

Zawgyi



















crd

Unicode

ယောင်္ကျားလေးတွေက မချစ်ပြတတ်တာ မဟုတ်ဘူး ချစ်တဲ့နည်းမသိကြတာပါ။

ဆံပင်ကျတော့ အရှည်ကြီးထားချင်တယ် ခေါင်းလျှော်ဖို့ကျ ပျင်းတယ် ဟုတ်လား

ကိုကို လျှော်ပေးရမလား ခေါင်းလျှော်ရည် ဝယ်ပေးရမလား ပေါင်း‌ဆေးဝယ်ပေးရမလားဒါမှမဟုတ် ဆိုင်မှာ လိုက်စောင့်ကူပေးရမလား လို့မေးကြည့်ပါ ခုန်ပေါက်ပြီး ပျော်နေမယ့် မိန်းမတွေဆိုတာ တပုံကြီး။

မှန်ထဲကနေ သူ့ကိုခိုးခိုးကြည့်ပါ။ သမီးရည်းစားဘဝမှာတောင် ခိုးကြည့်ရတဲ့အခါ ဖြစ်သွားတဲ့ feeling ကိုခံစားပါ။

ကိုယ့်မိန်းကလေး စိတ်ကောက်နေရင် ရင်ခွင်ထဲသာ ဆွဲထည့်ပစ်လိုက် တမင်မူပြီးရုန်းနေတာ ထပ်ရုန်းနေရင် ဖက်သာနမ်း အသေးအမွှားလေးတွေကို ရေးကြီးခွင်ကျယ် မဖြစ်စေနဲ့ပေါ့။

ဗိုက်ဆာတယ်ကိုကိုရာ လို့ပြောလာရင် မုန့်တွေဝယ်ပို့ပေးမယ့်အစား သူ့သူချက်စားတတ်လာအောင် ဈေးအတူတူသုံးပြီး သူ့ကိုချက်ခိုင်းပေါ့ မကောင်းဘူး ဆိုရင်တောင် နောင်ကျတဖြေးဖြေး ကောင်းလာလိမ့်မယ်။

လက်သည်းနီအရောင် ရွေးခိုင်းတဲ့အခါ နှုတ်ခမ်းနီအရောင် ရွေးခိုင်းတဲ့အခါ အဝတ်စားအရောင်တွေ ရွေးခိုင်းတဲ့အခါ သူနဲ့ အလိုက်ဖက်ဆုံးအရောင်ကိုပဲပြောပါ သူအကြိုက်ဆုံးအရောင်တွေများနေပြီဖြစ်ကြောင်းလဲသတိပေးပါ။

မိုးတွေရွာတဲ့အခါ လမ်းထွက်လျှောက်မလားမေးပါ ထီးတချောင်းအောက်မှာ သူ့ပခုံးစွန်းလေးကို ဖက်ထားပြီး သူ့နဖူးလေး ကိုရအောင်နမ်းပါ။ ကော်ဖီဖျော်ပေးပြီး ဆေးလဲတိုက်ပါ။

စာမကျတ်ချင်ဘူးလို့ ပြောလာရင် တူရိယာတခုခုသုံးပြီး သီချင်းဆိုပြပါလိုက်ပါ ။ကိုယ့်အသံကမကောင်းဘူးဆိုရင်တောင်မှ မိန်းကလေးတွေက ဒီလိုချိန်ဆို သိပ်ကြည်နူးတတ်ကြပါတယ်။

ပြသာနာတခုခု သူတတ်လာခဲ့တဲ့အခါ ကိုယ်သူ့အနားမှာ ရှိပါစေ။ တခြားတယောက်ကို ပြောပြရမှာထက် ကိုယ့်ကောင်လေးရှေ့မှာပဲ ‌ပေါက်ကွဲချင်ကြတာပဲလေ။

တခါတလေ ကိုယ့်မိန်းကလေးရဲ့နာကျင်မှုနဲ့ စိတ်အပြောင်းအလဲကို သတိထားပြီး ထွေးထွေးပွေ့ပွေ့နေပါ။ ဖိနပ်နွေး‌နွေးလေးတွေ ဝယ်ပေးပါ။

တခါတလေ စိတ်လိုလက်ရ ဖုန်းတညလုံးပြောပစ်ပြီး ကြည်နူးကြည့်ပါ။ ဥပမာ anni day ,BD date လိုမျိုးပေါ့။

မင်းကို စတွေ့တော့ မင်းက ဘယ်လိုပုံစံလေး မင်းက ဘာလုပ်နေတာ မင်းကို ဘယ်လိုစောင့်ကြည့်ခဲ့ရတာ ဆိုပြီး စိတ်လို လက်ရ ပြန်ပြောပါ။ အချစ်ဟာ ပိုပိုပြီး လက်ဆတ်စေပါတယ်။

သူချစ်တတ်တဲ့အရာတွေ အားလုံးအပေါ် လိုက်ချစ်ပြီး လိုက်လျောနေစရာ မလိုပါဘူး။ ‌ငေါက်သင့်တဲ့အခါ မင်းကိုချစ် လို့ကွ လို့အဆုံးသတ်ပြီး ငေါက်ပါ။

ကိုယ့်မိန်းကလေးရဲ့ လက်ဖမိုးလေးကို ခဏခဏနမ်းပါ လက်သည်းလေးတွေကို ကြည့်ပါ။ လူကြားထဲရောက်နေတဲ့အခါ မှာတောင် ကိုယ့်အိင်္ကျီအစလေးကို ဆွဲခိုင်းထားပါ။

မွေးနေ့လက်ဆောင်အကြီးကြီးတွေမလိုပါဘူး။ ပိုက်ဆံအကုန်ကျတွေအများကြီးမလိုပါဘူး။ (ဆောက်ဆံပဲမြင်တဲ့ မိန်းမတွေကိုမပြောဘူးနော် ငဲငဲ)။ ကိုယ်ပြတဲ့နွေးထွေးမှုလေးတွေကို ကိုယ့်မိန်းကလေး သိပါစေ။

သူ့ရည်မှန်းချက်၊သူ့ပန်းတိုင်ကို လေးစားပါ။ကိုယ့်ပန်းတိုင်ကိုလဲ မယိုင်ပါစေနဲ့။ လမ်းမတူဘူးဆိုရင်တောင် တစ်ယောက် နဲ့တစ်ယောက် ဖေးမ ပြီးသွားလို့ ရပါသေးတယ်။

ချစ်တယ် ဆိုတဲ့စကားလေးကို တစ်နေ့တကြိမ်တော့‌ ရအောင်ပြောပါ။ ချစ်ခြင်းမေတ္တာဖြင့် ပျှော်ရွှင်သော relation ပိုင်ဆိုင်ပြီး သောကမှ ကင်းဝေးကြပါစေ…………။

crd

Be the first to comment

Leave a Reply

Your email address will not be published.


*