ကံသုံးပါးတြင္ မည္သည့္ကံသည္ အျပစ္ႀကီးသနည္း…

ကံသုံးပါးတြင္ မည္သည့္ကံသည္ အျပစ္ႀကီးသနည္း...
ကံသုံးပါးတြင္ မည္သည့္ကံသည္ အျပစ္ႀကီးသနည္း...

ကံသုံးပါးတြင္ မည္သည့္ကံသည္ အျပစ္ႀကီးသနည္း…

“ကာယကံ၊ ဝစီကံ၊ မေနာကံရယ္လို႔ ကံသုံးပါးမွာဘယ္ကံက အျပစ္ႀကီးပါသလဲ လို႔ ေမးထားတဲ့ ျပႆနာကိုလည္း ေျဖေတာ္မူပါဦးဘုရား”

“ကာယကံ၊ ဝစီကံ၊ မေနာကံရယ္လို႔ ကံသုံးပါးမွာဘယ္ကံက အျပစ္ႀကီးပါသလဲဆိုတာေထာက္ေတာ့ ဒီကံသုံးပါးဟာ ေကာင္းက်ိဳးေပးတဲ့ ကုသိုလ္ကံမဟုတ္ဘူး၊မေကာင္းက်ိဳးေပးတဲ့ အကုသိုလ္ကံကို ေမးတာပဲဆိုတာ သိသာသြားတယ္၊ ဒီလိုဆို ကာယကံဘယ္ေလာက္၊ဝစီကံဘယ္ေလာက္၊ မေနာကံ ဘယ္ေလာက္ရွိတယ္ဆိုတာ သိဖို႔လိုတယ္၊ ဒါေၾကာင့္ ကံအေရအတြက္ကိုဦးစြာ ေျပာျပဦးမယ္”

“မိန႔္ေတာ္မူပါ ဘုရား”

“ကာယကံဆိုတာ ကိုယ္ျဖင့္ ျပဳလုပ္တဲ့ အကုသိုလ္ကံကိုဆိုလိုတယ္၊ အဲဒီကိုယ္ျဖင့္ ျပဳလုပ္တဲ့ အကုသိုလ္ကံဟာ –

(၁) ပါဏာတိပါတ = သူ႔အသက္ကိုသတ္တဲ့ကံ၊

(၂) အဒိႏၷာဒါန =သူတစ္ပါးပစၥည္းကို ခိုးယူတဲ့ကံ၊

(၃) ကာေမသုမိစာၦစာရ = ကာမမႈ၌ မွားယြင္းစြာ ျပဳက်င့္မိတဲ့ကံရယ္လို႔သုံးပါးရွိတယ္။

ႏႈတ္ျဖင့္ေျပာမွားဆိုမွားတဲ့ကံကိုဝစီကံလို႔ေခၚတယ္၊ အဲဒီႏႈတ္ျဖင့္ အေျပာမွားတဲ့ ကံဟာ –

(၁) မုသာဝါဒ = လိမ္ေျပာတဲ့ကံ၊

(၂) ပိသုဏဝါစာ = သူတစ္ပါး အခ်စ္ပ်က္ေအာင္ ကုန္းတိုက္တဲ့ အကုသိုလ္ကံ၊

(၃) ဖ႐ုသဝါစာ = ၾကမ္းတမ္းစြာ ေျပာဆိုဆဲေရးေသာ အကုသိုလ္ကံ၊

(၄) သမၼပၸလာပ = ၿပိန္ဖ်င္းေသာစကားကို ဆိုေသာ အကုသိုလ္ကံရယ္လို႔ေလးပါးရွိတယ္။

စိတ္မွာျဖစ္ပြားတဲ့အကုသိုလ္ကံကို မေနာကံလို႔ေခၚတယ္၊ မေနာကံက –

(၁) အဘိဇၩာ =သူ႔ပစၥည္းဟာ ငါ့ပစၥည္းျဖစ္ပါေတာ့လို႔ မတရားရခ်င္တဲ့ အကုသိုလ္ကံ၊

(၂) ဗ်ာပါဒ =သူတစ္ပါး ပ်က္စီးေအာင္၊ ေသေအာင္ ႀကံစည္တဲ့ အကုသိုလ္ကံ၊

(၃) မိစာၦဒိ႒ိ =အယူအဆ မွားယြင္းတဲ့ အကုသိုလ္ကံရယ္လို႔ သုံးပါးရွိတယ္။

ဒီ၁၀-ပါးေသာ အကုသိုလ္ကံတရားကို အပါယ္ေရာက္ေၾကာင္း လမ္းမႀကီးႏွင့္တူလို႔ (အကုသလ ကမၼပထတရား) လို႔ ေခၚတယ္၊ အကုသလ ကမၼပထဆိုတာအကုသိုလ္ကံတည္းဟူေသာ အပါယ္သြား လမ္းမႀကီးကို ဆိုလိုတယ္။

