မုိး႐ြာေနတုးန္း တစ္ေယာက္တည္း႐ွိေနခ်ိန္မွာ ျဖစ္ေပၚလာတတ္တဲ့ စိတ္ခံစားမႈေလးမ်ား

စိတ္ခံစားမွုအပိုင္းအစမ်ား
စိတ္ခံစားမွုအပိုင္းအစမ်ား

မုိး႐ြာေနတုးန္း တစ္ေယာက္တည္း႐ွိေနခ်ိန္မွာ ျဖစ္ေပၚလာတတ္တဲ့ စိတ္ခံစားမႈေလးမ်ား

မိုးရာသီဘက္ကို တျဖည္းျဖည္း ေရာက္လာၿပီ ျဖစ္ၿပီး ခုရက္ပိုင္း ရန္ကုန္မွာ မိုးေတြလည္း ႐ြာျဖစ္ေနပါတယ္ေနာ္။ မိုး႐ြာျခင္းက လူေတြရဲ႕ စိတ္ကို တစ္မ်ိဳးေလး ဖမ္းစား ႏုိင္စြမ္း ႐ွိပါ တယ္ေနာ္။

တစ္ခ်ိဳ႕က မိုးေတြ႐ြာေန တတ္တဲ့ မိုးရာသီကို ႀကိဳက္သလုိ၊ တစ္ခ်ိဳ႕ကလည္း စိုစိုစြတ္စြတ္နဲ႔မို႔ မုိးရာသီကို မုန္းတတ္ ၾကပါ တယ္။ ဘာေၾကာင့္ပဲ ျဖစ္ျဖစ္ မိုး႐ြာေနတဲ့ အခ်ိန္ တစ္ေယာက္တည္း ႐ွိေနခ်ိန္မွာ လူေတြက ဒီလုိ ခံစားခ်က္ေလးေတြ ျဖစ္ေပၚ လာတတ္ ပါတယ္ေနာ္။

တစ္စံုတစ္ေယာက္ကို လြမ္းမိတဲ့စိတ္

မိုး႐ြာေနတဲ့ အခ်ိန္ အထူးသျဖင့္ ဘယ္သူ႔မွ ကိုယ့္အနားမွာ မ႐ွိပဲ တစ္ေယာက္တည္း ျဖစ္ေနတဲ့အခ်ိန္မ်ိဳးမွာ လြမ္းလြမ္းေဆြးေဆြး ခံစားခ်က္ မ်ိဳးကို ခံစားဖူးလား။

တစ္စံုတစ္္ေယာက္ကို သတိရ လြမ္းဆြတ္တဲ့စိတ္၊ တစ္ေယာက္ေယာက္ကို ေျပးေတြ႔ခ်င္ တဲ့ စိတ္က မိုးနဲ႔အတူ ဝင္ေရာက္ လာတတ္ ပါတယ္ေနာ္။

ဘယ္သူ႔ကို သတိရေနလဲဆုိတာကို မေသခ်ာေပမယ့္ မိုး႐ြာေနတဲ့အခ်ိိန္ တစ္ေယာက္ေယာက္ကို သတိရလြမ္းဆြတ္ေနတယ္ဆုိတာကေတာ့ အမွန္ပါပဲ။

ရင္ထဲမွာ ဟာတာတာ ျဖစ္ေနတတ္တာ

ဒီလုိမိုးေတြ႐ြာေနတဲ့အခ်ိန္ တစ္ေယာက္တည္းျဖစ္ေနတဲ့အခ်ိန္မွာ မိုးသံေတြကို နားစြင့္ရင္း ရင္ဘတ္ထဲ ဟာတာတာမ်ိဳးေလး ခံစားဖူးၾက မွာပါ။

ဒီလုိအခ်ိန္ အလြမ္းသီခ်င္းေလးသာ ဖြင့္လိုက္ရင္ေတာ့ အလုိလုိေနရင္း ဝမ္းနည္းလာတဲ့ ဒါမွမဟုတ္ ရင္ထဲမွာဟာေနတဲ့ ခံစားခ်က္ႀကီးက လူကို ေနမထိထုိင္မသာ ျဖစ္ေစပါတယ္ေနာ္။

