မိုး႐ြာထဲမွာ ထီးမပါတဲ့ ကေလး က ပိုအေျပးျမန္ပါတယ္

မိုး႐ြာထဲမွာ ထီးမပါတဲ့ ကေလး က ပိုအေျပးျမန္ပါတယ္

မိုး႐ြာထဲမွာ ထီးမပါတဲ့ ကေလး က ပိုအေျပးျမန္ပါတယ္

ဖခင္ျဖစ္သူ သက္ျပင္းတစ္ခ်က္ခ်လိုက္ပါတယ္။ ေခ်းယူလာတဲ့ ၄၅၃၃ ယြမ္ ( က်ပ္ေငြ ဆယ္သိန္းခန႔္ ) သားလက္ထဲထည့္ေပးလိုက္ပါတယ္။ သားျဖစ္သူ အဲဒီပိုက္ဆံကို တုန္တုန္ရင္ရင္နဲ႔ လက္ခံလိုက္ပါတယ္။ သားျဖစ္သူ သိလိုက္တယ္။

ေက်ာင္းလခ ယြမ္ေငြ ၄၁၀၀ က်ပ္သြင္းၿပီးရင္ စားဖို႔ေနဖို႔အတြက္ ၄၃၃ ယြမ္သာက်န္ပါေတာ့မယ္။ ဘယ္လိုခရီးဆက္သြားရမလဲ။ ဖခင္ျဖစ္သူ အတတ္ႏိုင္ဆုံး ႀကိဳးပမ္းခဲ့ၿပီးၿပီဆိုတာ သူေကာင္းစြာနားလည္ပါတယ္။ ပိုက္ဆံရစရာလမ္း ဒီထက္မပိုႏိုင္ေတာ့ဘူးဆိုတာ သူေကာင္းေကာင္းသိပါတယ္။

“ ေဖေဖ စိတ္ခ်ပါ။ က်ေနာ့မွာ ေျခေတြလက္ေတြ ရွိပါေသးတယ္။” အေဖ့ကို ျပန္ႏွစ္သိမ့္ရပါတယ္။ ဝမ္းနည္းပူေဆြးေပမဲ့ အတတ္ႏိုင္ဆုံး ဖခင္ျဖစ္သူကို သူၿပဳံးၿပီးႏူတ္ဆက္ပါတယ္။ ႏူတ္ဆက္ၿပီးတာနဲ႔ အိမ္ထဲကေန တစ္ခ်ိဳးတည္း ထြက္လာပါေတာ့တယ္။ ခႏၶာကိုယ္ကို လွည့္ၿပီး သူထြက္ခြာလာတဲ့အခိုက္မွာ မ်က္ရည္ေတြ မ်က္နာတစ္ျပင္လုံး ယိုဆင္းလာပါတယ္။ သူငိုသြားပါတယ္။ ဖခင္ကို မခြဲရက္တာပါတယ္။ ေရွ႕ ပညာသင္ရမဲ့ခရီးအတြက္ ပူေဆြးတာလည္းပါပါတယ္။

ေက်ာပိုးအိတ္ကိုလြယ္ၿပီး ေတာင္ေပၚလမ္းေကြ႕ေကြ႕ေကာက္ေကာက္ကို ေျပးဆင္းပါတယ္။ သူမိုင္ေပါင္း ၆၀ ခန႔္ ခရီးရွည္ ေလွ်ာက္လိုက္ပါတယ္။ ကားခ ၆၈ ယြမ္နဲ႔ ကားဂိတ္မွာ ဘတ္စ္ကားေျပာင္းစီးပါတယ္။ သူအႏွစ္ႏွစ္အလလ တက္ေရာက္ခ်င္ခဲ့တဲ့ ျပည္နယ္တကၠသိုလ္ကို ေရာက္ရွိခဲ့ပါတယ္။
ေက်ာင္းေပါက္ဝေရာက္ၿပီ၊ ကားခရွင္းလိုက္တယ္၊ လက္ထဲမွာ ၃၆၅ ယြမ္ပဲ က်န္ပါေတာ့တယ္။

ပထမ Semester ၅ လေက်ာင္းတက္ရပါမယ္။ ယြမ္၃၀၀ ေက်ာ္နဲ႔ ဘယ္လိုခရီးဆက္မလဲ၊
ပတ္ဝန္းက်င္ကေက်ာင္းသူေက်ာင္းသားမ်ား ထိုေခတ္ထိုအခါမွာ MP4 ကိုလည္ပင္းမွာ ခ်ိတ္ဆြဲထားၾကပါတယ္။ ေတာက္ေတာက္ေျပာင္ေျပာင္ဝတ္ဆင္ထားၾကပါတယ္။ သူ႔ကိုၿပဳံးျပၾကပါတယ္။ သူလည္း ျပန္ၿပဳံးျပပါတယ္။ စိတ္ထဲမွာေတာ့ မ်က္ရည္မ်ားယိုဆင္းေနျပန္ပါၿပီ။