ဒီလမ္းမႀကိး ၁၀-ခုအနက္ တစ္ခုခုေပၚနင္းသြားမိလွ်င္ လမ္းမႀကီးက ငရဲ၊ တိရစာၦန္၊ ၿပိတၱာ၊ အသူရကာယ္ဆိုတဲ့ အပါယ္ေလးပါး ကိုၫႊန္ျပေနသတဲ့၊ ဒါေၾကာင့္ ဒီ ၁၀-ပါးေသာ အကုသိုလ္ကံအနက္ တစ္ကံကံကို လြန္က်ဴးမိသလွ်င္အပါယ္လမ္းက ေသခ်ာေနတယ္၊ ဒါေၾကာင့္ အကုသလကမၼပထ ၁၀-ပါး အျပစ္ငယ္တာရယ္လို႔ေတာ့ မရွိဘူး၊သို႔ေသာ္ ဒီ ၁၀-ပါးအနက္ ဘယ္ကံတရားဟာ အျပစ္အႀကီးဆုံးလဲလို႔ တြက္ခဲ့လွ်င္ ေနာက္ဆုံး မိစာၦဒိ႒ိကံဟာအျပစ္အႀကီးဆုံး ျဖစ္တယ္၊ ဒီအေၾကာင္းကို တြက္ျပဦးမယ္။

အကုသိုလ္ကံအတြင္းမွာဂ႐ုကံဟာ အေလးဆုံးကံျဖစ္တယ္၊ ဂ႐ုကံဆိုတာ (ပၪၥာနႏၲရိယကံ)ကို ေခၚတာပဲ၊ ပၪၥာနႏၲရိယဆိုတာကြယ္လြန္သည္၏အျခားမဲ့မွာ ဧကန္ အဝီစိငရဲႀကီး က်ေရာက္မည့္ကံလို႔ ဆိုလိုတယ္။

အဲဒီအနႏၲရိယကံဟာ ပၪၥဆိုတဲ့အတိုင္း ငါးပါးရွိတယ္။

(၁) မာတုဃာတက = အမိကို သတ္ေသာကံ၊

(၂) ပိတုဃာတက = အဖကို သတ္ေသာကံ၊

(၃) အရဟႏၲဃတက = ရဟႏၲာကို သတ္ေသာကံ၊

(၄) ေလာဟိတုပၸါဒက = ဘုရားရွင္ကို ေသြးစိမ္းတည္ေအာင္ ျပဳေသာကံ၊

(၅) သံဃေဘဒက = သံဃာကြဲေအာင္ ျပဳေသာကံ၊

ဒီဂ႐ုကံႀကီး ငါးပါးလုံးဟာ ကာယကံေတြခ်ည္းပဲ၊ ဒါေၾကာင့္ ကာယကံ အျပစ္ႀကီးတယ္လို႔ ေျဖစရာေပါ့၊သို႔ေသာ္လည္း ကာယကံသာ အျပစ္ႀကီးတာ မဟုတ္ဘူး။

ဝစီကံအတြင္းကမုသာဝါဒဆိုတာလည္း အလြန္ အျပစ္ႀကီးတယ္၊ အျပစ္ႀကီးလြန္းလို႔ ဘုရားအေလာင္းမ်ားဟာ အျခားအကုသိုလ္မ်ားကိုသာက်ဴးလြန္ခဲ့တယ္၊ မုသာဝါဒကံကိုေတာ့ မက်ဴးလြန္ဘူးတဲ့ကြယ္၊ ဒါေၾကာင့္ မဃေဒဝလကၤာသစ္မွာ
“အကုသိုလ္မွာ မုသာဝါဒ၊ ကုသိုလ္မွားကား သစၥာဝါစာေလးဆုံးသာတည့္” လို႔ စပ္ဆိုထားတယ္၊

