အိမ္ေတာင္လူမိုက္ ဘူးမစိုက္နဲ႔ ဟူေသာ စကားပုံေလး ရဲ႕ ဆိုလိုရင္းကို သိခ်င္သူမ်ား အတြက္

အိမ္ေတာင္လူမိုက္ ဘူးမစိုက္နဲ႔
အိမ္ေတာင္လူမိုက္ ဘူးမစိုက္နဲ႔

အိမ္ေတာင္လူမိုက္ ဘူးမစိုက္နဲ႔ ဟူေသာ စကားပုံေလး ရဲ႕ ဆိုလိုရင္းကို သိခ်င္သူမ်ား အတြက္

အိမ္ေတာင္ လူမိုက္ ဘူးမစိုက္ နဲ႔ ဆိုတာ ဘာကို ဆိုလိုတာလဲ ”အိမ္ေတာင္ လူမိုက္ ဘူးမစိုက္နဲ”့ သည္စကားပုံေလး ကို ငယ္စဥ္ ကပင္ ၾကားဖူး ခဲ့ ပါ၏။

သို႔ေသာ္ ဆိုလိုရင္း ကို ေဝဝါးစြာပင္။ အိမ္ေထာင္က်ၿပီး ဘူးစိုက္ရင္ လူမိုက္လား… လူလိမၼာမွ စိုက္ရမည္လား… စသျဖင့္ အသိ ေဝဝါး ခဲ့ဘူးသည္။ အမွတ္မထင္ ဆရာႀကီး (စစ္ကိုင္း ဦးဖိုးသင္း) ၏ ေဆာင္းပါး ကို ဖတ္မိ ၍ ဆိုလိုရင္း အမွန္ကို သိရ ေတာ့သည္။

ဘူးပင္ ကို အိမ္ဝင္းမ်ား အတြင္း မိုးအခါ စိုက္ပ်ိဳးတတ္သည္။ ေဆာင္း အခါေတာ့ ကိုင္းဘူးေပါ့။ မိုးတြင္း ေလ တိုက္ခတ္ရာ အရပ္ မွာ ေတာင္ေလ၊ အေနာက္ေတာင္ ေလမ်ား တိုက္ခတ္ ပါသည္။

ဘူးပင္ သည္ ေန႔အခါ ႏိုက္ထ႐ိုဂ်င္ ကို ရႉသြင္းၿပီး ေအာက္စီဂ်င္ကို ထုတ္ပါသည္။ ညအခါတြင္မေတာ့ ေအာက္စီဂ်င္ကို ရႉသြင္းၿပီး ကာဗြန္ဒိုင္ေအာက္ဆိုဒ္ ကို ထုတ္လႊတ္ ပါသတဲ့။

ကာဗြန္ဒိုင္ေအာက္ဆိုဒ္သည္ အဆိပ္ဓါတ္။ ထို႔ေၾကာင့္ အိမ္ေတာင္ဘက္တြင္ ဘူးပင္ စိုက္မိလွ်င္ ညအခါ ဘူးပင္ မွ လာေသာေလသည္ (ေလဆိုး ) အဆိပ္ဓါတ္ ပါပဲ။ ၾကာေသာအခါ က်န္းမာေရးထိခိုက္ၿပီး ရာဂါ မ်ိဳးစုံ ဝင္ႏိုင္ ပါသတဲ့ ။

သည္အေၾကာင္းေၾကာင့္ပင္ မိမိ အိမ္တြင္ ဘူးပင္ စိုက္ပ်ိဳး ပါက အိမ္၏ ေတာင္ဘက္ အရပ္တြင္ ဘူးပင္ မစိုက္ပ်ိဳးသင့္ေၾကာင္းကို “အိမ္ေတာင္ လူမိုက္ ဘူးမစိုက္ႏွင့္” ဟူေသာ စာခ်ိဳးျဖင့္ ေရွးပညာရွိ မ်ားက ဆုံးမ ခဲ့ပါေၾကာင္း…

Unicode

အိမ်တောင်လူမိုက် ဘူးမစိုက်နဲ့ ဟူသော စကားပုံလေး ရဲ့ ဆိုလိုရင်းကို သိချင်သူများ အတွက်

အိမ်တောင် လူမိုက် ဘူးမစိုက် နဲ့ ဆိုတာ ဘာကို ဆိုလိုတာလဲ ”အိမ်တောင် လူမိုက် ဘူးမစိုက်နဲ”့ သည်စကားပုံလေး ကို ငယ်စဉ်ကပင် ကြားဖူး ခဲ့ ပါ၏။

သို့သော် ဆိုလိုရင်း ကို ဝေဝါးစွာပင်။ အိမ်ထောင်ကျပြီး ဘူးစိုက်ရင် လူမိုက်လား… လူလိမ္မာမှ စိုက်ရမည်လား… စသဖြင့် အသိ ဝေဝါး ခဲ့ဘူးသည်။ အမှတ်မထင် ဆရာကြီး (စစ်ကိုင်း ဦးဖိုးသင်း) ၏ ဆောင်းပါး ကို ဖတ်မိ ၍ ဆိုလိုရင်း အမှန်ကို သိရ တော့သည်။

ဘူးပင် ကို အိမ်ဝင်းများ အတွင်း မိုးအခါ စိုက်ပျိုးတတ်သည်။ ဆောင်း အခါတော့ ကိုင်းဘူးပေါ့။ မိုးတွင်း လေ တိုက်ခတ်ရာ အရပ် မှာ တောင်လေ၊ အနောက်တောင် လေများ တိုက်ခတ် ပါသည်။

ဘူးပင် သည် နေ့အခါ နိုက်ထရိုဂျင် ကို ရှူသွင်းပြီး အောက်စီဂျင်ကို ထုတ်ပါသည်။ ညအခါတွင်မတော့ အောက်စီဂျင်ကို ရှူသွင်းပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် ကို ထုတ်လွှတ် ပါသတဲ့။

ကာဗွန်ဒိုင်အောက်ဆိုဒ်သည် အဆိပ်ဓါတ်။ ထို့ကြောင့် အိမ်တောင်ဘက်တွင် ဘူးပင် စိုက်မိလျှင် ညအခါ ဘူးပင် မှ လာသောလေသည် (လေဆိုး ) အဆိပ်ဓါတ် ပါပဲ။ ကြာသောအခါ ကျန်းမာရေးထိခိုက်ပြီး ရာဂါ မျိုးစုံ ဝင်နိုင် ပါသတဲ့ ။

သည်အကြောင်းကြောင့်ပင် မိမိ အိမ်တွင် ဘူးပင် စိုက်ပျိုး ပါက အိမ်၏ တောင်ဘက် အရပ်တွင် ဘူးပင် မစိုက်ပျိုးသင့်ကြောင်းကို “အိမ်တောင် လူမိုက် ဘူးမစိုက်နှင့်” ဟူသော စာချိုးဖြင့် ရှေးပညာရှိ များက ဆုံးမ ခဲ့ပါကြောင်း…

Be the first to comment

Leave a Reply

Your email address will not be published.


*