ကိုယ့္အေပၚမွာ လူေတြစိတ္ဝင္စားမႈ က်ဆင္းေစလို႔ ေရွာင္ရွားသင့္တဲ့ အမူအက်င့္မ်ား

ကိုယ့္အေပၚမွာ လူေတြစိတ္ဝင္စားမႈ က်ဆင္းေစလို႔ ေရွာင္ရွားသင့္တဲ့ အမူအက်င့္မ်ား

ကိုယ့္အေပၚမွာ လူေတြစိတ္ဝင္စားမႈ က်ဆင္းေစလို႔ ေရွာင္ရွားသင့္တဲ့ အမူအက်င့္မ်ား

ႏွလံုးသားရဲ႕ အရိပ္က မ်က္ႏွာမွာ ထင္ဟပ္တယ္လို႔ ေျပာစမွတ္ ရွိပါတယ္။ ဒါေၾကာင့္လည္း တစ္ခါတစ္ေလမွာ အလြဲေလးေတြ ျဖစ္တတ္ပါေသးတယ္။ လူခ်စ္လူခင္ေပါတဲ့သူေတြ ရွိေနသလုိ လူေတြနဲ႔ ရင္းႏွီးခ်င္ေပမယ့္ အေဖာ္မဲ့ေနတတ္တဲ့သူေတြလည္း ရွိပါတယ္။ ဒီလိုမ်ိဳး ျဖစ္ရတာေတြေနာက္မွာ အေၾကာင္းအရင္းေတြလည္း ရွိလို႔ ေနပါတယ္။ ဒါေၾကာင့္ လူေတြက ဘယ္လိုအခ်က္ေတြေၾကာင့္ ကိုယ့္အေပၚ စိတ္ဝင္စားမႈ မရွိတတ္လဲ ဆိုတာေလးေတြကို ေဖာ္ျပေပးလိုက္ရပါတယ္ေနာ္။

(၁) ကိုယ့္ကိုယ္ကို ယံုၾကည္မႈ မရွိရင္

လူေတြရဲ႕ အာရံုစိုက္မႈ သေဘာအရ ကိုယ့္ကိုယ္ကို ယံုၾကည္မႈ ရွိေနတဲ့သူေတြက လူအမ်ားနဲ႔ ပိုၿပီး တစ္သားတည္း ျဖစ္လြယ္ပါတယ္။ ဒါ့အျပင္ ယံုၾကည္မႈ မရွိတဲ့သူေတြက လူအမ်ားၾကား ေရာက္သြားတဲ့အခါမွာ မ်က္ႏွာမွာ တြန္႔ဆုတ္ေနတဲ့ဟန္နဲ႔ တစ္ခုခုကို စိုးရိမ္ေနသလို ပံုေတြ ျမင္ေနရတတ္ပါတယ္။ ကိုယ္တိုင္က ဒီအခ်က္ကို မခံစားရတတ္ေပမယ့္ လူအမ်ားကေတာ့ ဒီလုိ အဆင္မေျပမႈကို ျမင္ၿပီး ရင္းႏွီးဖို႔အတြက္ တုန္႔ဆိုင္းသြားတတ္တဲ့ သေဘာ ရွိပါတယ္။

(၂) သိမ္ငယ္စိတ္ မ်ားေနရင္

သိမ္ငယ္စိတ္ဆိုတာက ေငြေၾကး မရွိျခင္း ခ်ိဳ႕တဲ့မႈကို အဓိက မဆိုလိုပါဘူး။ ကိုယ့္မွာ ရွိတဲ့အရာအတြက္ အဆင္ေျပပါ့မလားဆိုတဲ့ ေျပာမႈ ဆိုမႈ ပညာအရည္အခ်င္း အရာရာအတြက္ တစ္ပါးသူ အထင္ေသးသြားမွာစိုးတဲ့စိတ္ေၾကာင့္ ျဖစ္တဲ့အေျခအေနကို ဆိုလိုတာပါ။ ဒီလို သိမ္ငယ္မႈ ရွိရင္ ကိုယ့္ကိုယ္ကို ယံုၾကည္မႈ မရွိတဲ့ပံုေပၚတာေၾကာင့္ လူအမ်ားနဲ႔ ေျပာဆိုမႈမွာ စည္းျခားထားသလို ျဖစ္ေနၿပီး တစ္ျခားသူေတြက သင့္အေပၚ စိတ္ဝင္စားဖို႔ ခက္ခဲတတ္ပါတယ္။

(၃) သူမ်ားကို အာရံုစိုက္လြန္းရင္

ေလာကမွာ အေရးႀကီးဆံုးက လူတိုင္းကို အာရံုမစိုက္မိဖို႔ပဲ ျဖစ္ပါတယ္။ ခ်ီးမြမ္း ၇ ရက္ ကဲ့ရဲ႕ ၇ ရက္ဆိုသလို ပတ္ဝန္းက်င္ သေဘာက ရွိၿပီးသားပါ။ ဒါေပမယ့္ သင္က ပတ္ဝန္းက်င္ကိုပဲ အျမဲ အာရံုစိုက္ေနရင္ေတာ့ သင့္ရဲ႕ လုပ္စရာရွိတဲ့ အရာေတြမွာ အားနည္းသြားတတ္္ပါတယ္။ ဒါ့အျပင္ လူအမ်ားစုက ပတ္ဝန္းက်င္ကို အာရံုအျမဲစိုက္ေနတတ္တဲ့သူေတြကို ၿငီးေငြ႔တတ္ပါတယ္။