ဒီကံေတြထက္ အျပစ္အႀကီးဆုံးကေတာ့ မိစာၦဒိ႒ိကံပဲကြယ့္၊မိစာၦဒိ႒ိဆိုတာ အယူအဆမွားတာေပါ့၊ ကမၼပထေျမာက္တဲ့ မိစာၦဒိ႒ိကံက ၁၀-ပါးရွိတယ္၊ (ဒသဝတၳဳက မိစာၦဒိ႒ိ) လို႔ ေခၚတယ္။

အဲဒီမိစာၦဒိ႒ိ ၁၀-ပါးက –

(၁) နတၳိ ဒိႏၷံ =အလႉငယ္ေပးလႉလို႔ အက်ိဳးမရွိ၊

(၂) နတၳိ ယိ႒ံ = အလႉႀကီးေပးလႉလို႔ အက်ိဳးမရွိ၊

(၃) နတၳိ ဟုတံ = ပူေဇာ္၍ အက်ိဳးမရွိ၊

(၄) နတ္ထိ ဖလံ ဝိပါေကာ = ကုသိုလ်ကံ၊ အကုသိုလ်ကံမရွိ၊

(၅) နတၳိ အယံ ေလာေကာ = ဘဝတစ္ပါးမွ လာသူမရွိ၊

(၆) နတၳိ ပေရာ ေလာေကာ = တမလြန္ေလာကမရွိ၊

(၇) နတၳိ မာတာ =မိခင္၏ ေက်းဇူးမရွိ၊

(၈) နတၳိ ပိတာ =ဖခင္၏ ေက်းဇူးမရွိ၊

(၉) နတၳိ ၾသပပါတိကာ = ဥပပတ္သတၱဝါမရွိ၊

(၁၀) နတၳိ သမဏျဗဟၼဏ = ကိေလသာ ၿငိမ္းေအးေသာ သမဏ ျဗဟၼဏဟူ၍ မရွိ။

ဒီအယူ၁၀-ပါးကို ဒသဝတၳဳက မိစာၦဒိ႒ိလို႔ေခၚတယ္။ ဒီမိစာၦဒိ႒ိႀကီးဆယ္ပါးကို ကံ၏ အက်ိဳး မရွိလို႔ ပယ္တဲ့အတြက္ေၾကာင့္ နတၳိကဒိ႒ိလို႔ ေခၚတယ္၊ေကာင္းမႈျပဳေသာ္လည္း ျပဳသည္မမည္၊ အေကာင္းမႈ ျပဳေသာ္လည္း ျပဳသည္မမည္လို႔ ကံကို ပယ္တဲ့အတြက္ေၾကာင့္အႀကိယဒိ႒ိလို႔လည္း ေခၚၾကတယ္။

သတၱဝါဆိုတာကကုသိုလ္ကံေၾကာင့္ ျဖစ္တာလည္းမဟုတ္၊ အကုသိုလ္ကံေၾကာင့္ ျဖစ္တာလည္းမဟုတ္၊ အေၾကာင့္ အေထာက္အပံ့မရွိ၊သူျဖစ္ခ်င္ရာ ျဖစ္တာပဲလို႔ အေၾကာင္းပယ္တဲ့အတြက္ အေဟတုကဒိ႒ိလို႔လည္းေခၚတယ္။

နတၳိကာေဟတုက အႀကိယ ဒိ႒ိဟိ ဧဝ ကမၼပထေဘေဒါ ေဟာတိ။

နတၳိက အေဟတုက အႀကိယ အမည္ရတဲ့ ဒီအယူဆိုး ဒိ႒ိႀကီးဆယ္ပါးစြဲကိုင္ထားခဲ့လွ်င္ အပါယ္လားဖို႔ ကမၼပထေျမာက္သြားၿပီတဲ့၊ ဒီအယူဆိုးႀကီးကို စြဲစြဲၿမဲၿမဲယူခဲ့လွ်င္နိယတမိစာၦဒိ႒ိျဖစ္သြားၿပီး ထိုသူကြယ္လြန္လွ်င္ လူ႔ဘဝ, နတ္ဘဝမွာ ျဖစ္ခြင့္မရွိ၊ ဧကန္မဟာအဝီစိငရဲကို က်မယ္၊