ထမင္းကို တစ္ရက္ ႏွစ္နပ္ပဲစားပါတယ္။ တစ္နပ္စားရင္ ( ၂ ) ယြမ္ေပးရပါတယ္။ ဒါသူ႔ကိုယ္သူ သတ္မွတ္ထားတဲ့ အနိမ့္ဆုံး အသုံးစားရိပ္ပါ။ ဒီလိုဆက္သြားရင္လည္း Semester ကုန္ဆုံးတဲ့အထိ ပိုက္ဆံမေလာက္ပါ။

ညမွာ သူအိပ္မေပ်ာ္ပါ။ အမ်ိဳးမ်ိဳးစဥ္းစားႀကံဆေနရပါတယ္။ ေနာက္တစ္ေန႔ သူအံတစ္ခ်က္က်ိတ္ၿပီး ဆုံးျဖတ္ခ်က္တစ္ခု ခ်လိုက္ပါတယ္။ က်န္ရွိတဲ့ ပိုက္ဆံ ၃၀၀ ေက်ာ္ထဲက သူယြမ္ ၁၅၀ နဲ႔ လက္ကိုင္ဖုန္းတစ္ခု ဝယ္လိုက္ပါတယ္။ လက္ကိုင္ဖုန္းအေဟာင္းပါ။ ဖုန္းေျပာလို႔ရတယ္၊ စာတို message ပို႔လို႔ရတယ္၊ အျခားဘာ function မွမပါတဲ့ ဖုန္းမ်ိဳးပါ။

ေနာက္တစ္ရက္ အေဆာင္နံရံေတြမွာ၊ ဓါတ္တိုင္ေတြမွာ၊ ေၾကာျငာပုဒ္ေတြမွာ သူေၾကာ္ျငာငယ္ေလးတစ္ခု ကပ္ပါတယ္။ ေခါင္းစဥ္က

“ သင္ဝန္ေဆာင္မူ လိုအပ္ပါသလား” တဲ့၊

“ အကယ္၍ သင္ထမင္းဟင္းဝယ္လိုတယ္၊ ေရေႏြးခပ္ခ်င္တယ္၊ ဖုန္းေၾကးသြင္းခ်င္တယ္ဆိုရင္၊ ေအာက္ပါ နံပါတ္ xxxxxxxx ကိုဆက္သြယ္လိုက္ပါ။ ေက်ာင္းတြင္းဝန္ေဆာင္မူ ၁ ယြမ္၊ ေက်ာင္းျပင္ပ ဝန္ေဆာင္မူ တစ္ကီလိုပိုေဝးတိုင္း ၂ ယြမ္၊ က်ေနာ္သင့္ကို ဝန္ေဆာင္မူ ျပဳပါရေစ ” လို႔ ေရးထားပါတယ္။

အဲဒီေန႔ကစၿပီး သူ႔ဖုန္းမအားလပ္ေတာ့ပါ။ စတုတၱႏွစ္ေက်ာင္းသားတစ္ဦး သူ႔ကိုဖုန္းဆက္လာပါတယ္၊ “ ငါဆိုတဲ့လူက ပ်င္းတယ္၊ အိပ္ယာထေနာက္က်တယ္၊ ထမင္းဝယ္တဲ့ကိစၥ မင္းေန႔တိုင္းငါ့ကိုကူညီပါ။” တဲ့၊

“ စိတ္ခ်ပါ။ ခင္ဗ်ားအေဆာင္အထိ က်ေနာ္မနက္တိုင္း အခ်ိန္မွီ မနက္စာ ပို႔ေပးမယ္။” ဒါသူရဲ႕ ပထမဆုံးေသာ ဝန္ေဆာင္မူျဖစ္ပါတယ္။ ေနာက္ေက်ာင္းသားတစ္ဦး စာတိုပို႔လာပါတယ္။

“ ခင္ဗ်ားက်ေနာ့ကို ဖိနပ္ဝယ္ေပးလို႔ ရမလား၊ အခန္း ၅၀၄ ကပါ။ ဖိနပ္နံပါတ္က ၄၁၊ တံဆိပ္က xxx ”
အားလုံးအဆင္ေျပသြားပါတယ္။ သူဉာဏ္ေကာင္းတဲ့ ကေလးတစ္ေယာက္ပါ။

ဝန္ေဆာင္မူ ေပးတာ သိပ္ေတာင္မၾကာေသးဘူး၊ သူတစ္ခုသတိထားမိသြားတယ္။ ေက်ာင္းသူေက်ာင္းသားေတာ္ေတာ္မ်ားမ်ားဟာ အတန္းႀကီးေလ၊ အျပင္မထြက္ခ်င္ေလ၊ အခန္းပုန္းမ်ားေလ ဆိုတဲ့အခ်က္ပါပဲ။

