ကိုယ့္ ခ်စ္သူ/ခင္ပြန္းကို စႏိုက္ေက်ာ္ခံရတဲ့အခါ . .

ကိုယ့္ ခ်စ္သူ/ခင္ပြန္းကို စႏိုက္ေက်ာ္ခံရတဲ့အခါ . .
ကိုယ့္ ခ်စ္သူ/ခင္ပြန္းကို စႏိုက္ေက်ာ္ခံရတဲ့အခါ . .

ကိုယ့္ ခ်စ္သူ/ခင္ပြန္းကို စႏိုက္ေက်ာ္ခံရတဲ့အခါ . .

ခုေခတ္မွာ ပိုင္ရွင္ရွိမွန္းသိသိရဲ႕နဲ႔ စႏိုက္ေက်ာ္ၾကတာက အရမ္းကို ေခတ္စားေနတာေလ ပိုင္ရွင္ရွိမွန္းမသိလို႔ဆို ေတာ္ေသး ခုက ပိုင္ရွင္ရွိမွန္းသိသိနဲ႔ကို စႏိုက္ေက်ာ္ဖို႔ႀကိဳးစားေနၾကတာ တခ်ိဳ႕ဆို မိန္းမကို သိပ္ကို ဂ႐ုစိုက္ၿပီး ၾကင္နာတဲ့သူေတြ ကိုယ့္ခ်စ္သူကို သဲသဲလႈပ္ခ်စ္ၾကတဲသူေတြကိုမွ မွတ္ပစ္ထား လိုခ်င္သတဲ့ (ေကာင္းၾကေသးရဲ႕လား )

ကြၽန္မ ဆိုလာၿပီးရင္ဖြင့္တဲ့ ေကာင္းမေလးတစ္ေယာက္ဆို . . .သူ႔ခ်စ္သူကလဲ ခ်စ္ေနပါလ်က္ သူကလဲ ခ်စ္ေနပါလ်က္နဲ႔ အဆင္ေျပေျပေနခဲ့ၿပီးမွ တျခားတစ္ေယာက္က သူ႔ေကာင္ေလးကို အတင္းလိုက္ကပ္ေနလို႔ပါဆိုၿပီး ငိုၿပီးေျပာျပေသးတယ္ သူ စႏိုက္ေက်ာ္ခံရမွာ ေၾကာက္တယ္တဲ့ သမီးဘယ္လိုလုပ္ရမလဲ အမရယ္ တဲ့

ကိုယ္က အခ်စ္ေရးရာမွာ သိပ္အကြၽမ္းႀကီးမဟုတ္ေပမယ့္ ကိုယ္သိသေလာက္ေလး နားလည္သေလာက္ေလး ေျပာျပေပးပါမယ္ အဲ့လိုစႏိုက္ေက်ာ္ခံရေတာ့မယ့္ အေျခအေနမ်ိဳးေရာက္လာခဲ့ရင္ . . .

(၁)ကိုယ့္လူဘက္ကေကာ ကင္းရဲ႕လား ရွင္းရဲ႕လားဆိုတာေသခ်ာေလ့လာၾကည့္ပါ သူကိုယ္တိုင္က ေဖာက္ျပန္ခ်င္လို႔ဆိုရင္ေတာ့ ဘာမွလုပ္မေနေတာ့နဲ႔ သူ႔ဘဝနဲ႔သူ သူေ႐ြးခ်ယ္တဲ့လမ္း သူ ေလွ်ာက္ပါေစေပါ့ ။ လြမ္းစရာမရွိပါဘူး ။

(၂)ကိုယ့္လူက ကင္းေနရွင္းေနေပမယ့္ အားနာတတ္လို႔တစ္ဖက္ အခြင့္ေကာင္းယူၿပီး အတင္းလိုက္ကပ္ေနတယ္ စႏိုက္်ေက်ာ္ဖို႔ေတြးေနတယ္ဆိုရင္ ကိုယ့္လူကိုယ္ ထိန္းဖို႔လိုပါတယ္ ။

(၃)ဒီအခ်က္က အရမ္းကို အေရးႀကီးပါတယ္ ။စႏိုက္ေက်ာ္ခံရေတာ့မယ္ အေနအထားမ်ိဳးေရာက္လာတဲ့အခါ ကိုယ့္စိတ္ထဲရွိတဲ့အတိုင္း ေပါက္ကြဲပစ္လိုက္လို႔မရဘူး အင္မတန္ကိုမွ စိတ္ရွည္ရပါတယ္ စႏိုက္ေက်ာ္တဲ့သူကိုလဲ သြားဆဲလို႔မရဘူး ကိုယ့္လူကိုယ္လဲ ေပါက္ကြဲေနလို႔မရဘူး အႏုနည္းေလးသာ သုံးပါ ။ စႏိုက္မရဲ႕ မေကာင္းေၾကာင္း ဘာျဖစ္တယ္ ညာျဖစ္တယ္ဆိုတာ မေျပာနဲ႔ ကိုယ္ကိုယ္တိုင္ တြန္းပို႔ေပးလိုက္သလိုျဖစ္ေနလိမ့္မယ္ စႏိုက္မရဲ႕ ေကာင္းေၾကာင္းေတာ္ေၾကာင္း ကိုယ္ကိုယ္တိုင္သေဘာက်ေၾကာင္းေတြပဲ ေျပာေပးပါ ။

