ကျစ်လျစ်လှပတဲ့ လက်မောင်းလေြး
ကျစ်လျစ်လှပတဲ့ လက်မောင်းလေြး
လေ့ကျင့်ခန်း (၁)
လေ့ကျင့်ခန်း (၂)
လေ့ကျင့်ခန်း (၃)
လေ့ကျင့်ခန်း (၄)
လေ့ကျင့်ခန်း (၅)
လေ့ကျင့်ခန်း (၆)
Credit
Unicode
အဆီပိုမရှိပဲ ကျစ်လျစ်လှပတဲ့ လက်မောင်းလေးဖြစ်စေမယ့် လေ့ကျင့်ခန်းများ
လက်မောင်းတုတ်တဲ့ပျိုမေတွေ၊ လက်မောင်းမှာ အဆီပိုတွေရှိတဲ့ ပျိုမေတွေ၊ လက်မောင်းကြီးလို့ စိတ်ညစ်နေတဲ့ ပျိုမေတို့အတွက် သတင်းကောင်းရှိပါတယ်။ အဲဒါကတော့ လက်မောင်းက အဆီတွေကို ကျစေပြီး ကျစ်လျစ်လှပတဲ့ လက်မောင်းလေးကို အိမ်မှာတင် အလွယ်တကူရရှိအောင်လုပ်နိုင်ပါပြီ ဆိုတာပါပဲ။
ဘာကိရိယာမှ မပါတာကြောင့် အလွယ်တကူ လုပ်လို့ရပါတယ်။ ပျိုမေတို့အားလုံး ကျစ်လျစ်လှပတဲ့ လက်မောင်းလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေနော်။
လေ့ကျင့်ခန်း (၁)
လက်မောင်းကို ဘေးနှစ်ဖက်ဆန့်တန်းပြီး လက်ဖဝါးကို မှောက်ပြီး အရှေ့ဘက်ကို စက်ဝိုင်းပုံသဏ္ဍန်လှည့်ပေးရပါမယ်။ အခါ ၂၀ ပြည့်ရင်တော့ လက်ဖဝါးကိုလှန်ပြီး အနောက်ဘက်ကို စက်ဝိုင်းပုံသဏ္ဍန် ပြန်လှည့်ပေးရပါမယ်။ တစ်ဖက်ကို အခါ ၂၀ လုပ်ပေးပါ။
လေ့ကျင့်ခန်း (၂)
နားထင်နားမှာ လက်ချောင်းလေးတွေကို ကပ်ပြီး တံတောင်ဆစ်ကို ကွေးထားရပါမယ်။ ပြီးရင်တော့ အတွင်းဘက်ကို ဆွဲပေးရပါမယ်။ ၂၅ ခါလုပ်ပေးရပါမယ်။
လေ့ကျင့်ခန်း (၃)
လက်နှစ်ဖက်ကို ဘေးဆန့်ပြီး လက်ဖဝါးကို ဖြန့်ထားရပါမယ်။ ပြီးရင်သာသာလေးရှေ့နောက်လွှဲပေးရပါမယ်။ ၂၅ ခေါက်ပြည့်သွားရင် အဲဒီ့အတိုင်းလေးပဲ လက်ကို အောက်နည်းနည်းချပြီး ရှေ့နောက်လွှဲပေးရပါမယ်။ ၂၅ ခေါက်လုပ်ရပါမယ်။
လေ့ကျင့်ခန်း (၄)
ဗီဒီယိုမှာပြထားတဲ့အတိုင်း လက်ကိုမှောက်ထားပြီး အောက်ကနေ အပေါ်ကို ဆွဲဆွဲပေးရမှာပါ။ ၂၅ ခေါက်ပြည့်သွားရင် လက်ကို သူပြထားတဲ့အတိုင်း ရင်ဘတ်ကနေ အောက်ကို ဆွဲဆွဲပေးတဲ့ ပုံစံ လုပ်ပေးရမှာပါ။
လေ့ကျင့်ခန်း (၅)
လက်နှစ်ဖက်ကို ဘေးဆန့်ထားပြီး တံတောင်ကို အတွင်းဘက် သို့ ကွေးပေးရမှာပါ။ ၂၅ ခေါက်လုပ်ပေးရမှာပါ။
လေ့ကျင့်ခန်း (၆)
လက်နှစ်ဖက်ကို ဘေးဆန့်ပြီး လက်သီးဆုပ်လက်မထောင်ထားရမှာပါ။ ပြီးရင် အဲဒီ့လက်မလေးကို အပေါ်အောက် တစ်လှည့်ဆီ လှန်ပေးရမှာပါ။ ၂၅ ခေါက် လုပ်ရမှာပါ။
နောက်ဆုံးမှာတော့ လေ့ကျင့်ခန်းတွေ အားလုံးပြီးသွားတဲ့အခါ လုပ်ရမယ့် အကြောလျှော့နည်းလေးတွေပဲ ဖြစ်ပါတယ်။ အဲဒီ့နည်းလေးနဲ့ လက်မောင်းအကြောလေးတွေကို လျှော့ပေးပြီးရင် နားလို့ရပါပြီ။ နေ့စဉ်ပုံမှန်ပြုလုပ်ပေးပါ။
Credit
Be the first to comment
Leave a Reply
Your email address will not be published.
*