အခ်ိဳ႕ ေက်ာင္းသားမ်ားဟာ အတန္းသြားမတက္တဲ့အျပင္ အိမ္ေပၚကေန အိမ္ေအာက္ေတာင္ မဆင္းခ်င္ၾကဘူး၊ သူတို႔ အခန္းထဲမွာ ကြန္ျပဴတာဂိမ္းေတြေဆာ့ေနတယ္၊ သူငယ္ခ်င္းမ်ားနဲ႔ Chatting ထိုင္႐ိုက္ေနၾကတယ္။ အဲဒီေက်ာင္းသားမ်ား သူ႔ရဲ႕ ပင္မေဖါက္သည္ျဖစ္သြားပါတယ္။

ေတာင္ေပၚကလာတဲ့ကေလးပီပီ၊ က်န္းမာသန္စြမ္းတယ္၊ သြက္လက္တယ္၊ ေျပးႏိုင္လႊားႏိုင္တယ္၊ အေဆာင္က ငါးထပ္ေျခာက္ထပ္ျဖစ္ေနတာေတာင္မွ သူမမူဘူး၊ တစ္ခ်က္ကေလးမွ မညည္းဘူး၊ သူတအားတက္ႂကြတယ္။ တစ္ခုခုမွာလိုက္ရင္ မိႏွစ္( ၃၀ ) အတြင္း အေရာက္လာပို႔တယ္။

သူ႔ကို ၅ ယြမ္ေပးတယ္၊ ၿမိဳ႕ ျပင္ဝန္ေဆာင္မူမို႔လို႔ သူ ၂ ယြမ္ယူတယ္၊ ၃ ယြမ္ခ်က္ခ်င္းျပန္အမ္းတယ္၊ ျပန္အမ္းဖို႔ အႏူတ္မရွိဘူးဆိုတာမ်ိဳး သူလုံး၀ အျဖစ္မခံဘူး၊ သူအဆင္သင့္ျဖစ္ေအာင္ အၿမဲအႏူတ္ေဆာင္ထားတယ္။

သူဂတိတည္တယ္၊ ၿပီးေအာင္လုပ္တယ္၊ အခ်ိန္ျမန္တယ္၊ တိက်တယ္။ ေက်ာင္းသူေက်ာင္းသားမ်ားအၾကားမွာ သူအေတာ္နာမည္ရလာတယ္။ ေနာင္ဘာပဲလိုလို၊ ကိုယ္တိုင္ထြက္မဝယ္ႏိုင္ရင္ သူ႔ကိုပဲ အရင္သတိရၾကတယ္။

သူဒီေလာက္အလုပ္ျဖစ္လိမ့္မယ္ဆိုတာ ေမ်ာ္လင့္မထားခဲ့ပါဘူး၊ အတန္းဆင္းဆင္းခ်င္း ဖုန္းဖြင့္လိုက္တာနဲ႔ အလုပ္ကအၿမဲ သူ႔ကိုေစာင့္ေနပါၿပီ။

တစ္ရက္က်ေတာ့ မိုးအႀကီးအက်ယ္႐ြာသြန္းတယ္၊ သူဖုန္းမီလာျပန္ၿပီ၊ ေက်ာင္းသူတစ္ေယာက္ဆီကျဖစ္တယ္။ သူမိုးထဲမွာခ်က္ခ်င္းေျပးထြက္သြားတယ္၊ ေက်ာင္းသူမွာတဲ့ထီးကို ခ်က္ခ်င္းပို႔ေပးလိုက္တယ္။ အခန္းတံခါးေခါက္ၿပီး ထီးေပးတဲ့အခ်ိန္မွာ ေက်ာင္းသူက သူ႔ကိုေက်းဇူးတင္လြန္းလို႔ တစ္ခ်က္သိုင္းဖက္လိုက္တယ္။ ဒါပထမဆုံးအႀကိမ္ သူမိန္းခေလးရဲ႕ သိုင္းဖက္ခံရတာပဲ၊ သူမ်က္ရည္က်သြားပါတယ္။

ေနာက္ပိုင္းမွာ သူေတာ္ေတာ္ အလုပ္မ်ားသြားပါတယ္၊ အတတ္ႏိုင္ဆုံး ဝန္ေဆာင္မူကို ျပည့္ဝေအာင္ သူႀကိဳးစားရွာပါတယ္။ ပထမ Semester ၿပီးဆုံးသြားပါတယ္။

ေဆာင္းရာသီေက်ာင္းပိတ္ပါၿပီ၊ သူျပန္သြားပါတယ္။ သူ႔ဖခင္က သူ႔ေက်ာင္းစားရိပ္အတြက္ ပူပင္ေသာက ေရာက္ေနဆဲပါ။ သူဖခင္ကိုႏွစ္သိမ့္ပါတယ္၊ ဖခင္လက္ထဲကို ပိုက္ဆံယြမ္ ၁၀၀၀ ကန္ေတာ့ႏိုင္ခဲ့ပါတယ္။

