
အက်တော့ ဘယ်သူတွေက ချီးကျူးခဲ့လို့.... ကျွန်တော်က လိမ္မာရမှာလဲ
အက်တော့ ဘယ်သူတွေက ချီးကျူးခဲ့လို့.... ကျွန်တော်က လိမ္မာရမှာလဲ

Zawgyi











အက်တော့………





ဘာမှ စိတ်ထဲမထားပါနဲ့….





unicode

ဘယ်သူတွေက ချီးကျူးခဲ့လို့…. ကျွန်တော်က လိမ္မာရမှာလဲ…….

ကျွန်တော် ဘယ်လောက် ကောင်းခဲ့..ကောင်းခဲ့.. တစ်ခါလေး မကောင်းမိတာနဲ့ အရင်က ကောင်းခဲ့သမျှ အကုန်သဲထဲရေသွန် ဖြစ်ကုန်တယ် . . .

ကျွန်တော် ဘယ်လောက်ပဲ သည်းခံခဲ့..သည်းခံခဲ့.. တစ်ခါလေး မသည်းခံမိတာနဲ့ အရင်က သည်းခံခဲ့သမျှ အားလုံးကို မေ့သွားကြတယ်. . . .

ကျွန်တော် ဘယ်လောက်ပဲ ကူညီခဲ့..ကူညီခဲ့.. တစ်ခါလေး မကူညီမိတာနဲ့ အရင်က ကူညီခဲ့သမျှ အရာမဝင်တော့ဘူး. .

ကျွန်တော် ဘယ်လောက်ပဲ နားလည်ပေးခဲ့..ပေးခဲ့.. တစ်ခါလေး နားလည်မပေးမိတာ နဲ့ အရင်က နားလည်ပေးခဲ့သမျှ အမှတ်မရကြဘူး

ကျွန်တော် ဘယ်လောက်ပဲ လိမ္မာခဲ့..လိမ္မာခဲ့.. တစ်ခါလေး ဆိုးမိတာနဲ့ အရင်က လိမ္မာခဲ့သမျှကို သင်ပုန်းချေပြီး
လူဆိုးလို့ သတ်မှတ်ကြတယ်

သူတို့ အကူအညီ တောင်းတိုင်း ကူညီခဲ့ပါတယ် ဒါမယ့်… တစ်ခါလေးဘဲ”ဟင့်အင်း”မကူညီနိုင်ဘူးလို့ ပြောလိုက်တဲ့ အခါ မခေါ်နိုင် မပြောနိုင်တွေ ဖြစ်ကုန်တယ်….

သူတို့ ပြောတိုင်းဆိုတိုင်း သည်းခံခဲ့ပါတယ်… ဒါမယ့် တခါလောက်လေး စိတ်ထဲမှ ာရှိတဲ့အတိုင်း ပြောလိုက်တော့မှ “မင်းဒီလောက်လေးမှ သည်းမခံနိုင်ဘူးလား ဆိုပြီး ပြောလာကြတယ်”

ဘယ်လောက်ပဲ ကောင်းအောင်နေနေ ကောင်းခဲ့တုန်းက မချီးကျူးခဲ့ဘဲနဲ့ တခါမကောင်းမိတာနဲ့ အပြစ်တင်ကတည်းက ကျွန်တော်လည်း လူတွေစိတ်တိုင်းကျ လိုက်မနေပေးတော့ဘူး……..

ကိုယ့်ကိုကိုယ် ပျော်အောင် ထားတယ် ကိုယ်စိတ်တိုင်းကျ နေတယ် ကိုယ်ဖြစ်ချင်တာ လုပ်တယ်

အက်တော့………

သူတို့ စိတ်တိုင်းကျ ဘယ်လောက် နေပေးနေပေး အပြစ်မလွတ်တဲ့ အတူတူ ကိုယ့်စိတ်တိုင်းကျပဲ နေပါ…

ကိုယ်ကောင်းသလို ကောင်းတဲ့သူတွေကိုပဲ အချိန်ပေးပါ…… လူတိုင်းကို ကိုယ်လို မသတ်မှတ်ပါနဲ့…… လူတိုင်းကို တန်းတူမဆက်ဆံပါနဲ့….. မှန်လိုဘဲ ဆက်ဆံပါ….

သူ ပြုံးရင် ကိုယ်ပြုံးပြပါ….

သူ မဲ့ရင် ကိုယ်မဲ့ပြပါ…

ဘာမှ စိတ်ထဲမထားပါနဲ့….

ဘေးပတ်ဝန်းကျင်ကို ဂရုမစိုက်ပါနဲ့….

ပတ်ဝန်းကျင် ဆိုတာ ကိုယ်က 100% မှာ 98% လောက် ကောင်းခဲ့ရင်တောင်….. ကောင်းခဲ့တဲ့ 98% ကို မမြင်ဘူး မကောင်းခဲ့တဲ့ 2% ကိုပဲ မြင်တာ…

အက်တော့ ဘယ်သူတွေက ချီးကျူးခဲ့လို့…. ကျွန်တော်က လိမ္မာရမှာလဲ…….

credit to original writer

Be the first to comment

Leave a Reply

Your email address will not be published.


*