ရင့္က်က္လာျပီ ..

ရင့္က်က္လာျပီ ..
ရင့္က်က္လာျပီ ..

ရင့္က်က္လာျပီ ..

(၁) အခ်စ္ဆုိတာ ဘဝရဲ႕ အစိတ္ အပုိင္း တစ္ခုပဲ ဆုိတာ တျဖည္းျဖည္း နားလည္လာျပီ ။ ဘဝ ၊ အခ်စ္ နဲ႔ ပုိင္ဆုိင္ရမယ့္ အရာေတြ ၊ လက္လႊတ္ရမယ့္ အရာေတြအေၾကာင္း သိလာျပီ ။ ဒါဆုိ သင္ ရင့္က်က္လာျပီ ။

(၂) ငယ္ငယ္တုန္းကေတာ့ ၾကိဳးစားရင္ ဘာမဆုိျဖစ္ႏုိင္တယ္လို႔ ယံုဖူးတယ္။ လက္ေတြ႔ဘဝမွာေတာ့ ဘာေတြကို ၾကိဳးစားရမယ္၊ ဘာေတြကို လ်စ္လ်ဴရႈတတ္ရမယ္ဆုိတာ သေဘာေပါက္သြားျပီ။ ဒါဆုိ သင္ ရင့္က်က္လာျပီ ။

(၃) အရံႈးဆုိတာ နာက်င္စရာမဟုတ္သလို၊ အဆံုးသတ္လည္း မဟုတ္ဘူးဆုိတာ သိသြားျပီ။ အရံႈးေတြနဲ႔ မၾကာခဏဆုိသလုိ ရင္းႏွီးလာေပမယ့္ အရံႈးသမားဆုိတဲ့ တံဆိပ္ကပ္မခံရေအာင္ သင္ခန္းစာေတြ ယူတတ္လာျပီ။ ဒါဆုိ သင္ ရင့္က်က္လာျပီ ။

(၄) ဟုိးတုန္းက သင္ယူတယ္ဆုိတာ ဂုဏ္ယူနုိင္ဖုိ႔ဆုိတဲ့ ဦးတည္ခ်က္ပဲရွိတယ္။ ေနာက္ပုိင္းမွာေတာ့ သင္ယူတယ္ဆုိတာ အသံုးခ်ဖို႔၊ မွ်ေဝဖို႔၊ စတဲ့ တိက်တဲ့ အေၾကာင္းအရင္းေတြနဲ႔ သင္လာတယ္။ ဒါဆုိ သင္ ရင့္က်က္လာျပီ ။

(၅) ဝမ္းနည္းေနေပမယ့္ ျပံဳးေနမိတယ္။ ရင္ထဲ ဝမ္းသာေပမယ့္ တည္ျငိမ္ေအာင္ ေနေနရတယ္။ ဒါဆုိ သင္ ရင့္က်က္လာျပီ ။

(၆) လူဆုိတာ အေကာင္းနဲ႔အဆုိး ေရာေနတဲ့ သတၱဝါေတြမွန္း သိလာရတယ္။ ဒါေပမယ့္ ေကာင္းတဲ့အခ်က္ေတြကိုပဲ ျမင္ေအာင္ၾကည့္ျပီး ဆုိးတာေတြကို လ်စ္လ်ဴရႈတတ္လာမယ္။ ဒါဆုိ သင္ ရင့္က်က္လာျပီ ။

(၇) အစပုိင္းမွာ လူေတြသတ္မွတ္ထားတဲ့ ေအာင္ျမင္မႈကို ရွာတယ္။ ေနာက္ပုိင္းမွာေတာ့ ကုိယ့္ရင္ထဲက ယံုၾကည္ေနတဲ့ ေအာင္ျမင္မႈကိုပဲ ရွာေတာ့တယ္။ ဒါဆုိ သင္ ရင့္က်က္လာျပီ ။

(၈) ဘယ္အခ်ိန္မွာ ေျပာရမယ္၊ ဘယ္အခ်ိန္မွာ ႏႈတ္ဆိတ္ေနရမယ္၊ သင္ေကာင္းေကာင္း သိလာျပီ။ ဒါဆုိ သင္ ရင့္က်က္လာျပီ ။

(၉) လူေတြရဲ႕ စကားကို ဂရုမစုိက္တတ္ဘူး။ ဒါေပမယ့္ ကုိယ့္ရဲ႕ သိကၡာတရားကုိေတာ့ ဂရုစုိက္တတ္လာျပီ။ ဒါဆုိ သင္ ရင့္က်က္လာျပီ ။

(၁၀) အဆုိးေတြနဲ႔ ၾကံဳရတုိင္း ဝမ္းမနည္းတတ္ေတာ့ဘူး။ ဒါေတြဟာ အခုိက္အတန္႔ပဲဆုိတာ သိသြားျပီ။ ဒါဆုိ သင္ ရင့္က်က္လာျပီ ။

Crd

Unicode

ရင့်ကျက်လာပြီ ..

