ပုံမွန္ ဝင္ေငြရွိၿပီး လက္ထဲမွာ ပိုက္ဆံ မစုမိသူမ်ား အတြက္ ပိုက္ဆံစုတဲ့ နည္းဗ်ဴဟာ…. ။ ။

ပုံမွန္ ဝင္ေငြရွိၿပီး လက္ထဲမွာ ပိုက္ဆံ မစုမိသူမ်ား အတြက္ ပိုက္ဆံစုတဲ့ နည္းဗ်ဴဟာ.... ။ ။
ပုံမွန္ ဝင္ေငြရွိၿပီး လက္ထဲမွာ ပိုက္ဆံ မစုမိသူမ်ား အတြက္ ပိုက္ဆံစုတဲ့ နည္းဗ်ဴဟာ.... ။ ။

zawgyi

ပုံမွန္ ဝင္ေငြရွိၿပီး လက္ထဲမွာ ပိုက္ဆံ မစုမိသူမ်ား အတြက္ ပိုက္ဆံစုတဲ့ နည္းဗ်ဴဟာ…. ။ ။

ပိုက္ဆံ စုတယ္ ဆိုတာ ရည္မွန္းခ်က္ တစ္ခု ထားၿပီး ေရရွည္ တည္ေဆာက္ ထားသင့္တဲ့ အေလ့အက်င့္ တစ္ခုျဖစ္ပါတယ္… ။ ေငြေၾကး ေအာင္ျမင္မႈမွာ ပိုက္ဆံ ဘယ္ေလာက္ ဝင္တယ္ ဆိုတာထက္ ဘယ္ေလာက္ စုႏိုင္တယ္ ဆိုတာက ပိုအေရးႀကီးပါတယ္… ။

လူေတြက မဝင္ေသးတဲ့ ပိုက္ဆံကို ေမွ်ာ္ကိုးၿပီး အေႂကြး ယူတတ္ၾကတယ္… ။ ဒါက အဓိက မွားယြင္းေနတဲ့ အခ်က္ပဲ… ။ ကြၽန္ေတာ္တို႔ေတြ ပိုက္ဆံစုေနတဲ့အခ်ိန္မွာ ဘယ္လို ဗ်ဴဟာေတြ သုံးရမလဲဆိုတာ အခ်က္က်က် တင္ျပခ်င္ပါတယ္. . . ။ ။

၁။ သုံးၿပီးမွ မစုေလနဲ႔…

လစာထုတ္တာနဲ႔ လိုခ်င္တဲ့ပစၥည္းေတြကို ဝယ္ၿပီးမွ ပိုက္ဆံ စုတတ္ၾကတယ္ ။ တကယ္တမ္းေတာ့ လစဥ္ စုေဆာင္းမယ့္ ပိုက္ဆံပမာဏကို သတ္မွတ္စုေဆာင္းၿပီးမွသာ လိုအပ္တဲ့အရာေတြကို ဝယ္သင့္ပါတယ္ ။ လစာထုတ္တာနဲ႔ ပထမဆုံးလုပ္ရမွာက စုေဆာင္းမယ့္ ပိုက္ဆံကို သီးသန႔္ ခ်န္ထားသင့္ပါတယ္ ။

၂။ တံဆိပ္စြဲ မထားေလနဲ႔…

ဆယ္သိန္းေလာက္ရွိတဲ့ ( iPhone ) ဝယ္မယ့္အစား အတန္အသင့္ သုံးလို႔ေကာင္းတဲ့ ႏွစ္သိန္းတန္ စမတ္ဖုန္း တစ္လုံးကို ဝယ္ၿပီး က်န္တဲ့ ရွစ္သိန္းကို စုေဆာင္းလိုက္တာက ပိုအဓိပၸာယ္ ရွိပါတယ္ ။ နာမည္ႀကီး တံဆိပ္ရဲ႕ေနာက္မွာ လိုက္ေနတာထက္ အရည္အေသြးေကာင္းတဲ့ ပစၥည္းကို သုံးသင့္တဲ့ သေဘာပါ ။

ဆိုင္ ထိုင္မယ္ဆိုရင္ နာမည္ႀကီးဆိုင္မွာ ထိုင္တာထက္ အစားအေသာက္ေကာင္းတဲ့ ဆိုင္မွာ ထိုင္တာက ပိုအရသာရွိသလို ေငြကုန္လည္း သက္သာေစပါတယ္ ။

၃။ အေသးအဖြဲေလးေတြကို ဂ႐ုစိုက္ပါ…

အေအးဘူး ဝယ္ေသာက္လိုက္လို႔ ငါးရာပဲကုန္တာ တစ္ခါတေလမွာ ဘာမွမျဖစ္ေပမယ့္ ႀကိမ္ဖန္မ်ားလာရင္ “ ဆိတ္ဖန္မ်ား အနာျဖစ္ ” တတ္ပါတယ္ ။ ဥပမာ – စတိုးဆိုင္ေတြက ေပးလိုက္တဲ့ ႂကြတ္ႂကြတ္အိတ္ေတြကို
လႊင့္မပစ္ဘဲနဲ႔ အမႈိက္ထည့္တဲ့ အိတ္လုပ္မယ္ဆိုရင္ အမႈိက္အိတ္ကုန္ေငြ သက္သာတဲ့သေဘာပါ ။

