
အငယ်ဆုံးလေးတွေဆိုတာ
အငယ်ဆုံးလေးတွေဆိုတာ


















ခရက်ဒစ်

Unicode

အငယ်ဆုံးလေးတွေဆိုတာ . .အလိုလိုက်ခံရတာထက် အနစ်နာခံရတတ်တာ များပါတယ်

အငယ်ဆုံးလေးတွေဆိုတာ . . . .အများအမြင်မှာ အလိုလိုက် ခံရတယ်လို့ ထင်တတ် ကြတယ်

တကယ်တမ်း ကြတော့ အလိုလိုက် ခံရတာ ထက် အနစ်နာခံ ရတတ်တာ များပါတယ်

အငယ်က အငယ်နေရာနေ ဆိုတဲ့ စကားတွေနဲ့ ပြောစရာ စကားတွေကို မြိုသိပ် ပစ်ရ တာလဲ များပါတယ်

အစစအရာရာ အရင်ဦးဆုံး ရလိမ့်မယ် လို့ ထင်တတ် ကြတာ ကိုယ်ပူဆာခွင့် မရခဲ့တဲ့ အရာတွေမှ အများကြီးပဲ အရာအားလုံး မဟုတ်ပေမယ့် တော်တော် များများ ပါ

ပြီးတော့ . . . မိသားစု အပေါ် ပိုပြီး တွယ်တာ တတ်တဲ့ စိတ်လေး ပါလာ တတ်ကြ တယ် ။

ကိုယ်ဖြစ် ချင်နေတာတွေ ထက် မိသားစု ကို ပိုပြီးငဲ့ ကွက်တတ် ကြ တယ် ။

အငယ်ဆုံး ဆိုတော့ အငယ်ဆုံးတွေရဲ့သဘာဝ အတိုင်း အနည်း အကျဉ်းတော့ ဆိုးချင် ကြ တာ ပေါ့ ။

အဲ့တာ မတွယ်တာလို့မဟုတ်ဘူး ဂရုစိုက် မှုလေးတွေ လိုချင်လို့ ရမလာတဲ့ အခါ ဂရုစိုက်လေ မလားလို့တွေးပြီး ဆိုး ကြတာ

အိမ်တစ်အိမ်မှာ ရှိလေ့ ရှိတဲ့ စုန်းပြူးလေးတွေ က အငယ်ဆုံးလေးတွေ က များ တယ် ။

ဥပမာ – အစ်ကိုက ဆရာဝန် အမလဲ ဆရာဝန် အငယ်ဆုံးလေး တွေမှ အဝေးသင် တက်နေသ လို မျိုးတွေ တစ်မိပေါက် ထွန်းတာ မျိုးတွေပေါ့

သာမန်အထင်တွေ အမြင်တွေ နဲ့ဆုံးဖြတ်ကြတဲ့ အခါ အငယ်ဆုံ းတွေက ပိုပြီးဆိုး တယ်လို့ တွေးတတ်ကြတယ်

နောက်ဆုံး မိသားစု အနားမှာ ကျန်ခဲ့တာ ကလဲ အငယ်ဆုံးလေးတွေ ပါပဲ ကြိုက်သလောက် ဆိုးချင်ဆိုးမယ် အိမ်ကို ဒုက္ခမပေးဘူး အများအားဖြင့်ပေါ့

အငယ်ဆုံးလေးတွေ ဖြစ်တိုင်း မိသားစု အပေါ် ကောင်းတယ် ချည်းဆိုလိုတာ မျိုး မဟုတ်ဘူး

ယျေဘုယအားဖြင့် အငယ်ဆုံးလေးတွေကို ကြည့်တဲ့ အခါ မိသားစု အပေါ် ပိုပြီး တွယ်တာတတ်တာ မျိုးပါ

အငယ်ဆုံးဆိုတိုင်း အများထင်သလို ဦးစားပေးခံ အလိုလိုက် ခံရတဲ့ လူတွေချည်းမဟုတ်ပါဘူး

အမြဲ အနောက်ဆုံးမှာ ကျန်ခဲ့တဲ့လူ ဒါမှမဟုတ် အနစ်နာခံရတဲ့ သူတွေချည်း ဖြစ်နေတတ် ပါတယ်

ခရက်ဒစ်

Be the first to comment

Leave a Reply

Your email address will not be published.


*