾကပါတယ္။လာႏူတ္ဆက္တဲ့ ေကာင္ေလးရွိရင္ ရင္းရင္းႏွီးႏွီးေျပာပါ(သဝန္တိုေအာင္ လို႔ပါ)။

(၁၁)အသုံးခ်မယ့္အျပဳအမူေတြ မျပဳလုပ္ပါႏွင့္။

သေဘာက်ခံရတဲ့ အဆင့္ပဲရွိေသးသည္ျဖစ္ေစ ဘယ္ေတာ့မွ မခိုင္းပါႏွင့္(ပစၥည္းေတြ ၊စကားမွာတာေတြ)။ သူခိုင္းတာလုပ္ေပးေနတာပဲ ငါေမွ်ာ္လင့္ခ်က္ရွိေသးတယ္ဆိုၿပီး သူတို႔စိတ္ထဲဝင္သြားႏိူင္ပါတယ္။

(၁၂)အမွတ္ရစရာ အျပဳအမူေတြျဖစ္ပါေစ။

သူနဲ႔ခ်ိန္းမွ မိုး႐ြာရင္ ထီးမပါတာမ်ိဳးေပါ့။ဆြတ္ပ်ံ႕ၾကည္ႏူးဖြယ္ အမွတ္တရေလးေတြ ဖန္တီးေပးပါ။

ေယာင္းအေပါင္းတို႔ ..မိန္းမမာယာဆိုတာ ဒါမ်ိဳးေတြေပါ့ကြယ္။ ပုရိသေတြက ဒါေတြ မသိဘူးမ်ား ထင္ေနလား။ သိပ္သိပ။ သိေပမယ့္လည္း သူတို႔ ျငင္းဆန္မရတာကိုက မိန္းမမာယာလို႔ ေခၚသတဲ့ကြယ္။

Credit:For Her Myanmar

Unicode

ပုရိသယောကျ်ားတို့ မငြင်းဆန် နိုင်တဲ့ မိန်းမတို့ရဲ့ မာယာ(၁၂)ခု

မိန်းမဖြစ်ပြီး မိန်းမမာယာကို မသိဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ ဟောဒီက မမ ရှင်းပြပေးမှာပေါ့။ အမှန်ကလေ မိန်းကလေးဆိုတာ မွေးကတည်းက မာယာဆိုတာ ကပ်ပါပြီးသား။ မသိသေးလို့ မဖော်ထုတ်တတ်သေးတာ။ မာယာဆိုတဲ့ အဓိပ္ပါယ်က ဆွဲဆောင်ခြင်းပေါ့ကွယ်။

တကယ်က တမင်တကာကြီး သိသိသာသာ ဆွဲဆောင်တာမျိုး မဟုတ်ပါဘူး။ မသိမသာလေးနဲ့ ဆွဲဆောင်လို့ ဆွဲဆောင်မှန်းမသိအောင် ပြုမူနေထိုင်တာမျျိုးကို ခေါ်တယ်။ ကဲ…ဘာတွေလည်းဆိုတာဖတ်ကြည့်ပါဦး။

(၁)အမျိုးသားတွေအတွက် ဒိုင်လူကြီးမလိုအပ်ပါဘူး။

ပြောလိုက်တဲ့စကားတိုင်းကိုဆုံးဖြတ်ပေးတာကို မကြိုက်ပါဘူး။အမှန်ပါပဲ နားထောင်ကောင်းသူ တစ်ယောက်ဖြစ်အောင်ပဲ ကြိုးစားစေချင်တယ် ယောင်းတို့ရေ။ကိစ္စတိုင်းက သူတို့ဦးဆောင်မှ ပြီးမှပုံစံက အကောင်းဆုံးပါပဲ။ စိတ်မဝင်စားဘဲ နဲ့လည်း စိတ်ဝင်စားချင်ယောင် မဆောင်သင့်ပြန်ပါဘူး။

(၂)အသေးအဖွဲ့တွေကို ဟန်မဆောင်ပါနှင့်။

ရိုးသားပွင့်လင်းတဲ့ရယ်မောသံတွေဟာ အမျိုးသားတွေအတွက်ဆွဲဆောင်မှုတစ်ခုပါ။

(၃)ချစ်စရာအငြင်းပွားဟန်ပြုပါ။

ယောကျ်ားအများစုဟာ အရူံးမပေးတတ်တဲ့စိတ်ကိုသဘောကျတတ်ပါတယ်။စကားနိုင်လုတတ်တဲ့ မိန်းကလေးကို စိတ်ဝင်စားမှုပိုလို့ရှိပါသေးတယ်။