၄။ ႏွစ္ပတ္ေစာင့္တဲ့ ဗ်ဴဟာသုံးၾကည့္ပါ…
ပစၥည္းတစ္ခု ဝယ္ခ်င္တယ္ဆိုရင္ ခ်က္ခ်င္း မဝယ္ေသးပါနဲ႔ဦး ။ ႏွစ္ပတ္ေလာက္ ေစာင့္လိုက္ပါ ။ ႏွစ္ပတ္ေလာက္ၾကာေတာ့မွ ကိုယ္ကလည္း တကယ္ လိုခ်င္တယ္ေနတယ္ ၊ ပစၥည္းကလည္း လိုအပ္ေနတယ္ဆိုေတာ့မွ ဝယ္လိုက္ပါ ။

ေစာင့္ေနတဲ့ အေတာအတြင္းမွာ တျခားလူဝယ္လို႔ ကုန္သြားမွာ စိတ္မပူပါနဲ႔ ။ ပိုေကာင္း ပိုလွတဲ့ ပစၥည္းေတြ ဆိုင္မွာ ေရာက္ေနပါၿပီ ။

၅။ အင္တာနက္ ေလ်ာ့သုံးပါ…

ကိုယ့္အလုပ္ဟာ အင္တာနက္ နဲ႔ မသက္ဆိုင္ဘူးဆိုရင္ တစ္ေန႔မွာ တစ္နာရီထက္ ပိုမသုံးပါနဲ႔ ။ အင္တာနက္ ကို ႐ိုး႐ိုးသုံးတာထက္စာရင္ ။

၆။ လိုအပ္တာလား လိုခ်င္တာလား…

လူေတြဟာ ကိုယ့္အတြက္ တကယ္မလိုအပ္တဲ့ ပစၥည္းေတြကိုမွ လိုခ်င္ေနမိတတ္တယ္ ။ “ မလိုအပ္တဲ့အရာေတြကို ဝယ္မိရင္ လိုအပ္တာေတြ ထုတ္ေရာင္းရမယ္ ” ဆိုတဲ့ ဝါရင့္ဘန႔္ဖတ္ရဲ႕ စကားအတိုင္းပဲ ဆႏၵေနာက္ မလိုက္မိပါေစနဲ႔ ။

ေနာက္ဆုံး အေရးႀကီးတာက ပိုက္ဆံစုတဲ့အခါမွာ ရည္မွန္းခ်က္ထားၿပီး စုတတ္ဖို႔ပဲ ။ ရည္မွန္းခ်က္ထားၿပီး ပိုက္ဆံစုတာက ပိုအဓိပၸာယ္ရွိသလို ပန္းတိုင္သတ္မွတ္ၿပီး ေလွ်ာက္လွမ္းတဲ့ ဘဝဟာ အႏွစ္သာရ ျပည့္ဝေနတာေပါ့. . . . .

Cardit to original Writer

unicode

ပုံမှန် ဝင်ငွေရှိပြီး လက်ထဲမှာ ပိုက်ဆံ မစုမိသူများ အတွက် ပိုက်ဆံစုတဲ့ နည်းဗျူဟာ…. ။ ။

ပိုက်ဆံ စုတယ် ဆိုတာ ရည်မှန်းချက် တစ်ခု ထားပြီး ရေရှည် တည်ဆောက် ထားသင့်တဲ့ အလေ့အကျင့် တစ်ခုဖြစ်ပါတယ်… ။ ငွေကြေး အောင်မြင်မှုမှာ ပိုက်ဆံ ဘယ်လောက် ဝင်တယ် ဆိုတာထက် ဘယ်လောက် စုနိုင်တယ် ဆိုတာက ပိုအရေးကြီးပါတယ်… ။

လူတွေက မဝင်သေးတဲ့ ပိုက်ဆံကို မျှော်ကိုးပြီး အကြွေး ယူတတ်ကြတယ်… ။ ဒါက အဓိက မှားယွင်းနေတဲ့ အချက်ပဲ… ။ ကျွန်တော်တို့တွေ ပိုက်ဆံစုနေတဲ့အချိန်မှာ ဘယ်လို ဗျူဟာတွေ သုံးရမလဲဆိုတာ အချက်ကျကျ တင်ပြချင်ပါတယ်. . . ။ ။

၁။ သုံးပြီးမှ မစုလေနဲ့…

လစာထုတ်တာနဲ့ လိုချင်တဲ့ပစ္စည်းတွေကို ဝယ်ပြီးမှ ပိုက်ဆံ စုတတ်ကြတယ် ။ တကယ်တမ်းတော့ လစဉ် စုဆောင်းမယ့် ပိုက်ဆံပမာဏကို သတ်မှတ်စုဆောင်းပြီးမှသာ လိုအပ်တဲ့အရာတွေကို ဝယ်သင့်ပါတယ် ။ လစာထုတ်တာနဲ့ ပထမဆုံးလုပ်ရမှာက စုဆောင်းမယ့် ပိုက်ဆံကို သီးသန့် ချန်ထားသင့်ပါတယ် ။