ကမာၻပ်က္လွ်င္ အနႏၲရိယကံေၾကာင့္ ငရဲက်သူမ်ား ျဗဟၼာ့ဘုံ၌ ျဖစ္ခြင့္ရွိေသာ္လည္းနိယတမိစာၦဒိ႒ိ အယူဆိုး ယူမိသူကေတာ့ ျဗဟၼာ့ဘုံမွာ မျဖစ္ဘဲ ဒီစၾကဝဠာကမာၻႀကီးပ်က္လွ်င္အျခားမပ်က္ေသးတဲ့ ကမၻမွာကူးၿပီး ငရဲခံရလိမ့္မယ္တဲ့။

ဒါလားဆိုေတာ့ မကေသးဘူး၊ အယူမွားယူမိတဲ့သူဟာ မိမိယူထားတဲ့ မိစာၦဒိ႒ိအယူကို ျဖစ္ရာဘဝမွာ အခိုင္အမာ ဆုပ္ကိုင္စြဲယူထားတဲ့အတြက္ဘုရားေပါင္း အရာအေထာင္ ႂကြေရာက္ တရားေဟာသည့္တိုင္ေအာင္ စြဲယူမိတဲ့ မိစာၦအယူကို မစြန႔္ႏိုင္ေအာင္အလြန္ အယူျပင္းထန္သတဲ့၊ ဒါေၾကာင့္ မိစာၦဒိ႒ိပုဂၢိဳလ္ဟာ အပါယ္ၿပီး အပါယ္က်၍ ကမာၻ႔သစ္ငုတ္ႀကီးအျဖစ္က်န္ရစ္တတ္တယ္လို႔ က်မ္းဂန္မ်ားမွာ ဖြင့္ျပထားတယ္။

မိစာၦဒိ႒ိကံဆိုတာ ကာယကံလည္းမဟုတ္ဘူး၊ဝစီကံလည္းမဟုတ္ဘူး၊ မေနာကံစစ္စစ္ျဖစ္တယ္၊ ဒါေၾကာင့္ ကာယကံ၊ ဝစီကံ၊ မေနာကံဆိုတဲ့ အကုသိုလ္ကံသုံးပါးမွာမေနာကံဟာ အျပစ္အႀကီးဆုံးလို႔ မွတ္သင့္တာေပါ့ကြယ္”
…..။

“သာဓု . . . သာဓု . . . သာဓု”

တည္ေတာဆရာေတာ္ဘုရားႀကီး

credit to original writer

Unicode

ကံသုံးပါးတွင် မည်သည့်ကံသည် အပြစ်ကြီးသနည်း…

“ကာယကံ၊ ဝစီကံ၊ မနောကံရယ်လို့ ကံသုံးပါးမှာဘယ်ကံက အပြစ်ကြီးပါသလဲ လို့ မေးထားတဲ့ ပြဿနာကိုလည်း ဖြေတော်မူပါဦးဘုရား”

“ကာယကံ၊ ဝစီကံ၊ မနောကံရယ်လို့ ကံသုံးပါးမှာဘယ်ကံက အပြစ်ကြီးပါသလဲဆိုတာထောက်တော့ ဒီကံသုံးပါးဟာ ကောင်းကျိုးပေးတဲ့ ကုသိုလ်ကံမဟုတ်ဘူး၊မကောင်းကျိုးပေးတဲ့ အကုသိုလ်ကံကို မေးတာပဲဆိုတာ သိသာသွားတယ်၊ ဒီလိုဆို ကာယကံဘယ်လောက်၊ဝစီကံဘယ်လောက်၊ မနောကံ ဘယ်လောက်ရှိတယ်ဆိုတာ သိဖို့လိုတယ်၊ ဒါကြောင့် ကံအရေအတွက်ကိုဦးစွာ ပြောပြဦးမယ်”

“မိန့်တော်မူပါ ဘုရား”

“ကာယကံဆိုတာ ကိုယ်ဖြင့် ပြုလုပ်တဲ့ အကုသိုလ်ကံကိုဆိုလိုတယ်၊ အဲဒီကိုယ်ဖြင့် ပြုလုပ်တဲ့ အကုသိုလ်ကံဟာ –

