zawgyi
ကေလးတစ္ေယာက္ အေနနဲ႔ မိသားစုကို အမွန္အတိုင္းေျပာျပ ဝန္ခံတာမ်ိဳးဘာလို႔မလုပ္ခ်င္ေတာ့တာလဲ……..(မိဘမ်ားဖတ္ၾကည့္သင့္ပါတယ္……)
ကေလးတစ္ေယာက္ တစ္ေန႔ လူႀကီးျဖစ္လာမဲ့သူတစ္ေယာက္က ေတာ္႐ုံကိစၥေတြကို ဘယ္သူ႔မွ မေျပာေတာ့ မတိုင္ပင္ေတာ့ဘူး ။ မိသားစုကို အသိမေပးေတာ့ပဲ ေနတတ္လာတယ္ ။
ဒီအက်င့္က ဘယ္က ျဖစ္လာလဲ……? ကိုယ့္အထက္က မိဘ အႀကီးအကဲေတြနဲ႔ အမ်ားႀကီးဆိုင္တယ္ ။
ကိုယ္က ႏွာေခ်တယ္…။” ေဆးေသာက္ ေႏြးေႏြးေထြးေထြးေန “လို႔ ဘယ္သူမွ မေျပာပဲ ” ႏွာေခ်မွာေပါ့ … ဒီေလာက္ ေအးေနတာကို ဘာမွ မဝတ္တာ” လို႔ ထ ေဟာက္လိုက္တယ္ ။
ကိုယ္က ႐ုတ္တရက္ ထ ဖ်ားတယ္….. ။ ” ဘယ္လိုျဖစ္တာလဲ … ဒီရာသီက တုပ္ေကြးရာသီ ဂ႐ုစိုက္မွေပါ့ ” လို႔ ေျပာမဲ့ အစား ” ဖ်ားမွာေပါ့ ဒီေလာက္ ေရအၾကာႀကီးခ်ိဳးတာ @;&:@/$@,တာကိုး…နည္းေတာင္ နည္းေသးတယ္ ” လို႔ ထဆူတယ္….. ။
ဖ်ား ရင္ ” ဖ်ားမွာေပါ့ ### တာကိုး “….. ။ နာ ရင္ ” နာမွာေပါ့ ### တာကိုး “…. ။ တစ္ခုခုျဖစ္ရင္ ” ျဖစ္မွာေပါ့….. နင္က ဘယ္လိုေန ဘယ္လိုထိုင္တာကိုး…. ျဖစ္မွာေပါ့ … ဘာေၾကာင့္ ဘယ္လိုျဖစ္တာ နည္းေတာင္ နည္းေသးတယ္…. ” ဆိုတာက ပါေသး…. ။
တစ္ခုခုဆို ေဖးမရမဲ့ ဂ႐ုစိုက္ရမဲ့ ေမးခြန္းေတြအစား အခ်ိဳ႕မိဘေတြမွာ ျဖစ္စဥ္တစ္ခုကို အရင္ဆုံး အျပစ္စတင္ၿပီး ဆုံးမတတ္တဲ့ဝသီက အက်င့္တစ္ခုလို ျဖစ္မွန္းမသိျဖစ္ေနခဲ့ေတာ့ ကေလးက တစ္ခုခု မျဖစ္လိုက္နဲ႔ အားႀကီးေတြ နဲ႔ အျပစ္တင္စကားက အရင္ အစခ်ီၿပီး ဆုံးမတာ ထုံးစံျဖစ္လာတယ္…….. ။
တစ္ခါတစ္ေလ မဆီမဆိုင္ ” ျဖစ္မွာေပါ့….. ဖုန္းခ်ည္းသုံးေနတာကိုး “……. ။ ဖုန္းပ်က္ေတာ့လည္း …” ပ်က္မွာေပါ့…. ဖုန္းပဲ အၿမဲကလိေနတာကိုး “…… ။
(ဖုန္းက တစ္ခါဝယ္ၿပီးရင္ တစ္သက္လုံးကိုင္လို႔ရတဲ့ အရာမဟုတ္ … ႐ို႐ိုေသေသကိုင္ရင္ေတာင္ ၂ႏွစ္ ၃ ႏွစ္ေလာက္ဆိုရင္ ဖုန္းအမ်ားစုက ဒစ္လည္ေနၾကၿပီ …… ဒါကို သိလည္း … အျပစ္စကား ပဲ ဆိုတာပဲ…။ )
ဂ႐ုတစိုက္ ဆုံးမတာကို ဘယ္သူမဆိုလက္ခံပါတယ္ ။ အၿမဲတေစ ျပစ္တင္ႀကိမ္းေမာင္းတာေတာ့ဘယ္သူက လိုခ်င္မွာလဲ….. ???
