ကားမူးတတ္သူမ်ား အတြက္ ေျဖရွင္းနည္း

ကားမူးတတ္သူမ်ား အတြက္ ေျဖရွင္းနည္း

ကားမူးတတ္သူမ်ား အတြက္ ေျဖရွင္းနည္း

ကားမူးတာက လူေတာ္ေတာ္မ်ားမ်ား ၾကဳံေလ့ရွိတဲ့ ျပႆနာတစ္ခုျဖစ္ပါတယ္။ ကားမူးတဲ့ အေၾကာင္းရင္းက မ်က္လုံးနဲ႔ အတြင္းနားတို႔ ဟန္ခ်က္မညီမွ်မႈေၾကာင့္ ျဖစ္ပါတယ္။ အတြင္းနားက ခႏၶာကိုယ္ကေရြ႔လ်ားေနတယ္လုိ႔ ဦးေႏွာက္ကို သတင္းပို႔တယ္ ။

ဒါေပမဲ့ မ်က္လုံးက ခႏၶာကုိယ္က ေရြ႔လ်ားမႈမရွိဘူးလို႔ ေျပာတယ္။ ဒီလို မတူညီတဲ႔ သတင္းေပးပို႔မႈေတြေၾကာင့္ ကားမူးရျခင္းျဖစ္ပါတယ္။ ကားစီးတဲ့အခါ မူးေဝေအာ့အန္တတ္တဲ့သူေတြက ကားမူးတာကို သက္သာေစမယ့္နည္းလမ္းေတြနဲ႔ မျဖစ္ေအာင္ ကာကြယ္ရမယ့္နည္းလမ္းေတြကို သိထားသင့္ပါတယ္။

လတ္ဆတ္တဲ့ေလကို ရွဴလိုက္ပါ။

လတ္ဆတ္တဲ့ေလက ကားမူးျခင္းကို သက္သာေစပါတယ္။ ကားျပတင္းေပါက္ကို ဖြင့္လိုက္ရုံနဲ႔ မရရင္ ကားေပၚက ခဏဆင္းျပီး လတ္ဆတ္တဲ့ေလကိုရွဴလိုက္ပါ။

ျမင္ကြင္းကို ပိတ္ထားပါ။

တခါတေလမွာ ကားအျပင္က ေရြ႕လ်ားမႈေၾကာင့္ ကားမူးျခင္း ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ ကားသြားေနတုန္းမွာ မ်က္စိကို မွိတ္ထားျခင္း၊ ေနကာမ်က္မွန္တပ္ထားျခင္း၊ အိပ္တဲ့အခါသုံးတဲ့ မ်က္ႏွာဖုံးကို တပ္ထားျခင္းက ျပင္ပျမင္ကြင္းေတြကုိ မျမင္ရတဲ့အတြက္ ကားမူးသက္သာေစပါတယ္။

ဂ်င္းပါတဲ့အစာတစ္ခုခု စားလိုက္ပါ

ဂ်င္းကို ပါးစပ္ထဲတြင္ ငုံထားျခင္း၊ ဝါးစားလိုက္ျခင္း၊ ဂ်င္းပါတဲ့ ေဖ်ာ္ရည္၊ ကြတ္ကီး တစ္ခုခုကို စားေပးရင္ ကားမူးတာ သက္သာႏုိင္ပါတယ္။ ကိုယ္က ကားမူးတတ္တဲ့သူတစ္ဦးဆိုရင္ ကားမစီးခင္ကတည္းက ဂ်င္းပါတဲ့စားစရာတစ္ခုခုကို အသင့္ေဆာင္ထားသင့္ပါတယ္။

အစုိဓာတ္မပါတဲ့ မုန္႔ေျခာက္လုိ၊ဘီစကစ္လုိ ေျခာက္တဲ့အရာတစ္ခုခုစားပါ

ေျခာက္ေသြ႔တဲ့ စားစရာက အစာအိမ္ထဲက ထြက္လာတဲ့ ပိုေနတဲ့ အက္ဆစ္ေတြကို စုပ္ယူေပးႏုိင္လို႔ပဲ ျဖစ္ပါတယ္။

လက္ေကာက္ဝတ္ကို ဖိထားေပးပါ

လက္ေကာက္ဝတ္က ေသြးခုန္တဲ့ ေနရာကို ၁၀ စကၠန္႔ေလာက္ဖိထားေပးမယ္ဆိုရင္ ကားမူးတာကို သက္သာေစတတ္ပါတယ္။ ေသြးခုန္တဲ့ေနရာမွာ စာရြက္/ဂြမ္းလုံးေလး တစ္ခုခုကို ခံျပီး လက္ေကာက္ဝတ္ကို ပတ္တဲ့ လက္ပတ္တစ္ခုနဲ႔ စည္းထားလိုက္မယ္ဆိုရင္ အေကာင္းဆုံးပါပဲ။

