လူသိ နည္းတဲ့ နာမည္ႀကီး ဟသာတၤမုန႔္ဟင္းခါး ခ်က္နည္း လ်ိဳ႕ဝွက္ခ်က္ ႏွစ္ခု

ဟသာတၤမုန႔္ဟင္းခါး ခ်က္နည္း လ်ိဳ႕ဝွက္ခ်က္ ႏွစ္ခု
ဟသာတၤမုန႔္ဟင္းခါး ခ်က္နည္း လ်ိဳ႕ဝွက္ခ်က္ ႏွစ္ခု

လူသိ နည္းတဲ့ နာမည္ႀကီး ဟသာတၤမုန႔္ဟင္းခါး ခ်က္နည္း လ်ိဳ႕ဝွက္ခ်က္ ႏွစ္ခု

(၁) ကုလားပဲ ျပဳတ္သည့္အခါ ဆီ၊ နႏြင္းမု႔န႔္ ၊ ခ်င္း ေထာင္းၿပီး ထည့္ပါ ။ ဆား လုံးဝ မထည့္ရ။ ပဲႏူးသည့္အခါတြင္ ဆား ထည့္ပါ။ ပဲနံ႔ မရေတာ့ပါ။ ဆိမ့္သည့္ အရသာ ျဖစ္ပါ လိမ့္မည္။

(၂) ငါးျပဳတ္လွ်င္ စပါးလင္ အရင္းပိုင္းမ်ား ေထာင္းၿပီး အိုး၏ ေအာက္မွာ ထားၿပီး ငါးကို တင္ပါ။ ငံျပာရည္ င႐ုတ္သီး အပြေျခာက္ ၃ ေတာင့္ထန္းလ်က္ညိဳ ၂ ခဲ ထည့္ကာ ျပဳတ္ ပါ။

ငါးမ်ား ႏူးလာရင္ ဆယ္၍ အေအး ခံပါ။ ငါးျပဳတ္ရည္ကို စကာႏွင့္ စစ္ၿပီး ျပန္တည္ ထားပါ။

ၾကက္သြန္နီ ၊ ၾကက္သြန္ျဖဴ ၊ ဂ်င္း ေထာင္းကာ ဆီသတ္ပါ။ င႐ုတ္သီး အေရာင္တင္မုန႔္ ၊ နႏြင္းမုန႔္ထည့္ကာ အနံ ေမြးလာရင္ ငါးျပဳတ္ႏႊင္ထားတာ ထည့္လိုက္ပါ။ ငါးဆီသတ္ရင္ ေျခာက္မသြားေစရပါ။ ငါးေၾကာ္လို မျဖစ္ေစရ။အေရာင္ ညီလာလွ်င္

ငါးဆီသတ္ထဲသို႔.. ငါးျပဳတ္ေရ အနည္းငယ္ ထည့္ရမယ္ ။ ငါးေမႊ အိအိေလး ျဖစ္ပါေစ အဲတာက အဓိက ပဲျပဳတ္ရည္နဲ႔ ငါးျပဳတ္ရည္ကို အိုးတစ္ခုထဲ ေပါင္းထည့္ပီး ျပဳတ္ထားတဲ့ ကုလားပဲဆန္ ကို ေထာင္းပီး ထည့္ေမႊေပးပါ။ ငါးဆီသတ္ကိုပါ

တခါတည္း ထည့္ေမႊေပးပါ။ ဟင္းရည္ ဆူလာရင္, ၾကက္သြန္နီဥ, င႐ုတ္ေကာင္းမႈန႔္ ထည့္ေမႊပါ။ငံျပာရည္,ဟင္းခပ္မႈန႔္ လိုသလို ထည့္ပီး အရသာ စပ္ပါ။ ဆန္ေလွာ္မုန႔္ ေရက်ဲက်ဲေဖ်ာ္ထည့္ေပးေနာ္ ., ၾကက္သြန္နီဥေလးမ်ား ႏူးရင္ ရပါၿပီ။

အရသာ ေကာင္းလြန္းေသာ ဟသ္ာတ မုန႔္ဟင္းခါး ကို မိသားစု ေပ်ာ္႐ြင္စြာ သုံးေဆာင္ ႏိုင္ၾကပါေစ။

CrdFoodie

Unicode

လူသိ နည်းတဲ့ နာမည်ကြီး ဟသာင်္တမုန့်ဟင်းခါး ချက်နည်း လျို့ဝှက်ချက် နှစ်ခု

(၁) ကုလားပဲ ပြုတ်သည့်အခါ ဆီ၊ နနွင်းမု့န့် ၊ ချင်း ထောင်းပြီး ထည့်ပါ ။ ဆား လုံးဝ မထည့်ရ။ ပဲနူးသည့်အခါတွင် ဆား ထည့်ပါ။ ပဲနံ့ မရတော့ပါ။ ဆိမ့်သည့် အရသာ ဖြစ်ပါ လိမ့်မည်။

(၂) ငါးပြုတ်လျှင် စပါးလင် အရင်းပိုင်းများ ထောင်းပြီး အိုး၏ အောက်မှာ ထားပြီး ငါးကို တင်ပါ။ ငံပြာရည် ငရုတ်သီး အပွခြောက် ၃ တောင့်ထန်းလျက်ညို ၂ ခဲ ထည့်ကာ ပြုတ် ပါ။

ငါးများ နူးလာရင် ဆယ်၍ အအေးခံပါ။ ငါးပြုတ်ရည်ကို စကာနှင့် စစ်ပြီး ပြန်တည် ထားပါ။

ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ဂျင်း ထောင်းကာ ဆီသတ်ပါ။ ငရုတ်သီး အရောင်တင်မုန့် ၊ နနွင်းမုန့်ထည့်ကာ အနံ မွေးလာရင် ငါးပြုတ်နွှင်ထားတာ ထည့်လိုက်ပါ။ ငါးဆီသတ်ရင် ခြောက်မသွားစေရပါ။ ငါးကြော်လို မဖြစ်စေရ။အရောင် ညီလာလျှင်

ငါးဆီသတ်ထဲသို့.. ငါးပြုတ်ရေ အနည်းငယ် ထည့်ရမယ် ။ ငါးမွှေ အိအိလေး ဖြစ်ပါစေ အဲတာက အဓိက ပဲပြုတ်ရည်နဲ့ ငါးပြုတ်ရည်ကို အိုးတစ်ခုထဲ ပေါင်းထည့်ပီး ပြုတ်ထားတဲ့ ကုလားပဲဆန် ကို ထောင်းပီး ထည့်မွှေပေးပါ။ ငါးဆီသတ်ကိုပါ

တခါတည်း ထည့်မွှေပေးပါ။ ဟင်းရည် ဆူလာရင်, ကြက်သွန်နီဥ, ငရုတ်ကောင်းမှုန့် ထည့်မွှေပါ။ငံပြာရည်,ဟင်းခပ်မှုန့် လိုသလို ထည့်ပီး အရသာ စပ်ပါ။ ဆန်လှော်မုန့် ရေကျဲကျဲဖျော်ထည့်ပေးနော် ., ကြက်သွန်နီဥလေးများ နူးရင် ရပါပြီ။

အရသာ ကောင်းလွန်းသော ဟသ်ာတ မုန့်ဟင်းခါး ကို မိသားစု ပျော်ရွင်စွာ သုံးဆောင်နို င်ကြပါစေ။

CrdFoodie

Be the first to comment

Leave a Reply

Your email address will not be published.


*