ကေလးတစ္ေယာက္ က ပုံမွန္အားျဖင့္ သူ႔အခက္အခဲေတြ ျပႆနာေတြကို အိမ္ကို ေျပာျပတတ္တာခ်ည္းပဲ…။ ဒါေပမဲ့ … ဒီအက်င့္ကို အိမ္ကလူေတြပဲ ဖ်က္ဆီးပစ္ခဲ့တာ … ။
ကိုယ့္မွာ ဘာျပႆနာရွိရွိ ဘာအခက္အခဲရွိရွိ အိမ္က အျပစ္စကား ေတြ နဲ႔ စတင္ႀကိမ္းေမာင္း မယ္ဆိုတာပဲ ႀကိဳသိေနေတာ့…. အိမ္ကို ေျပာျပတတ္တဲ့ အက်င့္ အဲ့ကေလးမွာ ေပ်ာက္သြားတယ္…. ။ ေတာ္႐ုံ မေျပာေတာ့ဘူး….. ။
ဂ႐ုစိုက္ခံရဖို႔အေရး ထက္ အျပစ္မတင္ခံရဖို႔အေရး အဆဲအဆို မခံရဖို႔အေရး ပဲ ဦးတည္ေတာ့တယ္……. ။ ဒီေတာ့ ဘာဆက္ျဖစ္လာလဲ…. ။
အဲ့ကေလးက အိမ္ကို လိမ္တတ္လာတယ္…။ ေက်ာင္းမွာ ရန္ျဖစ္လာတယ္.. ။ မ်က္ႏွာမွာ ဒဏ္ရာနဲ႔ ဒဏ္ခ်က္……အိမ္က ” ဘာျဖစ္လာလဲ ” ေမးတယ္… ။ ” သစ္ကိုင္းနဲ႔ ျခစ္မိတယ္ ” ပဲ ေျဖတယ္… ။
( ရန္ျဖစ္လာတယ္ ေျပာရင္ ငါ့အေဖ အေမ ကကိုယ့္ကေလး မွန္လား မွားလားအရင္ေမးမွာ မဟုတ္ဘူး…. ဒဏ္ရာေဆးထည့္ေပးမွာလည္း မဟုတ္ဘူး….. တစ္ေနကုန္ နားနဲ႔မဆန႔္ေအာင္ အျပစ္စကားေတြပဲ လွိမ့္ေကာ ေတာ့မွာ သိေနႏွင့္တယ္…. ။ )
ယုတ္စြအဆုံး ေက်ာင္းမွာ ဆရာ႐ိုက္လို႔ ေပါင္မွာ အရႈိးထင္ အရမ္းနာေနတာေတာင္ အိမ္ကို မေျပာရဲဘူး… ။ အိမ္က ေရခ်ိဳးေပးမွ ”ဘာျဖစ္တာလဲ……. ? ” ဆိုေတာ့ သက္ေသႏွင့္ တကြ ညာလို႔ မရေတာ့မွ ဆရာမက ႐ိုက္တာလို႔ ဝန္ခံလိုက္တယ္… ။ ( ျငင္းမရတဲ့ အေျခအေနမွ အမွန္တိုင္းေျပာျဖစ္တယ္ ။ )
ဒါေပမဲ့လည္း ထုံးစံအတိုင္းပါပဲ…… ။ ” အ႐ိုက္ခံ ရမွာေပါ့ …. အသုံးမွ မက်တာကိုး “ကေန အစခ်ီကာ ပြစိပြစိ ႏွင့္ ႀကိမ္းေမာင္းဆူပူခံရပါေတာ့သည္…. ။
ထိုေၾကာင့္ အႀကိမ္ႀကိမ္ လိမ္ခဲ့ဖူးပါသည္…… ။ ထို႔ေၾကာင့္ ဘာလုပ္လုပ္ မိသားစုကို မတိုင္ပင္ျဖစ္ခဲ့ေတာ့ပါ…. ။
Credit to original writer
unicode
ကလေးတစ်ယောက် အနေနဲ့ မိသားစုကို အမှန်အတိုင်းပြောပြ ဝန်ခံတာမျိုးဘာလို့မလုပ်ချင်တော့တာလဲ……..(မိဘများဖတ်ကြည့်သင့်ပါတယ်……)