“ အေဖ၊ သားက သူမ်ားလို မခ်မ္းသာေပမဲ့၊ အေဖက သားကိုအေျပးျမန္တဲ့ေခ်ေထာက္အေမြေပးထားတယ္ေလ၊ ဒါအဲဒီေျခေထာက္ကို အားကိုးၿပီး ဒီထက္ေအာင္ျမင္ေအာင္ ေျပးအုံးမွာ ” လို႔ သူရွင္းျပပါတယ္။

ဒုတိယ Semester သူတစ္ေယာက္တည္း မေျပးလြားေတာ့ပါ။ ဘဝတူ ေက်ာင္းေနဘက္မ်ားကို စုစည္းလိုက္ပါတယ္။ တစ္ေက်ာင္းလုံးကို ဝန္ေဆာင္မူ စတင္ေပးပါတယ္။ ေက်ာင္းျပင္ပ ဝန္ေဆာင္မူ ကိုယ္စားလွယ္ အလုပ္ကို စတင္လုပ္ပါတယ္။

ဝန္ေဆာင္မူ ဧရိယာ တစ္ျဖည္းျဖည္းက်ယ္ျပန႔္လာပါတယ္။ ေတာက္တိုမယ္ရ ေန႔စဥ္လိုအပ္တဲ့ သြားတိုက္တံသြားတိုက္ေဆး၊ ေက်ာင္းသုံးကရိယာကအစ၊ ကြန္ျပဴတာ အပိုပစၥည္း၊ လ်ပ္စစ္ပစၥည္းအစ ပါဝင္လာပါတယ္။

စာသင္ႏွစ္တစ္ႏွစ္ၿပီးဆုံးသြားတဲ့အခ်ိန္မွာ သူကိုယ္ပိုင္ကြန္ျပဴတာ ဝယ္ႏိုင္သြားပါတယ္။ အင္တာနက္ ကြန္ယက္ကို အသုံးျပဳၿပီး သူ႔ Customer အုပ္စု ေတာ္ေတာ္ႀကီးမားလာပါတယ္။ Online Shopping ကုမၼဏီတစ္ခု သူ႔ကို ေက်ာင္းတြင္းကိုယ္စားလွယ္အျဖစ္ ခန႔္အပ္ပါတယ္။

ေျပးတယ္၊ ေျပးတယ္၊ ဆက္ေျပးတယ္၊ သူေအာင္ျမင္တဲ့ လမ္းေပၚကိုစတင္တက္လွမ္းေနပါၿပီ။
သူစတုတၱႏွစ္ၿပီးဆုံးတဲ့အခါမွ အမွတ္ေကာင္းေကာင္းနဲ႔ ေအာင္ျမင္ခဲ့႐ုံသာမက သူ႔အတြက္ ပထမအရင္းအနီးကို စုမိေဆာင္းမိေနပါၿပီ၊

သူ႔ရဲ႕ ကနဦး ရင္းနီးမတည္ေငြဟာ ယြမ္ေငြ ငါးသိန္း ( က်ပ္ေငြ သိန္း တစ္ေထာင္ေက်ာ္ေက်ာ္ခန႔္ ) ျဖစ္ပါတယ္။ သူနာမည္ He Jia Nan ဟိုက်ားနံ ျဖစ္ပါတယ္။ တ႐ုတ္ျပည္ အေရွ႕ ေျမာက္ပိုင္း Hei Long Jiang ျပည္နယ္မွာရွိတဲ့ Da Xing An Ling ေက်းလက္ေဒသမွ ေပါက္ဖြားလာတဲ့ လုပ္ငန္းရွင္ေလာင္းတစ္ဦးျဖစ္ပါတယ္။

အခုသူတကၠသိုလ္နယ္ေျမတစ္ခုလုံးရဲ႕ အေရာင္းကိုယ္စားလွယ္ခ်ဳပ္ျဖစ္ေနပါၿပီ၊ သူ႐ိုး႐ိုးရွင္းရွင္းပုံစံအတိုင္း ေနထိုင္ေနဆဲပါ။ အလုပ္ႀကိဳးစားတယ္၊ သြက္လက္တယ္၊ ေရေႏြးတစ္ဘူးခပ္တိုင္း တစ္ယြမ္ယူေနဆဲပါ။ သူေျပးလြားေနဆဲပါ။

သင္သာ သူ႔ေနရာမွာ ရွိခဲ့ရင္ ဘယ္လိုတုံ႔ျပန္မလဲ ၊ မိဘဆင္းရဲတာကို ဝမ္းနည္းေနမွာလား၊ ျပစ္တင္ေနမွာလား၊ ေခတ္အခါကို၊ အစိုးရကို အျပစ္ေျပာေနမွာလား၊
ထီးမပါတဲ့ကေလးဟာ မိုးထဲမွာ ပိုအေျပးျမန္ပါတယ္။

