လစဥ္ဓမၼတာမွန္ေစဖို႔ မိန္းကေလး တိုင္း လုပ္ေပး သင့္ တဲ့ အေလ့အက်င့္ေကာင္း (၄)မ်ိဳး

လစဥ္ဓမၼတာမွန္ေစဖို႔ မိန္းကေလး တိုင္း လုပ္ေပး သင့္ တဲ့ အေလ့အက်င့္ေကာင္း (၄)မ်ိဳး
လစဥ္ဓမၼတာမွန္ေစဖို႔ မိန္းကေလး တိုင္း လုပ္ေပး သင့္ တဲ့ အေလ့အက်င့္ေကာင္း (၄)မ်ိဳး

လစဥ္ဓမၼတာမွန္ေစဖို႔ မိန္းကေလး တိုင္း လုပ္ေပး သင့္ တဲ့ အေလ့အက်င့္ေကာင္း (၄)မ်ိဳး

မိန္းကေလးတစ္ေယာက္ က်န္းမာေရးအတြက္အေရးႀကီးတဲ့ အခ်က္ေတြ အမ်ားႀကီးရွိေပမယ့္

အေရးႀကီးဆုံးလို႔ေျပာရမယ့္အရာက ဓမၼတာပုံမွန္လာဖို႔ ျဖစ္ပါတယ္။

ဓမၼတာ ပုံမွန္မလာရင္ ေနာက္ဆက္တြဲအေနနဲ႔ တျခားက်န္းမာေရးျပႆနာေတြ အမ်ားႀကီးျဖစ္လာ ႏိုင္ပါတယ္။

ဒါေၾကာင့္ ပ်ိဳေမတို႔အတြက္အေရးႀကီးတဲ့ လစဥ္ ဓမၼတာပုံမွန္လာေအာင္ လုပ္ေပးမယ့္ သဘာဝနည္းလမ္းေကာင္းေလးေတြကို ေဖာ္ျပ ေပးလိုက္ပါတယ္။

(၁) စိတ္ဖိစီးမႈနည္းေအာင္ေနပါ

စိတ္ဖိစီးျခင္း၊ စိတ္ပင္ပန္းျခင္းက ဓမၼတာစက္ဝန္းကို ေျပာင္းလဲမႈေတြ ျဖစ္ေစပါတယ္။

ဒါေၾကာင့္ ကိုယ့္ကိုယ္ကို စိတ္ဖိစီးေစမယ့္ အေတြးေတြ တတ္ႏိုင္သေလာက္ မေတြးပါနဲ႔။

စိတ္ၾကည္လင္ေပါ့ပါးေအာင္ ႀကိဳးစားၿပီး ေနပါ။ စိတ္ဖိစီးမႈေတြ ေျပေပ်ာက္ေစမယ့္ အရာေလးေတြ

( သီခ်င္း နားေထာင္တာ၊ ႐ုပ္ရွင္ ၾကည့္တာ၊ လမ္းေလွ်ာက္ ထြက္တာ၊ သူငယ္ခ်င္းေတြနဲ႔ ေတြ႕တာ စသျဖင့္ ..) လုပ္ေပးပါ။

(၂) တတ္ႏိုင္သေလာက္ လႈပ္လႈပ္ရွားရွားေနပါ

ခႏၶာကိုယ္က မလန္းဆန္းဘူးဆိုရင္လည္း ဓမၼတာ ပုံမွန္မလာတာမ်ိဳး ျဖစ္တတ္ပါတယ္။

ဒါေၾကာင့္ ေလ့က်င့္ခန္း လုပ္တာမ်ိဳး၊ လမ္းေလွ်ာက္ တာမ်ိဳးေလးေတြကို ေန႔တိုင္း လုပ္ေပး သင့္ပါတယ္။

တစ္ေနရာတည္းမွာ အခ်ိန္အၾကာႀကီး ထိုင္ေနတာမ်ိဳး၊ လဲွအိပ္ေနတာမ်ိဳး မလုပ္ပါနဲ႔၊ မၾကာခဏ လမ္းထေလွ်ာက္ေပးပါ။

သီခ်င္းဖြင့္ၿပီး ကတာမ်ိဳးလုပ္ရင္ ပိုေတာင္ေကာင္းပါေသးတယ္လို႔ ဆရာဝန္ေတြက အႀကံျပဳထားပါတယ္။

(၃) ၾကက္ဆူဆီလိမ္းၿပီးႏွိပ္နယ္ေပးပါ

ၾကက္ဆူဆီကို ေႏြးတယ္ဆို႐ုံ အပူေပးၿပီး ဝမ္းဗိုက္နားတဝိုက္မွာ လိမ္းၿပီး ႏွိပ္နယ္ေပးတာကို

ပုံမွန္လုပ္သြားေပးမယ္ဆိုရင္ ဓမၼတာ ပုံမွန္လာေစၿပီး ဓမၼတာလာစဥ္ နာက်င္ကိုက္ခဲမႈေတြကိုလည္း သက္သာေစပါတယ္။

(၄) သင့္ေတာ္တဲ့အစားအစာ

ခႏၶာကိုယ္မွာ ရွိသင့္တဲ့ အာဟာရေတြ ျပည့္ျပည့္ဝဝ မရွိဘူးဆိုရင္လည္း ဓမၼတာ မမွန္တတ္ပါဘူး။