(၁) အချစ်ဆိုတာ ဘဝရဲ့ အစိတ် အပိုင်း တစ်ခုပဲ ဆိုတာ တဖြည်းဖြည်း နားလည်လာပြီ ။ ဘဝ ၊ အချစ် နဲ့ ပိုင်ဆိုင်ရမယ့် အရာတွေ ၊ လက်လွှတ်ရမယ့် အရာတွေအကြောင်း သိလာပြီ ။ ဒါဆို သင် ရင့်ကျက်လာပြီ ။

(၂) ငယ်ငယ်တုန်းကတော့ ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်လို့ ယုံဖူးတယ်။ လက်တွေ့ဘဝမှာတော့ ဘာတွေကို ကြိုးစားရမယ်၊ ဘာတွေကို လျစ်လျူရှုတတ်ရမယ်ဆိုတာ သဘောပေါက်သွားပြီ။ ဒါဆို သင် ရင့်ကျက်လာပြီ ။

(၃) အရှုံးဆိုတာ နာကျင်စရာမဟုတ်သလို၊ အဆုံးသတ်လည်း မဟုတ်ဘူးဆိုတာ သိသွားပြီ။ အရှုံးတွေနဲ့ မကြာခဏဆိုသလို ရင်းနှီးလာပေမယ့် အရှုံးသမားဆိုတဲ့ တံဆိပ်ကပ်မခံရအောင် သင်ခန်းစာတွေ ယူတတ်လာပြီ။ ဒါဆို သင် ရင့်ကျက်လာပြီ ။

(၄) ဟိုးတုန်းက သင်ယူတယ်ဆိုတာ ဂုဏ်ယူနိုင်ဖို့ဆိုတဲ့ ဦးတည်ချက်ပဲရှိတယ်။ နောက်ပိုင်းမှာတော့ သင်ယူတယ်ဆိုတာ အသုံးချဖို့၊ မျှဝေဖို့၊ စတဲ့ တိကျတဲ့ အကြောင်းအရင်းတွေနဲ့ သင်လာတယ်။ ဒါဆို သင် ရင့်ကျက်လာပြီ ။

(၅) ဝမ်းနည်းနေပေမယ့် ပြုံးနေမိတယ်။ ရင်ထဲ ဝမ်းသာပေမယ့် တည်ငြိမ်အောင် နေနေရတယ်။ ဒါဆို သင် ရင့်ကျက်လာပြီ ။

(၆) လူဆိုတာ အကောင်းနဲ့အဆိုး ရောနေတဲ့ သတ္တဝါတွေမှန်း သိလာရတယ်။ ဒါပေမယ့် ကောင်းတဲ့အချက်တွေကိုပဲ မြင်အောင်ကြည့်ပြီး ဆိုးတာတွေကို လျစ်လျူရှုတတ်လာမယ်။ ဒါဆို သင် ရင့်ကျက်လာပြီ ။

(၇) အစပိုင်းမှာ လူတွေသတ်မှတ်ထားတဲ့ အောင်မြင်မှုကို ရှာတယ်။ နောက်ပိုင်းမှာတော့ ကိုယ့်ရင်ထဲက ယုံကြည်နေတဲ့ အောင်မြင်မှုကိုပဲ ရှာတော့တယ်။ ဒါဆို သင် ရင့်ကျက်လာပြီ ။

(၈) ဘယ်အချိန်မှာ ပြောရမယ်၊ ဘယ်အချိန်မှာ နှုတ်ဆိတ်နေရမယ်၊ သင်ကောင်းကောင်း သိလာပြီ။ ဒါဆို သင် ရင့်ကျက်လာပြီ ။

(၉) လူတွေရဲ့ စကားကို ဂရုမစိုက်တတ်ဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ သိက္ခာတရားကိုတော့ ဂရုစိုက်တတ်လာပြီ။ ဒါဆို သင် ရင့်ကျက်လာပြီ ။

(၁၀) အဆိုးတွေနဲ့ ကြုံရတိုင်း ဝမ်းမနည်းတတ်တော့ဘူး။ ဒါတွေဟာ အခိုက်အတန့်ပဲဆိုတာ သိသွားပြီ။ ဒါဆို သင် ရင့်ကျက်လာပြီ ။

Crd

Be the first to comment

Leave a Reply

Your email address will not be published.


*