(၄) ကိုယ့္ကိုယ္ကို မခ်စ္မိရင္

ဘဝမွာ ဘယ္ေတာ့မွ မေမ့ေလ်ာ့သင္တာက ကိုယ့္ကိုယ္ကို ခ်စ္ျမတ္ႏိုးဖို႔ပဲ ျဖစ္ပါတယ္။ ကိုယ့္ကိုယ္ကို ခ်စ္ျမတ္ႏိုးမွသာ ကိုယ္က တျဖည္းျဖည္း တိုးတက္မႈေတြ ျဖစ္လာမွာ ျဖစ္ပါတယ္။ ပညာတတ္ျခင္း အရည္အခ်င္း ရွိျခင္း က်န္းမာျခင္း စတာေတြက ကိုယ့္ကို ခ်စ္မွသာ ရရွိမွာ ျဖစ္ၿပီး ကိုယ့္ကိုယ္ကို ဂရုမစိုက္မိဘဲ သူမ်ားေတြ အျမင္မွာ ေကာင္းေအာင္ ဘယ္လို လုပ္ရမလဲ ေတြးေနသေရြ႕ေတာ့ တကယ္ ၾကည့္ေကာင္းမႈေတြ ရလာမွာ မဟုတ္ဘူး။ ကိုယ့္ကိုယ္ကို မခ်စ္ရင္ တစ္ျခားသူေတြကလည္း ခ်စ္ဖို႔ ခဲယဥ္းပါတယ္။

(၅) ကိုယ့္လုပ္စရာရွိတာေတြကို ေမ့ေလ်ာ့ရင္

ဘဝလမ္းခရီးက ကိုယ့္ဘာသာ ေလွ်ာက္လွမ္းရတာပါ။ ဘယ္သူမွ အစား လာမေလွ်ာက္ေပးပါဘူး။ ဒါေၾကာင့္ တစ္ျခားသူေတြ အျမင္မွာကို ရရွိဖို႔ ေတြးမေနေတာ့ပဲ ကိုယ္ ဘာလုပ္ခ်င္တာလဲကို ေသခ်ာေတြးၿပီး လုပ္စရာ ရွိတဲ့ အလုပ္ေတြကို လုပ္သင့္ပါတယ္။ ကိုယ့္လုပ္စရာရွိတဲ့ အိပ္မက္ေတြနဲ႔ လုပ္ရပ္ေတြကေန သင့္ကို ပိုၿပီး လွပေစၿပီး ပံုမွန္ လူအမ်ားနဲ႔ ထိေတြ႔ ေျပာဆိုရတဲ့ ဘဝကို ရရွိေစႏိုင္ပါတယ္။ ကိုယ့္ကိုယ္ကို ေမ့ေနရင္ေတာ့ တစ္ျခားသူေတြကလည္း သင့္ကို သတိထားမိမွာ မဟုတ္ပါဘူး။

Crd

Unicode

ကိုယ့်အပေါ်မှာ လူတွေစိတ်ဝင်စားမှု ကျဆင်းစေလို့ ရှောင်ရှားသင့်တဲ့ အမူအကျင့်များ

နှလုံးသားရဲ့ အရိပ်က မျက်နှာမှာ ထင်ဟပ်တယ်လို့ ပြောစမှတ် ရှိပါတယ်။ ဒါကြောင့်လည်း တစ်ခါတစ်လေမှာ အလွဲလေးတွေ ဖြစ်တတ်ပါသေးတယ်။ လူချစ်လူခင်ပေါတဲ့သူတွေ ရှိနေသလို လူတွေနဲ့ ရင်းနှီးချင်ပေမယ့် အဖော်မဲ့နေတတ်တဲ့သူတွေလည်း ရှိပါတယ်။ ဒီလိုမျိုး ဖြစ်ရတာတွေနောက်မှာ အကြောင်းအရင်းတွေလည်း ရှိလို့ နေပါတယ်။ ဒါကြောင့် လူတွေက ဘယ်လိုအချက်တွေကြောင့် ကိုယ့်အပေါ် စိတ်ဝင်စားမှု မရှိတတ်လဲ ဆိုတာလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်နော်။

(၁) ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိရင်

လူတွေရဲ့ အာရုံစိုက်မှု သဘောအရ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိနေတဲ့သူတွေက လူအများနဲ့ ပိုပြီး တစ်သားတည်း ဖြစ်လွယ်ပါတယ်။ ဒါ့အပြင် ယုံကြည်မှု မရှိတဲ့သူတွေက လူအများကြား ရောက်သွားတဲ့အခါမှာ မျက်နှာမှာ တွန့်ဆုတ်နေတဲ့ဟန်နဲ့ တစ်ခုခုကို စိုးရိမ်နေသလို ပုံတွေ မြင်နေရတတ်ပါတယ်။ ကိုယ်တိုင်က ဒီအချက်ကို မခံစားရတတ်ပေမယ့် လူအများကတော့ ဒီလို အဆင်မပြေမှုကို မြင်ပြီး ရင်းနှီးဖို့အတွက် တုန့်ဆိုင်းသွားတတ်တဲ့ သဘော ရှိပါတယ်။