ကလေးတစ်ယောက် တစ်နေ့ လူကြီးဖြစ်လာမဲ့သူတစ်ယောက်က တော်ရုံကိစ္စတွေကို ဘယ်သူ့မှ မပြောတော့ မတိုင်ပင်တော့ဘူး ။ မိသားစုကို အသိမပေးတော့ပဲ နေတတ်လာတယ် ။
ဒီအကျင့်က ဘယ်က ဖြစ်လာလဲ……? ကိုယ့်အထက်က မိဘ အကြီးအကဲတွေနဲ့ အများကြီးဆိုင်တယ် ။
ကိုယ်က နှာချေတယ်…။” ဆေးသောက် နွေးနွေးထွေးထွေးနေ “လို့ ဘယ်သူမှ မပြောပဲ ” နှာချေမှာပေါ့ … ဒီလောက် အေးနေတာကို ဘာမှ မဝတ်တာ” လို့ ထ ဟောက်လိုက်တယ် ။
ကိုယ်က ရုတ်တရက် ထ ဖျားတယ်….. ။ ” ဘယ်လိုဖြစ်တာလဲ … ဒီရာသီက တုပ်ကွေးရာသီ ဂရုစိုက်မှပေါ့ ” လို့ ပြောမဲ့ အစား ” ဖျားမှာပေါ့ ဒီလောက် ရေအကြာကြီးချိုးတာ @;&:@/$@,တာကိုး…နည်းတောင် နည်းသေးတယ် ” လို့ ထဆူတယ်….. ။
ဖျား ရင် ” ဖျားမှာပေါ့ ### တာကိုး “….. ။ နာ ရင် ” နာမှာပေါ့ ### တာကိုး “…. ။ တစ်ခုခုဖြစ်ရင် ” ဖြစ်မှာပေါ့….. နင်က ဘယ်လိုနေ ဘယ်လိုထိုင်တာကိုး…. ဖြစ်မှာပေါ့ … ဘာကြောင့် ဘယ်လိုဖြစ်တာ နည်းတောင် နည်းသေးတယ်…. ” ဆိုတာက ပါသေး…. ။
တစ်ခုခုဆို ဖေးမရမဲ့ ဂရုစိုက်ရမဲ့ မေးခွန်းတွေအစား အချို့မိဘတွေမှာ ဖြစ်စဉ်တစ်ခုကို အရင်ဆုံး အပြစ်စတင်ပြီး ဆုံးမတတ်တဲ့ဝသီက အကျင့်တစ်ခုလို ဖြစ်မှန်းမသိဖြစ်နေခဲ့တော့ ကလေးက တစ်ခုခု မဖြစ်လိုက်နဲ့ အားကြီးတွေ နဲ့ အပြစ်တင်စကားက အရင် အစချီပြီး ဆုံးမတာ ထုံးစံဖြစ်လာတယ်…….. ။
တစ်ခါတစ်လေ မဆီမဆိုင် ” ဖြစ်မှာပေါ့….. ဖုန်းချည်းသုံးနေတာကိုး “……. ။ ဖုန်းပျက်တော့လည်း …” ပျက်မှာပေါ့…. ဖုန်းပဲ အမြဲကလိနေတာကိုး “…… ။
(ဖုန်းက တစ်ခါဝယ်ပြီးရင် တစ်သက်လုံးကိုင်လို့ရတဲ့ အရာမဟုတ် … ရိုရိုသေသေကိုင်ရင်တောင် ၂နှစ် ၃ နှစ်လောက်ဆိုရင် ဖုန်းအများစုက ဒစ်လည်နေကြပြီ …… ဒါကို သိလည်း … အပြစ်စကား ပဲ ဆိုတာပဲ…။ )
ဂရုတစိုက် ဆုံးမတာကို ဘယ်သူမဆိုလက်ခံပါတယ် ။ အမြဲတစေ ပြစ်တင်ကြိမ်းမောင်းတာတော့ဘယ်သူက လိုချင်မှာလဲ….. ???
