ကိုယ့္မ်က္စိေရွ႕မွာ ဓာတ္လိုက္ေနတဲ့သူကိုေတြ႔ရင္ ဒီအခ်က္ေတြကို ျပဳလုပ္ေပးပါ။

ကိုယ့္မ်က္စိေရွ႕မွာ ဓာတ္လိုက္ေနတဲ့သူကိုေတြ႔ရင္ ဒီအခ်က္ေတြကို ျပဳလုပ္ေပးပါ။
ကိုယ့္မ်က္စိေရွ႕မွာ ဓာတ္လိုက္ေနတဲ့သူကိုေတြ႔ရင္ ဒီအခ်က္ေတြကို ျပဳလုပ္ေပးပါ။

ကိုယ့္မ်က္စိေရွ႕မွာ ဓာတ္လိုက္ေနတဲ့သူကိုေတြ႔ရင္ ဒီအခ်က္ေတြကို ျပဳလုပ္ေပးပါ။

၁။ လွ်ပ္စီးေၾကာင္းရွိတဲ့ေနရာမွ ေ၀းေသာေနရာသို႔ လူနာကိုေရြ႕ပါ။ circuit breaker, fuse box (သို႔) Outside Switch တို႔မွတဆင့္ လွ်ပ္စစ္စီးဆင္းမႈ ျဖတ္ေတာက္ပါ။ မီးမပိတ္ႏုိင္လွ်င္ လွ်ပ္စစ္မစီးကူးႏုိင္တဲ့ သစ္သားျပား၊ ပလပ္စတစ္ တံျမက္စည္း႐ိုး၊ သစ္သားထိုင္ခံု၊ ရာဘာေျခသုတ္ခံုတို႔ကို အသံုးျပဳ၍ ဓာတ္လိုက္ေနသူကို လွ်ပ္စစ္စီးေၾကာင္းမွ ဖယ္ထုတ္ပါ။

အကူအညီေပးလာသူရဲ႕ ေျခေထာက္ (သို႔) ခႏၶာကိုယ္ေအာက္ပိုင္းက တစစ္စစ္ခံစားေနရလွ်င္ ဓာတ္လိုက္ေနသူကို မကူညီေသးဘဲ လွ်ပ္စီးေၾကာင္းစီးနင္းမႈ မရွိတဲ့ေနရာကို ေရြးၿပီးေနပါ။

၂။ လိုအပ္လွ်င္ CPR ျပဳလုပ္ပါ။ အသက္မ႐ွဴေတာ့ရင္ (သို႔) ႏွလံုးခုန္ရပ္သြားလွ်င္ လူႀကီးအတြက္ CPR နဲ႔ ကေလးအတြက္ CPR ႏွစ္မ်ဳိးထဲက အသက္အရြယ္ အပိုင္းအျခားအလိုက္ ကိုက္ညီတဲ့ CPR နည္းစနစ္နဲ႔ အသက္ကယ္ပါ။ ဓာတ္လိုက္ခံရသူက လူႀကီးဆိုလွ်င္ မိမိ၏လက္၀ါးႏွစ္ဖက္ကို ထပ္ၿပီး ရင္အံုႏွစ္ဖက္၏ အလယ္၊ ရင္ညြန္႔႐ိုး အေပၚမွာတင္ပါ။ ကေလးငယ္ဆိုလွ်င္ ရင္ညႊန္႔႐ိုးေပၚကို လက္ႏွစ္ေခ်ာင္းတင္ၿပီး ဖိေပးရပါမယ္။

မိမိ၏လက္ႏွစ္ဘက္ကို ဆန္႔တန္းထားၿပီး ကိုယ္အေလးခ်ိန္ကို မိမိလက္ႏွစ္ဖက္အေပၚသို႔ ေျပာင္းေရႊ႕ကာ လက္၀ါးျဖင့္ ရင္ဘတ္ကို ၂ လက္မေလာက္ထိ နိမ့္သြားေအာင္ ဖိေပးရပါမယ္။ နံ႐ိုးေပၚကို မဖိမိေအာင္ ဂ႐ုစိုက္ ရပါမယ္။ ႏုိ႔စို႔အရြယ္ကေလးေတြကိုေတာ့ ၁ လက္မေလာက္သာ နိမ့္သြားေအာင္ ဖိေပးရပါမယ္။