(၄)ၿပီးရင္ စႏိုက္မ ႏႈတ္က ကိုယ့္မေကာင္းေၾကာင္းးေတြမ်ားမ်ား ထြက္လာေအာင္လုပ္ေပးပါ ဘယ္လိုပဲ ျဖစ္ျဖစ္ သူ႔နားကို ေရာက္ပါတယ္ ။ ေယာက္်ားဆိုတာက နားလည္ခက္တာမ်ိဳးေလ သိပ္ေတာ္ေန သိပ္ထက္ေနတဲ့မိန္းမကိုက် သေဘာက်ခ်င္မွ က်တတ္တာ ျမင့္ရာက နိမ့္ရာကို စီးဆင္းတာမ်ိဳးေပါ့ ကိုယ့္ဇာတ္နာေလ သူ ကိုယ့္ဘက္ ျပန္လာေလပါပဲ ။

(၅)ကိုယ့္ရဲ႕ ဝမ္းနည္းမႈေလးေတြလဲ သူျမင္သာပါေစ ။ အတိတ္ကဘယ္လိုေပ်ာ္ခဲ့တာ ဘယ္ေလာက္ၾကင္နာခဲ့တာဆိုတဲ့ အမွတ္တရေတြလဲ တစ္ဖန္ျပန္ၿပီး အမွတ္ရလာပါေစ အခ်ိန္ေတာ္ေတာ္မ်ားမ်ားကို သူနဲ႔အတူရွိပါတယ္ဆိုတဲ့ အသိေလး ရွိပါေစ ။

ဒီလိုနဲ႔ ကိုယ့္အနားကို သူျပန္ေရာက္လာေအာင္ စြမ္းေဆာင္ၾကည့္ပါ တကယ္လို႔ျပန္မေရာက္လာခဲ့လို႔လဲ ကိုယ့္ကိုယ္ကိုယ္ အျပစ္ေတြ မတင္ေစခ်င္ဘူး။

လူဆိုတာ ကံရွိသေလာက္ပဲ ဆုံရေတြ႕ရတာေလ

သာယာေပ်ာ္႐ႊင္ဖြယ္ေကာင္းေသာ ခ်စ္ခရီးလမ္းေလးကို မိန္းမသားတိုင္းပိုင္ဆိုင္ႏိုင္ၾကပါေစ ။

Crd

Unicode

ကိုယ့် ချစ်သူ/ခင်ပွန်းကို စနိုက်ကျော်ခံရတဲ့အခါ . .

ခုခေတ်မှာ ပိုင်ရှင်ရှိမှန်းသိသိရဲ့နဲ့ စနိုက်ကျော်ကြတာက အရမ်းကို ခေတ်စားနေတာလေ ပိုင်ရှင်ရှိမှန်းမသိလို့ဆို တော်သေး ခုက ပိုင်ရှင်ရှိမှန်းသိသိနဲ့ကို စနိုက်ကျော်ဖို့ကြိုးစားနေကြတာ တချို့ဆို မိန်းမကို သိပ်ကို ဂရုစိုက်ပြီး ကြင်နာတဲ့သူတွေ ကိုယ့်ချစ်သူကို သဲသဲလှုပ်ချစ်ကြတဲသူတွေကိုမှ မှတ်ပစ်ထား လိုချင်သတဲ့ (ကောင်းကြသေးရဲ့လား )

ကျွန်မ ဆိုလာပြီးရင်ဖွင့်တဲ့ ကောင်းမလေးတစ်ယောက်ဆို . . .သူ့ချစ်သူကလဲ ချစ်နေပါလျက် သူကလဲ ချစ်နေပါလျက်နဲ့ အဆင်ပြေပြေနေခဲ့ပြီးမှ တခြားတစ်ယောက်က သူ့ကောင်လေးကို အတင်းလိုက်ကပ်နေလို့ပါဆိုပြီး ငိုပြီးပြောပြသေးတယ် သူ စနိုက်ကျော်ခံရမှာ ကြောက်တယ်တဲ့ သမီးဘယ်လိုလုပ်ရမလဲ အမရယ် တဲ့

ကိုယ်က အချစ်ရေးရာမှာ သိပ်အကျွမ်းကြီးမဟုတ်ပေမယ့် ကိုယ်သိသလောက်လေး နားလည်သလောက်လေး ပြောပြပေးပါမယ် အဲ့လိုစနိုက်ကျော်ခံရတော့မယ့် အခြေအနေမျိုးရောက်လာခဲ့ရင် . . .