(၁) ပါဏာတိပါတ = သူ့အသက်ကိုသတ်တဲ့ကံ၊

(၂) အဒိန္နာဒါန =သူတစ်ပါးပစ္စည်းကို ခိုးယူတဲ့ကံ၊

(၃) ကာမေသုမိစ္ဆာစာရ = ကာမမှု၌ မှားယွင်းစွာ ပြုကျင့်မိတဲ့ကံရယ်လို့သုံးပါးရှိတယ်။

နှုတ်ဖြင့်ပြောမှားဆိုမှားတဲ့ကံကိုဝစီကံလို့ခေါ်တယ်၊ အဲဒီနှုတ်ဖြင့် အပြောမှားတဲ့ ကံဟာ –

(၁) မုသာဝါဒ = လိမ်ပြောတဲ့ကံ၊

(၂) ပိသုဏဝါစာ = သူတစ်ပါး အချစ်ပျက်အောင် ကုန်းတိုက်တဲ့ အကုသိုလ်ကံ၊

(၃) ဖရုသဝါစာ = ကြမ်းတမ်းစွာ ပြောဆိုဆဲရေးသော အကုသိုလ်ကံ၊

(၄) သမ္မပ္ပလာပ = ပြိန်ဖျင်းသောစကားကို ဆိုသော အကုသိုလ်ကံရယ်လို့လေးပါးရှိတယ်။

စိတ်မှာဖြစ်ပွားတဲ့အကုသိုလ်ကံကို မနောကံလို့ခေါ်တယ်၊ မနောကံက –

(၁) အဘိဇ္ဈာ =သူ့ပစ္စည်းဟာ ငါ့ပစ္စည်းဖြစ်ပါတော့လို့ မတရားရချင်တဲ့ အကုသိုလ်ကံ၊

(၂) ဗျာပါဒ =သူတစ်ပါး ပျက်စီးအောင်၊ သေအောင် ကြံစည်တဲ့ အကုသိုလ်ကံ၊

(၃) မိစ္ဆာဒိဋ္ဌိ =အယူအဆ မှားယွင်းတဲ့ အကုသိုလ်ကံရယ်လို့ သုံးပါးရှိတယ်။

ဒီ၁၀-ပါးသော အကုသိုလ်ကံတရားကို အပါယ်ရောက်ကြောင်း လမ်းမကြီးနှင့်တူလို့ (အကုသလ ကမ္မပထတရား) လို့ ခေါ်တယ်၊ အကုသလ ကမ္မပထဆိုတာအကုသိုလ်ကံတည်းဟူသော အပါယ်သွား လမ်းမကြီးကို ဆိုလိုတယ်။

ဒီလမ်းမကြိး ၁၀-ခုအနက် တစ်ခုခုပေါ်နင်းသွားမိလျှင် လမ်းမကြီးက ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဆိုတဲ့ အပါယ်လေးပါး ကိုညွှန်ပြနေသတဲ့၊ ဒါကြောင့် ဒီ ၁၀-ပါးသော အကုသိုလ်ကံအနက် တစ်ကံကံကို လွန်ကျူးမိသလျှင်အပါယ်လမ်းက သေချာနေတယ်၊ ဒါကြောင့် အကုသလကမ္မပထ ၁၀-ပါး အပြစ်ငယ်တာရယ်လို့တော့ မရှိဘူး၊သို့သော် ဒီ ၁၀-ပါးအနက် ဘယ်ကံတရားဟာ အပြစ်အကြီးဆုံးလဲလို့ တွက်ခဲ့လျှင် နောက်ဆုံး မိစ္ဆာဒိဋ္ဌိကံဟာအပြစ်အကြီးဆုံး ဖြစ်တယ်၊ ဒီအကြောင်းကို တွက်ပြဦးမယ်။

အကုသိုလ်ကံအတွင်းမှာဂရုကံဟာ အလေးဆုံးကံဖြစ်တယ်၊ ဂရုကံဆိုတာ (ပဉ္စာနန္တရိယကံ)ကို ခေါ်တာပဲ၊ ပဉ္စာနန္တရိယဆိုတာကွယ်လွန်သည်၏အခြားမဲ့မှာ ဧကန် အဝီစိငရဲကြီး ကျရောက်မည့်ကံလို့ ဆိုလိုတယ်။

