တစ္ခုလပ္မတစ္ေယာက္ရဲ႕ အမွ်ေပးေဝပုံက ဒီလိုရွိတယ္ဗ်

တစ္ခုလပ္မတစ္ေယာက္ရဲ႕ အမွ်ေပးေဝပုံ
တစ္ခုလပ္မတစ္ေယာက္ရဲ႕ အမွ်ေပးေဝပုံ

တစ္ခုလပ္မတစ္ေယာက္ရဲ႕ အမွ်ေပးေဝပုံက ဒီလိုရွိတယ္ဗ်

ေရွးတုန္းက ႐ြာတစ္႐ြာ မွာ
ေယာက္်ားပစ္သြား တဲ့ အမ်ိဳးသမီးတစ္ေယာက္ဟာ
သူ႔သားတစ္ေယာက္နဲ႔ အတူ ေနထိုင္ ပါတယ္။

သူ႔အလုပ္က အေၾကာ္ေရာင္း တဲ့ အလုပ္ပါ။
မနက္တိုင္း သူအေၾကာ္ အေရာင္းထြက္ တဲ့ အခ်ိန္မွာ
က်ီးကန္း တစ္ေကာင္ က အေၾကာ္ဗန္းထဲက
အေၾကာ္တစ္ခု ကို အၿမဲတမ္း ခ်ီေျပးေလ့ ရွိပါတယ္။

ဒါကို အဲဒီအမ်ိဳးသမီး က မေက်နပ္ဘူး ။

ေနာက္တစ္ခါ
လင္သားမရွိေတာ့ အလုပ္ကလည္း ပိုလုပ္ရျပန္
အိမ္မွာကလည္း သားအမိႏွစ္ေယာက္တည္း
ရွိေနတာ ဆိုေတာ့

သန႔္ရွင္းေရး အားနည္းေတာ့ အိပ္ရာေပၚ အိပ္တိုင္း ၾကမ္းပိုးကလည္း ကိုက္ပါ သတဲ့။ ဒါကိုလည္း မေက်နပ္ျပန္ဘူး ။

ေနာက္တစ္ခါ သူ႔ေယာက္်ား ကို ခိုးသြား တဲ့
လင္ခိုးမ ကိုလည္း မေက်နပ္ျပန္ဘူး တဲ့ ။

တစ္ခါ ႐ြာေဆာ္ ကလည္း
သူ႔အိမ္ ကို ကင္းခဏခဏ ခ်တယ္။

ကင္းခ်တိုင္း အိမ္မွာ က ေယာက္်ားသား ကလည္း
မရွိေတာ့ အၿမဲတမ္း လူငွားၿပီး အစားလႊတ္ ေပး ရတယ္။
ဒါကိုလည္း မေက်နပ္ျပန္ဘူး။

ဒီလိုနဲ႔ အဲဒီအမ်ိဳးသမီးက
သူ႔သားေလး ရွင္ျပဳအလႉ လုပ္ေတာ့
ဆရာေတာ္က ေရစက္ခ်မယ္လည္း ဆိုေရာ

ေနပါဦး ဘုရား တျပည့္ေတာ္ ကုသိုလ္အမွ်
မေပးခ်င္တဲ့ ပုဂၢိဳလ္ ေလးေယာက္ ရွိပါတယ္ ဘုရား ။
အဲဒီ ေလးေယာက္ ဖယ္ၿပီး အမွ်ေဝပါ့မယ္ ဘုရား။

ေျပာေျပာဆိုဆို ထိုအမ်ိဳးသမီး အမွ်ေဝလိုက္ပုံ က

က်ီးကန္းနဲ႔ ၾကမ္းပိုး
လင္ခိုးမနဲ႔ ႐ြာေဆာ္
သည္ေလးေဖာ္ ခ်န္လွပ္၍

က်န္တာမွန္သမွ် အမွ် အမွ် အမွ်
ယူေတာ္မူၾကပါေတာ္ တဲ့ …

ျဖဴးဆရာေတာ္ႀကီး၏
ကြမ္းယာတရားေတာ္ မွ တစ္ခန္းရပ္ေလး

Crd.

Unicode

တစ်ခုလပ်မတစ်ယောက်ရဲ့ အမျှပေးဝေပုံက ဒီလိုရှိတယ်ဗျ

ရှေးတုန်းက ရွာတစ်ရွာ မှာ
ယောက်ျားပစ်သွား တဲ့ အမျိုးသမီးတစ်ယောက်ဟာ
သူ့သားတစ်ယောက်နဲ့ အတူ နေထိုင် ပါတယ်။

သူ့အလုပ်က အကြော်ရောင်း တဲ့ အလုပ်ပါ။
မနက်တိုင်း သူအကြော် အရောင်းထွက် တဲ့ အချိန်မှာ
ကျီးကန်း တစ်ကောင် က အကြော်ဗန်းထဲက
အကြော်တစ်ခု ကို အမြဲတမ်း ချီပြေးလေ့ ရှိပါတယ်။

ဒါကို အဲဒီအမျိုးသမီး က မကျေနပ်ဘူး ။

နောက်တစ်ခါ
လင်သားမရှိတော့ အလုပ်ကလည်း ပိုလုပ်ရပြန်
အိမ်မှာကလည်း သားအမိနှစ်ယောက်တည်း
ရှိနေတာ ဆိုတော့

သန့်ရှင်းရေး အားနည်းတော့ အိပ်ရာပေါ် အိပ်တိုင်း ကြမ်းပိုးကလည်း ကိုက်ပါ သတဲ့။ ဒါကိုလည်း မကျေနပ်ပြန်ဘူး ။

နောက်တစ်ခါ သူ့ယောက်ျား ကို ခိုးသွား တဲ့
လင်ခိုးမ ကိုလည်း မကျေနပ်ပြန်ဘူး တဲ့ ။

တစ်ခါ ရွာဆော် ကလည်း
သူ့အိမ် ကို ကင်းခဏခဏ ချတယ်။

ကင်းချတိုင်း အိမ်မှာ က ယောက်ျားသား ကလည်း
မရှိတော့ အမြဲတမ်း လူငှားပြီး အစားလွှတ် ပေး ရတယ်။
ဒါကိုလည်း မကျေနပ်ပြန်ဘူး။

ဒီလိုနဲ့ အဲဒီအမျိုးသမီးက
သူ့သားလေး ရှင်ပြုအလှူ လုပ်တော့
ဆရာတော်က ရေစက်ချမယ်လည်း ဆိုရော

နေပါဦး ဘုရား တပြည့်တော် ကုသိုလ်အမျှ
မပေးချင်တဲ့ ပုဂ္ဂိုလ် လေးယောက် ရှိပါတယ် ဘုရား ။
အဲဒီ လေးယောက် ဖယ်ပြီး အမျှဝေပါ့မယ် ဘုရား။

ပြောပြောဆိုဆို ထိုအမျိုးသမီး အမျှဝေလိုက်ပုံ က

ကျီးကန်းနဲ့ ကြမ်းပိုး
လင်ခိုးမနဲ့ ရွာဆော်
သည်လေးဖော် ချန်လှပ်၍

ကျန်တာမှန်သမျှ အမျှ အမျှ အမျှ
ယူတော်မူကြပါတော် တဲ့ …

ဖြူးဆရာတော်ကြီး၏
ကွမ်းယာတရားတော် မှ တစ်ခန်းရပ်လေး

Crd.

Be the first to comment

Leave a Reply

Your email address will not be published.


*