

























ရေမွှေးနံ့ကို ကြာရှည်စွာ အနံ့စွဲနေစေပါတယ်။ရေမွှေးဆွတ်ပြီးရင်


Credit

Unicode

Vaseline ရဲ့ တမူထူးခြားအသုံးဝင်တဲ့ နည်းလမ်းကောင်းများ

ဆိုင်မှာလည်း အလွယ်တကူဝယ်ယူရရှိနိုင်ပြီး ဈေးနှုန်းလည်းသက်သာတဲ့အပြင်

အသုံးတည့်တဲ့ အတွက် Vaseline ကိုမသိတဲ့သူ မရှိသလောက်ပါပဲ။

Vaseline ကို နှုတ်ခမ်းအစိုဓာတ် ထိန်းဖို့၊ အသားအရေချောမွေ့စေဖို့အတွက် ဆိုပြီး အသုံးပြုလာကြတာပါ။

အမှန်တကယ်တော့ ဒီ Vaseline က နှုတ်ခမ်းနဲ့ အသားအရေ အစိုဓာတ်ထိန်းရုံ အတွက်ပဲ အသုံးပြုနိုင်တာ မဟုတ်ပါဘူး။

တခြားနေရာ တွေမှာလည်း အသုံးတည့်တာကို တွေ့ရပါတယ်။

ဒါ့ကြောင့် Vaseline ရဲ့တမူထူး ခြား အသုံးဝင်တဲ့ နည်းလမ်းကောင်းများကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဆားဝက်ခြံများကို ကင်းစင်စေပါတယ်

Vaseline ကို ဆားဝက်ခြံရှိတဲ့ နှာခေါင်းတစ်ဝိုက်၊ မျက်နှာပြင်တစ်ဝိုက်ပေါ်ကို သုတ်လိမ်းလိုက်ပြီး

ပလက်စတစ်အကြည်လေးနဲ့ မိနစ်အနည်းငယ်ခန့် အုပ်ထားပေးပါ။

ပြီးရင်တော့ တစ်ရှူးစလေးနဲ့ ဒါမှမဟုတ် တဘတ်အသန့်တစ်ထည်နဲ့ ပွတ်တိုက်သန့်စင်ပေးပါ။

တစ်နေ့ကိုတစ်ကြိမ် ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင် ထူးခြားမှုကို တွေ့မြင် ရမှာပါ။

(၂) မျက်ကွင်းညိုတာကိုလည်း သက်သာစေပါတယ်

အိပ်ရေးမဝလို့ဘဲ ဖြစ်ဖြစ်၊ အိုင်းရှဲဒိုး၊ အိုင်လိုင်နာကြောင့် မျက်လုံးညိုမည်းစွဲတာကို သက်သာစေပါတယ်။

ဒါ့ကြောင့် Vaseline ကို မျက်ကွင်းညိုတာ သက်သာစေဖို့အတွက် အသုံးပြုနိုင်ပါတယ်။

(၃) မျက်တောင်မွှေးများကို သန်စွမ်းကျန်းမာစေဖို့အတွက် Vaseline ကကူညီပေးနိုင်ပါတယ်

မျက်တောင်ကော့ဆေးများ အသုံးပြုခြင်းကြောင့် မျက်တောင်မွှေးကျွတ်ခြင်းအတွက်

ညဘက် အိပ်ရာဝင် ကာနီးတိုင်း Vaseline အနည်းငယ် သုတ်လိမ်းပေးမယ်ဆိုရင်

ကျန်းမာသန်စွမ်းတဲ့ မျက်တောင်မွှေးကော့ကော့လေးတွေကို ပိုင်ဆိုင်ရရှိနိုင်မှာပါ။

(၄) Vaseline က ဆံပင်အဖျားနှစ်ခွဖြစ်ခြင်းနဲ့ ဆံသားကျိုးကြေ ပျက်စီးခြင်းမှလည်း ကာကွယ်ပေး နိုင်ပါတယ်

Vaseline အနည်းငယ်ကို ယူပြီး ဆံသားအဖျားတွေမှာ ပွတ်လိမ်းပေးမယ်ဆိုရင်

ဆံပင်နှစ်ခွဖြစ်တာကို သက်သာစေပါတယ်။ဒါ့အပြင် ဆံသားချောမွေ့လှပဖို့အတွက်လည်း ကူညီပေးနိုင်ပါတယ်။

(၅) ရေမွှေးနံ့ကြာရှည်ခံစေပါတယ်

ရေမွှေးဆွတ်တဲ့ လက်ကောက်ဝတ်နေရာပေါ်ကို vaseline သုတ်လိမ်းပေးမယ်ဆိုရင်

ရေမွှေးနံံ့ကို ကြာရှည်စွာ အနံ့စွဲနေစေပါတယ်။ရေမွှေးဆွတ်ပြီးရင်

ခြောက်သွားတဲ့အခါမှာမှ Vaseline အနည်းငယ်ကို ညင်သာစွာ ပွတ်လိမ်းပေးပါနော်။

Credit

Be the first to comment

Leave a Reply

Your email address will not be published.


*