(၂) သိမ်ငယ်စိတ် များနေရင်

သိမ်ငယ်စိတ်ဆိုတာက ငွေကြေး မရှိခြင်း ချို့တဲ့မှုကို အဓိက မဆိုလိုပါဘူး။ ကိုယ့်မှာ ရှိတဲ့အရာအတွက် အဆင်ပြေပါ့မလားဆိုတဲ့ ပြောမှု ဆိုမှု ပညာအရည်အချင်း အရာရာအတွက် တစ်ပါးသူ အထင်သေးသွားမှာစိုးတဲ့စိတ်ကြောင့် ဖြစ်တဲ့အခြေအနေကို ဆိုလိုတာပါ။ ဒီလို သိမ်ငယ်မှု ရှိရင် ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိတဲ့ပုံပေါ်တာကြောင့် လူအများနဲ့ ပြောဆိုမှုမှာ စည်းခြားထားသလို ဖြစ်နေပြီး တစ်ခြားသူတွေက သင့်အပေါ် စိတ်ဝင်စားဖို့ ခက်ခဲတတ်ပါတယ်။

(၃) သူများကို အာရုံစိုက်လွန်းရင်

လောကမှာ အရေးကြီးဆုံးက လူတိုင်းကို အာရုံမစိုက်မိဖို့ပဲ ဖြစ်ပါတယ်။ ချီးမွမ်း ၇ ရက် ကဲ့ရဲ့ ၇ ရက်ဆိုသလို ပတ်ဝန်းကျင် သဘောက ရှိပြီးသားပါ။ ဒါပေမယ့် သင်က ပတ်ဝန်းကျင်ကိုပဲ အမြဲ အာရုံစိုက်နေရင်တော့ သင့်ရဲ့ လုပ်စရာရှိတဲ့ အရာတွေမှာ အားနည်းသွားတတ်ပါတယ်။ ဒါ့အပြင် လူအများစုက ပတ်ဝန်းကျင်ကို အာရုံအမြဲစိုက်နေတတ်တဲ့သူတွေကို ငြီးငွေ့တတ်ပါတယ်။

(၄) ကိုယ့်ကိုယ်ကို မချစ်မိရင်

ဘဝမှာ ဘယ်တော့မှ မမေ့လျော့သင်တာက ကိုယ့်ကိုယ်ကို ချစ်မြတ်နိုးဖို့ပဲ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ချစ်မြတ်နိုးမှသာ ကိုယ်က တဖြည်းဖြည်း တိုးတက်မှုတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။ ပညာတတ်ခြင်း အရည်အချင်း ရှိခြင်း ကျန်းမာခြင်း စတာတွေက ကိုယ့်ကို ချစ်မှသာ ရရှိမှာ ဖြစ်ပြီး ကိုယ့်ကိုယ်ကို ဂရုမစိုက်မိဘဲ သူများတွေ အမြင်မှာ ကောင်းအောင် ဘယ်လို လုပ်ရမလဲ တွေးနေသရွေ့တော့ တကယ် ကြည့်ကောင်းမှုတွေ ရလာမှာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို မချစ်ရင် တစ်ခြားသူတွေကလည်း ချစ်ဖို့ ခဲယဉ်းပါတယ်။

(၅) ကိုယ့်လုပ်စရာရှိတာတွေကို မေ့လျော့ရင်

ဘဝလမ်းခရီးက ကိုယ့်ဘာသာ လျှောက်လှမ်းရတာပါ။ ဘယ်သူမှ အစား လာမလျှောက်ပေးပါဘူး။ ဒါကြောင့် တစ်ခြားသူတွေ အမြင်မှာကို ရရှိဖို့ တွေးမနေတော့ပဲ ကိုယ် ဘာလုပ်ချင်တာလဲကို သေချာတွေးပြီး လုပ်စရာ ရှိတဲ့ အလုပ်တွေကို လုပ်သင့်ပါတယ်။ ကိုယ့်လုပ်စရာရှိတဲ့ အိပ်မက်တွေနဲ့ လုပ်ရပ်တွေကနေ သင့်ကို ပိုပြီး လှပစေပြီး ပုံမှန် လူအများနဲ့ ထိတွေ့ ပြောဆိုရတဲ့ ဘဝကို ရရှိစေနိုင်ပါတယ်။ ကိုယ့်ကိုယ်ကို မေ့နေရင်တော့ တစ်ခြားသူတွေကလည်း သင့်ကို သတိထားမိမှာ မဟုတ်ပါဘူး။

Crd

Be the first to comment

Leave a Reply

Your email address will not be published.


*