ဒီေဆာင္းပါး က်ေနာ့စိတ္ကို ေတာ္ေတာ္ထိပါတယ္။ အမ်ားဖတ္႐ူ႕ ႏိုင္ဖို႔ ဘာသာျပန္လိုက္ပါတယ္။ လူငယ္လူ႐ြယ္မ်ားအားလုံး ကိုယ့္ကိုယ္ကို ရပ္တည္လိုစိတ္ ရွိႏိုင္ၾကပါေစ။ မိဘထံလက္ျဖန႔္တဲ့ဘဝမွ လြတ္ႏိုင္ၾကပါေစ၊ ဘဝတိုးတက္မူခရီးလမ္းမွာ အေျပးျမန္ႏိုင္ၾကပါေစ။

Ref: we chat
#AungKoLatt

unicode

မိုးရွာထဲမှာ ထီးမပါတဲ့ ကလေး က ပိုအပြေးမြန်ပါတယ်

ဖခင်ဖြစ်သူ သက်ပြင်းတစ်ချက်ချလိုက်ပါတယ်။ ချေးယူလာတဲ့ ၄၅၃၃ ယွမ် ( ကျပ်ငွေ ဆယ်သိန်းခန့် ) သားလက်ထဲထည့်ပေးလိုက်ပါတယ်။ သားဖြစ်သူ အဲဒီပိုက်ဆံကို တုန်တုန်ရင်ရင်နဲ့ လက်ခံလိုက်ပါတယ်။ သားဖြစ်သူ သိလိုက်တယ်။

ကျောင်းလခ ယွမ်ငွေ ၄၁၀၀ ကျပ်သွင်းပြီးရင် စားဖို့နေဖို့အတွက် ၄၃၃ ယွမ်သာကျန်ပါတော့မယ်။ ဘယ်လိုခရီးဆက်သွားရမလဲ။ ဖခင်ဖြစ်သူ အတတ်နိုင်ဆုံး ကြိုးပမ်းခဲ့ပြီးပြီဆိုတာ သူကောင်းစွာနားလည်ပါတယ်။ ပိုက်ဆံရစရာလမ်း ဒီထက်မပိုနိုင်တော့ဘူးဆိုတာ သူကောင်းကောင်းသိပါတယ်။

“ ဖေဖေ စိတ်ချပါ။ ကျနော့မှာ ခြေတွေလက်တွေ ရှိပါသေးတယ်။” အဖေ့ကို ပြန်နှစ်သိမ့်ရပါတယ်။ ဝမ်းနည်းပူဆွေးပေမဲ့ အတတ်နိုင်ဆုံး ဖခင်ဖြစ်သူကို သူပြုံးပြီးနူတ်ဆက်ပါတယ်။ နူတ်ဆက်ပြီးတာနဲ့ အိမ်ထဲကနေ တစ်ချိုးတည်း ထွက်လာပါတော့တယ်။ ခန္ဓာကိုယ်ကို လှည့်ပြီး သူထွက်ခွာလာတဲ့အခိုက်မှာ မျက်ရည်တွေ မျက်နာတစ်ပြင်လုံး ယိုဆင်းလာပါတယ်။ သူငိုသွားပါတယ်။ ဖခင်ကို မခွဲရက်တာပါတယ်။ ရှေ့ ပညာသင်ရမဲ့ခရီးအတွက် ပူဆွေးတာလည်းပါပါတယ်။

ကျောပိုးအိတ်ကိုလွယ်ပြီး တောင်ပေါ်လမ်းကွေ့ကွေ့ကောက်ကောက်ကို ပြေးဆင်းပါတယ်။ သူမိုင်ပေါင်း ၆၀ ခန့် ခရီးရှည် လျှောက်လိုက်ပါတယ်။ ကားခ ၆၈ ယွမ်နဲ့ ကားဂိတ်မှာ ဘတ်စ်ကားပြောင်းစီးပါတယ်။ သူအနှစ်နှစ်အလလ တက်ရောက်ချင်ခဲ့တဲ့ ပြည်နယ်တက္ကသိုလ်ကို ရောက်ရှိခဲ့ပါတယ်။
ကျောင်းပေါက်ဝရောက်ပြီ၊ ကားခရှင်းလိုက်တယ်၊ လက်ထဲမှာ ၃၆၅ ယွမ်ပဲ ကျန်ပါတော့တယ်။