၂။ တံဆိပ်စွဲ မထားလေနဲ့…

ဆယ်သိန်းလောက်ရှိတဲ့ ( iPhone ) ဝယ်မယ့်အစား အတန်အသင့် သုံးလို့ကောင်းတဲ့ နှစ်သိန်းတန် စမတ်ဖုန်း တစ်လုံးကို ဝယ်ပြီး ကျန်တဲ့ ရှစ်သိန်းကို စုဆောင်းလိုက်တာက ပိုအဓိပ္ပာယ် ရှိပါတယ် ။ နာမည်ကြီး တံဆိပ်ရဲ့နောက်မှာ လိုက်နေတာထက် အရည်အသွေးကောင်းတဲ့ ပစ္စည်းကို သုံးသင့်တဲ့ သဘောပါ ။

ဆိုင် ထိုင်မယ်ဆိုရင် နာမည်ကြီးဆိုင်မှာ ထိုင်တာထက် အစားအသောက်ကောင်းတဲ့ ဆိုင်မှာ ထိုင်တာက ပိုအရသာရှိသလို ငွေကုန်လည်း သက်သာစေပါတယ် ။

၃။ အသေးအဖွဲလေးတွေကို ဂရုစိုက်ပါ…

အအေးဘူး ဝယ်သောက်လိုက်လို့ ငါးရာပဲကုန်တာ တစ်ခါတလေမှာ ဘာမှမဖြစ်ပေမယ့် ကြိမ်ဖန်များလာရင် “ ဆိတ်ဖန်များ အနာဖြစ် ” တတ်ပါတယ် ။ ဥပမာ – စတိုးဆိုင်တွေက ပေးလိုက်တဲ့ ကြွတ်ကြွတ်အိတ်တွေကို
လွှင့်မပစ်ဘဲနဲ့ အမှိုက်ထည့်တဲ့ အိတ်လုပ်မယ်ဆိုရင် အမှိုက်အိတ်ကုန်ငွေ သက်သာတဲ့သဘောပါ ။

၄။ နှစ်ပတ်စောင့်တဲ့ ဗျူဟာသုံးကြည့်ပါ…
ပစ္စည်းတစ်ခု ဝယ်ချင်တယ်ဆိုရင် ချက်ချင်း မဝယ်သေးပါနဲ့ဦး ။ နှစ်ပတ်လောက် စောင့်လိုက်ပါ ။ နှစ်ပတ်လောက်ကြာတော့မှ ကိုယ်ကလည်း တကယ် လိုချင်တယ်နေတယ် ၊ ပစ္စည်းကလည်း လိုအပ်နေတယ်ဆိုတော့မှ ဝယ်လိုက်ပါ ။

စောင့်နေတဲ့ အတောအတွင်းမှာ တခြားလူဝယ်လို့ ကုန်သွားမှာ စိတ်မပူပါနဲ့ ။ ပိုကောင်း ပိုလှတဲ့ ပစ္စည်းတွေ ဆိုင်မှာ ရောက်နေပါပြီ ။

၅။ အင်တာနက် လျော့သုံးပါ…

ကိုယ့်အလုပ်ဟာ အင်တာနက် နဲ့ မသက်ဆိုင်ဘူးဆိုရင် တစ်နေ့မှာ တစ်နာရီထက် ပိုမသုံးပါနဲ့ ။ အင်တာနက် ကို ရိုးရိုးသုံးတာထက်စာရင် ။

၆။ လိုအပ်တာလား လိုချင်တာလား…

လူတွေဟာ ကိုယ့်အတွက် တကယ်မလိုအပ်တဲ့ ပစ္စည်းတွေကိုမှ လိုချင်နေမိတတ်တယ် ။ “ မလိုအပ်တဲ့အရာတွေကို ဝယ်မိရင် လိုအပ်တာတွေ ထုတ်ရောင်းရမယ် ” ဆိုတဲ့ ဝါရင့်ဘန့်ဖတ်ရဲ့ စကားအတိုင်းပဲ ဆန္ဒနောက် မလိုက်မိပါစေနဲ့ ။

နောက်ဆုံး အရေးကြီးတာက ပိုက်ဆံစုတဲ့အခါမှာ ရည်မှန်းချက်ထားပြီး စုတတ်ဖို့ပဲ ။ ရည်မှန်းချက်ထားပြီး ပိုက်ဆံစုတာက ပိုအဓိပ္ပာယ်ရှိသလို ပန်းတိုင်သတ်မှတ်ပြီး လျှောက်လှမ်းတဲ့ ဘဝဟာ အနှစ်သာရ ပြည့်ဝနေတာပေါ့. . . . .

Cardit to original Writer

Be the first to comment

Leave a Reply

Your email address will not be published.


*