
သူတို့ ဒုက္ခကြုံနေရင်တောင် သင့်ကို အရင်ကယ်တင်မှာ မိဘပါ
သူတို့ ဒုက္ခကြုံနေရင်တောင် သင့်ကို အရင်ကယ်တင်မှာ မိဘပါ




အများတကာနဲ့ ပြောဆို ဆက်ဆံတဲ့ အခါ ချိုသောအပြုံး ၊ သာသော မနောတွေနဲ့ သဘောကောင်းနိုင်သေးရင် ၊ မင်းမိဘအပေါ် ဘာလို့ စေတနာတွေ မကောင်းနိုင်ရမလဲ …







မင်းမိဘတွေ မရှိတော့မှ မျက်ရည်ကျ ငိုကြွေးပြီး နောင်တရတာမျိုး ငါမမြင်တွေ့ ပါရစေနဲ့ သူငယ်ချင်း …

မူရင်း Crd :

Unicode

မိဘဆိုတာ ဘယ်လို အခက်ခဲတွေပဲ ကြုံကြုံ သင့်ကို ကယ်တင်ဖို့ ကြိုးစားနေသူပါ …

တလောကလုံး က ဘယ်သူနဲ့ ဘဲ ဆက်ဆံရေးတွေ တင်းမာနေပါစေ မင်းမိဘနဲ့တော့ ဆက်ဆံရေး မတင်းမာ လိုက်နဲ့နော် …

ဆွေးမျိုး မတော်စပ်တဲ့ ငါ့လိုကောင်တောင် သာကြောင်း ၊ မာကြောင်း မင်း မေးနိုင်သေးရင် အသက် စတေးပြီး မွေးထုတ် ပေးခဲ့တဲ့ မင်း မိဘနှစ်ပါးကို ဘာလို့ ” နေကောင်းရဲ့လား ကျန်းမာရေး ဂရု့စိုက်နော် အဖေနဲ့ အမေ ” လို့ မပြောနိုင် ရမှာလဲ …

အများတကာနဲ့ ပြောဆို ဆက်ဆံတဲ့ အခါ ချိူသောအပြုံး ၊ သာသော မနောတွေနဲ့ သဘေ ာကောင်းနိုင်သေးရင် ၊ မင်းမိဘအပေါ် ဘာလို့ စေတနာတွေ မကောင်းနိုင်ရမလဲ …

ညဘက် ဖုန်းသုံးတဲ့ အချိန်တော့ အများကြီးရှိပြီး မိဘရှိခိုးတဲ့ အချိန် ဘာလို့ မရှိရမှာလဲ …

တခြား လူကြီးတွေ ပြောစကားကျ နားထောင်ပြီး မိဘစကားကျ ဂရု့မစိုက်သလို လျစ်လျူမရှူ့နဲ့ နော် …

ခရီးတွေ ထွက်လို့ အပြန်လက်ဆောင် ဘယ်သူ့ အတွက်မှ ပါချင်ပါ ၊ မပါချင်နေပါစေ … ဒါမဲ့ မင်း မိဘတွေ အတွက် တခုခုတော့ ပါအောင် ယူခဲ့ပေးနော် …

အစားထိုး မရတဲ့အရာဟာ … မိဘနဲ့ အချိန်လို့ လူပြောများပေမယ့် ကိုယ်တွေ့ မကြုံရသေးတော့ မင်း ဘယ်ယုံနိုင်မလဲ ပေါ့နော် …

ယုံ တဲ့ အ ချိန် ကျ မင်း နောင် တ တွေ နဲ့ ယူ ကျူံး မ ရ ဖြစ် နေ အုံး မယ် …

မင်းမိဘတွေကို သက်ရှိထင်ရှား မြင်နေခွင့် ရနေတာဟာ … မင်းအတွက် တန်ဖိုး မဖြတ်နိုင်တဲ့
ကံကောင်းခြင်း လက်ဆောင်ပါ … ။ ဒါကို မင်းတန်ဖိုးထား မြတ်နိုးနိုင်ပါစေ … ။

မင်းမိဘတွေ မရှိတော့မှ မျက်ရည်ကျ ငိုကြွေးပြီး နောင်တရတာမျိူး ငါမမြင်တွေ့ ပါရစေနဲ့ သူငယ်ချင်း …

မူရင်း Crd :

Be the first to comment

Leave a Reply

Your email address will not be published.


*