~ အမြင်မှာတော့ အိနြေ္ဒကြီးတွေတခွဲသား လိမ်မာယဉ်ကျေးသယောင်နဲ့  စိတ်ဓါတ်ကကုန်းကောက်စရာမရှိအောင် နိမ့်ကျတယ် ။
~ အိနြေ္ဒကြီးတစ်ခွဲသားနဲ့ မနေတတ်ဘူး လူတိုင်းနဲ့ ပျော်ပျော်နေတတ်တယ် သိက္ခာတရားတော့သွားမထိလေနဲ့  မသေမရှင် ဖြစ်သွားမယ် ။
Credit
Unicode
မိန်းကလေးချင်းတူတယ် တန်ဖိုးကွာခြားတယ်
လူချင်းတူတယ် အသက်ရှူတာချင်းကွာခြားသလို လူချင်းတူတယ် အရိုင်းနဲ့ အယဉ်ကွာခြားပါတယ် ။မိန်းကလေးချင်းတူတယ် တန်ဖိုးချင်းတော့ကွာခြားစမြဲပါ ……
အပေါ်ယံသကာဖုံး မိန်းကလေးတွေ ……
~ အမြင်မှာတော့ အိန္ဒြေကြီးတွေတခွဲသား လိမ်မာယဉ်ကျေးသယောင်နဲ့ စိတ်ဓါတ်ကကုန်းကောက်စရာမရှိအောင် နိမ့်ကျတယ် ။
~ ပုံစံကြည့်လိုက်ရင် မာနပဲထားရှိသယောင် နဲ့ လူမမြင်ရင်လစ်ရင် လစ်သလို မကောင်းမှုကျူးလွန်ဖို့ လက်မနှေးဘူး ။
~ အပြောကတော့ ရွှေမန်းတောင်အရှုံးပေးရမယ် စိတ်ဓါတ်ကလူအထင်ကြီးဖို့အတွက် အချောင်လိုက်ဖို့ဆိုရင် ပြိုင်စံရှား ။
~ လူတွေအမြင်မှာ တော်သယောင် တတ်သယောင်နဲ့ ရုပ်တည်ကြီးနဲ့ အချောင်နှိုက်ဖို့ဆို လက်မနှေးဘူး ။
~ ကြည့်လိုက်ရင် ရုပ်တည်ကြီးနဲ့ သိက္ခာတရားရှိသလိုသူများရည်းစား ၊ လင်သားတွေအပေါ် စနှိုက်ကျော်လုပ်ဖို့ဆိုရင် အရှက်သေးသေးမှ မရှိကြဘူး ။
~ ရုပ်ရည် ကြည့်တာ ရိုးသားပြီး မာယာကင်း သယောင်နဲ့နောက်ကွယ်က ကုတ်ကမြင်းကြောထလိုက်တာ ရည်းစားပေါင်းသောင်းခြောက်ထောင် လက်ဖျားခါတယ် ။
~ ဘုရားတရားကိုင်းရှိုင်းတဲ့ ပုံစံမျိုးနဲ့ အတွင်းစိတ်ယုတ်မာတဲ့နေရာမှာ ဘုရားတောင်ဆုံးမလို့ရမှာမဟုတ်ဘူး ……
ဒါကြောင့် အပြင်ဗန်းလှ အပြောချိုပြီး အိညက် အိညက် နဲ့ကျီးအာသီးမ တွေဆို အရမ်းကြောက်တယ် …………
အနှစ်သာရပြည့်စုံတဲ့မိန်းကလေးဆိုတာ……
~ ပွင့်ပွင့်လင်းလင်းပဲနေတယ် စကားပြောရင် အရှိအတိုင်းပဲ
~ ဟန်ဆောင်မှုမရှိဘူး စကားပြောရင် တုတ်ထိုးအိုးပေါက်လူရိုက်ပေါက်ပုံစံ ဒါပေမဲ့ စိတ်ထားမယုတ်ညံ့ဘူး ။
~ အိန္ဒြေကြီးတစ်ခွဲသားနဲ့မနေတတ်ဘူး လူတိုင်းနဲ့ပျော်ပျော်နေတတ်တယ် သိက္ခာတရားတော့သွားမထိလေနဲ့ မသေမရှင် ဖြစ်သွားမယ် ။
~ လူတွေအထင်ကြီးအောင် ပါးစပ်ကမပြောဘူး အလုပ်နဲ့သက်သေပြကြတယ် ။
~ မနာလိုစိတ်ကင်းတယ် သူများအကြောင်းစိတ်မဝင်စားဘူးကိုယ့်အကြောင်းနဲ့ကိုယ်ကို မပြီးနိုင်ဘူး ။
~ မာနကြီးသလိုမနေဘူး ကြည့်လိုက်ရင် ပေါတောတောလူတိုင်းကို တန်းတူဆက်ဆံတယ် ဒါပေမဲ့ သူ့အရည်ချင်းကို သွားထိခိုက်သွေးတိုးသွားမစမ်းနဲ့အဆိပ်ပြင်းတဲ့မြွေထက်ဆိုးတဲ့ မာနတွေရှိတယ် ။
~ အပြင်ပန်းကြည့်ရတာ မရင့်ကျက်ဘူးထင်ရပေမဲ့ အရာရာတိုင်းမှာလေးနက်တယ် စာနာစိတ်ရှိတယ် ။
~ ဘုရားတရားရိုသေကိုင်းရှိုင်းသလိုမနေပေမဲ့ ဘာသာတရားအပေါ်လေးလေးနက်နက်နဲ့ ကိုးကွယ်တယ် ။ ဘုရားမကြိုက်တဲ့အလုပ်မလုပ်သလို မိဘဆွေမျိုး မျက်နှာ ပျက်ရမဲ့အလုပ်ကို အကြောက်ဆုံး ။
~ သူတို့မှာ ထင်ပေါ်ခြင်စိတ်မရှိသလို မျှတတဲ့စိတ်က ချစ်စရာအကောင်းဆုံး နဲ့ရောင့်ရဲတတ်တဲ့စိတ်အမြဲရှိတယ် ။
~ သူတို့ကအချစ်ကိုအလွယ်မယူတတ် မပေးတတ်သလိုသူများရည်းစား လင်သားအပေါ်စိတ်ဝင်စားဖို့နေနေသာသာအချစ်ကြီးပြီး သစ္စာကြီးသလောက် သစ္စာဖောက်ခံလိုက်ရတာက ခပ်များများ …
အပြောဆိုးပေမဲ့ ယုန်တစ်ကောင်လိုဖြူစင်တဲ့ သြဇာသီးလို မိန်းကလေးတွေကိုပဲလေးစားတယ် ။တန်ဖိုးထားတယ် ဂုဏ်ယူတယ် ……
လူအများစုကတော့ ကျီးအာသီးမတွေကိုလေးစာတတ်ကြတယ် အထင်ကြီးကြတယ် ။အပြင်ဗန်းကကြည့်ပြီး အမြင်မလှတဲ့ သြဇာသီးလိုမိန်းကလေးတွေဆိုအထင်မကြီးကြဘူး ။ မလေးစားကြဘူးလေ ။ဒါပေမဲ့ လူဆိုတာ ထိမှသိတဲ့အမျိုးမို့ အပြစ်မဟုတ်ပါဘူး ။လူအကြောင်းသိချင်ရင် ပေါင်းကြည့်မှ သိကြမှာပေါ့ ။
Credit
Be the first to comment
Leave a Reply
Your email address will not be published.
*