အိမ္ကိုလြမ္းမိတာ

အိမ္နဲ႔ေဝးေနတဲ့ သူေတြ အတြက္ကေတာ့ မိုး႐ြာေနတဲ့အခ်ိန္မွာ ကိုယ့္အိမ္၊ ကိုယ့္ဇာတိေျမရဲ႕ အေငြ႔အသက္ေလးကို လြမ္းမိတာပါပဲ။ အိမ္ကလူေတြကို ေတြ႔ခ်င္တဲ့စိတ္ေတြ၊ ေမြးရပ္ေျမကို သတိရတဲ့ စိတ္ေတြက မိုးေၾကာင့္ ပိုႀကီးထြား လာတတ္ ပါတယ္။

မိုးေတြ႐ြာေနတဲ့အခ်ိန္မ်ိဳးဆို ေႏြးေထြးမႈေတြျပည့္ေနတဲ့ ကိုယ့္ရဲ႕အိမ္ေလးကို အေျပးသြားခ်င္တဲ့ အိမ္လြမ္းသူေတြကလည္း ႐ွိလို႔ေနပါတယ္။

ငယ္ငယ္ကအမွတ္တရေတြ ေတြးမိတာ

မိုး႐ြာေနတဲ့အခ်ိန္ အေတြးျဖစ္ဆံုးက ငယ္ငယ္က အမွတ္တရေတြပါပဲ။ ေက်ာင္းကျပန္လာတဲ့အခ်ိန္ မိုးမိသြားတာကို အေၾကာင္းျပၿပီး သူငယ္ခ်င္းေတြနဲ႔ ထီးမေဆာင္းပဲ အိမ္ျပန္လာတဲ့ အခ်ိန္္ေတြ၊

မိုးေရထဲမွာ ေယာက်ာ္းေလးေရာ၊ မိန္းကေလး ပါေရာၿပီး ေဘာလံုးကန္္တဲဲ့ အခ်ိန္္ေတြ၊ မိုးေတြ႐ြာရင္ အရမ္းေပ်ာ္ၿပီး မိုးေရခ်ိဳးဖို႔ အိမ္ကို ပူဆာရတဲ့ အခ်ိန္ေတြ အဲလိုေပ်ာ္စရာေကာင္းတဲ့

ငယ္ငယ္က အမွတ္တရေတြဟာ မုိးေတြ႐ြာတုိင္း ေခါင္းထဲကို အမွတ္တရ အသစ္ေတြ အျဖစ္ ျပန္လည္ ဝင္ေရာက္ လာတတ္ပါတယ္ေနာ္။

ခရက္ဒစ္

Unicode

မိုးရွာနေတုးန်း တစ်ယောက်တည်းရှိနေချိန်မှာ ဖြစ်ပေါ်လာတတ်တဲ့ စိတ်ခံစားမှုလေးများ

မိုးရာသီဘက်ကို တဖြည်းဖြည်း ရောက်လာပြီ ဖြစ်ပြီး ခုရက်ပိုင်း ရန်ကုန်မှာ မိုးတွေလည်း ရွာဖြစ်နေပါတယ်နော်။ မိုးရွာခြင်းက လူတွေရဲ့ စိတ်ကို တစ်မျိုးလေး ဖမ်းစား နိုင်စွမ်း ရှိပါ တယ်နော်။

တစ်ချို့က မိုးတွေရွာနေ တတ်တဲ့ မိုးရာသီကို ကြိုက်သလို၊ တစ်ချို့ကလည်း စိုစိုစွတ်စွတ်နဲ့မို့ မိုးရာသီကို မုန်းတတ် ကြပါ တယ်။ ဘာကြောင့်ပဲ ဖြစ်ဖြစ် မိုးရွာနေတဲ့ အချိန် တစ်ယောက်တည်း ရှိနေချိန်မှာ လူတွေက ဒီလို ခံစားချက်လေးတွေ ဖြစ်ပေါ် လာတတ် ပါတယ်နော်။

