Relationship တခု ခိုင္ျမဲဖို႕ဆိုရင္ ဒီအခ်က္ေလးေတြကို သိထားဖို႔ လိုတယ္ေနာ္ …

Relationship တခု ခိုင္ျမဲဖို႕ဆိုရင္
Relationship တခု ခိုင္ျမဲဖို႕ဆိုရင္

Relationship တခု ခိုင္ျမဲဖို႕ဆိုရင္ ဒီအခ်က္ေလးေတြကို သိထားဖို႔ လိုတယ္ေနာ္ …

ခ်စ္သူစုံတြဲေလးတိုင္ ဒီအခ်က္ေလးေတြ သိထားဖို႔ လိုတယ္ေနာ္ ဒါမွသာ အခ်စ္ေရး ခိုင္ၿမဲမွာခ်စ္သူနဲ႔ ျပႆနာတက္ရင္ ဘယ္လိုေျဖရွင္းမလဲခ်စ္သူေတြၾကားထဲမွာ ျပႆနာေတြ ဆက္လာၿပီဆိုရင္ေတာ့ ေျဖရွင္းလို႔ရမယ့္ နည္းလမ္းေကာင္းေတြ သိထားဖို႔ လိုတယ္ေနာ္။ ဒါမွသာ အခ်စ္ေရး ခိုင္ၿမဲမွာ။

ခ်စ္သူစုံတြဲေလးတိုင္း ျပႆနာကိုယ္စီ ရွိတတ္ၾကပါတယ္။ ၾကည္ႏူးၾကတဲ့ရက္ေတြ ရွိသလို ျပႆနာေတြ ေတာက္ေလွ်ာက္တတ္ၿပီး ရန္ျဖစ္ၾကတဲ့ရက္ေတြလည္း ရွိပါတယ္။

ဒီေတာ့ ျပႆနာ တက္ရင္ ဘယ္လိုေျဖရွင္းၾကမလဲဆိုတာ သိထားဖို႔ လိုပါတယ္။ မဟုတ္ရင္ ရန္ျဖစ္တာနည္းနည္း စိတ္ေတြပိုရႈပ္ၿပီး ျပတ္စဲသြားတာမ်ိဳး ျဖစ္တတ္တာေၾကာင့္ပါ။

တဖက္က ေလွ်ာ့ပါ

ရန္ျဖစ္ၾကတဲ့အခါမွာ တဖက္ကေတာ့ ပိုစိတ္ဆိုး၊ ပိုေဒါသထြက္ေနမွာ ေသခ်ာပါတယ္။ အဲဒီအခါမွာ စိတ္ဆိုးေဒါသထြက္ေနလည္း တဖက္က ေလွ်ာ့ေပးလိုက္ပါ။

တဖက္က အတတ္ႏိုင္ဆုံး စိတ္ေလွ်ာ့ထားလိုက္တဲ့အခါ က်န္တဖက္ကပါ စိတ္အလိုလို ျပန္ေျပလာပါ့လိမ့္မယ္။ မဟုတ္ရင္ သူတင္း ကိုယ္တင္းနဲ႔ ျပႆနာပိုႀကီးလာႏိုင္ပါတယ္။

ႏွလုံးသားေနာက္ကို လိုက္ပါ

ဘယ္ေလာက္ပဲ ရန္ျဖစ္ျဖစ္၊ ဘယ္ေလာက္ပဲ စိတ္ဆိုးဆိုး ႏွလုံးသားက မျပတ္ႏိုင္တာ ေသခ်ာရင္ မျပတ္ႏိုင္ေၾကာင္း ေျပာပါ။ တဖက္က ျပတ္မယ္ေျပာတိုင္း ကိုယ္ကပါ မာနေတြတင္းၿပီး မေလွ်ာ့ရင္ ျပႆနာ ပိုျဖစ္ႏိုင္ပါတယ္။ျ ပတ္ဆဲၾကမယ္ဆိုဦးေတာ့ ႏွလုံးသားက မျပတ္ႏိုင္ရင္ မျပတ္ႏိုင္ဘူးပဲ ေျပာပါ။