ပထမ Semester ၅ လကျောင်းတက်ရပါမယ်။ ယွမ်၃၀၀ ကျော်နဲ့ ဘယ်လိုခရီးဆက်မလဲ၊
ပတ်ဝန်းကျင်ကကျောင်းသူကျောင်းသားများ ထိုခေတ်ထိုအခါမှာ MP4 ကိုလည်ပင်းမှာ ချိတ်ဆွဲထားကြပါတယ်။ တောက်တောက်ပြောင်ပြောင်ဝတ်ဆင်ထားကြပါတယ်။ သူ့ကိုပြုံးပြကြပါတယ်။ သူလည်း ပြန်ပြုံးပြပါတယ်။ စိတ်ထဲမှာတော့ မျက်ရည်များယိုဆင်းနေပြန်ပါပြီ။

ထမင်းကို တစ်ရက် နှစ်နပ်ပဲစားပါတယ်။ တစ်နပ်စားရင် ( ၂ ) ယွမ်ပေးရပါတယ်။ ဒါသူ့ကိုယ်သူ သတ်မှတ်ထားတဲ့ အနိမ့်ဆုံး အသုံးစားရိပ်ပါ။ ဒီလိုဆက်သွားရင်လည်း Semester ကုန်ဆုံးတဲ့အထိ ပိုက်ဆံမလောက်ပါ။

ညမှာ သူအိပ်မပျော်ပါ။ အမျိုးမျိုးစဉ်းစားကြံဆနေရပါတယ်။ နောက်တစ်နေ့ သူအံတစ်ချက်ကျိတ်ပြီး ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပါတယ်။ ကျန်ရှိတဲ့ ပိုက်ဆံ ၃၀၀ ကျော်ထဲက သူယွမ် ၁၅၀ နဲ့ လက်ကိုင်ဖုန်းတစ်ခု ဝယ်လိုက်ပါတယ်။ လက်ကိုင်ဖုန်းအဟောင်းပါ။ ဖုန်းပြောလို့ရတယ်၊ စာတို message ပို့လို့ရတယ်၊ အခြားဘာ function မှမပါတဲ့ ဖုန်းမျိုးပါ။

နောက်တစ်ရက် အဆောင်နံရံတွေမှာ၊ ဓါတ်တိုင်တွေမှာ၊ ကြောငြာပုဒ်တွေမှာ သူကြော်ငြာငယ်လေးတစ်ခု ကပ်ပါတယ်။ ခေါင်းစဉ်က

“ သင်ဝန်ဆောင်မူ လိုအပ်ပါသလား” တဲ့၊

“ အကယ်၍ သင်ထမင်းဟင်းဝယ်လိုတယ်၊ ရေနွေးခပ်ချင်တယ်၊ ဖုန်းကြေးသွင်းချင်တယ်ဆိုရင်၊ အောက်ပါ နံပါတ် xxxxxxxx ကိုဆက်သွယ်လိုက်ပါ။ ကျောင်းတွင်းဝန်ဆောင်မူ ၁ ယွမ်၊ ကျောင်းပြင်ပ ဝန်ဆောင်မူ တစ်ကီလိုပိုဝေးတိုင်း ၂ ယွမ်၊ ကျနော်သင့်ကို ဝန်ဆောင်မူ ပြုပါရစေ ” လို့ ရေးထားပါတယ်။

အဲဒီနေ့ကစပြီး သူ့ဖုန်းမအားလပ်တော့ပါ။ စတုတ္တနှစ်ကျောင်းသားတစ်ဦး သူ့ကိုဖုန်းဆက်လာပါတယ်၊ “ ငါဆိုတဲ့လူက ပျင်းတယ်၊ အိပ်ယာထနောက်ကျတယ်၊ ထမင်းဝယ်တဲ့ကိစ္စ မင်းနေ့တိုင်းငါ့ကိုကူညီပါ။” တဲ့၊

“ စိတ်ချပါ။ ခင်ဗျားအဆောင်အထိ ကျနော်မနက်တိုင်း အချိန်မှီ မနက်စာ ပို့ပေးမယ်။” ဒါသူရဲ့ ပထမဆုံးသော ဝန်ဆောင်မူဖြစ်ပါတယ်။ နောက်ကျောင်းသားတစ်ဦး စာတိုပို့လာပါတယ်။

“ ခင်ဗျားကျနော့ကို ဖိနပ်ဝယ်ပေးလို့ ရမလား၊ အခန်း ၅၀၄ ကပါ။ ဖိနပ်နံပါတ်က ၄၁၊ တံဆိပ်က xxx ”
အားလုံးအဆင်ပြေသွားပါတယ်။ သူဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ပါ။

ဝန်ဆောင်မူ ပေးတာ သိပ်တောင်မကြာသေးဘူး၊ သူတစ်ခုသတိထားမိသွားတယ်။ ကျောင်းသူကျောင်းသားတော်တော်များများဟာ အတန်းကြီးလေ၊ အပြင်မထွက်ချင်လေ၊ အခန်းပုန်းများလေ ဆိုတဲ့အချက်ပါပဲ။

