ကြၽန္ေတာ္သူ႔အတြက္ ဖုန္းေလးတစ္လုံး ျဖစ္ခ်င္တယ္

ကြၽန္ေတာ္သူ႔အတြက္ ဖုန္းေလးတစ္လုံး ျဖစ္ခ်င္တယ္
ကြၽန္ေတာ္သူ႔အတြက္ ဖုန္းေလးတစ္လုံး ျဖစ္ခ်င္တယ္

ကြၽန္ေတာ္သူ႔အတြက္ ဖုန္းေလးတစ္လုံး ျဖစ္ခ်င္တယ္

ကြၽန္ေတာ္သူ႔အတြက္ ဖုန္းေလးတစ္လုံး ျဖစ္ခ်င္တယ္

သက္မဲ့အရာနဲ႔ ကိုယ့္ကိုယ္ကို ႏႈိင္းယွဥ္ပစ္လိုက္တယ္ဆိုတာကတည္း ကိုယ္ေနရာကိုယ္သိပါတယ္ ။

ဒါေပမယ့္ ကိုယ္ကိုယ္တိုင္ကမွ စြန႔္ခြာ မသြားႏိုင္ခဲ့တာ ။ ဒီေနရာေလးမွာ ေပ်ာ္ေအာင္ေနပါတယ္ ။

တစ္ခါတစ္ေလက်ေတာ့ သူ႔လက္ထဲက ဖုန္းကို သိပ္ၿပီးအားက်တာပဲ ဒီလိုစိတ္ကူးခဲ့မိတာ ကြၽန္ေတာ္ သူ႔အတြက္ ဖုန္းေလးတစ္လုံး ျဖစ္ခ်င္တယ္လို႔ ။

မက္ေဆ့သံေလး ဝင္လာတာနဲ႔ အလုပ္အားအား မအားအား သူက အေျပးအလႊားေလး ေကာက္ကိုင္လိုက္တာပဲေလ ။

ဒါေပမယ့္ … ကိုယ့္အတြက္က်ေတာ့ မအားလို႔ပါဆိုတဲ့အေၾကာင္းျပခ်က္နဲ႔ ကိုယ္ေျပာမယ့္စကားလုံးေတြကို နားေထာင္ဖို႔အခ်ိန္ေတြ မရွိခဲ့ဘူးေလ ။

ဖုန္းဆိုတာက သက္မဲ့အရာေလးပါ ခံစားခ်က္ဆိုတာမရွိဘူး ။

ဒါေပမယ့္ battery အားေလးက်လာတာနဲ႔ အေျပးအလႊားေလး အားသြင္းႀကိဳးေျပးရွာတဲ့သူ႔အေၾကာင္းေလးကို သိတယ္ ။

စိတ္ဓာတ္ေတြက်လာတဲ့အခါ သူ႔ဆီက အားေပးစကားေလး ၾကားခ်င္ခဲ့တာေတာ့ အမွန္ပါ ။ ဒါေပမယ့္ သူ႔အလုပ္နဲ႔သူေလ စကားေတြ ေျပာေပးဖို႔အခ်ိန္ေတြ မေပးႏိုင္ခဲ့ဘူး ။

သူ စိတ္ညစ္ေနတဲ့အခါ စကားေတြေျပာေနဖို႔ထက္ ဇာတ္ကားေတြၾကည့္ေနဖို႔ကို ပိုၿပီးအားသန္တယ္ေလ ။

ကိုယ့္အေတြးနဲ႔သာဆိုရင္ ကိုယ္စိတ္ညစ္ေနတဲ့အခါ သူနဲ႔စကားေတြေျပာရင္း ေပ်ာ္ေနခ်င္တယ္လို႔ပဲ ေတြးတာမို႔နဲနဲေလးေတာ့ ကြဲျပားတာေပါ့ ။