ႏွစ္လက္မခန္႔ က်သြားေအာင္ဖိၿပီးပါက လက္ကို လံုး၀ႂကြလိုက္ရပါမယ္။ တစ္မိနစ္လွ်င္ အႀကိမ္ ၁၀၀ ႏႈန္းနဲ႔ ရင္ဘတ္ကိုအႀကိမ္ ၃၀ ဖိေပးရပါမယ္။ တစ္ႀကိမ္နဲ႔တစ္ႀကိမ္ၾကား ရင္ဘတ္မို႔လာတဲ့အခ်ိန္ကို ခဏေစာင့္ေပးရပါမယ္။

အသက္႐ွဴၿပီလား ဆိုတာကိုလည္း အၿမဲသတိထားၾကည့္ရပါမယ္။ အသက္မ႐ွဴလာမခ်င္း CPR ျပဳလုပ္ေပးပါ။ CPR ျပဳလုပ္တာနဲ႔ပတ္သက္ၿပီး ကၽြမ္းက်င္သူ ဆိုရင္ေတာ့ လူနာ၏ေခါင္းကို ေမာ့ေပးျခင္း၊ ေမးေစ့ကို အေပၚသို႔ ပင့္ေပးျခင္းျဖင့္ အသက္႐ွဴလမ္းေၾကာင္းကို ပြင့္ေအာင္လုပ္ေပးရပါမယ္။

ႏွာေခါင္းကို လက္နဲ႔ ညႇစ္ထားၿပီး လူနာနဲ႔ ပါးစပ္ခ်င္းေတ့ကာ ေလႏွစ္ခါမႈတ္သြင္းေပးၿပီး ရင္ဘတ္ကိုအႀကိမ္ ၃၀ ဖိေပးရပါမယ္။ ထိုသို႔ ရင္ဘတ္ကို အႀကိမ္ ၃၀ ဖိေပးျခင္း၊ ေလႏွစ္ခါမႈတ္ေပးျခင္းတို႔ကို အသက္မ႐ွဴ မခ်င္းျပဳလုပ္ေပးရပါမယ္။

၃။ အျခားထိခိုက္တဲ့ ဒဏ္ရာေတြကို ကုသပါ။ ဓာတ္လိုက္ျခင္း ခံလိုက္ရတဲ့အတြက္ ပူးတြဲဒဏ္ရာအနာတရေတြပါ ရရွိႏုိင္ပါေသးတယ္။ (ဥပမာ – လဲက်သြားတဲ့အတြက္ အ႐ိုးက်ဳိးျခင္း၊ ေသြးထြက္သံယိုျဖစ္ျခင္း၊ မီးေလာင္ျခင္း)

ဒါေၾကာင့္ ဓာတ္လိုက္ခံရၿပီး ျပန္ေကာင္းသြားရင္ေတာင္ လိုအပ္သည္မ်ားကို စမ္းသပ္စစ္ေဆးၿပီး ကုသမႈ ခံယူရန္ေဆး႐ံု၊ ေဆးခန္းသို႔ သြားေရာက္သင့္ပါတယ္။

Credit: DrMyanmar

Unicode

ကိုယ့်မျက်စိရှေ့မှာ ဓာတ်လိုက်နေတဲ့သူကိုတွေ့ရင် ဒီအချက်တွေကို ပြုလုပ်ပေးပါ။

၁။ လျှပ်စီးကြောင်းရှိတဲ့နေရာမှ ဝေးသောနေရာသို့ လူနာကိုရွေ့ပါ။ circuit breaker, fuse box (သို့) Outside Switch တို့မှတဆင့် လျှပ်စစ်စီးဆင်းမှု ဖြတ်တောက်ပါ။ မီးမပိတ်နိုင်လျှင် လျှပ်စစ်မစီးကူးနိုင်တဲ့ သစ်သားပြား၊ ပလပ်စတစ် တံမြက်စည်းရိုး၊ သစ်သားထိုင်ခုံ၊ ရာဘာခြေသုတ်ခုံတို့ကို အသုံးပြု၍ ဓာတ်လိုက်နေသူကို လျှပ်စစ်စီးကြောင်းမှ ဖယ်ထုတ်ပါ။

အကူအညီပေးလာသူရဲ့ ခြေထောက် (သို့) ခန္ဓာကိုယ်အောက်ပိုင်းက တစစ်စစ်ခံစားနေရလျှင် ဓာတ်လိုက်နေသူကို မကူညီသေးဘဲ လျှပ်စီးကြောင်းစီးနင်းမှု မရှိတဲ့နေရာကို ရွေးပြီးနေပါ။

