ႂကြက္ႏို႔ ေပ်ာက္ေဆး

ႂကြက္ႏို႔ ေပ်ာက္ေဆး
ႂကြက္ႏို႔ ေပ်ာက္ေဆး

zawgyi

ႂကြက္ႏို႔ ေပ်ာက္ေဆး

ေဆးနည္း (၁) ။

ခံတက္ပင္မွ ခံတက္ေခါက္ကိုခြာၿပီး အတြင္းသားႏုႏုကို ဓားျဖင့္ ပါးပါးသင့္ေတာ္႐ုံ အ႐ြယ္လႊာယူပါ ။ ၎လႊာ၍ ရလာေသာ ခံတက္ေခါက္ အတြင္းသားအလႊာကို ႂကြက္ႏို႔ေပၚ အုံေပးၿပီးကြာမက်ေစရန္ ပလာစတာ/ပတ္တီးျဖင့္ ၇ ရက္ခန္႔ စည္းထားအုပ္ထားပါ ။ ႂကြက္ႏို႔မ်ား အရာမက်န္ပဲ လုံးဝ ေပ်ာက္ကင္းသြားပါမည္ ။

ေဆးနည္း (၂ ) ။

ကြမ္းစား ေဆး႐ြက္ႀကီး၏ အညႇာအ႐ိုးမ်ားကို သံျပားေပၚတင္၍ မီးရွိူ႔ျပာခ်ပါ ။ ၎ျပာကို ကြမ္းသီးလုံးခန္႔ ရေအာင္ျပဳလုပ္ပါ ။ ႂကြက္ႏို႔ကို ေရေႏြးျဖင့္ ေဆးေၾကာသန္႔စင္ပါ ။

မီးကင္ထားေသာအပ္ျဖင့္ ႂကြက္ႏို႔ကို အရင္းအျမစ္ေပၚသည္ထိ ဆြေပးပါ။ထြက္လာေသာ ေသြးမ်ားကို
ေရေႏြးျဖင့္ ေဆးပါ ။ ဆြထားေသာ ႂကြက္ႏို႔အတြင္းသို႔ ေဆး႐ိုးျပာ သိပ္ထည့္ေပးပါ ။ ျပာမ်ား ကြာမက်ေစရန္ ဂြမ္းသန္႔သန္႔ျဖင့္ အုပ္၍ ပတ္တီးစည္းထားပါ ။

မွတ္ခ်က္ ။ ။ အနာကို၃ ရက္ခန္႔ေရမထိပါေစႏွင့္….. ။ ။

သတိျပဳရန္ ::: ဦးစြာပထမေပါက္ေသာ ႂကြက္ႏို႔ကိုသတ္ပါ ။ ေနာက္မွလိုက္၍ ေပါက္ေသာႂကြက္ႏို႔ကို သတ္ရန္မလို အလိုလိုေသသြားလိမ့္မည္ ။

ဥပမာ : လက္ဖမိုး ၊ ေျခဖမိုးႏွစ္ေနရာလုံးတြင္ ေပါက္ပါက ႏွစ္ေနရာလုံးရွိ ပထမဦးစြာေပါက္သည့္ ႂကြက္ႏို႔ကိုသာသတ္ရန္ ။

ေဆးနည္း ( ၃ ) ။

သဲဆပ္ျပာ မန္က်ည္းေစ့ခန္႔ကို ကြမ္းစားထုံး မန္က်ည္းေစ့ခန္႔ ႏွင့္ ဆတူေရာ၍ ခပ္ေစးေစး အေနအထားျဖစ္႐ုံမွ် ေရအနည္းငယ္ ထည့္၍ သမေအာင္နယ္ပါ ။ ေရေႏြးဆူဆူတြင္ ဓားထက္ထက္တစ္ေခ်ာင္း ထည့္ျပဳတ္၍ပိုး သတ္ထားပါ ။

၎ဓါးျဖင့္ ႂကြက္ႏို႔ကို လွီးျဖတ္ပါ ။ အျမစ္မ်ားေတြ႕ရသည္ထိ လွီးျဖတ္ပါ ။ ထြက္လာေသာေသြးမ်ားကို အရက္ပ်ံ ဆြတ္ထားသည့္ ဂြမ္းျဖင့္သုတ္ပါ ။ နယ္ထားေသာေဆးျဖင့္ လုံးဝဖုံးအုပ္သြားသည္ထိ အုံေပးပါ ။ ကြာမက်ေစရန္ ပတ္တီးစည္းပါ ။