သူ႔လက္ထဲက ဖုန္းေလးကို တကယ္ကို အားက်တယ္ ။ ကြၽန္ေတာ့ကို ေခ်ာင္ထိုးထားသလို သူ႔ဖုန္းေလးကို ဘယ္ေတာ့မွ ပစ္မထားတတ္ဘူး ။ အရိပ္တၾကည့္ၾကည့္ မဟုတ္ေပမယ့္ အၿမဲသတိတရနဲ႔ ရွိတယ္ေလ ။ တစ္ေနရာရာမွာ တစ္ခုခုနဲ႔ ထိခိုက္သြားမွာကို သူစိုးရိမ္သလိုမ်ိဳး ကြၽန္ေတာ့စိတ္ထဲ အနာတရတစ္ခုခုျဖစ္သြားမယ္ ထင္တယ္ဆိုၿပီး ေတြးေစခ်င္တာပါ ။

ကိုယ့္ကိုယ္ကို သက္မဲ့ အရာေလးနဲ႔ လိုက္ၿပီး ယွဥ္ေနရေအာင္ထိ ကြၽန္ေတာ္ မနိမ့္က်ခ်င္ပါဘူး ဒါေပမယ့္ သူ႔လက္ထဲက ဖုန္းေလးကို တကယ္ကို အားက်တာပါ ။ ဒါေၾကာင့္ တစ္ခါတစ္ေလးက်ေတာ့လဲ ကြၽန္ေတာ္က သူ႔လက္ထဲက ဖုန္းေလးတစ္လုံး ျဖစ္ခ်င္တယ္လို႔စိတ္ကူးေတြ ယဥ္ခဲ့မိတာေလ ။ ကိုယ့္ေနရာ ကိုယ္သိပါတယ္ ။

ဒါေပမယ့္ ဒီေနရာကေန မခြါႏိုင္ခဲ့တာက ကိုယ္ကိုယ္တိုင္ပဲ ျဖစ္ေနေတာ့လဲ ဒီေနရာေလးမွာပဲ ေပ်ာ္ေအာင္ ေနတတ္ရတာေပါ့ ။ တစ္ခါတစ္ေလေတာ့ ကိုယ့္ဘက္ကို ျပန္ငဲ့ၾကည့္ေပးတာမ်ိဳး …ကိုယ္က သူ႔အတြက္ အေရးပါတာမ်ိဳးေတြ ခံစားၾကည့္ဖူးခ်င္႐ုံပါ ။ ဒီေနရာမွာပဲဆိုရင္လဲ ေပ်ာ္ပါတယ္ ။

Crd

Unicode

ကျွန်တော်သူ့အတွက် ဖုန်းလေးတစ်လုံး ဖြစ်ချင်တယ်

ကျွန်တော်သူ့အတွက် ဖုန်းလေးတစ်လုံး ဖြစ်ချင်တယ်

သက်မဲ့အရာနဲ့ ကိုယ့်ကိုယ်ကို နှိုင်းယှဉ်ပစ်လိုက်တယ်ဆိုတာကတည်း ကိုယ်နေရာကိုယ်သိပါတယ် ။

ဒါပေမယ့် ကိုယ်ကိုယ်တိုင်ကမှ စွန့်ခွာ မသွားနိုင်ခဲ့တာ ။ ဒီနေရာလေးမှာ ပျော်အောင်နေပါတယ် ။

တစ်ခါတစ်လေကျတော့ သူ့လက်ထဲက ဖုန်းကို သိပ်ပြီးအားကျတာပဲ ဒီလိုစိတ်ကူးခဲ့မိတာ ကျွန်တော် သူ့အတွက် ဖုန်းလေးတစ်လုံး ဖြစ်ချင်တယ်လို့ ။

မက်ဆေ့သံလေး ဝင်လာတာနဲ့ အလုပ်အားအား မအားအား သူက အပြေးအလွှားလေး ကောက်ကိုင်လိုက်တာပဲလေ ။

