









ဒါတွေ … ဒါတွေကြောင့် …….,




ဒါပေမယ့်လည်းး …..








Crd

Unicode

” နိုင်ငံခြားမှာ ပျော်လို့နေကြတယ် … ထင်နေလား ”

အခုလိုကိုဗစ်ကာလပြန်ချင်လို့လည်းပြန်စရာတောင် လေယာဉ်ပြေးဆွဲမှု မရှိသေးလို့ပြန်မရတဲ့ ဘဝတွေပါ’

ထိုင်းနိုင်ငံရောက် မြန်မာလူမျိုးတွေ …. မလေးရှားရောက် မြန်မာလူမျိုးတွေ …. စင်္ကာပူ / နိုင်ငံခြား အသီးသီးရောက် ငါတို့တွေ..ရဲ့ ရင်ထဲကိုဝင်လို့ ခနလောက် ဝင်ခံစားပေးကြည့် ကြစမ်းးပါ …. ငါတို့ တစ် တွေ နိုင်ငံရပ်ခြားမှာ ပျော်လွန်းလို့ နေထိုင် လုပ်ကိုင် နေကြတယ်များ ထင်နေလား…?

နိုင်ငံခြားး နဲ့ မြန်မာပြည် …..တစ်နေ့တာ နေ ဝင်တာ ချင်း တူနေပေမယ့် …. တစ်လတာ … ငွေ ဝင်တာ ချင်း မတူဘူးး လေ ..!

မြန်မာပြည်မှာ နေလည်း ထမင်း မငတ်ပါဘူးး ‘ လို့ တစ်ချို့သောသူတွေ ပြောနေကြတယ် …! ( ဟုတ်ပါတယ် … မငတ်ပါဘူး .. ဒါပေမယ့် ….. )လူ့ လောကကြီးထဲ မှာ လူ ရယ် လို့ ဖြစ်လာပြီးမှတော့ ရှိတာလေး မျှစား’ အိပ် ချိန် တန် အိပ် ‘ ကာမ လေး နှပ်လို့ လူလုပ် နေကြမယ် ဆိုရင်တော့ဖြင့် Animalsဘဝ နဲ့ ခြားနား ကြပါဦး မလား ….. ?

ရခဲလှတဲ့ လူ့ဘဝ ခဏတာ လေးမှာ ….. ,

လူ တန်းစေ့ နေထိုင် စားသောက် နိုင်ရမယ် …! လူ့သက်တမ်းစေ့နေနိုင်အောင် ဆေးဝါး ကုသ နိုင်ရမယ်.!အလှူ အတန်း ဒါန ပြုနိုင် ပေးကမ်း စွန့်ကြဲနိုင်ရမယ် ..! ကိုယ့် တစ်ယောက်တည်း ဝမ်း ဝ နေရုံနဲ့ မပြီးသေးဘူးး ကိုယ့်ရဲ့ မိသားစု ‘ မိဘ ညီအကို မောင်နှမ

ဆွေမျိုးသားချင်း ကိုယ့် နိုင်ငံ အတွက်… ,အုတ် တချပ် သဲတစ်ပွင့် ‘ ဆိုသလို ကူညီထောက်ပံ့ ဖြည့်ဆည်း ပေးနိုင်ရမယ် ….!

ဒါတွေ … ဒါတွေကြောင့် …….,

” ရေ ထွက်တဲ့ အရပ်ဒေသမှသာ အဝီစိတွင်း တူးနိုင်သလိုမျိုး…..,

အလုပ်အကိုင် အခွင့်အလမ်း ပေါများစွာ ပေးနိုင်တဲ့ …နိုင်ငံရပ်ခြားထွက်လို့ မိသားစုဝမ်းစာ အတွက်ပိုက်ဆံ ဒေါ်လာ ငွေကြေးတွေ ထွက်ရှာနေကြတာ ပါ ..!!!

နိုင်ငံခြားရောက်နေသူတွေထဲမှာ ၁၀၀ မှာ ၉၉ ယောက်က ကိုယ့် အမိမြန်မာပြည် ကို လွမ်းဆွတ် တမ်းတလို့ကိုယ့် အိမ် ကိုယ် ပြန်ချင်နေကြသူတွေ ချည်းပါပဲ !!

ဒါပေမယ့်လည်းး …..

ပျော်ရာမှာ မနေရ တော် ရာ မှနေရ ဆိုသလို ….’ဒီနှစ် မိုးတွင်း လေး အမှီ အမေ့အိမ်လေး ပြင်ပေးဦးမှ’မိဘ ရဲ့ ဆေးကုသစရိတ်လေးလည်း စုဆောင်းထားဦးမှ’မောင်ငယ် ညီမငယ် လေး ဆယ်တန်း လေးတွေအောင်’လို့ဘွဲ့ရ ပညာတတ် ကြီးတွေ ဖြစ်အောင်လည်း တက္ကသိုလ်လေး ဆက် ထား ပေးဦးမှ ….. !!

သို့လော …. သို့လော … ရည်ရွယ်ချက်လေးတွေကြောင့်စင်္ကာပူ ဆိုတဲ့ ဟောဒီ နိုင်ငံ ကြီး မှာ အနေကြာလာပြီး…ငါတို့တွေရဲ့ ဘဝ ကတော့ … ငယ်ရွယ်နုပျိုမှုတွေ …ပျောက်ဆုံးလို့ … ရင့်ကျက်တဲ့ အသွင် ပုံစံပြောင်းလဲလာရင်း….,,,

” ရွှေပြည်တော် မျှော်လေတိုင်း”ယခုအချိန်ထိတော့ … ဝေး ကွာ နေဆဲ…. ပါပဲ …. !!

နိုင်ငံခြားမှာ သိပ်ပျော်နေကြပါလားလို့ မင်းတို့တွေထင် တဲ့ငါတို့တစ်တွေဟာ …..,

အထီးကျန်မှုတွေကို အံတုရင်းနဲ့ တခါတလေ ခေါင်းအုံးလေးထက် တစ်ယောက်တည်း တိတ်တိတ်လေး ငိုလို့ မျက်ရည်ကျနေမိ တတ်ကြတယ် ဆိုတာကို …..,,,

ပြည်တော်ပြန်များရယ်လို့ဝိုင်းဆဲနေကြတဲ့တစ်ချို့သောသူတွေ ထပ်တူခံစား သိရှိနားလည် ပေးတတ်ကြမယ်ဆိုရင်ဖြင့် ..,, သိပ် ကောင်း မှာ ပဲ ….. !!

ကိုယ့်ရဲ့FeelingလေးတွေSharingခဲ့ကြနော် ‘

Crd

Be the first to comment

Leave a Reply

Your email address will not be published.


*