အဲဒီအနန္တရိယကံဟာ ပဉ္စဆိုတဲ့အတိုင်း ငါးပါးရှိတယ်။

(၁) မာတုဃာတက = အမိကို သတ်သောကံ၊

(၂) ပိတုဃာတက = အဖကို သတ်သောကံ၊

(၃) အရဟန္တဃတက = ရဟန္တာကို သတ်သောကံ၊

(၄) လောဟိတုပ္ပါဒက = ဘုရားရှင်ကို သွေးစိမ်းတည်အောင် ပြုသောကံ၊

(၅) သံဃဘေဒက = သံဃာကွဲအောင် ပြုသောကံ၊

ဒီဂရုကံကြီး ငါးပါးလုံးဟာ ကာယကံတွေချည်းပဲ၊ ဒါကြောင့် ကာယကံ အပြစ်ကြီးတယ်လို့ ဖြေစရာပေါ့၊သို့သော်လည်း ကာယကံသာ အပြစ်ကြီးတာ မဟုတ်ဘူး။

ဝစီကံအတွင်းကမုသာဝါဒဆိုတာလည်း အလွန် အပြစ်ကြီးတယ်၊ အပြစ်ကြီးလွန်းလို့ ဘုရားအလောင်းများဟာ အခြားအကုသိုလ်များကိုသာကျူးလွန်ခဲ့တယ်၊ မုသာဝါဒကံကိုတော့ မကျူးလွန်ဘူးတဲ့ကွယ်၊ ဒါကြောင့် မဃဒေဝလင်္ကာသစ်မှာ
“အကုသိုလ်မှာ မုသာဝါဒ၊ ကုသိုလ်မှားကား သစ္စာဝါစာလေးဆုံးသာတည့်” လို့ စပ်ဆိုထားတယ်၊

ဒီကံတွေထက် အပြစ်အကြီးဆုံးကတော့ မိစ္ဆာဒိဋ္ဌိကံပဲကွယ့်၊မိစ္ဆာဒိဋ္ဌိဆိုတာ အယူအဆမှားတာပေါ့၊ ကမ္မပထမြောက်တဲ့ မိစ္ဆာဒိဋ္ဌိကံက ၁၀-ပါးရှိတယ်၊ (ဒသဝတ္ထုက မိစ္ဆာဒိဋ္ဌိ) လို့ ခေါ်တယ်။

အဲဒီမိစ္ဆာဒိဋ္ဌိ ၁၀-ပါးက –

(၁) နတ္ထိ ဒိန္နံ =အလှူငယ်ပေးလှူလို့ အကျိုးမရှိ၊

(၂) နတ္ထိ ယိဋ္ဌံ = အလှူကြီးပေးလှူလို့ အကျိုးမရှိ၊

(၃) နတ္ထိ ဟုတံ = ပူဇော်၍ အကျိုးမရှိ၊

(၄) နတ်ထိ ဖလံ ဝိပါကော = ကုသိုလျကံ၊ အကုသိုလျကံမရှိ၊

(၅) နတ္ထိ အယံ လောကော = ဘဝတစ်ပါးမှ လာသူမရှိ၊

(၆) နတ္ထိ ပရော လောကော = တမလွန်လောကမရှိ၊

(၇) နတ္ထိ မာတာ =မိခင်၏ ကျေးဇူးမရှိ၊

(၈) နတ္ထိ ပိတာ =ဖခင်၏ ကျေးဇူးမရှိ၊

(၉) နတ္ထိ သြပပါတိကာ = ဥပပတ်သတ္တဝါမရှိ၊

(၁၀) နတ္ထိ သမဏဗြဟ္မဏ = ကိလေသာ ငြိမ်းအေးသော သမဏ ဗြဟ္မဏဟူ၍ မရှိ။

ဒီအယူ၁၀-ပါးကို ဒသဝတ္ထုက မိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်။ ဒီမိစ္ဆာဒိဋ္ဌိကြီးဆယ်ပါးကို ကံ၏ အကျိုး မရှိလို့ ပယ်တဲ့အတွက်ကြောင့် နတ္ထိကဒိဋ္ဌိလို့ ခေါ်တယ်၊ကောင်းမှုပြုသော်လည်း ပြုသည်မမည်၊ အကောင်းမှု ပြုသော်လည်း ပြုသည်မမည်လို့ ကံကို ပယ်တဲ့အတွက်ကြောင့်အကြိယဒိဋ္ဌိလို့လည်း ခေါ်ကြတယ်။