ဒါေၾကာင့္ ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ အာဟာရ ျပည့္ဝေအာင္ စားေပးပါ။

အဓိက သံဓာတ္အားျပည့္ေစတဲ့ အစားအစာေတြျဖစ္တဲ့ အမဲသား၊ ကန္စြန္း႐ြက္၊ ဟင္းႏုႏြယ္၊

ပန္းေဂၚဖီစိမ္း၊ တိုဖူး စတာေတြကို စားေပးပါ။ သေဘၤာသီးမွည့္ မၾကာခဏ စားေပးပါ။

 

Unicode

လစဉ်ဓမ္မတာမှန်စေဖို့ မိန်းကလေး တိုင်း လုပ်ပေး သင့် တဲ့ အလေ့အကျင့်ကောင်း (၄)မျိုး

မိန်းကလေးတစ်ယောက် ကျန်းမာရေးအတွက်အရေးကြီးတဲ့ အချက်တွေ အများကြီးရှိပေမယ့်

အရေးကြီးဆုံးလို့ပြောရမယ့်အရာက ဓမ္မတာပုံမှန်လာဖို့ ဖြစ်ပါတယ်။

ဓမ္မတာ ပုံမှန်မလာရင် နောက်ဆက်တွဲအနေနဲ့ တခြားကျန်းမာရေးပြဿနာတွေ အများကြီးဖြစ်လာ နိုင်ပါတယ်။

ဒါကြောင့် ပျိုမေတို့အတွက်အရေးကြီးတဲ့ လစဉ် ဓမ္မတာပုံမှန်လာအောင် လုပ်ပေးမယ့် သဘာဝနည်းလမ်းကောင်းလေးတွေကို ဖော်ပြ ပေးလိုက်ပါတယ်။

(၁) စိတ်ဖိစီးမှုနည်းအောင်နေပါ

စိတ်ဖိစီးခြင်း၊ စိတ်ပင်ပန်းခြင်းက ဓမ္မတာစက်ဝန်းကို ပြောင်းလဲမှုတွေ ဖြစ်စေပါတယ်။

ဒါကြောင့် ကိုယ့်ကိုယ်ကို စိတ်ဖိစီးစေမယ့် အတွေးတွေ တတ်နိုင်သလောက် မတွေးပါနဲ့။

စိတ်ကြည်လင်ပေါ့ပါးအောင် ကြိုးစားပြီး နေပါ။ စိတ်ဖိစီးမှုတွေ ပြေပျောက်စေမယ့် အရာလေးတွေ

( သီချင်း နားထောင်တာ၊ ရုပ်ရှင် ကြည့်တာ၊ လမ်းလျှောက် ထွက်တာ၊ သူငယ်ချင်းတွေနဲ့ တွေ့တာ စသဖြင့် ..) လုပ်ပေးပါ။

(၂) တတ်နိုင်သလောက် လှုပ်လှုပ်ရှားရှားနေပါ

ခန္ဓာကိုယ်က မလန်းဆန်းဘူးဆိုရင်လည်း ဓမ္မတာ ပုံမှန်မလာတာမျိုး ဖြစ်တတ်ပါတယ်။

ဒါကြောင့် လေ့ကျင့်ခန်း လုပ်တာမျိုး၊ လမ်းလျှောက် တာမျိုးလေးတွေကို နေ့တိုင်း လုပ်ပေး သင့်ပါတယ်။

တစ်နေရာတည်းမှာ အချိန်အကြာကြီး ထိုင်နေတာမျိုး၊ လဲှအိပ်နေတာမျိုး မလုပ်ပါနဲ့၊ မကြာခဏ လမ်းထလျှောက်ပေးပါ။

သီချင်းဖွင့်ပြီး ကတာမျိုးလုပ်ရင် ပိုတောင်ကောင်းပါသေးတယ်လို့ ဆရာဝန်တွေက အကြံပြုထားပါတယ်။

(၃) ကြက်ဆူဆီလိမ်းပြီးနှိပ်နယ်ပေးပါ

ကြက်ဆူဆီကို နွေးတယ်ဆိုရုံ အပူပေးပြီး ဝမ်းဗိုက်နားတဝိုက်မှာ လိမ်းပြီး နှိပ်နယ်ပေးတာကို

ပုံမှန်လုပ်သွားပေးမယ်ဆိုရင် ဓမ္မတာ ပုံမှန်လာစေပြီး ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲမှုတွေကိုလည်း သက်သာစေပါတယ်။

(၄) သင့်တော်တဲ့အစားအစာ

ခန္ဓာကိုယ်မှာ ရှိသင့်တဲ့ အာဟာရတွေ ပြည့်ပြည့်ဝဝ မရှိဘူးဆိုရင်လည်း ဓမ္မတာ မမှန်တတ်ပါဘူး။

ဒါကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရ ပြည့်ဝအောင် စားပေးပါ။

အဓိက သံဓာတ်အားပြည့်စေတဲ့ အစားအစာတွေဖြစ်တဲ့ အမဲသား၊ ကန်စွန်းရွက်၊ ဟင်းနုနွယ်၊

ပန်းဂေါ်ဖီစိမ်း၊ တိုဖူး စတာတွေကို စားပေးပါ။ သင်္ဘောသီးမှည့် မကြာခဏ စားပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*