(၁)ကိုယ့်လူဘက်ကကော ကင်းရဲ့လား ရှင်းရဲ့လားဆိုတာသေချာလေ့လာကြည့်ပါ သူကိုယ်တိုင်က ဖောက်ပြန်ချင်လို့ဆိုရင်တော့ ဘာမှလုပ်မနေတော့နဲ့ သူ့ဘဝနဲ့သူ သူရွေးချယ်တဲ့လမ်း သူ လျှောက်ပါစေပေါ့ ။ လွမ်းစရာမရှိပါဘူး ။

(၂)ကိုယ့်လူက ကင်းနေရှင်းနေပေမယ့် အားနာတတ်လို့တစ်ဖက် အခွင့်ကောင်းယူပြီး အတင်းလိုက်ကပ်နေတယ် စနိုက်ျကျော်ဖို့တွေးနေတယ်ဆိုရင် ကိုယ့်လူကိုယ် ထိန်းဖို့လိုပါတယ် ။

(၃)ဒီအချက်က အရမ်းကို အရေးကြီးပါတယ် ။စနိုက်ကျော်ခံရတော့မယ် အနေအထားမျိုးရောက်လာတဲ့အခါ ကိုယ့်စိတ်ထဲရှိတဲ့အတိုင်း ပေါက်ကွဲပစ်လိုက်လို့မရဘူး အင်မတန်ကိုမှ စိတ်ရှည်ရပါတယ် စနိုက်ကျော်တဲ့သူကိုလဲ သွားဆဲလို့မရဘူး ကိုယ့်လူကိုယ်လဲ ပေါက်ကွဲနေလို့မရဘူး အနုနည်းလေးသာ သုံးပါ ။ စနိုက်မရဲ့ မကောင်းကြောင်း ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုတာ မပြောနဲ့ ကိုယ်ကိုယ်တိုင် တွန်းပို့ပေးလိုက်သလိုဖြစ်နေလိမ့်မယ် စနိုက်မရဲ့ ကောင်းကြောင်းတော်ကြောင်း ကိုယ်ကိုယ်တိုင်သဘောကျကြောင်းတွေပဲ ပြောပေးပါ ။

(၄)ပြီးရင် စနိုက်မ နှုတ်က ကိုယ့်မကောင်းကြောင်းးတွေများများ ထွက်လာအောင်လုပ်ပေးပါ ဘယ်လိုပဲ ဖြစ်ဖြစ် သူ့နားကို ရောက်ပါတယ် ။ ယောက်ျားဆိုတာက နားလည်ခက်တာမျိုးလေ သိပ်တော်နေ သိပ်ထက်နေတဲ့မိန်းမကိုကျ သဘောကျချင်မှ ကျတတ်တာ မြင့်ရာက နိမ့်ရာကို စီးဆင်းတာမျိုးပေါ့ ကိုယ့်ဇာတ်နာလေ သူ ကိုယ့်ဘက် ပြန်လာလေပါပဲ ။

(၅)ကိုယ့်ရဲ့ ဝမ်းနည်းမှုလေးတွေလဲ သူမြင်သာပါစေ ။ အတိတ်ကဘယ်လိုပျော်ခဲ့တာ ဘယ်လောက်ကြင်နာခဲ့တာဆိုတဲ့ အမှတ်တရတွေလဲ တစ်ဖန်ပြန်ပြီး အမှတ်ရလာပါစေ အချိန်တော်တော်များများကို သူနဲ့အတူရှိပါတယ်ဆိုတဲ့ အသိလေး ရှိပါစေ ။

ဒီလိုနဲ့ ကိုယ့်အနားကို သူပြန်ရောက်လာအောင် စွမ်းဆောင်ကြည့်ပါ တကယ်လို့ပြန်မရောက်လာခဲ့လို့လဲ ကိုယ့်ကိုယ်ကိုယ် အပြစ်တွေ မတင်စေချင်ဘူး။

လူဆိုတာ ကံရှိသလောက်ပဲ ဆုံရတွေ့ရတာလေ

သာယာပျော်ရွှင်ဖွယ်ကောင်းသော ချစ်ခရီးလမ်းလေးကို မိန်းမသားတိုင်းပိုင်ဆိုင်နိုင်ကြပါစေ ။

Crd

Be the first to comment

Leave a Reply

Your email address will not be published.


*