မိမိကိုယ္ကိုသေဘာက်ပါ…. ။ ။
မိမိကိုယ္ကိုသေဘာက်ပါ.... ။ ။
မိမိကိုယ္ကိုသေဘာက်ပါ.... ။ ။
zawgyi
မိမိကိုယ္ကိုသေဘာက်ပါ…. ။ ။
ဘဝအတွက် အရေးကြီး တာပါ….. ။ ။
unicode
မိမိကိုယ်ကိုသဘောကျပါ…. ။ ။
ကိုယ့်ကို မဝင်စေချင်လို့ ပိတ်ထားတဲ့ တံခါးတွေကို အတင်း ဖွင့်မကြည့် ပါနဲ့…. ။ အသာလေးပဲ လှည့်ပြန်ခဲ့ပါ ….။ ။
ကိုယ့်ကို မပြုံးပြ ချင်လို့ မြင်တာ နဲ့ မျက်နှာ လွှဲလွှဲသွားတဲ့ လူတွေကို နောက်တစ်ခေါက် တွေ့ရင် တည်တည် ငြိမ်ငြိမ် နဲ့ ကြည့်နိုင်ဖို့ လေ့ကျင့် ထားပါ . . .။ ။
ကိုယ် နဲ့ ဆက်ဆံရေး ကျဲသွားတဲ့ သူတွေကို သူတို့ စိတ်မပါပဲ အတင်း လိုက်မရော မိအောင် သတိထား နေထိုင်ပါ… ။ ။
ဟုတ်ကဲ့……. ။ ။ ဒီအဖြစ်အပျက်တွေ ကြောင့် သင် ဝမ်းမနည်း ပါနဲ့ ။
ဘယ်ဘုရားကိုမှ လူအကုန် လက်မခံ ပါဘူး ….. ။ ဘယ် နိုင်ငံခေါင်းဆောင် ကိုမှ လူအကုန် မထောက်ခံ ပါဘူး…..။ ဘယ်အနုပညာရှင်ကိုမှ ၁၀၀% လူအကုန် မထောက်ခံ ပါဘူး ….. ။ ။
ဒါဆို……. သင့်ကိုရော…….. ? လူတချို့ လက်မခံ ကြတာ ဆန်းသလား…… မိတ်ဆွေ…. ။ ။
လူအားလုံး စိတ်တိုင်းကျအောင် နေပေးဖို့ စိတ်မကူး ပါနဲ့…. ။ လူအားလုံး သဘောကျအောင်
ပြောနေဖို့လည်း မကြိုးစား ပါနဲ့…. ။
ကိုယ့်အတွေးနဲ့ ကိုနေပါ…. ။ ကိုယ့် အလုပ်ကို သာ ကိုယ်လုပ်ပါ… ။ ပြောစရာ ရှိတဲ့စကားကို ရဲရဲဝံ့ဝံ့ သာ ပြောပါ….. ။ ကိုယ့် ယုံကြည်ချက် ကို ကိုယ်သစ္စာ ရှိပါ….။ ။
ဘယ်သူမှ သဘောမကျ လည်း မိမိ ကိုယ် မိမိ သဘောကျခြင်း ၊ မိမိ ကိုယ် မိမိ ယုံကြည်ခြင်း ကသာ
ဘဝအတွက် အရေးကြီး တာပါ….. ။ ။
ခြင်္သေ့ကို လက်ညှိုး ဝိုင်းထိုးလို့ ခြင်္သေ့ ဟာ ခွေး မဖြစ်သွား ပါဘူး ။ ဒီလိုပဲ ဘယ်သူတွေ ဘယ်လို ပြောပြော သင် ဟာ သင် ပါပဲ…. ။ ။
credit to original writer
Be the first to comment
Leave a Reply
Your email address will not be published.
*