ကလေးတစ်ယောက် က ပုံမှန်အားဖြင့် သူ့အခက်အခဲတွေ ပြဿနာတွေကို အိမ်ကို ပြောပြတတ်တာချည်းပဲ…။ ဒါပေမဲ့ … ဒီအကျင့်ကို အိမ်ကလူတွေပဲ ဖျက်ဆီးပစ်ခဲ့တာ … ။
ကိုယ့်မှာ ဘာပြဿနာရှိရှိ ဘာအခက်အခဲရှိရှိ အိမ်က အပြစ်စကား တွေ နဲ့ စတင်ကြိမ်းမောင်း မယ်ဆိုတာပဲ ကြိုသိနေတော့…. အိမ်ကို ပြောပြတတ်တဲ့ အကျင့် အဲ့ကလေးမှာ ပျောက်သွားတယ်…. ။ တော်ရုံ မပြောတော့ဘူး….. ။
ဂရုစိုက်ခံရဖို့အရေး ထက် အပြစ်မတင်ခံရဖို့အရေး အဆဲအဆို မခံရဖို့အရေး ပဲ ဦးတည်တော့တယ်……. ။ ဒီတော့ ဘာဆက်ဖြစ်လာလဲ…. ။
အဲ့ကလေးက အိမ်ကို လိမ်တတ်လာတယ်…။ ကျောင်းမှာ ရန်ဖြစ်လာတယ်.. ။ မျက်နှာမှာ ဒဏ်ရာနဲ့ ဒဏ်ချက်……အိမ်က ” ဘာဖြစ်လာလဲ ” မေးတယ်… ။ ” သစ်ကိုင်းနဲ့ ခြစ်မိတယ် ” ပဲ ဖြေတယ်… ။
( ရန်ဖြစ်လာတယ် ပြောရင် ငါ့အဖေ အမေ ကကိုယ့်ကလေး မှန်လား မှားလားအရင်မေးမှာ မဟုတ်ဘူး…. ဒဏ်ရာဆေးထည့်ပေးမှာလည်း မဟုတ်ဘူး….. တစ်နေကုန် နားနဲ့မဆန့်အောင် အပြစ်စကားတွေပဲ လှိမ့်ကော တော့မှာ သိနေနှင့်တယ်…. ။ )
ယုတ်စွအဆုံး ကျောင်းမှာ ဆရာရိုက်လို့ ပေါင်မှာ အရှိုးထင် အရမ်းနာနေတာတောင် အိမ်ကို မပြောရဲဘူး… ။ အိမ်က ရေချိုးပေးမှ ”ဘာဖြစ်တာလဲ……. ? ” ဆိုတော့ သက်သေနှင့် တကွ ညာလို့ မရတော့မှ ဆရာမက ရိုက်တာလို့ ဝန်ခံလိုက်တယ်… ။ ( ငြင်းမရတဲ့ အခြေအနေမှ အမှန်တိုင်းပြောဖြစ်တယ် ။ )
ဒါပေမဲ့လည်း ထုံးစံအတိုင်းပါပဲ…… ။ ” အရိုက်ခံ ရမှာပေါ့ …. အသုံးမှ မကျတာကိုး “ကနေ အစချီကာ ပွစိပွစိ နှင့် ကြိမ်းမောင်းဆူပူခံရပါတော့သည်…. ။
ထိုကြောင့် အကြိမ်ကြိမ် လိမ်ခဲ့ဖူးပါသည်…… ။ ထို့ကြောင့် ဘာလုပ်လုပ် မိသားစုကို မတိုင်ပင်ဖြစ်ခဲ့တော့ပါ…. ။
Credit to original writer
Leave a Reply