တစ်စုံတစ်ယောက်ကို လွမ်းမိတဲ့စိတ်

မိုးရွာနေတဲ့ အချိန် အထူးသဖြင့် ဘယ်သူ့မှ ကိုယ့်အနားမှာ မရှိပဲ တစ်ယောက်တည်း ဖြစ်နေတဲ့အချိန်မျိုးမှာ လွမ်းလွမ်းဆွေးဆွေး ခံစားချက် မျိုးကို ခံစားဖူးလား။

တစ်စုံတစ်ယောက်ကို သတိရ လွမ်းဆွတ်တဲ့စိတ်၊ တစ်ယောက်ယောက်ကို ပြေးတွေ့ချင် တဲ့ စိတ်က မိုးနဲ့အတူ ဝင်ရောက် လာတတ် ပါတယ်နော်။

ဘယ်သူ့ကို သတိရနေလဲဆိုတာကို မသေချာပေမယ့် မိုးရွာနေတဲ့အချိန် တစ်ယောက်ယောက်ကို သတိရလွမ်းဆွတ်နေတယ်ဆိုတာကတော့ အမှန်ပါပဲ။

ရင်ထဲမှာ ဟာတာတာ ဖြစ်နေတတ်တာ

ဒီလိုမိုးတွေရွာနေတဲ့အချိန် တစ်ယောက်တည်းဖြစ်နေတဲ့အချိန်မှာ မိုးသံတွေကို နားစွင့်ရင်း ရင်ဘတ်ထဲ ဟာတာတာမျိုးလေး ခံစားဖူးကြ မှာပါ။

ဒီလိုအချိန် အလွမ်းသီချင်းလေးသာ ဖွင့်လိုက်ရင်တော့ အလိုလိုနေရင်း ဝမ်းနည်းလာတဲ့ ဒါမှမဟုတ် ရင်ထဲမှာဟာနေတဲ့ ခံစားချက်ကြီးက လူကို နေမထိထိုင်မသာ ဖြစ်စေပါတယ်နော်။

အိမ်ကိုလွမ်းမိတာ

အိမ်နဲ့ဝေးနေတဲ့ သူတွေ အတွက်ကတော့ မိုးရွာနေတဲ့အချိန်မှာ ကိုယ့်အိမ်၊ ကိုယ့်ဇာတိမြေရဲ့ အငွေ့အသက်လေးကို လွမ်းမိတာပါပဲ။ အိမ်ကလူတွေကို တွေ့ချင်တဲ့စိတ်တွေ၊ မွေးရပ်မြေကို သတိရတဲ့ စိတ်တွေက မိုးကြောင့် ပိုကြီးထွား လာတတ် ပါတယ်။

မိုးတွေရွာနေတဲ့အချိန်မျိုးဆို နွေးထွေးမှုတွေပြည့်နေတဲ့ ကိုယ့်ရဲ့အိမ်လေးကို အပြေးသွားချင်တဲ့ အိမ်လွမ်းသူတွေကလည်း ရှိလို့နေပါတယ်။

ငယ်ငယ်ကအမှတ်တရတွေ တွေးမိတာ

မိုးရွာနေတဲ့အချိန် အတွေးဖြစ်ဆုံးက ငယ်ငယ်က အမှတ်တရတွေပါပဲ။ ကျောင်းကပြန်လာတဲ့အချိန် မိုးမိသွားတာကို အကြောင်းပြပြီး သူငယ်ချင်းတွေနဲ့ ထီးမဆောင်းပဲ အိမ်ပြန်လာတဲ့ အချိန်တွေ၊

မိုးရေထဲမှာ ယောကျာ်းလေးရော၊ မိန်းကလေး ပါရောပြီး ဘောလုံးကန်တဲ့ အချိန်တွေ၊ မိုးတွေရွာရင် အရမ်းပျော်ပြီး မိုးရေချိုးဖို့ အိမ်ကို ပူဆာရတဲ့ အချိန်တွေ အဲလိုပျော်စရာကောင်းတဲ့

ငယ်ငယ်က အမှတ်တရတွေဟာ မိုးတွေရွာတိုင်း ခေါင်းထဲကို အမှတ်တရ အသစ်တွေ အဖြစ် ပြန်လည် ဝင်ရောက် လာတတ်ပါတယ်နော်။

ခရက်ဒစ်

Be the first to comment

Leave a Reply

Your email address will not be published.


*