zawgyi
unicode
ကိုယ် မြတ်နိုး တန်ဖိုးထားတဲ့ အရာဆိုတာ………
လူတိုင်း လူတိုင်းမှာ ကိုယ်စီ တန်ဖိုးထားတတ်တဲ့ အရာတစ်ခုတော့ ရှိတတ်ကြတယ်….. ။ ။
တန်ဖိုး ကြီးတာဖြစ်ဖြစ် နည်းတာပဲဖြစ်ဖြစ် တန်ဖိုးထားတဲ့ အပေါ်မူတည်ပြီး တန်ဖိုး တွေလည်း ကွာကြတယ်…..။ ဥပမာ …. ကိုယ်က စာအုပ်တွေကို ချစ်တယ် ။ မြတ်နိုးတယ် ။ တန်ဖိုးထားတယ် ဆိုရင် စာအုပ်တွေက ကိုယ့်အတွက်တော့ တန်ဖိုး အကြီးဆုံးပဲ…. ။ အဆုံးရှုံး မခံနိုင်ဆုံးပဲ….. ။ ။
အဲ့လို ကိုယ် အရမ်းမြတ်နိုး တန်ဖိုးထားရတဲ့ အရာလေး…. ( လူဖြစ်ဖြစ် အရာဝတ္ထု ပစ္စည်းလေးပဲဖြစ်ဖြစ် ) ‌ဆုံးရှုံးရတဲ့အခါ…. အရမ်း နာကျင်ရတယ်…. ။ ဘာလို့ဆို ကိုယ်အရမ်း မြတ်နိုးတန်ဖိုးထားတဲ့ အရာဖြစ်နေ လို့လေ…… ။ ဆုံးရှုံးဖူးသူ တိုင်း အဲ့ ခံစားချက်ကို နားလည်တယ်…. ။ ။
တခြားသူတွေ အတွက် အဲ့အရာလေးက ဘာမဟုတ်တဲ့ ကိစ္စလေး ပါမွှားလေးပဲ ဖြစ်နေပါစေ……. ကိုယ့်အတွက်တော့ ကြီးမားတဲ့ ဆုံးရှုံးမှု တစ်ခုပါပဲ……. ။ ။
ကလေးလေးတွေ သူတို့ချစ်တဲ့ အရုပ်လေး ဆုံးရှုံးရတဲ့အခါ သူတို့လေးတွေ…ငိုကြတယ် ။ ဝမ်းနည်း ကြတယ်… ။ ကိုယ့်အတွက် ဘာမှ မပြောပလောက်ပေမဲ့ သူတို့အတွက်တော့ အကြီးကြီးပဲ….. ။ ။
အဲ့လိုပါပဲ တန်ဖိုးဆိုတာ ထားတဲ့ပေါ်မှာ မူတည်ပြီး ဆုံးရှုံးနစ်နာမှု တွေလည်း ကွာပါတယ်….. ။ အဲ့ဒါကြောင့် တခြားသူရဲ့ တန်ဖိုးထားတဲ့ အရာတွေ ဆုံးရှုံးရတဲ့အခါ ” ဒါလေများ … ဘာဖြစ် သွားမှာကြလို့ …. ” ဆိုပြီး အလွယ်တကူ မပြောလိုက် ပါနဲ့ ။ မလှောင်ပြောင်ကြ ပါနဲ့… ။ ။
တန်ဖိုးထားမှု ကွာရင် ဆုံးရှုံးမှုတွေ ကွာလို့ပါ….. ။ သူ့အတွက် ဘယ်လောက် နာကျင်ရတယ် ဆိုတာ သင်မသိနိုင်လို့ပါ… ။ ။ဒါကြောင့် သင့်အတွက် အရေးမကြီးဘူး ဆိုပေမယ့် တစ်ပါးသူ အတွက်အရေးကြီးနေနိုင်တယ် ဆိုတာကို ဘာပဲလုပ်လုပ် တွေးပေးကြပါ……. ။ ။
credit to original writer
Be the first to comment
Leave a Reply
Your email address will not be published.
*