ျပႆနာကို အခ်ိန္မဆြဲပါနဲ႔

ျပႆနာတစ္ခုကို ေျဖရွင္းတဲ့အခါမွာ စိတ္ထဲမွာ ရွင္းလင္းသြားတဲ့အထိ ေျဖရွင္းပါ။ ျပႆနာကို အခ်ိန္ဆြဲမထားပါနဲ႔။ ၿပီးၿပီးေရာလည္း မေျဖရွင္းဘဲနဲ႔ ေသခ်ာတစ္ခုခ်င္း ေျပလည္ေအာင္သာ ရွင္းပါ။

အဲဒီလိုမွ မဟုတ္ရင္ ႏွစ္ေယာက္စလုံးအတြက္ ပိုၿပီးေတာ့ အဆင္မေျပတာေတြ ျဖစ္လာႏိုင္တာေၾကာင့္ပါ။

လူခ်င္းေတြ႕ၿပီး ရွင္းပါ

သမီးရည္းစားၾကားမွာ ဘာျပႆနာပဲ တက္တက္ လူခ်င္းေတြ႕ၿပီးပဲ ေျဖရွင္းပါ။ လူခ်င္းေတြ႕ၿပီး ေျဖရွင္းတာမ်ိဳး မဟုတ္ဘဲ social ေတြေပၚမွာ ရွင္းတာမ်ိဳး၊ ဖုန္းနဲ႔ ရန္ေတြ ျဖစ္ေနတာမ်ိဳး မလုပ္ပါနဲ႔။ ခ်စ္သူဆိုတာေတြ႕ေနရရင္ ျပႆနာ တဝက္ၿငိမ္းပါတယ္ေနာ္။

ငယ္က်ိဳးငယ္နာေတြ မေဖာ္ပါနဲ႔

ရည္းစားေတြ ရန္ျဖစ္ၾကတဲ့အခါ ငယ္က်ိဳးငယ္နာ ေဖာ္တာေတြ နာက်င္ေအာင္ ေျပာဆိုတာေတြ လုံးဝ မလုပ္မိဖို႔ လိုပါတယ္။ျ ဖစ္တဲ့ျပႆနာေပၚပဲ မူတည္ၿပီး ေျဖရွင္းပါေနာ္။ မဟုတ္ရင္ ပိုၿပီးေတာ့ စိတ္ညစ္ရၿပီး လမ္းခြဲရတာမ်ိဳး ျဖစ္ႏိုင္တာေၾကာင့္ပါ။

ခ်စ္သူေတြၾကားထဲမွာ ျပႆနာေတြ ဆက္လာၿပီဆိုရင္ေတာ့ ေျဖရွင္းလို႔ရမယ့္ နည္းလမ္းေကာင္းေတြ သိထားဖို႔ လိုတယ္ေနာ္။ ဒါမွသာ အခ်စ္ေရး ခိုင္ၿမဲမွာ။

Credit to Love Daily News

Unicode

Relationship တခု ခိုင်မြဲဖို့ဆိုရင် ဒီအချက်လေးတွေကို သိထားဖို့ လိုတယ်နော် …

ချစ်သူစုံတွဲလေးတိုင် ဒီအချက်လေးတွေ သိထားဖို့ လိုတယ်နော် ဒါမှသာ အချစ်ရေး ခိုင်မြဲမှာချစ်သူနဲ့ ပြဿနာတက်ရင် ဘယ်လိုဖြေရှင်းမလဲချစ်သူတွေကြားထဲမှာ ပြဿနာတွေ ဆက်လာပြီဆိုရင်တော့ ဖြေရှင်းလို့ရမယ့် နည်းလမ်းကောင်းတွေ သိထားဖို့ လိုတယ်နော်။ ဒါမှသာ အချစ်ရေး ခိုင်မြဲမှာ။

ချစ်သူစုံတွဲလေးတိုင်း ပြဿနာကိုယ်စီ ရှိတတ်ကြပါတယ်။ ကြည်နူးကြတဲ့ရက်တွေ ရှိသလို ပြဿနာတွေ တောက်လျှောက်တတ်ပြီး ရန်ဖြစ်ကြတဲ့ရက်တွေလည်း ရှိပါတယ်။

ဒီတော့ ပြဿနာ တက်ရင် ဘယ်လိုဖြေရှင်းကြမလဲဆိုတာ သိထားဖို့ လိုပါတယ်။ မဟုတ်ရင် ရန်ဖြစ်တာနည်းနည်း စိတ်တွေပိုရှုပ်ပြီး ပြတ်စဲသွားတာမျိုး ဖြစ်တတ်တာကြောင့်ပါ။