ဒါပေမယ့် … ကိုယ့်အတွက်ကျတော့ မအားလို့ပါဆိုတဲ့အကြောင်းပြချက်နဲ့ ကိုယ်ပြောမယ့်စကားလုံးတွေကို နားထောင်ဖို့အချိန်တွေ မရှိခဲ့ဘူးလေ ။

ဖုန်းဆိုတာက သက်မဲ့အရာလေးပါ ခံစားချက်ဆိုတာမရှိဘူး ။

ဒါပေမယ့် battery အားလေးကျလာတာနဲ့ အပြေးအလွှားလေး အားသွင်းကြိုးပြေးရှာတဲ့သူ့အကြောင်းလေးကို သိတယ် ။

စိတ်ဓာတ်တွေကျလာတဲ့အခါ သူ့ဆီက အားပေးစကားလေး ကြားချင်ခဲ့တာတော့ အမှန်ပါ ။ ဒါပေမယ့် သူ့အလုပ်နဲ့သူလေ စကားတွေ ပြောပေးဖို့အချိန်တွေ မပေးနိုင်ခဲ့ဘူး ။

သူ စိတ်ညစ်နေတဲ့အခါ စကားတွေပြောနေဖို့ထက် ဇာတ်ကားတွေကြည့်နေဖို့ကို ပိုပြီးအားသန်တယ်လေ ။

ကိုယ့်အတွေးနဲ့သာဆိုရင် ကိုယ်စိတ်ညစ်နေတဲ့အခါ သူနဲ့စကားတွေပြောရင်း ပျော်နေချင်တယ်လို့ပဲ တွေးတာမို့နဲနဲလေးတော့ ကွဲပြားတာပေါ့ ။

သူ့လက်ထဲက ဖုန်းလေးကို တကယ်ကို အားကျတယ် ။ ကျွန်တော့ကို ချောင်ထိုးထားသလို သူ့ဖုန်းလေးကို ဘယ်တော့မှ ပစ်မထားတတ်ဘူး ။ အရိပ်တကြည့်ကြည့် မဟုတ်ပေမယ့် အမြဲသတိတရနဲ့ ရှိတယ်လေ ။ တစ်နေရာရာမှာ တစ်ခုခုနဲ့ ထိခိုက်သွားမှာကို သူစိုးရိမ်သလိုမျိုး ကျွန်တော့စိတ်ထဲ အနာတရတစ်ခုခုဖြစ်သွားမယ် ထင်တယ်ဆိုပြီး တွေးစေချင်တာပါ ။

ကိုယ့်ကိုယ်ကို သက်မဲ့ အရာလေးနဲ့ လိုက်ပြီး ယှဉ်နေရအောင်ထိ ကျွန်တော် မနိမ့်ကျချင်ပါဘူး ဒါပေမယ့် သူ့လက်ထဲက ဖုန်းလေးကို တကယ်ကို အားကျတာပါ ။ ဒါကြောင့် တစ်ခါတစ်လေးကျတော့လဲ ကျွန်တော်က သူ့လက်ထဲက ဖုန်းလေးတစ်လုံး ဖြစ်ချင်တယ်လို့စိတ်ကူးတွေ ယဉ်ခဲ့မိတာလေ ။ ကိုယ့်နေရာ ကိုယ်သိပါတယ် ။

ဒါပေမယ့် ဒီနေရာကနေ မခွါနိုင်ခဲ့တာက ကိုယ်ကိုယ်တိုင်ပဲ ဖြစ်နေတော့လဲ ဒီနေရာလေးမှာပဲ ပျော်အောင် နေတတ်ရတာပေါ့ ။ တစ်ခါတစ်လေတော့ ကိုယ့်ဘက်ကို ပြန်ငဲ့ကြည့်ပေးတာမျိုး …ကိုယ်က သူ့အတွက် အရေးပါတာမျိုးတွေ ခံစားကြည့်ဖူးချင်ရုံပါ ။ ဒီနေရာမှာပဲဆိုရင်လဲ ပျော်ပါတယ် ။

Crd

Be the first to comment

Leave a Reply

Your email address will not be published.


*