ေဆးေျခာက္တိုင္း အသစ္ျပန္ထည့္ပါ ။ အနာဝပိတ္သြားလွ်င္ ထပ္မံလွီးျဖတ္ၿပီးမွေဆးအုံပါ ။ အနည္းငယ္စပ္ဖ်ဥ္းဖ်ဥ္း ခံစားရမည္ ။ အႀကိမ္ႀကိမ္ ျပဳလုပ္ေပးျခင္းျဖင့္ အနာ႐ြတ္မက်န္ဘဲ အျမစ္ျပတ္သက္သာေပ်ာက္ကင္းပါသည္ ။

credit to ျမန္မာ့ေဆးၿမီးတိုမ်ား:MyMc📎

unicode

ကြွက်နို့ ပျောက်ဆေး

ဆေးနည်း (၁) ။

ခံတက်ပင်မှ ခံတက်ခေါက်ကိုခွာပြီး အတွင်းသားနုနုကို ဓားဖြင့် ပါးပါးသင့်တော်ရုံ အရွယ်လွှာယူပါ ။ ၎င်းလွှာ၍ ရလာသော ခံတက်ခေါက် အတွင်းသားအလွှာကို ကြွက်နို့ပေါ် အုံပေးပြီးကွာမကျစေရန် ပလာစတာ/ပတ်တီးဖြင့် ၇ ရက်ခန့် စည်းထားအုပ်ထားပါ ။ ကြွက်နို့များ အရာမကျန်ပဲ လုံးဝ ပျောက်ကင်းသွားပါမည် ။

ဆေးနည်း (၂ ) ။

ကွမ်းစား ဆေးရွက်ကြီး၏ အညှာအရိုးများကို သံပြားပေါ်တင်၍ မီးရှိူ့ပြာချပါ ။ ၎င်းပြာကို ကွမ်းသီးလုံးခန့် ရအောင်ပြုလုပ်ပါ ။ ကြွက်နို့ကို ရေနွေးဖြင့် ဆေးကြောသန့်စင်ပါ ။

မီးကင်ထားသောအပ်ဖြင့် ကြွက်နို့ကို အရင်းအမြစ်ပေါ်သည်ထိ ဆွပေးပါ။ထွက်လာသော သွေးများကို
ရေနွေးဖြင့် ဆေးပါ ။ ဆွထားသော ကြွက်နို့အတွင်းသို့ ဆေးရိုးပြာ သိပ်ထည့်ပေးပါ ။ ပြာများ ကွာမကျစေရန် ဂွမ်းသန့်သန့်ဖြင့် အုပ်၍ ပတ်တီးစည်းထားပါ ။

မှတ်ချက် ။ ။ အနာကို၃ ရက်ခန့်ရေမထိပါစေနှင့်….. ။ ။

သတိပြုရန် ::: ဦးစွာပထမပေါက်သော ကြွက်နို့ကိုသတ်ပါ ။ နောက်မှလိုက်၍ ပေါက်သောကြွက်နို့ကို သတ်ရန်မလို အလိုလိုသေသွားလိမ့်မည် ။

ဥပမာ : လက်ဖမိုး ၊ ခြေဖမိုးနှစ်နေရာလုံးတွင် ပေါက်ပါက နှစ်နေရာလုံးရှိ ပထမဦးစွာပေါက်သည့် ကြွက်နို့ကိုသာသတ်ရန် ။

ဆေးနည်း ( ၃ ) ။

သဲဆပ်ပြာ မန်ကျည်းစေ့ခန့်ကို ကွမ်းစားထုံး မန်ကျည်းစေ့ခန့် နှင့် ဆတူရော၍ ခပ်စေးစေး အနေအထားဖြစ်ရုံမျှ ရေအနည်းငယ် ထည့်၍ သမအောင်နယ်ပါ ။ ရေနွေးဆူဆူတွင် ဓားထက်ထက်တစ်ချောင်း ထည့်ပြုတ်၍ပိုး သတ်ထားပါ ။

၎င်းဓါးဖြင့် ကြွက်နို့ကို လှီးဖြတ်ပါ ။ အမြစ်များတွေ့ရသည်ထိ လှီးဖြတ်ပါ ။ ထွက်လာသောသွေးများကို အရက်ပျံ ဆွတ်ထားသည့် ဂွမ်းဖြင့်သုတ်ပါ ။ နယ်ထားသောဆေးဖြင့် လုံးဝဖုံးအုပ်သွားသည်ထိ အုံပေးပါ ။ ကွာမကျစေရန် ပတ်တီးစည်းပါ ။

ဆေးခြောက်တိုင်း အသစ်ပြန်ထည့်ပါ ။ အနာဝပိတ်သွားလျှင် ထပ်မံလှီးဖြတ်ပြီးမှဆေးအုံပါ ။ အနည်းငယ်စပ်ဖျဥ်းဖျဥ်း ခံစားရမည် ။ အကြိမ်ကြိမ် ပြုလုပ်ပေးခြင်းဖြင့် အနာရွတ်မကျန်ဘဲ အမြစ်ပြတ်သက်သာပျောက်ကင်းပါသည် ။

credit to မြန်မာ့ဆေးမြီးတိုများ:MyMc📎

Be the first to comment

Leave a Reply

Your email address will not be published.


*