အချို့ ကျောင်းသားများဟာ အတန်းသွားမတက်တဲ့အပြင် အိမ်ပေါ်ကနေ အိမ်အောက်တောင် မဆင်းချင်ကြဘူး၊ သူတို့ အခန်းထဲမှာ ကွန်ပြူတာဂိမ်းတွေဆော့နေတယ်၊ သူငယ်ချင်းများနဲ့ Chatting ထိုင်ရိုက်နေကြတယ်။ အဲဒီကျောင်းသားများ သူ့ရဲ့ ပင်မဖေါက်သည်ဖြစ်သွားပါတယ်။

တောင်ပေါ်ကလာတဲ့ကလေးပီပီ၊ ကျန်းမာသန်စွမ်းတယ်၊ သွက်လက်တယ်၊ ပြေးနိုင်လွှားနိုင်တယ်၊ အဆောင်က ငါးထပ်ခြောက်ထပ်ဖြစ်နေတာတောင်မှ သူမမူဘူး၊ တစ်ချက်ကလေးမှ မညည်းဘူး၊ သူတအားတက်ကြွတယ်။ တစ်ခုခုမှာလိုက်ရင် မိနှစ်( ၃၀ ) အတွင်း အရောက်လာပို့တယ်။

သူ့ကို ၅ ယွမ်ပေးတယ်၊ မြို့ ပြင်ဝန်ဆောင်မူမို့လို့ သူ ၂ ယွမ်ယူတယ်၊ ၃ ယွမ်ချက်ချင်းပြန်အမ်းတယ်၊ ပြန်အမ်းဖို့ အနူတ်မရှိဘူးဆိုတာမျိုး သူလုံး၀ အဖြစ်မခံဘူး၊ သူအဆင်သင့်ဖြစ်အောင် အမြဲအနူတ်ဆောင်ထားတယ်။

သူဂတိတည်တယ်၊ ပြီးအောင်လုပ်တယ်၊ အချိန်မြန်တယ်၊ တိကျတယ်။ ကျောင်းသူကျောင်းသားများအကြားမှာ သူအတော်နာမည်ရလာတယ်။ နောင်ဘာပဲလိုလို၊ ကိုယ်တိုင်ထွက်မဝယ်နိုင်ရင် သူ့ကိုပဲ အရင်သတိရကြတယ်။

သူဒီလောက်အလုပ်ဖြစ်လိမ့်မယ်ဆိုတာ မျော်လင့်မထားခဲ့ပါဘူး၊ အတန်းဆင်းဆင်းချင်း ဖုန်းဖွင့်လိုက်တာနဲ့ အလုပ်ကအမြဲ သူ့ကိုစောင့်နေပါပြီ။

တစ်ရက်ကျတော့ မိုးအကြီးအကျယ်ရွာသွန်းတယ်၊ သူဖုန်းမီလာပြန်ပြီ၊ ကျောင်းသူတစ်ယောက်ဆီကဖြစ်တယ်။ သူမိုးထဲမှာချက်ချင်းပြေးထွက်သွားတယ်၊ ကျောင်းသူမှာတဲ့ထီးကို ချက်ချင်းပို့ပေးလိုက်တယ်။ အခန်းတံခါးခေါက်ပြီး ထီးပေးတဲ့အချိန်မှာ ကျောင်းသူက သူ့ကိုကျေးဇူးတင်လွန်းလို့ တစ်ချက်သိုင်းဖက်လိုက်တယ်။ ဒါပထမဆုံးအကြိမ် သူမိန်းခလေးရဲ့ သိုင်းဖက်ခံရတာပဲ၊ သူမျက်ရည်ကျသွားပါတယ်။

နောက်ပိုင်းမှာ သူတော်တော် အလုပ်များသွားပါတယ်၊ အတတ်နိုင်ဆုံး ဝန်ဆောင်မူကို ပြည့်ဝအောင် သူကြိုးစားရှာပါတယ်။ ပထမ Semester ပြီးဆုံးသွားပါတယ်။

ဆောင်းရာသီကျောင်းပိတ်ပါပြီ၊ သူပြန်သွားပါတယ်။ သူ့ဖခင်က သူ့ကျောင်းစားရိပ်အတွက် ပူပင်သောက ရောက်နေဆဲပါ။ သူဖခင်ကိုနှစ်သိမ့်ပါတယ်၊ ဖခင်လက်ထဲကို ပိုက်ဆံယွမ် ၁၀၀၀ ကန်တော့နိုင်ခဲ့ပါတယ်။

“ အဖေ၊ သားက သူများလို မချမ်းသာပေမဲ့၊ အဖေက သားကိုအပြေးမြန်တဲ့ချေထောက်အမွေပေးထားတယ်လေ၊ ဒါအဲဒီခြေထောက်ကို အားကိုးပြီး ဒီထက်အောင်မြင်အောင် ပြေးအုံးမှာ ” လို့ သူရှင်းပြပါတယ်။