ကားမူးတတ္သူေတြအေနနဲ႔ ကားမစီးခင္ကတည္းက မူးေဝေအာ့အန္ျခင္းမျဖစ္ေအာင္ ကာကြယ္ႏုိင္မယ့္ နည္းေလးေတြလည္းရွိပါတယ္။

ကားစီးခါနီးမွာ ဗိုက္ကို ျပည့္အင့္ေအာင္ မစားထားသင့္သလို ဘာမွမစားထားဘဲလည္း မေနသင့္ပါဘူး။ ျပီးေတာ့ အရမ္းစပ္တဲ့ အစာနဲ႔ အရမ္းအဆီမ်ားတဲ့ အစာေတြကို ေရွာင္ထားရပါမယ္။

လႈပ္ရွားမႈအနည္းဆုံးေနရာမွာထုိင္ပါ

ေရြ႔လ်ားမႈနဲ႔ အျမင္နဲ႔ မညီညြတ္တာက ကားမူးျခင္းရဲ႕ အဓိကအေၾကာင္းရင္း ျဖစ္တဲ့အတြက္ ကားမူးတတ္သူေတြအတနနဲ႔ ေရြ႔လ်ားမႈအနည္းဆုံးျဖစ္တဲ့ ကားေရွ႕ခန္းမွာ ထုိင္တာက အေကာင္းဆုံးပဲ ျဖစ္ပါတယ္။

ကားေပၚမွာ မ်က္စိသုံးျပီး အာရုံစုိက္ရမယ့္အလုပ္မ်ုဳိး မလုပ္ပါနဲ႔

ကားကေရြ႕လ်ားေနတဲ့အတြက္ စာဖတ္တာ၊ ဖုန္းသုံးတာေတြက အာရုံစိုက္ဖို႔ ခက္ခဲေစျပီး မူးေဝေစတာ ျဖစ္ပါတယ္။

ဂ်င္းပါတဲ့ အစာ/ေဆးတစ္ခုခုကို စားထားပါ ။

ကားမစီးခင္ မိနစ္ ၂၀ ေလာက္အလုိကတည္းက ဂ်င္းမႈန႔္လက္ဖက္ရည္ဇြန္းတစ္ဝက္နဲ႔ ေရတစ္ဖန္ခြက္ေရာျပီးေသာက္ထားတာမ်ဳိး၊ ဂ်င္းပါတဲ့ သၾကားလုံး၊ကြတ္ကီးတစ္ခုခု စားထားတာမ်ဳိးေတြလုပ္ထားသင့္ပါတယ္။

Credit to original

Unicode

ကားမူးတတ်သူများ အတွက် ဖြေရှင်းနည်း

ကားမူးတာက လူတော်တော်များများ ကြုံလေ့ရှိတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ ကားမူးတဲ့ အကြောင်းရင်းက မျက်လုံးနဲ့ အတွင်းနားတို့ ဟန်ချက်မညီမျှမှုကြောင့် ဖြစ်ပါတယ်။ အတွင်းနားက ခန္ဓာကိုယ်ကရွေ့လျားနေတယ်လို့ ဦးနှောက်ကို သတင်းပို့တယ် ။

ဒါပေမဲ့ မျက်လုံးက ခန္ဓာကိုယ်က ရွေ့လျားမှုမရှိဘူးလို့ ပြောတယ်။ ဒီလို မတူညီတဲ့ သတင်းပေးပို့မှုတွေကြောင့် ကားမူးရခြင်းဖြစ်ပါတယ်။ ကားစီးတဲ့အခါ မူးဝေအော့အန်တတ်တဲ့သူတွေက ကားမူးတာကို သက်သာစေမယ့်နည်းလမ်းတွေနဲ့ မဖြစ်အောင် ကာကွယ်ရမယ့်နည်းလမ်းတွေကို သိထားသင့်ပါတယ်။

လတ်ဆတ်တဲ့လေကို ရှူလိုက်ပါ။

လတ်ဆတ်တဲ့လေက ကားမူးခြင်းကို သက်သာစေပါတယ်။ ကားပြတင်းပေါက်ကို ဖွင့်လိုက်ရုံနဲ့ မရရင် ကားပေါ်က ခဏဆင်းပြီး လတ်ဆတ်တဲ့လေကိုရှူလိုက်ပါ။

