

















မူရင်း Crd

Unicode

ကိုယ့်ကိုယ်ကို နားလည်ဖို့လိုတယ်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကိုယ့်အိမ်အတွင်းမှာ ကိုယ်နေရကြတဲ့အချိန် တချို့က အထီးကျန်နေတတ်တယ် အားငယ်တတ်တယ် ။

ပြီးရင် ဘာမှမဟုတ်ပဲနဲ့ ဒေါသတွေထွက် မကျေမနပ်တွေ ဖြစ်နေတတ်တယ် ကိုယ်တစ်ယောက်တည်း ကမ္ဘာတွေ ပျက်နေ တတ်တာမျိုးပေါ့။

လူအများကြီးနဲ့ ပေါင်းသင်း တတ်တဲ့သူက တော်ပါတယ် ဒါပေမယ့် ကိုယ်တစ်ယောက်တည်းရှိနေတဲ့အခါ ကိုယ်ကိုယ်တိုင်နဲ့ တည့်အောင် ပေါင်းနိုင်တဲ့ သူက ပိုပြီးတော်ပါတယ် ။

ကျွန်မတို့က တစ်ဖက်သားကို နားလည်ဖို့ အကြိမ်ကြိမ် အခါခါ ကြိုးစားတတ်ကြပေမယ့် ကိုယ့်ကိုယ်ကိုယ် နားလည်အောင် ကြိုးစားဖို့ ကိုယ့်ကိုကိုယ် ပြန်ပြီး ချစ်တတ်ဖို့ သတိမရတတ်ကြဘူး ။

တကယ်တော့ ကိုယ့်ကိုကိုယ် နားလည်ဖို့လိုပါတယ် ။ ကိုယ်ဘာဖြစ်ချင်နေတာလဲ ကိုယ်ဘာလိုချင်နေတာလဲ ဘာစားချင်နေတာလဲ ကိုယ့်ကိုကိုယ် သိနေဖို့လိုတယ် ။

လူတွေကြားမှာနေတဲ့အခါ သူတို့ကို ဂရုစိုက်ရင်း သူတို့လိုတာတွေကို ကြည့်ရင်းနဲ့ ကိုယ် ဘာဖြစ်နေလဲဆိုတာကို သိပ်ပြီး သတိမထားမိတတ်ကြဘူးလေ

တစ်ယောက်တည်းဖြစ်လာတဲ့အခါ . . . ကိုယ်မသိခဲ့တဲ့အရာတွေ အားလုံး ပေါ်လာတတ်တယ် ။

သူငယ်ချင်းတွေမှ မရှိရင် အလိုလိုဝမ်းနည်းလာတာမျိုး . . .စကားပြောမယ့်အဖော်မရှိတော့တာနဲ့ ကိုယ် ဘယ်လို ပျော်အောင် နေရမလဲ မသိတော့ဘူး အထီးကျန်လာတာမျိုးတွေ ပေါ့ ဒါတွေက ကိုယ့်ကိုကိုယ် နားလည်အောင် မကြိုးစားခဲ့လို့ပါ ။

လူဆိုတာက . . . ကိုယ့်အကြောင်း ကိုယ် သိနေဖို့ လိုပါတယ် ။

သိအောင် ကြိုးစားကြည့်ဖို့လဲလိုတယ် ကိုယ်တစ်ယောက်တည်း ကျန်ခဲ့ရင်တောင် ကိုယ်တစ်ယောက်တည်းပျော်အောင်နေတတ်ဖို့လိုပါတယ် ။

အခုချိန်မှာ . . .ပိုပြီး ကိုယ့်အတွက် အချိန်ရပါတယ် ။ ငါ ဘာဖြစ်ချင်နေတာလဲလို့ကိုယ့်ကိုကိုယ် အရင်ဆုံးမေးကြည့်ပါ ။

အဖြေမသိလာတဲ့အခါ ရှိနေတဲ့အဖြေလေးကို အချိန်ပေးပြီး ရှာပါ ။ ကိုယ် ဘာဖြစ်ချင်နေတာလဲတောင် မသိတော့တဲ့အဖြစ်က တကယ်ကို ရင်နာဖို့ကောင်းပါတယ်

တခြားသူတွေကို ဂရုစိုက်လွန်းတဲ့သူတွေက ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့မေ့နေတတ်ကြတယ် တဲ့ တခြားသူတွေကိုလဲ ဂရုစိုက်ပါ ဒါပေမယ့် ကိုယ့်ကိုယ်ကို မေ့လောက်တဲ့ထိတော့ မကောင်းဘူးပေါ့

ကိုယ်ဘာဖြစ်ချင်နေတာလဲဆိုတာ တခြားသူတွေ မသိချင်နေပါစေ ကိုယ်ကိုယ်တိုင် သိနေဖို့လိုတယ် ကိုယ် ဘယ်လိုလူလဲ ဆိုတာ ဘယ်သူမှ နားမလည်ချင်နေပါစေ ကိုယ်ကိုယ်တိုင်တော့ နားလည်နိုင်ဖို့လိုတယ် ။

ဒါမှ ကိုယ်တစ်ယောက်တည်း ကျန်ခဲ့ရင်တောင် ပျော်အောင်နေတတ်ဖို့လိုတယ် ။

မူရင်း Crd

Be the first to comment

Leave a Reply

Your email address will not be published.


*