ဒုတိယ Semester သူတစ်ယောက်တည်း မပြေးလွားတော့ပါ။ ဘဝတူ ကျောင်းနေဘက်များကို စုစည်းလိုက်ပါတယ်။ တစ်ကျောင်းလုံးကို ဝန်ဆောင်မူ စတင်ပေးပါတယ်။ ကျောင်းပြင်ပ ဝန်ဆောင်မူ ကိုယ်စားလှယ် အလုပ်ကို စတင်လုပ်ပါတယ်။

ဝန်ဆောင်မူ ဧရိယာ တစ်ဖြည်းဖြည်းကျယ်ပြန့်လာပါတယ်။ တောက်တိုမယ်ရ နေ့စဉ်လိုအပ်တဲ့ သွားတိုက်တံသွားတိုက်ဆေး၊ ကျောင်းသုံးကရိယာကအစ၊ ကွန်ပြူတာ အပိုပစ္စည်း၊ လျပ်စစ်ပစ္စည်းအစ ပါဝင်လာပါတယ်။

စာသင်နှစ်တစ်နှစ်ပြီးဆုံးသွားတဲ့အချိန်မှာ သူကိုယ်ပိုင်ကွန်ပြူတာ ဝယ်နိုင်သွားပါတယ်။ အင်တာနက် ကွန်ယက်ကို အသုံးပြုပြီး သူ့ Customer အုပ်စု တော်တော်ကြီးမားလာပါတယ်။ Online Shopping ကုမ္မဏီတစ်ခု သူ့ကို ကျောင်းတွင်းကိုယ်စားလှယ်အဖြစ် ခန့်အပ်ပါတယ်။

ပြေးတယ်၊ ပြေးတယ်၊ ဆက်ပြေးတယ်၊ သူအောင်မြင်တဲ့ လမ်းပေါ်ကိုစတင်တက်လှမ်းနေပါပြီ။
သူစတုတ္တနှစ်ပြီးဆုံးတဲ့အခါမှ အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ခဲ့ရုံသာမက သူ့အတွက် ပထမအရင်းအနီးကို စုမိဆောင်းမိနေပါပြီ၊

သူ့ရဲ့ ကနဦး ရင်းနီးမတည်ငွေဟာ ယွမ်ငွေ ငါးသိန်း ( ကျပ်ငွေ သိန်း တစ်ထောင်ကျော်ကျော်ခန့် ) ဖြစ်ပါတယ်။ သူနာမည် He Jia Nan ဟိုကျားနံ ဖြစ်ပါတယ်။ တရုတ်ပြည် အရှေ့ မြောက်ပိုင်း Hei Long Jiang ပြည်နယ်မှာရှိတဲ့ Da Xing An Ling ကျေးလက်ဒေသမှ ပေါက်ဖွားလာတဲ့ လုပ်ငန်းရှင်လောင်းတစ်ဦးဖြစ်ပါတယ်။

အခုသူတက္ကသိုလ်နယ်မြေတစ်ခုလုံးရဲ့ အရောင်းကိုယ်စားလှယ်ချုပ်ဖြစ်နေပါပြီ၊ သူရိုးရိုးရှင်းရှင်းပုံစံအတိုင်း နေထိုင်နေဆဲပါ။ အလုပ်ကြိုးစားတယ်၊ သွက်လက်တယ်၊ ရေနွေးတစ်ဘူးခပ်တိုင်း တစ်ယွမ်ယူနေဆဲပါ။ သူပြေးလွားနေဆဲပါ။

သင်သာ သူ့နေရာမှာ ရှိခဲ့ရင် ဘယ်လိုတုံ့ပြန်မလဲ ၊ မိဘဆင်းရဲတာကို ဝမ်းနည်းနေမှာလား၊ ပြစ်တင်နေမှာလား၊ ခေတ်အခါကို၊ အစိုးရကို အပြစ်ပြောနေမှာလား၊
ထီးမပါတဲ့ကလေးဟာ မိုးထဲမှာ ပိုအပြေးမြန်ပါတယ်။

ဒီဆောင်းပါး ကျနော့စိတ်ကို တော်တော်ထိပါတယ်။ အများဖတ်ရူ့ နိုင်ဖို့ ဘာသာပြန်လိုက်ပါတယ်။ လူငယ်လူရွယ်များအားလုံး ကိုယ့်ကိုယ်ကို ရပ်တည်လိုစိတ် ရှိနိုင်ကြပါစေ။ မိဘထံလက်ဖြန့်တဲ့ဘဝမှ လွတ်နိုင်ကြပါစေ၊ ဘဝတိုးတက်မူခရီးလမ်းမှာ အပြေးမြန်နိုင်ကြပါစေ။

Ref: we chat
#AungKoLatt

Be the first to comment

Leave a Reply

Your email address will not be published.


*