မြင်ကွင်းကို ပိတ်ထားပါ။

တခါတလေမှာ ကားအပြင်က ရွေ့လျားမှုကြောင့် ကားမူးခြင်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကားသွားနေတုန်းမှာ မျက်စိကို မှိတ်ထားခြင်း၊ နေကာမျက်မှန်တပ်ထားခြင်း၊ အိပ်တဲ့အခါသုံးတဲ့ မျက်နှာဖုံးကို တပ်ထားခြင်းက ပြင်ပမြင်ကွင်းတွေကို မမြင်ရတဲ့အတွက် ကားမူးသက်သာစေပါတယ်။

ဂျင်းပါတဲ့အစာတစ်ခုခု စားလိုက်ပါ

ဂျင်းကို ပါးစပ်ထဲတွင် ငုံထားခြင်း၊ ဝါးစားလိုက်ခြင်း၊ ဂျင်းပါတဲ့ ဖျော်ရည်၊ ကွတ်ကီး တစ်ခုခုကို စားပေးရင် ကားမူးတာ သက်သာနိုင်ပါတယ်။ ကိုယ်က ကားမူးတတ်တဲ့သူတစ်ဦးဆိုရင် ကားမစီးခင်ကတည်းက ဂျင်းပါတဲ့စားစရာတစ်ခုခုကို အသင့်ဆောင်ထားသင့်ပါတယ်။

အစိုဓာတ်မပါတဲ့ မုန့်ခြောက်လို၊ဘီစကစ်လို ခြောက်တဲ့အရာတစ်ခုခုစားပါ

ခြောက်သွေ့တဲ့ စားစရာက အစာအိမ်ထဲက ထွက်လာတဲ့ ပိုနေတဲ့ အက်ဆစ်တွေကို စုပ်ယူပေးနိုင်လို့ပဲ ဖြစ်ပါတယ်။

လက်ကောက်ဝတ်ကို ဖိထားပေးပါ

လက်ကောက်ဝတ်က သွေးခုန်တဲ့ နေရာကို ၁၀ စက္ကန့်လောက်ဖိထားပေးမယ်ဆိုရင် ကားမူးတာကို သက်သာစေတတ်ပါတယ်။ သွေးခုန်တဲ့နေရာမှာ စာရွက်/ဂွမ်းလုံးလေး တစ်ခုခုကို ခံပြီး လက်ကောက်ဝတ်ကို ပတ်တဲ့ လက်ပတ်တစ်ခုနဲ့ စည်းထားလိုက်မယ်ဆိုရင် အကောင်းဆုံးပါပဲ။

ကားမူးတတ်သူတွေအနေနဲ့ ကားမစီးခင်ကတည်းက မူးဝေအော့အန်ခြင်းမဖြစ်အောင် ကာကွယ်နိုင်မယ့် နည်းလေးတွေလည်းရှိပါတယ်။

ကားစီးခါနီးမှာ ဗိုက်ကို ပြည့်အင့်အောင် မစားထားသင့်သလို ဘာမှမစားထားဘဲလည်း မနေသင့်ပါဘူး။ ပြီးတော့ အရမ်းစပ်တဲ့ အစာနဲ့ အရမ်းအဆီများတဲ့ အစာတွေကို ရှောင်ထားရပါမယ်။

လှုပ်ရှားမှုအနည်းဆုံးနေရာမှာထိုင်ပါ

ရွေ့လျားမှုနဲ့ အမြင်နဲ့ မညီညွတ်တာက ကားမူးခြင်းရဲ့ အဓိကအကြောင်းရင်း ဖြစ်တဲ့အတွက် ကားမူးတတ်သူတွေအတနနဲ့ ရွေ့လျားမှုအနည်းဆုံးဖြစ်တဲ့ ကားရှေ့ခန်းမှာ ထိုင်တာက အကောင်းဆုံးပဲ ဖြစ်ပါတယ်။

ကားပေါ်မှာ မျက်စိသုံးပြီး အာရုံစိုက်ရမယ့်အလုပ်မျိုုး မလုပ်ပါနဲ့

ကားကရွေ့လျားနေတဲ့အတွက် စာဖတ်တာ၊ ဖုန်းသုံးတာတွေက အာရုံစိုက်ဖို့ ခက်ခဲစေပြီး မူးဝေစေတာ ဖြစ်ပါတယ်။

ဂျင်းပါတဲ့ အစာ/ဆေးတစ်ခုခုကို စားထားပါ ။

ကားမစီးခင် မိနစ် ၂၀ လောက်အလိုကတည်းက ဂျင်းမှုန့်လက်ဖက်ရည်ဇွန်းတစ်ဝက်နဲ့ ရေတစ်ဖန်ခွက်ရောပြီးသောက်ထားတာမျိုး၊ ဂျင်းပါတဲ့ သကြားလုံး၊ကွတ်ကီးတစ်ခုခု စားထားတာမျိုးတွေလုပ်ထားသင့်ပါတယ်။

Credit to original

Be the first to comment

Leave a Reply

Your email address will not be published.


*