၂။ လိုအပ်လျှင် CPR ပြုလုပ်ပါ။ အသက်မရှူတော့ရင် (သို့) နှလုံးခုန်ရပ်သွားလျှင် လူကြီးအတွက် CPR နဲ့ ကလေးအတွက် CPR နှစ်မျိုးထဲက အသက်အရွယ် အပိုင်းအခြားအလိုက် ကိုက်ညီတဲ့ CPR နည်းစနစ်နဲ့ အသက်ကယ်ပါ။ ဓာတ်လိုက်ခံရသူက လူကြီးဆိုလျှင် မိမိ၏လက်ဝါးနှစ်ဖက်ကို ထပ်ပြီး ရင်အုံနှစ်ဖက်၏ အလယ်၊ ရင်ညွန့်ရိုး အပေါ်မှာတင်ပါ။ ကလေးငယ်ဆိုလျှင် ရင်ညွှန့်ရိုးပေါ်ကို လက်နှစ်ချောင်းတင်ပြီး ဖိပေးရပါမယ်။

မိမိ၏လက်နှစ်ဘက်ကို ဆန့်တန်းထားပြီး ကိုယ်အလေးချိန်ကို မိမိလက်နှစ်ဖက်အပေါ်သို့ ပြောင်းရွှေ့ကာ လက်ဝါးဖြင့် ရင်ဘတ်ကို ၂ လက်မလောက်ထိ နိမ့်သွားအောင် ဖိပေးရပါမယ်။ နံရိုးပေါ်ကို မဖိမိအောင် ဂရုစိုက် ရပါမယ်။ နို့စို့အရွယ်ကလေးတွေကိုတော့ ၁ လက်မလောက်သာ နိမ့်သွားအောင် ဖိပေးရပါမယ်။

နှစ်လက်မခန့် ကျသွားအောင်ဖိပြီးပါက လက်ကို လုံးဝကြွလိုက်ရပါမယ်။ တစ်မိနစ်လျှင် အကြိမ် ၁၀၀ နှုန်းနဲ့ ရင်ဘတ်ကိုအကြိမ် ၃၀ ဖိပေးရပါမယ်။ တစ်ကြိမ်နဲ့တစ်ကြိမ်ကြား ရင်ဘတ်မို့လာတဲ့အချိန်ကို ခဏစောင့်ပေးရပါမယ်။

အသက်ရှူပြီလား ဆိုတာကိုလည်း အမြဲသတိထားကြည့်ရပါမယ်။ အသက်မရှူလာမချင်း CPR ပြုလုပ်ပေးပါ။ CPR ပြုလုပ်တာနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူ ဆိုရင်တော့ လူနာ၏ခေါင်းကို မော့ပေးခြင်း၊ မေးစေ့ကို အပေါ်သို့ ပင့်ပေးခြင်းဖြင့် အသက်ရှူလမ်းကြောင်းကို ပွင့်အောင်လုပ်ပေးရပါမယ်။

နှာခေါင်းကို လက်နဲ့ ညှစ်ထားပြီး လူနာနဲ့ ပါးစပ်ချင်းတေ့ကာ လေနှစ်ခါမှုတ်သွင်းပေးပြီး ရင်ဘတ်ကိုအကြိမ် ၃၀ ဖိပေးရပါမယ်။ ထိုသို့ ရင်ဘတ်ကို အကြိမ် ၃၀ ဖိပေးခြင်း၊ လေနှစ်ခါမှုတ်ပေးခြင်းတို့ကို အသက်မရှူ မချင်းပြုလုပ်ပေးရပါမယ်။

၃။ အခြားထိခိုက်တဲ့ ဒဏ်ရာတွေကို ကုသပါ။ ဓာတ်လိုက်ခြင်း ခံလိုက်ရတဲ့အတွက် ပူးတွဲဒဏ်ရာအနာတရတွေပါ ရရှိနိုင်ပါသေးတယ်။ (ဥပမာ – လဲကျသွားတဲ့အတွက် အရိုးကျိုးခြင်း၊ သွေးထွက်သံယိုဖြစ်ခြင်း၊ မီးလောင်ခြင်း)

ဒါကြောင့် ဓာတ်လိုက်ခံရပြီး ပြန်ကောင်းသွားရင်တောင် လိုအပ်သည်များကို စမ်းသပ်စစ်ဆေးပြီး ကုသမှု ခံယူရန်ဆေးရုံ၊ ဆေးခန်းသို့ သွားရောက်သင့်ပါတယ်။

Credit: DrMyanmar

Be the first to comment

Leave a Reply

Your email address will not be published.


*