(၄)ပျော်စရာမိန်းကလေးလို ပြုမူနေထိုင်ပါ။

ပြောင်တတ်စနောက်တတ်ပါစေ။သူကချည်း စနေရင်လည်း ပျင်းစရာကောင်းတာပေါ့ ယောင်းတို့ရာ။

(၅)လွယ်လွယ်အခွင့်အရေးမပေးရန်လိုအပ်ပါသည်။

ချက်ချင်းအဖြေမပေးနဲ့။လွယ်လွယ်ရတဲ့ အရာကို ယောကျ်ားလေးမှ မဟုတ်ဘူး ဘယ်သူမှ တန်ဖိုးမထားချင်ပါဘူး။

(၆)ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိရန် အလှပြင်ပါ။

အကောင်းဆုံးပြင်ဆင်ထားတဲ့ မိန်းမနဲ့ တူတူထိုင်ရင် ကိုယ့်ကိုယ်ကိုယ်ပြန်အထင်ကြီးတတ်ကြတာ ယောကျ်ားတို့ သဘာဝပါ။

(၇)ရေမွှေးသုံးဖို့လိုအပ်ပါတယ်။

မိန်းကလေးမှာ အနံ့တစ်မျိုးမျိုးရှိတာကိုသဘောကျတာလည်း သူတို့ပါဘဲ။(သဲ ကိုယ်သင်းနံ့လေးက မွှေးနေတာပဲ ဆိုတာတော့ သူပြောဖူးလားတော့ မသိဘူး)။

(၈)ကိုယ်ဟာ ကြင်နာသူတစ်ဦးဖြစ်ပါစေ။

အအေးသောက်နေတုန်းအလှူခံလာရင် မငြင်းပါနှင့်။မိန်းကလေးပေမဲ့ အရာရာကို မနှမြောတတ်ကြောင်း ပြတဲ့သဘောပါပဲ။ အမျိုးသားတွေဝမ်းနည်းစရာပြောလာတဲ့အခါ အရမ်းသနားတတ်တဲ့ ပုံ ခံစားပေးပါ။ဒါလည်း မာယာတစ်ခုပါပဲ။

(၉)ပွင့်လင်းတက်ကြွစွာ နေပါ။

အမျိုးသားမိတ်ဆွေနဲ့ မိတ်ဆွေနှင့်မိတ်ဆက်ပေးရင် ရှက်ရွံ့မနေပါနှင့်။လူတောတိုးတယ် ဆိုတဲ့ စကားကြားဖူးတယ်မလား။ရှက်သင့်တဲ့နေရာမှာပဲ ရှက်ပါနော်။

(၁၀)အပြိုင်အဆိုင်တွေရှိတယ်ဆိုတာ နားလည်ပါစေ။

ပြိုင်ဆိုင်မှုနဲ့ရတဲ့မိန်းကလေးကို ပိုပြီးတန်ဖိုးထား တတ်ကြပါတယ်။လာနူတ်ဆက်တဲ့ ကောင်လေးရှိရင် ရင်းရင်းနှီးနှီးပြောပါ(သဝန်တိုအောင် လို့ပါ)။

(၁၁)အသုံးချမယ့်အပြုအမူတွေ မပြုလုပ်ပါနှင့်။

သဘောကျခံရတဲ့ အဆင့်ပဲရှိသေးသည်ဖြစ်စေ ဘယ်တော့မှ မခိုင်းပါနှင့်(ပစ္စည်းတွေ ၊စကားမှာတာတွေ)။ သူခိုင်းတာလုပ်ပေးနေတာပဲ ငါမျှော်လင့်ချက်ရှိသေးတယ်ဆိုပြီး သူတို့စိတ်ထဲဝင်သွားနိူင်ပါတယ်။

(၁၂)အမှတ်ရစရာ အပြုအမူတွေဖြစ်ပါစေ။

သူနဲ့ချိန်းမှ မိုးရွာရင် ထီးမပါတာမျိုးပေါ့။ဆွတ်ပျံ့ကြည်နူးဖွယ် အမှတ်တရလေးတွေ ဖန်တီးပေးပါ။

ယောင်းအပေါင်းတို့ ..မိန်းမမာယာဆိုတာ ဒါမျိုးတွေပေါ့ကွယ်။ ပုရိသတွေက ဒါတွေ မသိဘူးများ ထင်နေလား။ သိပ်သိပ။ သိပေမယ့်လည်း သူတို့ ငြင်းဆန်မရတာကိုက မိန်းမမာယာလို့ ခေါ်သတဲ့ကွယ်။

Credit:For Her Myanmar

Be the first to comment

Leave a Reply

Your email address will not be published.


*