တဖက်က လျှော့ပါ

ရန်ဖြစ်ကြတဲ့အခါမှာ တဖက်ကတော့ ပိုစိတ်ဆိုး၊ ပိုဒေါသထွက်နေမှာ သေချာပါတယ်။ အဲဒီအခါမှာ စိတ်ဆိုးဒေါသထွက်နေလည်း တဖက်က လျှော့ပေးလိုက်ပါ။

တဖက်က အတတ်နိုင်ဆုံး စိတ်လျှော့ထားလိုက်တဲ့အခါ ကျန်တဖက်ကပါ စိတ်အလိုလို ပြန်ပြေလာပါ့လိမ့်မယ်။ မဟုတ်ရင် သူတင်း ကိုယ်တင်းနဲ့ ပြဿနာပိုကြီးလာနိုင်ပါတယ်။

နှလုံးသားနောက်ကို လိုက်ပါ။

ဘယ်လောက်ပဲ ရန်ဖြစ်ဖြစ်၊ ဘယ်လောက်ပဲ စိတ်ဆိုးဆိုး နှလုံးသားက မပြတ်နိုင်တာ သေချာရင် မပြတ်နိုင်ကြောင်း ပြောပါ။ တဖက်က ပြတ်မယ်ပြောတိုင်း ကိုယ်ကပါ မာနတွေတင်းပြီး မလျှော့ရင် ပြဿနာ ပိုဖြစ်နိုင်ပါတယ်။ြ ပတ်ဆဲကြမယ်ဆိုဦးတော့ နှလုံးသားက မပြတ်နိုင်ရင် မပြတ်နိုင်ဘူးပဲ ပြောပါ။

ပြဿနာကို အချိန်မဆွဲပါနဲ့

ပြဿနာတစ်ခုကို ဖြေရှင်းတဲ့အခါမှာ စိတ်ထဲမှာ ရှင်းလင်းသွားတဲ့အထိ ဖြေရှင်းပါ။ ပြဿနာကို အချိန်ဆွဲမထားပါနဲ့။ ပြီးပြီးရောလည်း မဖြေရှင်းဘဲနဲ့ သေချာတစ်ခုချင်း ပြေလည်အောင်သာ ရှင်းပါ။

အဲဒီလိုမှ မဟုတ်ရင် နှစ်ယောက်စလုံးအတွက် ပိုပြီးတော့ အဆင်မပြေတာတွေ ဖြစ်လာနိုင်တာကြောင့်ပါ။

လူချင်းတွေ့ပြီး ရှင်းပါ

သမီးရည်းစားကြားမှာ ဘာပြဿနာပဲ တက်တက် လူချင်းတွေ့ပြီးပဲ ဖြေရှင်းပါ။ လူချင်းတွေ့ပြီး ဖြေရှင်းတာမျိုး မဟုတ်ဘဲ social တွေပေါ်မှာ ရှင်းတာမျိုး၊ ဖုန်းနဲ့ ရန်တွေ ဖြစ်နေတာမျိုး မလုပ်ပါနဲ့။ ချစ်သူဆိုတာတွေ့နေရရင် ပြဿနာ တဝက်ငြိမ်းပါတယ်နော်။

ငယ်ကျိုးငယ်နာတွေ မဖော်ပါနဲ့

ရည်းစားတွေ ရန်ဖြစ်ကြတဲ့အခါ ငယ်ကျိုးငယ်နာ ဖော်တာတွေ နာကျင်အောင် ပြောဆိုတာတွေ လုံးဝ မလုပ်မိဖို့ လိုပါတယ်။ြ ဖစ်တဲ့ပြဿနာပေါ်ပဲ မူတည်ပြီး ဖြေရှင်းပါနော်။ မဟုတ်ရင် ပိုပြီးတော့ စိတ်ညစ်ရပြီး လမ်းခွဲရတာမျိုး ဖြစ်နိုင်တာကြောင့်ပါ။

ချစ်သူတွေကြားထဲမှာ ပြဿနာတွေ ဆက်လာပြီဆိုရင်တော့ ဖြေရှင်းလို့ရမယ့် နည်းလမ်းကောင်းတွေ သိထားဖို့ လိုတယ်နော်။ ဒါမှသာ အချစ်ရေး ခိုင်မြဲမှာ။

Credit to Love Daily News

Be the first to comment

Leave a Reply

Your email address will not be published.


*