အရူး
အရူး
အရူး
အရူးးးးးးး
က ထဖြေတယ် …. ။
“မာလာကာသီးပါ …”
Crd
Unicode
အရူးးးးးးး
တစ်ခါတုန်းက မြို့တစ်မြို့မှာ အရူးဆေရုံရှိတယ် …
အဲ့ဒီ ဆေးရုံက အရူးတွေက သောင်းကျန်းလွန်းလို့ ဆရာဝန်တွေ မနိုင်တော့တဲ့ အခါ တစ်ခုစဉ်းစားမိကြသတဲ့ ။ အရူးအချင်းချင်းကို ထိန်းနိုင်ရင် အဆင်ပြေနိုင်တယ် ဆိုပြီးတော့ပေါ့ အဲ့ဒါနဲ့ နောက်တစ်နေ့ကျတော့ အရူးအားလုံးကို ခေါ်ပြီးပြောတယ်တဲ့ … ။
” ကဲ …… မင်းတို့ထဲက ခေါင်ဆောင် ( 3 ) ယောက်ရွေးမယ် ။ ငါမေးတာကို မှန်အောင် ဖြေနိုင်ရင် ခေါင်ဆောင်ခန့်မယ် ”
ကဲ စပြီး မေးတော့တာပေါ့ … ။
မာလာကာသီး တစ်လုံးကိုပြပြီး ဒါဘာသီးလည်းမေးတော့ ပထမ တစ်ယောက်မှ မဖြေနိုင်ဘူးတဲ့ ……… ။ ခဏနေမှ နောက်နားက အရူး ကိုအောင် ဆိုတဲ့ တစ်ယောက်
က ထဖြေတယ် …. ။
“မာလာကာသီးပါ …”
အဲ့ဒါနဲ့ သူ့ကို ခေါင်ဆောင် ခန့်လိုက်တယ် ။ တစ်ယောက်ရပြီးပေါ့ …. ။
ကဲ …… နောက်တစ်ယောက်ဆိုပြီး သရက်သီးကိုပြတယ် ဘာသီးလဲပေါ့ ။ အရူးစမ်းမင်း က ထဖြေတယ် သရက်သီး (၂) ယောက်မြောက်ခေါင်ဆောင်ရပြီးပေါ့
ကဲ ဒီတစ်ခါ နောက်ဆုံး တစ်ယောက်ကိုတော့ အသီးပြစရာ လောလောဆယ် မရှိလို့ ပါစပ်ကပဲ သေချာ ပြောပြမယ် နားထောင် … ။
“‘သူ့အလုံးက လူခေါင်း လောက်ရှိတယ် ။ အဆူးတွေလည်း အများကြီး နဲ့ …… မွန်ပြည်နယ်
မော်လမြိုင်မြို့ ဘက်က အများဆုံး ထွက်တယ် ….”
” ကြိုက်တဲ့ သူတွေ အတွက်ကတော့ သူ့ အနံ့လေးက မွေးနေတယ် မကြိုက်တဲ့ သူတွေ အတွက်ကတော့ သူ့အနံ့ကာ ခေါင်းကိုက် လောက်အောင် နံသတဲ့ ”
နောက်ဆုံး မေးခွန်း လည်းကျရော အချိန်အတော် ကြာတဲ့အထိ ဖြေနိုင်တဲ့သူ ပေါ်မလာဘူးတဲ့ …… ။
….ဒါပေမယ့် အခုဒီစာကို ဖတ်နေတဲ့ သူ ကတော့ ဒီအဖြေကို သိလို့ စိတ်ထဲကတောင် ဖြေပြီးနေလောက်ပြီး …
ဟုတ်ကဲ့ ဂုဏ်ယူပါတယ် ဗျာ …. စာဖတ်ပြီး .. စိတ်ထဲကနေ ဖြေပေးလိုက်တဲ့ ခင်ဗျားကို ……တတိယမြောက် အရူးခေါင်ဆောင် အဖြစ် ခန့်အပ်လိုက်ပါပြီး း း း း း း း း း း
Crd
Be the first to comment
Leave a Reply
Your email address will not be published.
*