သတ္တဝါဆိုတာကကုသိုလ်ကံကြောင့် ဖြစ်တာလည်းမဟုတ်၊ အကုသိုလ်ကံကြောင့် ဖြစ်တာလည်းမဟုတ်၊ အကြောင့် အထောက်အပံ့မရှိ၊သူဖြစ်ချင်ရာ ဖြစ်တာပဲလို့ အကြောင်းပယ်တဲ့အတွက် အဟေတုကဒိဋ္ဌိလို့လည်းခေါ်တယ်။

နတ္ထိကာဟေတုက အကြိယ ဒိဋ္ဌိဟိ ဧဝ ကမ္မပထဘေဒေါ ဟောတိ။

နတ္ထိက အဟေတုက အကြိယ အမည်ရတဲ့ ဒီအယူဆိုး ဒိဋ္ဌိကြီးဆယ်ပါးစွဲကိုင်ထားခဲ့လျှင် အပါယ်လားဖို့ ကမ္မပထမြောက်သွားပြီတဲ့၊ ဒီအယူဆိုးကြီးကို စွဲစွဲမြဲမြဲယူခဲ့လျှင်နိယတမိစ္ဆာဒိဋ္ဌိဖြစ်သွားပြီး ထိုသူကွယ်လွန်လျှင် လူ့ဘဝ, နတ်ဘဝမှာ ဖြစ်ခွင့်မရှိ၊ ဧကန်မဟာအဝီစိငရဲကို ကျမယ်၊

ကမ္ဘာပျက်လျှင် အနန္တရိယကံကြောင့် ငရဲကျသူများ ဗြဟ္မာ့ဘုံ၌ ဖြစ်ခွင့်ရှိသော်လည်းနိယတမိစ္ဆာဒိဋ္ဌိ အယူဆိုး ယူမိသူကတော့ ဗြဟ္မာ့ဘုံမှာ မဖြစ်ဘဲ ဒီစကြဝဠာကမ္ဘာကြီးပျက်လျှင်အခြားမပျက်သေးတဲ့ ကမ္ဘမှာကူးပြီး ငရဲခံရလိမ့်မယ်တဲ့။

ဒါလားဆိုတော့ မကသေးဘူး၊ အယူမှားယူမိတဲ့သူဟာ မိမိယူထားတဲ့ မိစ္ဆာဒိဋ္ဌိအယူကို ဖြစ်ရာဘဝမှာ အခိုင်အမာ ဆုပ်ကိုင်စွဲယူထားတဲ့အတွက်ဘုရားပေါင်း အရာအထောင် ကြွရောက် တရားဟောသည့်တိုင်အောင် စွဲယူမိတဲ့ မိစ္ဆာအယူကို မစွန့်နိုင်အောင်အလွန် အယူပြင်းထန်သတဲ့၊ ဒါကြောင့် မိစ္ဆာဒိဋ္ဌိပုဂ္ဂိုလ်ဟာ အပါယ်ပြီး အပါယ်ကျ၍ ကမ္ဘာ့သစ်ငုတ်ကြီးအဖြစ်ကျန်ရစ်တတ်တယ်လို့ ကျမ်းဂန်များမှာ ဖွင့်ပြထားတယ်။

မိစ္ဆာဒိဋ္ဌိကံဆိုတာ ကာယကံလည်းမဟုတ်ဘူး၊ဝစီကံလည်းမဟုတ်ဘူး၊ မနောကံစစ်စစ်ဖြစ်တယ်၊ ဒါကြောင့် ကာယကံ၊ ဝစီကံ၊ မနောကံဆိုတဲ့ အကုသိုလ်ကံသုံးပါးမှာမနောကံဟာ အပြစ်အကြီးဆုံးလို့ မှတ်သင့်တာပေါ့ကွယ်”
…..။

“သာဓု . . . သာဓု . . . သာဓု”

တည်တောဆရာတော်ဘုရားကြီး

credit to original writer

Be the first to comment

Leave a Reply

Your email address will not be published.


*